backup og meta

လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခု

လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း  ၅ ခု

လိင်မှုရေးရာက အရွယ်ရောက်ပြီးသူတိုင်းနဲ့ ကင်းကွာလို့ မရပါဘူး။ မလိုအပ်တဲ့ မှားယွင်းထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် မှန်ကန်တဲ့ လိင်မှုရေးရာ ဗဟုသုတတွေ ရှိဖို့ လိုပါမယ်။ ဒါမှ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်သလို အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်တာကိုလည်း ကာကွယ်ပေးနိုင်မှာပါ။ ဒါ့အပြင် သာယာပျော်ရွှင်စရာ ကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ကို ဖန်တီးနိုင်ဖို့လည်း ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ အရွယ်ရောက်ပြီးသူတိုင်း သိထားဖို့လိုမယ့် လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခု ကို ပြောပြပေးချင်ပါတယ်။

လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခု

လိင်မှုရေးရာနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်း ၅ ခုက ဘာတွေဖြစ်မလဲ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

၁. ပါးစပ်နဲ့ လိင်ဆက်ဆံမှုကနေ ဘယ်လိုရောဂါတွေ ကူးစက်နိုင်လဲ

ပါးစပ်နဲ့ လိင်ဆက်ဆံတယ်ဆိုတာက ပါးစပ် နဲ့ လျှာကို အသုံးပြုပြီး မျိုးပွားအင်္ဂါကို လှုံ့ဆော်တာပါ။ ဒီနည်းလမ်းကလည်း လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။ သင့်မှာ ဆက်ဆံဖော် တစ်ဦးပဲ ရှိတယ်ဆိုရင်တောင် ကူးစက်နိုင်ခြေ ရှိပါတယ်။ ဆက်ဆံဖော် များရင်များသလို ကူးစက်နိုင်ခြေကလည်း များမှာပါ။

ပါးစပ်နဲ့ လိင်ဆက်ဆံမှုကနေတဆင့် အကူးအများဆုံးပိုးတွေကတော့

အကူးနည်းတာက

  • HIV
  • Chlamydia (ကလက်မိုင်ဒီးယား)
  • ဆီးခုံသန်း
  • လိင်အင်္ဂါ ကြွက်နို့
  • အသည်းရောင် အသားဝါ အေ၊ ဘီ၊ စီ ပိုးတွေပါ။ အကူးနည်းတယ်ဆိုပေမယ့် ပါးစပ်မှာ ပေါက်ပြဲဒဏ်ရာတွေ ရှိနေရင်ကူးနိုင်ခြေ များပါတယ်။

၂. Sex Toys တွေက ရောဂါ မကူးစက်နိုင်ဘူးဆိုတာ မှန်လား

Sex toys တွေကို သေချာလေး သန့်စင်ဆေးကြောမယ်ဆိုရင် မျှဝေသုံးစွဲတာမျိုးလည်း မလုပ်ဘူးဆိုရင်တော့ sex Toys တွေကနေတဆင့် ရောဂါပိုး ကူးစက်တာမျိုးတွေ၊ လိင်ဆက်ဆံရာကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်တာမျိုး မရှိနိုင်ပါဘူး။

Sex toys တွေကို သေချာ မသန့်စင်ဘူးဆိုရင်တော့

  • chlamydia (ကလက်မိုင်ဒီးယား)
  • ကာလသားရောဂါ
  • ရေယုန်
  • ဘက်တီးရီးယားပိုးဝင် ကူးစက်တာ
  • ကြွက်နို့စတာတွေ ကူးစက်နိုင်ပါတယ်။

၃. လိင်ဆက်ဆံရင် ဘာလို့ နာကျင်ရတာလဲ

လိင်ဆက်ဆံနေစဉ် နဲ့ လိင်ဆက်ဆံပြီးချိန်မှာ နာကျင်တာက အဖြစ်များပါတယ်။ နာကျင်တာက အခုလို အခြေအနေတွေကြောင့် အဖြစ်များပါတယ်။

  • ဖျားနာတာ
  • ပိုးဝင်တာ
  • ရုပ်ပိုင်းဆိုင်ရာ ပြဿနာ
  • စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်ပါ။

လိင်ဆက်ဆံနေစဉ် နဲ့ ဆက်ဆံပြီးချိန်မှာ အမြဲလိုလိုနာကျင်တာက ခန္ဓာကိုယ်က တစ်ခုခု မှားယွင်းနေတာကို ပြသနေတာပါ။ ဒါကြောင့် အမှုမဲ့ အမှတ်မဲ့ မနေပါနဲ့။ ဒီလို နာကျင်မှုဖြစ်လာရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ အကြံပြုပါရစေ။ ဒီလို နာကျင်မှုကို အမျိုးသားရော အမျိုးသမီးပါ ခံစားရနိုင်ပါတယ်။

၄. အမျိုးသမီးတိုင်း ပထမဆုံးအကြိမ် အတူနေစဉ်မှာ သွေးထွက်ကြသလား

ဒါက အမျိုးသမီးတိုင်းမှာ မမှန်ပါဘူး။ ပထမဆုံးအကြိမ် အတူနေစဉ်မှာ သွေးထွက်တဲ့ အမျိုးသမီးတွေ ရှိသလို အချို့တွေကတော့ သွေးမထွက်ပါဘူး။

အမျိုးသမီးတွေဟာ ပထမဆုံးအကြိမ် အတူနေစဉ်မှာ အပျိုစင်အမြှေးပါး ပေါက်သွားတာကြောင့် သွေးထွက်တာမျိုး ဖြစ်တတ်တာပါ။ အပျိုစင်မြှေးဆိုတာက သားအိမ်ခေါင်းကို ဖုံးထားတဲ့ အရေပြားအလွှာ ပါးပါးလေးပါ။ ဒါကြောင့် ပထမဆုံး အတူနေချိန်မှာ ဒီအမြှေးပါး ပေါက်ပြဲသွားပြီး သွေးထွက်တာပါ။

ပထမဆုံးအကြိမ် အတူနေချိန်မှာ အပျိုစင်မြှေး ပေါက်ပြဲမှ အပျိုစစ်တယ်လို့တော့ မဆိုလိုပါဘူး။ အတူနေတာကြောင့် မဟုတ်ဘဲ။ မြင်းစီးတာ၊ အခြား အားကစားလေ့ကျင့်မှုတွေ လုပ်တာ၊ tampons အသုံးပြုတာ၊ တစ်ကိုယ်ရေ အာသာဖြေတာ၊ စက်ဘီးစီးတာတွေကြောင့်လည်း အပျိုစင်မြှေး ပေါက်ပြဲနိုင်ပါတယ်။

၅. ကွန်ဒုံးက HIV ကူးစက်မှုကို အမြဲ ကာကွယ်ပေးနိုင်သလား

ကွန်ဒုံးကို နည်းစနစ် မှန်မှန် အသုံးပြုမယ်ဆိုရင်တော့ HIV ကိုရော လိင်ဆက်ဆံရာကတဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆိုဒ်မှန်မှန် နဲ့ နည်းလမ်းမှန်မှန် အသုံးပြုဖို့တော့ လိုပါမယ်။ နောက်တစ်ချက်ကတော့ ဆက်ဆံမှု တစ်ခုချင်းစီအတွက် ကွန်ဒုံးအသစ်ကို အသုံးပြုရမှာ ဖြစ်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sexual health https://www.nhs.uk/common-health-questions/sexual-health/ Accessed Date 10 November 2022

What infections can I catch through oral sex? https://www.nhs.uk/common-health-questions/sexual-health/what-infections-can-i-catch-through-oral-sex/ Accessed Date 10 November 2022

Are sex toys safe? https://www.nhs.uk/common-health-questions/sexual-health/are-sex-toys-safe/ Accessed Date 10 November 2022

Why does sex hurt? https://www.nhs.uk/common-health-questions/sexual-health/why-does-sex-hurt/ Accessed Date 10 November 2022

Does a woman always bleed when she has sex for the first time? https://www.nhs.uk/common-health-questions/sexual-health/does-a-woman-always-bleed-when-she-has-sex-for-the-first-time/ Accessed Date 10 November 2022

Do condoms always prevent HIV transmission? https://www.nhs.uk/common-health-questions/sexual-health/do-condoms-always-prevent-hiv-transmission/ Accessed Date 10 November 2022

Can you catch HIV from kissing? https://www.nhs.uk/common-health-questions/sexual-health/can-you-catch-hiv-from-kissing/ Accessed Date 10 November 2022

ယခုပုံစံ

01/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ခံစားနေရတာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခဏာ တွေလား။

လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်နေခဲ့ရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement