အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက် ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ ဒါဆို စကြည့်လိုက်ရအောင်။ (၁) ရုတ်တရက် နှလုံးရပ်တာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ကျား၊ မ မရွေး ဖြစ်ပွားတတ်ပြီး အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေ စောစောသိပြီး ကုသမှုခံယူမယ်ဆိုရင် ပျောက်ကင်းဖို့ လွယ်ကူတဲ့ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ လိင်ဆက်ဆံခြင်းကို ခေတ္တရပ်ထားဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ကြပေမယ့် လူတွေဆိုတာကလည်း ကာမဆန္ဒကို ထိန်းချုပ်ရခက်ခဲတတ်ကြတာမလား။ ဒီတော့ ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား ၊ လိင်ဆက်ဆံခြင်း ပြုသင့်၊ မပြုသင့်နဲ့ အကယ်လို့ ဆက်ဆံမယ်ဆိုရင်ရော ဘာတွေကို ပြင်ဆင်ထားသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင် နေစဉ် လိင်ဆက်ဆံလို့ရသလား ဆက်ဆံသင့်၊ မဆက်ဆံသင့်ဆိုတာကို မပြောခင် ဘာတွေဖြစ်နိုင်လဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။ ၁။ ရောဂါဖြစ်နေချိန်မှာ ဆီးလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေက အတွင်းနံရံတစ်ရှူးတွေကို ယားယံစေပြီး ထိခိုက်ပွန်းပဲ့မှုပိုဖြစ်စေနိုင်ပါတယ်။ ဒီအခါ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာဖို့ အခွင့်အလမ်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့

လူရယ်လို့ဖြစ်လာပြီဆိုရင် လိင်မှုကိစ္စဆိုတာ ကြုံရနိုင်ပါတယ်။ အဲ့တော့ ချစ်တဲ့သူနှစ်ဦး ချစ်တင်းနှောပြီးတဲ့အချိန်တိုင်း လုပ်မိတတ်တဲ့ အမှားလေးတွေနဲ့ ဘာတွေကို အဓိကထားပြီး လုပ်သင့်လဲဆိုတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ခုဆောင်းပါးလေးမှာ ပြောပြပေးလိုက်ချင်ပါတယ်။ ကဲ .... ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့ ။ ချစ်တင်းနှောလို့ပြီးသွားတဲ့အချိန် ဒါတွေ လုပ်ဖို့ မမေ့ပါနဲ့ ၁။ သန့်ရှင်းရေးလုပ်ပါ။ သန့်ရှင်းရေးလုပ်တယ်ဆိုတာ ရေအမြန်ချိုးခိုင်းတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာ သာယာမှုနဲ့ ချစ်ကြည်နူးမှုတွေ ပြည့်ဝနေတယ်ဆိုပေမယ့် သူ့နောက်ကွယ်မှာ မမြင်ရတဲ့ ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေဆိုတာ ကပ်ပါလာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့် ကာမဆက်ဆံပြီးတိုင်း ခဏလောက်နားပြီးတာနဲ့ သန့်စင်ပေးပါ။ ယောက်ျားလေးဆိုရင် လိင်အင်္ဂါတစ်ဝိုက်နဲ့ ထိပ်အရေပြားကို အောက်လှန်ဆွဲချပြီး သန့်စင်ပါ။ မိန်းကလေးဆိုရင်လည်း မိန်းမကိုယ် အစပ်နားလောက်ကို ရေများများနဲ့ သန့်စင်ပေးပါ။ ပြီးရင် လက်ကိုလည်း သေချာဆပ်ပြာနဲ့ ဆေးကြောဖို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ

လိင်ဆက်ဆံစဉ် ကွန်ဒုံးအသုံးပြုခြင်းဟာ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ HIV နဲ့ တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပါပဲ။ ဒါပေမယ့် ဒီနည်းလမ်းကို အမှန်တကယ် လိုက်နာကျင့်သုံးတဲ့သူတွေက ၁၀၀ မှာ တစ်ယောက်လောက်ပဲ ရှိပါတယ်။ အဲ့တော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတိုင်း ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စောစီးစွာ သိနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီတစ်ခေါက် ပြောပြချင်တာကတော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် သွေးစစ်မလဲ ဆိုတာပါ။ ဘယ်လိုလူမျိုးတွေ သွေးစစ်သင့်လဲ။ အကောင်းဆုံးကတော့ လူတိုင်း ပုံမှန်သွေးစစ်သင့်ပါတယ်။ အထူးသဖြင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံသူတွေ လိင်အပျော်အပါး လိုက်စားသူတွေ လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုများသူတွေ ဆေးပညာရေးနယ်ပယ်မှာ အလုပ်လုပ်နေသူတွေ လိင်တူဆက်ဆံသူတွေအနေနဲ့ ပိုပြီး သွေးစစ်ဖို့ လိုအပ်ပါတယ်။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတဲ့ ဖြစ်စဉ်ဆိုရင်လည်း အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းလို့ သတ်မှတ်လို့ရပါတယ်။ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား

လူတော်တော်များများက လိင်ဆက်ဆံပြီးတာက အလျင်စလို ဆီးသွားတတ်ကြပါတယ်။ အများစုကတော့ ကိုယ်ထဲမှာကျန်နေတဲ့ အညစ်အကြေးတွေ၊ အရည်တွေ၊ ပိုးမွှားတွေကို ဆီးနဲ့အတူ ပါသွားအောင်ဆိုတဲ့ စိတ်နဲ့ပေါ့။ ဒါဆို မေးစရာ ရှိတာက လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား ဆိုတာပါ။ ကဲ ... အတူတူကြည့်လိုက်ရအောင်နော်။ လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ လိုအပ်လား တကယ်တော့ လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား ဖို့ အလျင်လိုစရာ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ အထဲမှာ သုက်ရည်စွန့်ထုတ်လိုက်တဲ့အခါ ဆီးသွားရုံနဲ့ သန့်ရှင်းသွားအောင် လုပ်ပေးနိုင်တာ မဟုတ်လို့ပါ။ ဒါဆိုရင် လိင်ဆက်ဆံပြီးပြီးချင်း ဆီးသွား တာက ဘာအကျိုးမှမရှိတော့ဘူးလား။ ထိုးသွင်းဆက်ဆံနေချိန်မှာ အကာအကွယ်မသုံးထားရင် တစ်ယောက်မှာရှိတဲ့ ပိုးမွှားတွေဟာ နောက်တစ်ယောက်ကို အလွယ်တကူကူးစက်ဖို့ လွယ်ကူပါတယ်။ လိင်ကိစ္စအပြီး ဆီးသွားလိုက်တဲ့အခါ ဘက်တီးရီးယားပိုးတချို့က ဆီးနဲ့အတူ အပြင်ကိုပါလာပါတယ်။ ဒီအခါ ဆီးလမ်းကြောင်းပိုးဝင်တာကို လျှော့နည်းစေပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ

ဒီလိုအဖြစ်အပျက်တွေဟာ အမြဲတမ်းဖြစ်နေကျ ကိစ္စတွေမို့ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာက တစ်ခုခု ထိတ်လန့်စရာပေါ်လာရင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တတ်တာ သဘာဝပဲလေ။ ဒါကြောင့် မတော်တဆဆိုသလို လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်သင့်လဲဆိုတာ ပြောပြပေးချင်ပါတယ်။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားခဲ့ရင် ဘာလုပ်မလဲ ဆိုတော့ အရင်ဆုံး အခြေအနေကို သေချာလေ့လာကြည့်ပါ။ ကွန်ဒုံး ပေါက်ပြဲသွားတာ သိတာနဲ့ ချက်ချင်းထုတ်ပြီး အသစ်တစ်ခုလဲပါ။ ကွန်ဒုံးက လိင်တံပေါ်မှာ မကျန်နေဘဲ မိန်းမကိုယ်အတွင်းမှာ ညှပ်ကျန်နေခဲ့ရင် ဂရုစိုက်ပြီး ဆွဲထုတ်ပေးပါ။ သုက်မလွှတ်ခင် ပေါက်ပြဲသွားရင် လဲလိုက်ရုံနဲ့ အဆင်ပြေပေမယ့် သုက်လွှတ်ပြီးမှ သိတာဆိုရင်တော့ နည်းနည်းဂရုစိုက်ဖို့ လိုပါတယ်။ မိန်းကလေးအနေနဲ့ အမြန်ဆုံးလုပ်သင့်တာကတော့ အိမ်သာထဲကို အမြန်ဆုံးဝင်ပြီး ထိုင်ချလိုက်ပါ။ အထဲမှာရှိနေတဲ့ သုက်ရည်တွေ အပြင်ပြန်ထွက်လာအောင် မိန်းမကိုယ်ကြွက်သားကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား

လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား ..... လိင်ဆက်ဆံနေချိန်မှာတော့ ဘာကိုမှ မတွေးဘဲ ဖြစ်ချင်သလို ဖြစ်လိုက်ပေမယ့် ဆန္ဒပြီးမြောက်သွားချိန်မှာ ပုံမှန်အသိစိတ်ဝင်လာပြီး သန့်ရှင်းရေးလုပ်ဖို့ကို အရမ်းတာဆူတတ်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ၊ အသန့် အရမ်းကြိုက်တဲ့သူတွေပေါ့။ တကယ်တော့ ဆက်ဆံပြီးတဲ့အချိန်လေးမှာ အလျင်အမြန်ထပြီး သန့်ရှင်းရေးလုပ်တာမျိုးထက် အိပ်ရာလေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လက်ပွန်းတသီးနေတာ၊ အသားချင်းထိတာ၊ ပွေ့ဖက်နမ်းရှုံ့တာမျိုး လုပ်ပေးနိုင်ရင် နှစ်ဦးကြား သံယောဇဉ် ပိုတိုးစေနိုင်တယ်နော်။ ဒီတော့ ဘယ်လိုအခြေအနေမှာ သန့်ရှင်းရေးအမြန်လုပ်သင့်လဲ၊ ဘာတွေကို ဦးစားပေးမလဲ၊ လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုသင့်၊ မလိုသင့်နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား လိင်ဆက်ဆံအပြီး သန့်ရှင်းရေးလုပ်ဖို့ အလျင်လိုနေပြီလား ဒါလေးကို အရင်ဖတ်ကြည့်လိုက်နော်။ ၁။ မိန်းမကိုယ်ကို အမြန်သန့်ရှင်းရေးလုပ်ဖို့ မလိုပါဘူး။ ဥပမာ အမျိုးသားက အထဲမှာ သုက်ရည်လွှတ်လိုက်တယ်ဆိုပါတော့၊ ကိုယ်ဝန်ရသွားမှာ၊ ရောဂါပိုးကူးသွားမှာ အစရှိတဲ့အကြောင်းပြချက်တွေနဲ့ ရေချိုးခန်းကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism)

လူတော်တော်များများမှာ Fetish လို့ခေါ်တဲ့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေ ရှိတတ်ကြပါတယ်။ ကိုယ့်မှာရှိမှန်း သိတဲ့သူနဲ့ မသိတဲ့သူဆိုပြီးတော့ပဲ ကွာသွားတာပါ။ ဒီနေ့ပြောပြပေးမှာကတော့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်တွေထဲကမှ ချွန်ထက်တဲ့ အရာဝတ္ထုတွေနဲ့ အသားနာအောင် ထိုးဆွမှ လိင်စိတ်ဆန္ဒအမြင့်ဆုံးရောက်တဲ့သူတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအခြေအနေကို ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) လို့ ခေါ်ပါတယ်။ ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) ဆိုတာဘာလဲ။ ချွန်ထက်သော အရာများဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း (Piquerism) ဆိုတာက လိင်ဆက်ဆံတဲ့အခါ ကိုယ့်ရဲ့အဖော်ကို နှိပ်စက်ညှင်းပန်းလိုတဲ့ ဆန္ဒနဲ့ လုပ်တဲ့အပြုအမူပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်ဘူးလို့လည်း ဆိုနိုင်သလို ပြင်းထန်လွန်းတဲ့ လိင်စိတ်ဖြေဖျောက်ခြင်းမှာ ပါဝင်ပြီး တစ်ဖက်သားကိုပါ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအရာဝတ္ထုတွေကို အဓိကအသုံးပြုလဲ။ ချွန်ထက်တဲ့ အရာဝတ္ထုတိုင်းကို အသုံးပြုနိုင်ပါတယ်။ အပ်၊ လက်သည်း၊ ဓား၊ သင်တုန်းဓား၊ တွယ်ချိတ်၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ

ဆန်းဆန်းပြားပြား မတော်တဆမှုတွေထဲမှာ ဒီကိစ္စဟာလည်း စုံတွဲတွေကြားမှာ တော်တော်လေး အဖြစ်များတယ်လို့ ဆိုရမှာပါ။ ကွန်ဒုံး ကိုယ်တိုင်က အမျိုးသမီးတွေအတွက် ပြဿနာမရှိပေမဲ့ သူ့ထဲမှာ သိုလှောင်ထားတဲ့ သုက်ရည်တွေက အဓိကပြဿနာပါ။ ဒီသုက်ရည်ကြောင့် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ၊ လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်နိုင်တာကိုး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံလာခဲ့ရင် ပျာယာမခတ်ဘဲ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီနေ့ဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ကဲ ...... မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာ ​ကြည့်လိုက်ရအောင်နော်။ မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ မိန်းမကိုယ်ထဲ ကွန်ဒုံးကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ အရင်ဆုံး ပြဿနာကို ဖြေရှင်းမယ်။ ၁။ မိန်းမကိုယ်ထဲ လက်ချောင်းအရင်ထည့်ကြည့်ပြီး ကွန်ဒုံး ကျန်နေလားဆိုတာကို စမ်းပါ။ ၂။ ကွန်ဒုံးက အထဲသိပ်မရောက်နေဘူးဆိုရင် ကိုယ်တိုင် လက်မ၊ လက်ညှိုးနဲ့ ညှပ်ပြီး ဆွဲထုတ်လို့ ရမှာပါ။ ၃။ ဆွဲထုတ်လိုက်တဲ့အခါ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်တံစွပ်ကွင်း တွေက တကယ်ပဲ စိတ်ချရရဲ့လား

မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုမယ်ဆိုရင် လိင်တံစွပ်ကွင်း တွေဟာ ဘေးကင်းတဲ့ပစ္စည်းတွေလို့ ဆိုနိုင်ပါတယ်။ ဒီစွပ်ကွင်းရဲ့ အားသာချက်ကတော့  လိင်တံထဲ စီးဝင်နေတဲ့ သွေးတွေကို အထဲပြန်မဝင်သွားစေဘဲ လိင်တံတွင်း သွေးကြောတွေထဲမှာ ပိတ်လှောင်ထားတဲ့အတွက် လိင်တံမာတောင့်စေဖို့ ကူညီပေးတာပဲဖြစ်ပါတယ်။ ဒီလိုသွေးတွေက အထဲပြန်မဝင်သွားတဲ့အခါ လိင်တံတစ်ရှူးတွေက ပိုမာပြီး ကြီးလာတယ်။ လိင်တံထောင်မတ်ချိန် ကြာမြင့်စေတယ်။ ဒါ့အပြင် သုက်လွှတ်မမြန်အောင် ထိန်းပေးနိုင်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ အမျိုးသားတွေကြား အသုံးများလာတဲ့ လိင်တံစွပ်ကွင်းအကြောင်းနဲ့ အသုံးပြုပုံတွေ၊ အားသာချက်၊ အားနည်းချက်တွေအကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။ လိင်တံစွပ်ကွင်း က အမျိုးသားတွေအတွက် ဘာကောင်းကျိုးရှိလဲ။ ၁။ ပန်းသေပန်းညှိုးဖြစ်နေတဲ့ အမျိုးသားတွေအတွက် လိင်တံကောင်းစွာ ထောင်မတ်နိုင်စေဖို့ ကူညီပေးပါတယ်။ ၂။ လိင်တံထောင်မတ်ချိန်ကို ကြာစေပြီး ထိုးသွင်းဆက်ဆံနေစဉ် ပျော့သွားတာမျိုး မဖြစ်စေပါဘူး။ ၃။ ထောင်မတ်နေတဲ့ လိင်တံဟာ ပုံမှန်အချိန်ထက် ပိုကြီးနေတတ်ပါတယ်။ ၄။ ဆက်ဆံနေစဉ် ခံစားမှုအားကောင်းစေတယ်။ ၅။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)