အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း
လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်
လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက် ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ ဒါဆို စကြည့်လိုက်ရအောင်။ (၁) ရုတ်တရက် နှလုံးရပ်တာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက […]