ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်နည်းပါးခြင်းပြဿနာ

လိင်စိတ်နည်းပါးခြင်းပြဿနာ အကြောင်း လေ့လာလိုက်ရအောင်နော်။ လိင်စိတ်နည်းပါးခြင်းပြဿနာ လိင်စိတ်နည်းပါးခြင်းပြဿနာ ဆိုတာ လိင်စိတ် တက်ကြွခြင်းနှင့် လိင်စိတ် နည်းပါးခြင်း စသော လိင်ပိုင်းဆိုင်ရာ ကစဉ့်ကလျား ဖြစ်မှုများသည် ချွတ်ယွင်းချက်များကို ရှာဖွေဖော်ထုတ်သင့်သည့် ရောဂါများဖြစ်ပြီး အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ချေရှိသည်။ လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှုစက်ဝန်း၏ မည်သည့်ပိုင်းတွင်မဆို လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုကြောင့် ကာမသုခ အပြည့်အဝ မရရှိခြင်းကို ဆိုလိုပါသည်။ လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှုစက်ဝန်း လိင်ပိုင်းဆိုင်ရာ တုန့်ပြန်မှု စက်ဝန်းတွင် ကာမစိတ်၊ သာယာစိတ်၊ ပြီးမြောက်မှုနှင့် အပန်းဖြေချိန်ဟူ၍ အဆင့်လေးဆင့်ရှိသည်။ အဆင့် ၁ စိတ်ဆန္ဒတွင်- ဇီဝဗေဒဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိတ်ဆန္ဒတို့ အသီးသီးပါဝင်သည်။ အဆင့် ၂ သာယာမှုအဆင့်တွင်- စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံး လှုံ့ဆော်မှုဖြစ်ပေါ်လာသည်။ အမျိုးသားရောအမျိုးသမီးပါ ယခုအဆင့်တွင် ဇီဝကမ္မပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ယခုပြောင်းလဲမှုများက ပြီးမြောက်ခြင်းအဆင့်ကို ထောက်ကူပေးပါသည်။ အဆင့် ၃ ပြီးမြောက်ခြင်းတွင်- နှလုံးခုန်နှုန်း၊ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လိုလုပ်ပေးမလဲ

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လို လုပ်ပေးမလဲ သင့်ရဲ့ လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် အတက်အကျက သင့်ရဲ့ စိတ်ခံစားမှု၊ အခြေအနေနဲ့ မကြာသေးမီက သင်တို့ရဲ့ ရင်းနှီးမှုအတွက် ဘယ်လောက်အားထုတ်ထားလဲအပေါ်မှာ မူတည်ပါတယ်။ လက်တွေ့မှာ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာတာကို အတူနေလာတာကြာလို့ဆိုပြီး အကြောင်းပြတာက ရိုးလွန်းပါတယ်။ တကယ်တော့ ပတ်သက်မှုတစ်ခုမှာ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာတာဟာ ဒီပတ်သက်မှုကို အလေးမထားဖြစ်တာ အချိန်တစ်ခု ကြာခဲ့လို့ ဖြစ်တာပါ။ အချိန်ကြာတာက အပြစ်မဟုတ်ပါဘူး။ ဒီပတ်သက်မှုအပေါ် အချိန်ပေး အားထုတ်မှု ရှိမရှိပေါ် မူတည်တာပါ။ အောက်မှာ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ တွန်းအား မြင့်တက်အောင်၊ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ စိတ်ဆန္ဒ တိုးတက်အောင် နည်းလမ်း ၇မျိုးကို ဖော်ပြထားပါတယ်။ ၁။ သင့်လိင်စိတ်ဆန္ဒနဲ့ ပတ်သက်တဲ့ အဆီးအတားများကို ဖယ်ရှားပါ သင့်စိတ်ထဲမှာရှိနေတဲ့ လိင်စိတ်ဆန္ဒနဲ့ ပတ်သက်တဲ့ အဆီးအတားတွေကို […]


သားဆက်ခြားခြင်း

ရာသီခွင်ဖြင့် သန္ဓေတားနည်း

Birth Control သို့ contraception ဆိုတာ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်ဖို့ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကိုယ်ဝန်တားဖို့ အသုံးပြုတဲ့နည်းလမ်းတွေ အမြောက်အမြားရှိပြီး ရာသီခွင်ဖြင့် သန္ဓေတားနည်း ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရက်ရှောင်ပြီး အတူနေပေမယ့် အခန့်မသင့်ရင် ကိုယ်ဝန်ရသွားနိုင်တာမို့ စုံတွဲတွေက ဒီနည်းလမ်းအကြောင်း သေချာသိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီနည်းလမ်းအကြောင်းကို သေချာစွာ သိစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ရာသီခွင်ဖြင့် သန္ဓေတားနည်း ဆိုတာ ဘာလဲ။ ပြက္ခဒိန်အခြေပြုရက်တွက်နည်း (Calendar based method) ဟာ ကိုယ်ဝန်တားဖို့အတွက် ရာသီစက်ဝန်းတလျှောက် ကိုယ်ဝန်ရရှိနိုင်ချိန်တွေကို သေချာစွာ စောင့်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးဟာ သူ့ရဲ့ ရာသီစက်ဝန်းကို သိရှိစေဖို့ ရာသီစက်ဝန်းကို ခြောက်လလောက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူဟာ ရာသီလာခြင်းရဲ့ ပထမ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ

မိဘတွေနဲ့ကလေးတွေကြားမှာ လိင်အကြောင်းကို ရိုးရိုးသားသား၊ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောဆိုကြဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ သင့်ရဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူလူပျို ၊ အပျို ဝင်တဲ့အချိန်မှာ လိင်အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ပိုပြီး အရေးကြီးပါတယ် ။ သင့်ရဲ့ကလေးကို လိင်ပညာပေးအကြောင်းဘာလို့ပြောသင့်သလဲ၊ ဘယ်အချိန်မှာပြောသင့်သလဲဆိုတာတွေကိုအောက်တွင်ဖတ်၍လေ့လာလိုက်ပါ။ လိင်ပညာပေးအကြောင်းကို ကလေးကိုဘယ်အချိန်မှာ စပြောသင့်ပြီလဲ။ လေ့လာမှုတွေအရ မိန်းကလေးနဲ့ယောက်ျားလေးအများစုဟာ အသက် ၈ နှစ်အရွယ်မှာ လူပျို ၊ အပျိုဖော်ဝင်လာကြပါတယ် ။ ဒါဟာသင့်ကလေးရဲ့လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်းကို စပြီးပြောဖို့သင့်တော်တဲ့အချိန်ပါပဲ။ မိန်းကလေးတွေအတွက်ကတော့ ရာသီလာတဲ့အကြောင်းတွေကို ကျောင်းသင်ခန်းစာတွေမှာသင်ကြားကြပါတယ် ။ ဒါပေမယ့် သူတို့သင့်ကိုမေးမြန်းလာတဲ့အခါ သို့မဟုတ် သူတို့ဟာသင့်ရဲ့လမ်းညွှန်မှုကို လိုနေပြီလို့ခံစားရတဲ့အခါ သင့်ရဲ့ကိုယ်တိုင်အတွေ့အကြုံတွေကိုအခြေခံသင်ကြားပေးနိုင်ပါတယ် ။ လိင်ပညာပေးခေါင်းစဉ်တွေမှာတော့ ခန္ဓာဗေဒ ၊ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ နဲ့ကိုယ်ဝန်ဆောင်ခြင်းအကြောင်းတို့ ပါဝင်ပါတယ် ။ သင့်ရဲ့ကလေးဟာ ဒီအကြောင်းတွေကို ကျောင်းမှာသင်ယူလာရအခါမှာ နောက်ထပ်မေးစရာမေးခွန်းတွေပေါ်လာတတ်ပါတယ် ။ ဒါကြောင့်သင်ဟာ သူတို့စိတ်ရှုပ်ထွေးနေတာကိုပြောခွင့်ပေးပြီး […]


HIV နှင့် AIDS ရောဂါ

မိမိတွင် HIV ရောဂါရှိပါက ကလေးကို မကူးစက်အောင် မည်သို့ ကာကွယ်မည်နည်း။

ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း၏ စစ်တမ်းများအရ အသက် ၁၅ နှစ်အောက် ကလေး ၃.၂ သန်းသည် AIDS ရောဂါ ရှိနေသည်ဟု ၂၀၁၃ ရလဒ်များက ဖော်ပြနေပါသည်။ HIV ရောဂါပိုးသည် AIDS ဖြစ်စေနိုင်သော ရောဂါပိုး ဖြစ်ပါသည်။ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါသည်။ အထူးသဖြင့် ကလေးများတွင် ဖြစ်ပါသည်။ ကလေးများကို မည်သို့ ကာကွယ်သင့်သည်ကို ဖော်ပြပါမည်။ ရောဂါပိုးရှိသော ကလေးများသည် မိခင်မှကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊ မွေးစဉ်၊ နို့တိုက်ချိန်များတွင် ကူးစက်ခြင်း ဖြစ်ပါသည်။ တခြားသော ဖြစ်လေ့ဖြစ်ထ သိပ်မရှိသော အကြောင်းရင်းများမှာ - • သွေးသွင်းခြင်း - ကလေးများသည် ရောဂါပိုးရှိသော သွေး၊ သန့်စင်ထားခြင်း မရှိသောသွေးများကို သွင်းမိပါက HIV ပိုးဝင်ခြင်းနှင့် AIDS ရောဂါ ဖြစ်ပွားနှုန်း […]


HIV နှင့် AIDS ရောဂါ

HIV ဗိုင်းရပ်ပိုးမွှား ကာကွယ်ဆေးများ၏ ဘေးထွက် ဆိုးကျိုးများ

AIDS ရောဂါသည် HIV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါသည်။ ခုခံအားစနစ်ကို ထိခိုက်စေပါသည်။ HIV အတွက် ဆေးအမျိုးအစား ၆ မျိုး ရှိပါသည်။ ထိုဆေးများမှာ HIV ၏ ဖြစ်ပေါ်မှု အဆင့်ဆင့်တွင် တားပေးပါသည်။ များသောအားဖြင့် ခန္ဓါကိုယ် လုပ်ဆောင်မှု အပိုင်းကို ထိခိုက်စေပါသည်။ ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် နည်းလမ်းများ အစားအသောက်ပျက်ခြင်း Abacavir (Ziagen) ဆေးကြောင့်ဖြစ်သော ဘေးထွက် ဆိုးကျိုးများကြောင့် ဖြစ်ပါသည်။ အစားအသောက် ပျက်ခြင်းအတွက် တစ်နေ့ကို နည်းနည်းချင်း အနပ်များများ စားရပါမည်။ ခါတိုင်းကဲ့သို့ တစ်နေ့သုံးနပ်ပဲ စား၍ မရပါ။ အားဖြည့်ဆေးများ၊ သစ်သီးဖျော်ရည်များ သောက်သုံး၍ ဗီတာမင် သက်စောင့်ဓါတ်များ ရနိုင်ပါသည်။ အစားစားချင်စိတ် ဖြစ်ပေါ်စေသော ဆေးများ၊ ရိုးရိုးရေ သောက်မည့်အစား အသီးဖျော်ရည်လေး သောက်သုံးခြင်းဖြင့် အစားစားချင်စိတ် ဖြစ်ပေါ်နိုင်ပါသည်။ […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါကြောင့် ဖြစ်သော ရောဂါများ သိထားခြင်း

HIV ရောဂါပိုးသည် ခန္ဓါကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ - သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။ • အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ (ပုံမှန် အတိုင်းဖြစ်စေ၊ ပါးစပ်နှင့် လိင်ဆက်ဆံသည် ဖြစ်စေ) ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။ ထို့အပြင် လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုပါက သို့မဟုတ် မိမိဆက်ဆံသော အမျိုးသားက တခြားသော အမျိုးသား တစ်ယောက်နှင့် ထပ်၍ လိင်ဆက်ဆံပါက ရောဂါပိုး ပို၍ […]


HIV နှင့် AIDS ရောဂါ

ဘာကြောင့် HIV ဆေးသောက်ဖို့ အရေးကြီးသလဲ

ART (HIVရောဂါကုထုံး)တွင် ထိုပိုးကိုသေစေနိုင်သောဆေးများပေါင်းထားပါသည။် HIV ရောဂါပိုးကို အထူးတားမြစ်ပြီၤး ရောဂါကို ဆက်လက်မကြီးထွားအောင် လုပ်ဆောင်ပေးပါသည်။ ဆရာဝန်များသည် HIVဟုသိသိရချင်း CD4 ပမာဏမည်မျှရှိသည်ဖြစ်စေ ထိုကုထုံးကို အရင်ဦးဆုံးပေးလေ့ရှိပါသည်။ ART ဆေးမှာအမြစ်ပြတ်ကုသသောဆေးမဟုတ်ပါ။ သို့သော်ထိုဆေးများသည်ရောဂါဆက်လက်မပျံ့ပွားအောင် ကူညီပေးပါသည်။ ထို့ကြောင့် ခန္ဓါကိုယ်ထဲမှ ပိုးမွှားပမာဏလျော့နည်းစေပါသည်။ ဗိုင်းရပ်စ်ပိုးမွှားပမာဏလျော့နည်းပြီး ရောဂါပိုးကို အခြားသောသူများသို့ကူးစက်ခြင်းမှ ကာကွယ်ပေးပါသည။် အသက်ရှည်စွာကျန်းကျန်းမာမာနှင့် နေထိုင်နိုင်ပြီးကူးစက်နှုန်းကိုလျော့နည်းစေပါသည။် ထို့ပြင် အခြားသောရောဂါများဖြစ်သည့် တီဘီ၊ နမိုးနီးယား နှင့်ကင်ဆာစသောရောဂါများ ကူးစက်နှုန်းကိုလည်းလျော့နည်းစေပါသည်။ ခန္ဓါကိုယ်ထဲမှရောဂါပိုးမွှားပမာဏကိုလျော့ကျခြင်းဖြင့် အခြားသောသူများသို့ကူးစက်နှုန်းကိုလျော့နည်းစေပါသည်။ ထို့ပြင်ARTဆေးမှာအသက်ပေါင်းများစွာကို ကာကွယ်ပေးနိုင်ရုံမျှမက ရောဂါပိုးမွှားပမာဏကိုလျော့နည်းစေခြင်းဖြင့် အခြားသူများကိုကူးစက်နှုန်းလည်းကျဆင်းစေပါသည်။ ARTဆေးသည် HIV ရောဂါဝေဒနာရှင်များအတွက် အကောင်းဆုံးဆေးဖြစ်ပါသည်။ ရောဂါခံစားနေရသောအချိန်ကာလနှင့် ကျန်းမာရေးအခြေအနေပေါ်မမူတည်ပါ။ မကုသလျှင် HIV ရောဂါမှ မိမိ၏ခုခံအားကိုထိခိုက်စေပြီး AIDS ရောဂါသို့ပြောင်းလဲသွားစေနိုင်ပါသည်။ သုံးလေ့ရှိသောဆေးအမျိုးအစားများမှာ • zidovudine (Retrovir)၊ abacavir (Ziagen)၊ emtricitabine (Emtriva) စသောHIV […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါနှင့် ယုံမှတ်ချက် ၁၀ ချက်

လူအများစုမှာ HIV ရောဂါအကြောင်းနှင့် သူ၏ပျံ့နှံ့ပုံကို လွဲမှားသော ယူဆချက်ဖြင့် စွဲမှတ်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် AIDS နှင့် HIV ရောဂါတို့မှာ ယခုထက်တိုင် မှားယွင်းသော ယူဆချက်များ ဖြစ်နေပါသည်။ ယူဆလေ့ရှိသော အချက် ၁၀ ချက်မှာ - (၁) HIV ရောဂါရှိသူ၏ ဘေးပတ်ဝန်းကျင်တွင် နေရုံဖြင့် ကူးစက်နိုင်သည်ဟု မှတ်ယူခြင်း။ ထိုရောဂါသည် HIV ရောဂါပိုးမှ တစ်ဆင့်သာ ကူးစက်နိုင်ပါသည်။ သွေး၊ သုတ်ရည်၊ နို့ရည်များမှ ကူးနိုင်ပါသည်။ • လေအတူတူ ရှူခြင်းဖြင့် မကူးနိုင်ပါ။ • ဖက်ခြင်း၊ နမ်းခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းမှ မကူးနိုင်ပါ။ • အိမ်သာ ကမုတ်ကို ထိခြင်း၊ တံခါးလက်ကိုင်ကို အတူကိုင်မိခြင်းဖြင့် မကူးနိုင်ပါ။ • ရောဂါပိုးရှိသောသူနှင့် အတူတူစားခြင်းဖြင့် […]


HIV နှင့် AIDS ရောဂါ

HIV ရောဂါပိုးရှိသောသူ ခန္ဓါကိုယ် အလေးချိန် ကျဆင်းမှုကို မည်သို့ ထိန်းသိမ်းမည်နည်း

HIV ရောဂါပိုးရှိသော လူများသည် အထူးပြုလုပ်ထားသော အစားအစာများကို စားသုံးရန် မလိုသော်လည်း မိမိသည် နေမကောင်းသည်ဟု ခံစားရလျှင် မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းမျိုး ဖြစ်သောအခါတွင် အထူးပြုထားသော အစားအစာများကို စားသုံးရပါမည်။ ကိုယ်အလေးချိန် ကျဆင်းခြင်းသည် အရေးကြီးပါသည်။ အစားအသောက် ကောင်းကောင်းမစားလျှင် ပို၍ နေမကောင်း ဖြစ်နိုင်ပါသည်။ အစားအသောက် ရွေးချယ်ခြင်း မိမိသည် ကယ်လိုရီ အနည်းဆုံးနှင့် လုံလုံလောက်လောက် ရှိသော အစားအစာကို ကိုယ်အလေးချိန် ထိန်းသိမ်းရန် အသုံးပြုရပါမည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်လည်း ကိုလက်စ်ထရော ထိန်းသိမ်းရန် အရေးကြီးပါသည်။ တစ်နေ့သုံးကြိမ် မစားနိုင်လျှင် အစားအစာကို အနည်းငယ်နှင့် တစ်နေကုန် စားသုံးရပါမည်။ ထိန်း၍ စားသောက်ရသော အစားအစာသည် ဝိတ်ကျစေသော အစားအစာနှင့် တူတူပင်ဖြစ်ပါသည်။ အစားအသောက်ကို အစီအစဉ်ချ၍ စားခြင်းသည် မိမိပုံမှန်စားသော […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း