သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လိုလုပ်ပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 30, 2020 . 3 mins read
Share now

သင့်ရဲ့လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် မြင့်တက်အောင် ဘယ်လို လုပ်ပေးမလဲ

သင့်ရဲ့ လက်တွဲဖော်အတွက် လိင်ဆက်ဆံလိုစိတ် အတက်အကျက သင့်ရဲ့ စိတ်ခံစားမှု၊ အခြေအနေနဲ့ မကြာသေးမီက သင်တို့ရဲ့ ရင်းနှီးမှုအတွက် ဘယ်လောက်အားထုတ်ထားလဲအပေါ်မှာ မူတည်ပါတယ်။

လက်တွေ့မှာ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာတာကို အတူနေလာတာကြာလို့ဆိုပြီး အကြောင်းပြတာက ရိုးလွန်းပါတယ်။ တကယ်တော့ ပတ်သက်မှုတစ်ခုမှာ လိင်ဆက်ဆံလိုစိတ် ကျဆင်းလာတာဟာ ဒီပတ်သက်မှုကို အလေးမထားဖြစ်တာ အချိန်တစ်ခု ကြာခဲ့လို့ ဖြစ်တာပါ။

အချိန်ကြာတာက အပြစ်မဟုတ်ပါဘူး။ ဒီပတ်သက်မှုအပေါ် အချိန်ပေး အားထုတ်မှု ရှိမရှိပေါ် မူတည်တာပါ။

အောက်မှာ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ တွန်းအား မြင့်တက်အောင်၊ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ စိတ်ဆန္ဒ တိုးတက်အောင် နည်းလမ်း ၇မျိုးကို ဖော်ပြထားပါတယ်။

၁။ သင့်လိင်စိတ်ဆန္ဒနဲ့ ပတ်သက်တဲ့ အဆီးအတားများကို ဖယ်ရှားပါ

သင့်စိတ်ထဲမှာရှိနေတဲ့ လိင်စိတ်ဆန္ဒနဲ့ ပတ်သက်တဲ့ အဆီးအတားတွေကို မဖယ်ရှားဘဲနဲ့ သင့်အခက်အခဲကို မသက်သာစေနိုင်ပါဘူး။

ယခင်က လိင်ကိစ္စနဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ထိခိုက်ခံစားမှု အတွေ့အကြုံ၊ စွမ်းဆောင်ရည် မြင့်ခြင်းနဲ့ ပတ်သက်တဲ့ အခက်အခဲ၊ လိင်ကိစ္စဆိုတာ မကောင်းတဲ့အရာလို့ တစ်နည်းနည်းနဲ့ သင့်မိဘ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေရဲ့ ပြောတာတွေနဲ့ ကြီးပြင်းလာတာတွေက သင့်ရဲ့ လိင်စိတ်ဆန္ဒမြင့်တက်မှုကို ပိတ်ပင်တတ်ပါတယ်။

နားလည်တတ်ကျွမ်းတဲ့နည်းပြနဲ့ ဆွေးနွေးတာ ဖြစ်စေ၊ အထူးကုဆရာဝန်ရဲ့ ကုထုံးတစ်ခုခုနဲ့ ကုသတာဖြစ်စေ၊ ကိုယ့်ဘာသာ သုတေသနလုပ်တာဖြစ်စေ၊ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အဆီးအတားကို လက်ခံပြီး ကုသတာက သင့်အဖော်အတွက် လိင်စိတ်ဆန္ဒ မြင့်စေဖို့ ပထမခြေလှမ်းပါပဲ။

၂။ ခန္ဓာကိုယ် နိုးနိုးကြားကြားရှိပါ

ခေတ်သစ်လူမှုအဖွဲ့အစည်းထဲ ဝင်ဆံ့မှုနဲ့အတူ တစ်ခါတလေ ကျွန်တော်တို့ဟာ အသက်မဲ့နေသလို ခံစားရတတ်ပါတယ်။ အတွေးတွေထဲမှာ မျောနေပြီး ခန္ဓာကိုယ်၊ နှလုံးသားတို့နဲ့ အဆက်အသွယ် ပြတ်နေတတ်ကြပါတယ်။

ကျွန်တော်ပြောနေတဲ့ အချိန်မှာပဲ သင့်ကိုယ်ခန္ဓာနဲ့ တစ်သားတည်းဖြစ်ဖို့ မဖြစ်မနေလိုအပ်သလို သင့်နှလုံးသားနဲ့အတူရှိဖို့ကလည်း လိုအပ်ပါတယ်။

ဒါကို သင်ဘယ်လို လုပ်မလဲ။ လှုပ်လှုပ်ရှားရှားနေပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။ အနှိပ်ခံပါ။ တစ်ကိုယ်ရည်အာသာဖြေခြင်းကို မကြာမကြာလုပ်ပါ။

သင့်စိတ်ကြိုက် ရေမကြာခဏချိုးပါ။ ဒါက သင့်အသားစိုင်တွေအပေါ် စီးဆင်းသွားတဲ့ရေစီးကြောင်းလေးတွေကို ခံစားရစေပါတယ်။

သိပ်မကြာခင်မှာပဲ သင်ဟာ ယုံကြည်မှု အပြည့်နဲ့ လှုပ်ရှားသွားလာနိုင်မယ်။ တစ်နေ့ထက်တစ်နေ့ စိတ်ဖိအားတွေ လျော့နည်းလာမယ်။ ပြီးတော့ သင့်ရဲ့ လိင်စိတ်ဆန္ဒဟာလည်း တိုးတက်လာပါလိမ့်မယ်။

၃။ လိင်ဆန္ဒပြီးမြောက်ခြင်းကို မေ့ထားပါ

လိင်ဆန္ဒပြီးမြောက်ခြင်းကို အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ သူတို့ရဲ့လိင်မှုဘဝတွေကို စိုးရိမ်ကြောင့်ကြမှု အလွန်ပေးတတ်ကြပါတယ်။

လူတော်တော်များများဟာ ကိုယ်တိုင်စိတ်ကျေနပ်မှုအတွက် သူတို့ရဲ့ အဖော်ဖြစ်သူ လိင်ဆန္ဒပြည့်ဝမှုအကြိမ်ရေ လုံလုံလောက်လောက်ရတာနဲ့ ပတ်သက်ပြီး တွေးပူတတ်ကြပါတယ်။

တစ်ခါတလေမှာ ချစ်တင်းနှောပြီး အဖော်ရဲ့ အလိုပြည့်ဝမှု ရမရကိုပါ စိတ်ရောက်နေတတ်ကြပါတယ်။ အလိုပြည့်ဝခြင်းရှိမရှိကို မေ့လိုက်ပါ။

တချို့ညတွေမှာ အဲ့လိုလုပ်ပြီးတော့ ရွေးချယ်စရာမရှိအောင် စမ်းကြည့်ပါ။ အဲ့လိုနည်းနဲ့ နှစ်ယောက်လုံး ချစ်မှုရေးရာပျော်ရွှင်မှုကို လွတ်လွတ်လပ်လပ်ခံစားလိုက်ပါ။

မဖြစ်မနေရောက်ရမယ့်ပန်းတိုင်မရှိတဲ့အတွက် သင်တို့ရဲ့ ခန္ဓာကိုယ်တွေကလည်း အလွယ်တကူ ခံစားမှုကို ရလာစေမှာပါ။ အကယ်၍ သင်တို့ဟာ လိင်ဆန္ဒပြည့်ဝမှုကို ဦးမတည်တဲ့ ဆက်ဆံမှုမျိုးကို မစမ်းသပ်ဖူးပါက စမ်းသပ်ကြည့်ပါ။

အဲ့ဒါက သင်နဲ့ သင့်အဖော်အတွက် ကြည်နူးဖို့ကောင်းတဲ့၊ သဘောကျမယ့်၊ နှစ်ယောက်သား အလွန်တရာတွယ်ငြိစေမယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်နေမှာပါ။

၄။ လှုံ့ဆော်မှုအသစ်နဲ့ လုပ်လေ့လုပ်ထမရှိတာတွေကို အိပ်ရာပေါ်မှာ လုပ်ယူကြည့်ပါ

အချိန်စာရင်းတွေက ကျွန်တော်တို့ရဲ့ လိင်မှုဘဝတွေကို ဘေးကင်းစိတ်ချမှုပေးနေချိန်မှာ လုပ်ရိုးလုပ်စဉ်တွေက ကျွန်တော်တို့ရဲ့ လိင်စိတ်ဆန္ဒကို ပျောက်ပျက်စေပါတယ်။

သင့်အခန်းကို ပုံစံပြောင်းပြီး ပြင်ဆင်တာက သင့်ချစ်မှုရေးရာဘဝရဲ့ သစ်လွင်လန်းဆန်းမှုအပေါ် အပြောင်းအလဲတစ်ခု ဖြစ်စေမှာပါ။ နောက်လုပ်နိုင်တာတစ်ခုကတော့ သင့်အဖော်ရဲ့ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးတာပါ။

သီချင်းတစ်မျိုးမျိုးဖွင့်ထားတာ၊ စိတ်လှုပ်ရှားစေနိုင်မယ့် အတွင်းခံတစ်မျိုးမျိုး ဝတ်ဆင်ထားတာ၊ ဒါမှမဟုတ် သင်ဝတ်စေချင်တဲ့ အဝတ်အစားတစ်မျိုးမျိုးကို ဝယ်ထားပေးတာတွေ ပြုလုပ်နိုင်ပါတယ်။

၅။ သင့်ရဲ့ လိင်ကိစ္စမှာ သင်ကိုယ်တိုင်လဲ စိတ်လှုပ်ရှားခံစားမှု ရှိပါစေ

ကျွန်တော်တို့ လိင်စိတ်ဆန္ဒ အတက်အကျက ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ တချို့နေထိုင်မှုပုံစံတွေပေါ်မှာ မူတည်တာ အမှန်ပါပဲ။ အကယ်၍ သင်ဟာ သင်မထိန်းချုပ်နိုင်တဲ့ သောကနဲ့ ရေရှည်ခံစားလာရတဲ့ စိတ်ဖိအားတွေရဲ့ ရိုက်ခတ်မှုဒဏ်ကိုခံစားရပြီဆိုရင် သင့်ရဲ့ချစ်မှုရေးရာ ဘဝအပေါ်လဲ ရိုက်ခတ်မှုတွေ ရှိလာမှာပါ။ ဒါ သင့်အမှားမဟုတ်ပါဘူး။

ကံကောင်းရင်တော့ သင့်အဖော်က သင်ဒီအခြေအနေကို ဖြတ်ကျော်ဖို့ အကြင်နာတွေ လုံလုံလောက်လောက်ပေးနိုင်မှာပါ။ ပြောချင်တာကတော့ ဒီအတွက် တတ်နိုင်သမျှ ကြိုတင်ပြင်ဆင်ထားပါ။

သင်ကိုယ်တိုင်ရဲ့ လိင်မှုဘဝအပေါ် ကျေနပ်တာနဲ့ ဒါဟာ သင်အကောင်းဆုံးလုပ်နိုင်တယ် ဆိုတဲ့ အချိန်လိုမျိုးပေါ့။

၆။ ၃မိနစ်လောက် ပွေ့ဖက်ထားပါ

ဒီအကြောင်းအရာက သင့်လိင်စိတ်ဆန္ဒကို အစပျိုးဖို့ မဟုတ်ပါဘူး။ သင်တို့ရဲ့ ရင်းနှီးမှု ရင်ခုန်နှုန်းတွေ တိုးစေဖို့ပါ။

အကယ်၍ သင်ဟာ သင့်အဖော်ကို မိနစ်အနည်းငယ်လောက် ဖက်ထားမယ်ဆိုရင် အဲ့အချိန်မှာ နှစ်ယောက်လုံးအတွက် စိတ်လှုပ်ရှားစေမယ့် တချို့သဲလွန်စလေးတွေကို ခံစားသိရှိနိုင်ပါလိမ့်မယ်။

ဒီပွေ့ဖက်မှုက ကျွန်တော်တို့ရဲ့ ရင်းနှီးမှုအတိုင်းအတာကို ဖော်ပြနိုင်ပါတယ်။ သင်တို့နှစ်ယောက်ရဲ့ စိတ်ခံစားမှု အဆီးအတားတွေက သင်တို့ရဲ့ လိင်မှုဘဝအပေါ် လွှမ်းမိုးမှုအားကြီးပါတယ်။

ဒါကြောင့် ဒီလေ့ကျင့်ခန်းက သင်တို့ရဲ့ ခံစားချက်တွေ ဆက်သွယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းပြပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း

လိင်ပညာပေး လိင်စော်ကားခံရ လိင်အင်္ဂါ privacy အပျိုဖော်ဝင်စ လူပျိုဖော် လိင်ဆက်ဆံ အာသာဖြေ အပြာကား ရာသီလာ သုက်ကောင် မျိုးဥ ကလေးလိင်ပညာပေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အပျိုမြှေးရှိမှ အပျိုစစ်တာလား။

အပျိုမြှေး အပျို လင်မယား Imperforate hymen လိင်ဆက်ဆံမှု menstrual cup tampon တစ်ကိုယ်ရည်အာသာဖြေ မိန်းမကိုယ်ကြွက်သား ကွန်ဒုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှုမရှိရင် လေ့ကျင့်ခန်းများများလုပ်ကြည့်ပါ

လိင်မှုကိစ္စ လေ့ကျင့်ခန်း ကာမသုခ အိမ်ထောင်ရေး လိင်ဟော်မုန်း အသက်ရှူလမ်းကြောင်း သက်လုံ ထောင်မတ်ခြင်း လိင်တံ ကိုယ်အလေးချိန် လိင်စိတ်ဆန္ဒ စိတ်ဖိစီးမှု ကယ်လိုရီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကပ်ဘေးကာလ စိုးရိမ်မှုတွေကြောင့် လိင်စိတ်ပျောက်ဆုံးသွားခြင်း

ကပ်ဘေးကာလ စိုးရိမ်မှု လိင်စိတ် လိင်ဆက်ဆံခြင်း ကာမသုခ အိမ်ထောင်ရေး းလေ့ကျင့်ခန်း စိတ်ဖိစီးမှု မိသားစု ကွန်ဒုံး နေရောင်ခြည် အစာအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

အမျိုးသမီး များ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 3 mins read
ဖြည်းဖြည်းဆေးဆေးလုပ်ကြမယ်

ဖြည်းဖြည်းဆေးဆေးလုပ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

သတိထားရမယ့် နှလုံးပိုးဝင်ခြင်း ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
အမျိုးသားတို့ရဲ့ လိင်စိတ်ဆိုတာ

အမျိုးသားတို့ရဲ့ လိင်စိတ်ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 27, 2020 . 3 mins read