backup og meta

HIV ရောဂါပိုးရှိသောသူ ခန္ဓါကိုယ် အလေးချိန် ကျဆင်းမှုကို မည်သို့ ထိန်းသိမ်းမည်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ရောဂါပိုးရှိသောသူ ခန္ဓါကိုယ် အလေးချိန် ကျဆင်းမှုကို မည်သို့ ထိန်းသိမ်းမည်နည်း

    HIV ရောဂါပိုးရှိသော လူများသည် အထူးပြုလုပ်ထားသော အစားအစာများကို စားသုံးရန် မလိုသော်လည်း မိမိသည် နေမကောင်းသည်ဟု ခံစားရလျှင် မူးဝေခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်းမျိုး ဖြစ်သောအခါတွင် အထူးပြုထားသော အစားအစာများကို စားသုံးရပါမည်။ ကိုယ်အလေးချိန် ကျဆင်းခြင်းသည် အရေးကြီးပါသည်။ အစားအသောက် ကောင်းကောင်းမစားလျှင် ပို၍ နေမကောင်း ဖြစ်နိုင်ပါသည်။

    အစားအသောက် ရွေးချယ်ခြင်း

    မိမိသည် ကယ်လိုရီ အနည်းဆုံးနှင့် လုံလုံလောက်လောက် ရှိသော အစားအစာကို ကိုယ်အလေးချိန် ထိန်းသိမ်းရန် အသုံးပြုရပါမည်။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည်လည်း ကိုလက်စ်ထရော ထိန်းသိမ်းရန် အရေးကြီးပါသည်။ တစ်နေ့သုံးကြိမ် မစားနိုင်လျှင် အစားအစာကို အနည်းငယ်နှင့် တစ်နေကုန် စားသုံးရပါမည်။

    ထိန်း၍ စားသောက်ရသော အစားအစာသည် ဝိတ်ကျစေသော အစားအစာနှင့် တူတူပင်ဖြစ်ပါသည်။ အစားအသောက်ကို အစီအစဉ်ချ၍ စားခြင်းသည် မိမိပုံမှန်စားသော ပုံစံမျိုးနှင့် မတူသော်လည်း လမ်းကြောင်းမှန်ကို ရရှိနိုင်ပါသည်။

    နံနက်စာကို စားရန်လုံးဝ မမေ့ပါနှင့်။ နံနက်စာမှာ နေ့တစ်နေ့အတွက် အရေးကြီးဆုံး ဖြစ်ပါသည်။ မိမိ၏ တစ်နေ့တာ လုပ်ငန်းစဉ်သည်လည်း မနက်စာစားခြင်း၊ မစားခြင်း ပေါ်မူတည်ပါသည်။

    မှန်ကန်သော ဆေးမှီဝဲခြင်း

    HIV ရောဂါရော၊ သောက်ရသည့် ဆေးဝါးရောသည် ဝမ်းလျောခြင်း၊ အန်ခြင်း၊ ပါးစပ်တွင် အနာဖြစ်ခြင်း၊ အစားမစားနိုင်ခြင်း၊ အစာစုပ်ယူမှု အားလျော့ခြင်းတို့ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်လျော်သော ဆေး ဖြစ်စေရန် ဆရာဝန်ကို မေးရပါမည်။ ထို့အပြင် အစားစားချင် စိတ်ဖြစ်စေရန် ဆေးဝါးများ ဆရာဝန်ကို ညွှန်ကြားခိုင်းပါ။ ဆေးသောက်နေစဉ် အတွင်း မူမမှန်သော လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးစစ်ချက် ပြန်လုပ်ပြီး ဆေးပြောင်းသင့်၊ မပြောင်းသင့် ကြည့်ရပါမည်။ ဆေးအဆင်မပြေလျှင် ဆရာဝန်ကို ဆေးပြောင်းဖို့ ဆွေးနွေးပါ။

    လေ့ကျင့်ခန်းလုပ်ခြင်း

    လေကျင့်ခန်းလုပ်ခြင်းသည် ထိုရောဂါအတွက် သာမက တခြားသော ရောဂါများအတွက်ပါ ပို၍ အရေးကြီးပါသည်။ HIV ရောဂါပိုးသည် ခုခံအားကို ထိခိုက်၍ ကိုယ်အလေးချိန် ကျခြင်း ဖြစ်နိုင်သောကြောင့် နည်းလမ်းမျိုးစုံနှင့် တိုးမြှင့်ရပါမည်။

    တစ်ပတ်လျှင် လေ့ကျင့်ခန်း အနည်းဆုံး ၂ ကြိမ်မှ ၃ ကြိမ် ပြုလုပ်ရပါမည်။ ညင်သာသော လေ့ကျင့်ခန်းမှ စတင်၍ တဖြည်းဖြည်းခြင်း မြှင့်တင်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းသည် ကြွက်သားများနှင့် တစ်သျှုးများကို သန်မာစေပါသည်။ ကြွက်သားအလိုက် လေ့ကျင့်ခန်းပြုလုပ်ရပါမည်။ လက်ကြွက်သားအလိုက် ခြေထောက်၊ နောက်ကျော၊ ရင်ဘတ်၊ ပုခုံး၊ ဗိုက်ကြွက်သားစသည်တို့ ဖြစ်ပါသည်။

    ကြွက်သားတစ်မျိုးတည်းကို ၂ ရက် ဆက်တိုက် မလုပ်ပါနှင့်။ ကြွက်သား ထိခိုက်နိုင်သောကြောင့် ဖြစ်ပါသည်။

    အကူအညီရယူခြင်း

    HIV ရောဂါဝေဒနာရှင်များသည် စိတ်ဓါတ်ကျရောဂါ ဖြစ်စေနိုင်ပါသည်။ အစားအသောက်ပျက်ခြင်း၊ စိတ်ဝင်စားမှု လျော့နည်းခြင်းများ ဖြစ်လေ့ရှိပါသည်။ ထို့ကြောင့် မိမိ၏ ဆရာဝန်ကို မိမိခံစားရသည့်အတိုင်း ပွင့်ပွင့်လင်းလင်းပြောဆိုပါ။

    မိမိ၏ သူငယ်ချင်း၊ မိဘများ၏ အကူအညီလည်း ရယူနိုင်ပါသည်။ အမျိုးအဆွေများ ဝန်းရံနေပါက အထီးကျန်နေသည်ဟု မခံစားရတော့ပါ။ လူမှုရေး အသင်းအဖွဲ့များတွင် အဖွဲ့ဝင်၍လည်း မိမိ၏ စိတ်ခံစားရမှုကို မြှင့်တင်နိုင်ပါသည်။

    ကိုယ်အလေးချိန် ကျဆင်းလာလျှင် ဆရာဝန်နှင့်တွေ့၍ တိုင်ပင်နိုင်ပါသည်။ အထက်တွင် ဖော်ပြထားသော လမ်းညွှန်ချက်များနှင့်လည်း အခြေအနေ ကောင်းမွန်အောင် တိုးမြှင့်နိုင်ပါသည်။ တစ်ခုသိထားရမည်မှာ မိမိကျန်းမာလျှင် မိမိ၏ မိသားစုလည်း ပျော်ရွှင်နိုင်မည် ဖြစ်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement