backup og meta

HIV ဗိုင်းရပ်ပိုးမွှား ကာကွယ်ဆေးများ၏ ဘေးထွက် ဆိုးကျိုးများ


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ဗိုင်းရပ်ပိုးမွှား ကာကွယ်ဆေးများ၏ ဘေးထွက် ဆိုးကျိုးများ

    AIDS ရောဂါသည် HIV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပါသည်။ ခုခံအားစနစ်ကို ထိခိုက်စေပါသည်။ HIV အတွက် ဆေးအမျိုးအစား ၆ မျိုး ရှိပါသည်။ ထိုဆေးများမှာ HIV ၏ ဖြစ်ပေါ်မှု အဆင့်ဆင့်တွင် တားပေးပါသည်။ များသောအားဖြင့် ခန္ဓါကိုယ် လုပ်ဆောင်မှု အပိုင်းကို ထိခိုက်စေပါသည်။

    ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများနှင့် နည်းလမ်းများ

    အစားအသောက်ပျက်ခြင်း

    Abacavir (Ziagen) ဆေးကြောင့်ဖြစ်သော ဘေးထွက် ဆိုးကျိုးများကြောင့် ဖြစ်ပါသည်။

    အစားအသောက် ပျက်ခြင်းအတွက် တစ်နေ့ကို နည်းနည်းချင်း အနပ်များများ စားရပါမည်။ ခါတိုင်းကဲ့သို့ တစ်နေ့သုံးနပ်ပဲ စား၍ မရပါ။ အားဖြည့်ဆေးများ၊ သစ်သီးဖျော်ရည်များ သောက်သုံး၍ ဗီတာမင် သက်စောင့်ဓါတ်များ ရနိုင်ပါသည်။ အစားစားချင်စိတ် ဖြစ်ပေါ်စေသော ဆေးများ၊ ရိုးရိုးရေ သောက်မည့်အစား အသီးဖျော်ရည်လေး သောက်သုံးခြင်းဖြင့် အစားစားချင်စိတ် ဖြစ်ပေါ်နိုင်ပါသည်။

    ခန္ဓါကိုယ်မှ အဆီပိုများ နေရာမှား ပျံ့နှံ့ခြင်း

    NRTI နှင့် ပရိုတီးအေ့စ်ကို တားသော ဆေးများကြောင့် ဖြစ်ပါသည်။

    အဆီပိုများ စုနေသော နေရာများကို လေ့ကျင့်ခန်း လုပ်ပေးရပါမည်။ အထူးသဖြင့် ဗိုက်ဖြစ်ပါသည်။ ထို့အပြင် မျက်နှာမှ အဆီများ ကျသွားလျှင် ပိုလီလစ်တစ် အက်ဆစ်ကို ဖြည့်ပေးရပါမည်။ အဆီများ ပိုနေလျှင် အဆီစုနေသော နေရာများကို ဖယ်ပေးရပါမည်။ တီဆာမိုရီလင်း (Egrifta) ဟု ခေါ်သော ဆေးတစ်မျိုးကို ဆရာဝန်နှင့် တိုင်ပင်ပြီး HIV ရောဂါရှင်များ ဗိုက်အဆီပိုများ ဖယ်ရှားပေးရန် အသုံးပြုပါသည်။

    ဝမ်းလျှောခြင်း

    ပရိုတီအေ့စ်ကိုတားသော ဆေးများနှင့် တခြားသော ဆေးများကြောင့် ဖြစ်သော ဘေးထွက်ဆိုးကျိုးများ ကြောင့် ဖြစ်ပါသည်။

    အဆီနည်းသော၊ စပ်သော၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အမျှင်ဓါတ်ပါသော ပစ္စည်းများ၊ ဥပမာ – ဟင်းသီးဟင်းရွက်များက ဆီဓါတ်ပါဝင်သော ပစ္စည်းများ၊ အစေ့အဆံများ ဖြစ်ပါသည်။ ထို့အပြင် အပြင်ဆေး ကောင်တာများတွင် ဝယ်ယူနိုင်သော ဆေးများ၊ ဥပမာ – Loperamide (Imodium) Diphenoxylate နှင့် Atropine (Lomotil) တို့ကိုလည်း သောက်သုံးနိုင်ပါသည်။

    ပင်ပန်းနွမ်းနယ်ခြင်း

    ဆေးအမျိုးအစား အများကြီးတွင် တွေ့ရသော ဘေးထွက်ဆိုးကျိုး ဖြစ်ပါသည်။

    အားအင်နှင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်သော အစားအစာများ စားရပါမည်။ အရက်သောက်ခြင်းကို ရှောင်ရပါမည်။ ထို့အပြင် မကြာမကြာ လေ့ကျင့်ခန်း ပြုလုပ်ရပါမည်။

    ကိုလက်စထရော များခြင်းနှင့် သွေးတွင်း အဆီစုခြင်း

    ပရိုတီအေ့စ်ကိုတားသော ဆေးများနှင့် တခြားသော ဆေးများကြောင့် ဖြစ်တတ်သည်။

    ဆေးလိပ်သောက်ခြင်းကို ရပ်ရပါမည်။ လေ့ကျင့်ခန်း ပိုလုပ်ရပါမည်။ ထို့အပြင် အစားအသောက်ထဲတွင် ပါဝင်သော အဆီပမာဏကို လျှော့ချရပါမည်။ အစားအသောက်ဗေဒ ပညာရှင်နှင့် တိုင်ပင်ရပါမည်။ အိုမီဂါ 3 ပါဝင်သော ငါးနှင့် တခြားသော အစားအစာများကို စားသုံးရပါမည်။ ဆရာဝန်နှင့် တိုင်ပင်ပြီး ကိုလက်စထရော နှင့် သွေးတွင်းအဆီများ စစ်ဆေးခြင်းကို ရှောင်ရပါမည်။ လိုအပ်လျှင် အဆီကျဆေး သောက်သုံးရန်။

    စိတ်ပြောင်းလဲခြင်း၊ စိတ်ဓါတ်ကျခြင်းနှင့် စိတ်လှုပ်ရှားလွယ်ခြင်း

    Efavirenz (Sustiva) ဆေးကြောင့် ဖြစ်ပါသည်။

    ဆေးသောက်ချိန်ကို ပြောင်းလဲပေးရပါမည်။ ထို့အပြင် အရက်သောက်ခြင်း၊ စိတ်ကြွဆေး၊ စိတ်ဓါတ်ကျခြင်းကို သက်သာစေသော ဆေးများကို အတတ်နိုင်ဆုံး ရှောင်ရှားရပါမည်။

    ပျို့ခြင်းနှင့် အန်ခြင်း

    HIV ဆေး အများစုတွင် တွေ့ရတတ်သော ဘေးထွက်ဆိုးကျိုး ဖြစ်ပါသည်။ တစ်နေ့သုံးနပ် စားမည့်အစား၊ နည်းနည်းနှင့် အကြိမ် အရေအတွက် များများစားရပါမည်။ အစာကြေလွယ်သော ရိုးရိုးထမင်း၊ မုန့်ကြွပ်များကို စားသုံးရပါမည်။ ထို့အပြင် အဆီများသော၊ စပ်သော အစားအစာများကို ရှောင်ကြဉ်ပါ။ ပျို့ခြင်း၊ အန်ခြင်းများကို ရှောင်ကြဉ်ရန် အအန်ပျောက်ဆေးများ သောက်သုံးထားသင့်ပါသည်။

    အနီစက်ပေါ်ခြင်း

    Nevirapine နှင့် တခြားသော ဆေးများကြောင့် ဖြစ်ပါသည်။

    မိမိအသားအရေကို အစိုဓါတ် ထိန်းသိမ်းရန် လိုးရှင်း လိမ်းပေးရပါမည်။ ရေပူချိုးခြင်းနှင့် ရေနွေးစိမ်ခြင်းများ မပြုလုပ်သင့်ပါ။ ထို့အပြင် ပျော့သော၊ ဓါတ်မတည့်ခြင်း သိပ်မရှိသော ဆပ်ပြာများ အမှုန့်များကိုသာ သုံးစွဲရပါမည်။ ချောင်ချောင်ချိချိ အဝတ်အထည်နှင့် ချည်သားများ ဝတ်ဆင်နိုင်ပါသည်။ ဓါတ်မတည့်ခြင်းအတွက် ဆေးသောက်လိုလျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

    အိပ်မပျော်ခြင်း

    Efavirenz (Sustiva) နှင့် တခြားသော ဆေးများကြောင့် ဖြစ်ပါသည်။

    ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ရပါမည်။ အိပ်ချိန်ပုံမှန် ထားရပါမည်။ နေ့လည်နေ့ခင်း မအိပ်ရပါ။ မိမိ၏ အိပ်ခန်းသည်လည်း အိပ်ချင်စဖွယ် ဖြစ်ရပါမည်။ မအိပ်ခင် ရေနွေးစိမ်ခြင်းနှင့် တခြားသော စိတ်တည်ငြိမ်စေသည့် လုပ်ငန်းဆောင်တာများကို ပြုလုပ်ရပါမည်။ ကော်ဖီနှင့် တခြားသော မျက်လုံး ကြောင်စေသော ပစ္စည်းများကို မအိပ်ခင် မသောက်သုံးရပါ။ ထို့အပြင် မိမိအတွက် သောက်ရမည့် အိပ်ဆေး အကြောင်းကို ဆရာဝန်နှင့် တိုင်ပင်ပါ။

    တခြားသော ဘေးထွက်ဆိုးကျိုးများတွင်-

    • Abacavir ဆေးကြောင့်ဖြစ်သော ဓါတ်မတည့်မှုများ ဥပမာ – ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်းနှင့် တခြားသော ဘေးထွက်ဆိုးကျိုးများ

    • သွေးထွက်ခြင်း

    • အရိုးပါးလာခြင်း

    • နှလုံးရောဂါ

    • သွေးတွင်း သကြားဓါတ် များခြင်းနှင့် ဆီးချိုဖြစ်ခြင်း

    • လက်တစ်အက်ဆစ် သွေးထဲတွင် များခြင်း

    • ကျောက်ကပ်၊ အသည်းနှင့် ပန်ကရိယ ပျက်စီးခြင်း

    • ထုံခြင်း၊ ရင်ပူခြင်း၊ လက်နာခြင်း ခြေနာခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပေါ်ခြင်းတို့ ဖြစ်ပါသည်။

    AIDS ရောဂါသည် HIV ရောဂါပိုးကြောင့် ဖြစ်ပါသည်။ ကိုယ်ခန္ဓါ၏ ခုခံအားစနစ်ကို ထိခိုက်နိုင်ပါသည်။ HIV ရောဂါပိုး ရှိသူရော၊ ရှိရန် အလားအလာရှိသူရော အားပေးမှုနှင့် ဂရုစိုက်မှုတို့ လိုအပ်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 14/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement