backup og meta

ရာသီခွင်ဖြင့် သန္ဓေတားနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရာသီခွင်ဖြင့် သန္ဓေတားနည်း

    Birth Control သို့ contraception ဆိုတာ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်ဖို့ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ ကိုယ်ဝန်တားဖို့ အသုံးပြုတဲ့နည်းလမ်းတွေ အမြောက်အမြားရှိပြီး ရာသီခွင်ဖြင့် သန္ဓေတားနည်း ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရက်ရှောင်ပြီး အတူနေပေမယ့် အခန့်မသင့်ရင် ကိုယ်ဝန်ရသွားနိုင်တာမို့ စုံတွဲတွေက ဒီနည်းလမ်းအကြောင်း သေချာသိထားဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီနည်းလမ်းအကြောင်းကို သေချာစွာ သိစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

    ပြက္ခဒိန်အခြေပြုရက်တွက်နည်း (Calendar based method) ဟာ ကိုယ်ဝန်တားဖို့အတွက် ရာသီစက်ဝန်းတလျှောက် ကိုယ်ဝန်ရရှိနိုင်ချိန်တွေကို သေချာစွာ စောင့်ကြည့်ခြင်းပဲ ဖြစ်ပါတယ်။ အမျိုးသမီးဟာ သူ့ရဲ့ ရာသီစက်ဝန်းကို သိရှိစေဖို့ ရာသီစက်ဝန်းကို ခြောက်လလောက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူဟာ ရာသီလာခြင်းရဲ့ ပထမ ရက်က စတင်ပြီး နောက်လတွေမှာလည်း ဘယ်လိုလာသလဲဆိုတာ သေချာစွာ မှတ်ရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ရာသီစက်ဝန်းအတွင်း ဘယ်အချိန်တွေမှာ ကိုယ်ဝန်ရနိုင်လဲဆိုတာ မှန်းဆနိုင်တာမို့ ဒီလိုအချိန်တွေမှာ လိင်ဆက်ဆံခြင်းကနေ ရှောင်ရှားနိုင်ပါတယ်။

    ဒီနည်းလမ်းကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။

    • ပုံသေရက်တွက်နည်း (Standard days method)

    ဒီနည်းလမ်းကို ကိုယ်ဝန်တားလိုပြီး ရာသီမှန်တဲ့ သူတွေမှာ အသုံးပြုနိုင်ပါတယ်။ သူတို့ဟာ ၂၆ရက်နဲ့ ၃၂ကြား တစ်ခါ ရာသီလာသူဖြစ်ရပါမယ်။  Standard days method ကို ရာသီမမှန်တဲ့ အမျိုးသမီးတွေ သတိထားပြီး အသုံးပြုသင့်ပါတယ်။

  • ပြက္ခဒိန်ရက်ယှဉ်တွက်နည်း (Calendar rhythm method)
  • Standard days method နဲ့ မတူတာကတော့ calendar rhythm method ဖြစ်ပြီး ဒီနည်းလမ်းမှာ အမျိုးသမီးဟာ သူမရဲ့ ရာသီစက်ကွင်းနဲ့ နှိုင်းယှဉ်ပြီး ကိုယ်ဝန်ရနိုင်တဲ့ ရက်၊ မရနိုင်တဲ့ ရက်တွေကို တွက်ဆရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကိုတော့ ၂၆ရက်အောက်နေမှ ရာသီတစ်ခါလာတဲ့သူ (သို့) ၃၂ရက်ထက်ပိုကြာမှ ရာသီတစ်ခါလာတဲ့သူ၊  ရာသီမမှန်သူ အမျိုးသမီးတွေပါ အသုံးပြုနိုင်ပါတယ်။

    ရာသီခွင်ဖြင့် သန္ဓေတားနည်း က ဘယ်လိုအလုပ်လုပ်သလဲ။

    Calendar based method တွေဟာ အမျိုးသမီးတွေကို ဘယ်အချိန်မှာ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ရမလဲ။ ရာသီစက်ဝန်းရဲ့ ကိုယ်ဝန်ရနိုင်တဲ့အချိန်တွေမှာ ဘယ်လို အခြားကိုယ်ဝန်တားတဲ့ နည်းလမ်းတွေကို အသုံးပြုမလဲ ဆိုတာတွေကို သိရှိစေပါတယ်။

    ရာသီခွင်ဖြင့် သန္ဓေတားနည်းကို မှန်ကန်စွာ အသုံးပြုခြင်း

    Standard days method

    • ရာသီစစလာချင်း ပထမဆုံးရက်ကို မှတ်ထားပါ။ Day 1လို့ ယူဆပါ။ နောက်ပိုင်းရက်တွေကို day  2, day 3 စသဖြင့် မှတ်ထားပါ။
    • ရာသီစက်ဝန်းကို တိုင်းတာဖို့ ပြက္ခဒိန်ကို အသုံးပြုပါ။
    • ရာသီစက်ဝန်းရဲ့ day 8ကနေ day 19 အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ပါ (သို့) အခြား ကိုယ်ဝန်တားနည်းတွေကို အသုံးပြုပါ။
    •  ရာသီစက်ကွင်းရဲ့ day 1ကနေ day 7ကြား၊ day 20 ကနေ နောက်တစ်ခါ ရာသီလာစဉ်အထိ လိင်ဆက်ဆံလို့ရပါတယ်။ ရာသီရက်သာ မှန်မယ်ဆိုရင် ၉၅ ရာခိုင်နှုန်း စိတ်ချရပါတယ်။

    Calendar rhythm method

    • ရာသီစက်ဝန်းရဲ့ ကြာချိန်ကို တစ်လချင်းစီ ခြောက်လ ဆက်တိုက်မှတ်ထားပါ။
    • အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရနိုင်တဲ့ရက်ကို တွက်ချက်ဖို့ ခြောက်လဆက်တိုက်မှတ်ထားတဲ့ ရာသီစက်ဝန်းရဲ့ အတိုဆုံးရာသီစက်ဝန်းကနေ ၁၈ ရက်ကို နုတ်သင့်ပါတယ်။ ဥပမာ ပြောရရင် အတိုဆုံးစက်ဝန်းက ၂၄ရက်တစ်ခါ လာတဲ့ စက်ဝန်း ဖြစ်ခဲ့မယ်ဆိုရင် ၂၄ထဲက ၁၈ကိုနှုတ်ပြီး ၆ရတဲ့အတွက် ရာသီစလာတဲ့ရက်ကနေ ၆ရက်မြောက်နေ့သည် ကိုယ်ဝန်ရနိင်တဲ့ ရက်ဖြစ်ပါတယ်။
    • ဘယ်နေ့အထိ ရက်ရှောင်ရမလဲဆိုတာသိချင်ရင်တော့ အရှည်ဆုံး ရာသီစက်ဝန်းထဲကနေ ၁၁ ရက်ကို နှုတ်ပါ။ ဥပမာ အရှည်ဆုံး စက်ဝန်းက ၃၅ရက်ဆိုရင် ၁၁နှုတ်တဲ့အတွက် ၂၆  ရပါတယ်။
    • ဒါကြောင့် ဒီအမျိုးသမီးအနေနဲ့ ကိုယ်ဝန်မရချင်ဘူးဆိုရင် Day 6ကနေ Day 26အထိ ရက်ရှောင်ရမှာ ဖြစ်ပါတယ်။
    • ရာသီစက်ဝန်းက လတိုင်း အပြောင်းအလဲရှိနေတဲ့အတွက် လတိုင်း ရက်ကိုမှတ်ပြီး လတိုင်း အရှည်ဆုံးရက်နဲ့ အတိုဆုံးရက်ကို တွက်ဖို့ လိုပါတယ်။ တစ်လနဲ့ တစ်လ ရှောင်ရမယ့် ရက်မတူနိုင်လို့ပါ။

    ကန့်သတ်ချက်များ

    • ဒီနည်းလမ်းတွေဟာ အချို့အမျိုးသမီးတွေမှာ ရာသီမမှန်တာကြောင့် လုံးလုံး စိတ်ချရခြင်း မရှိပါဘူး။
    • မတွက်တတ်ရင် မသုံးတာကောင်းပါတယ်။ သူ့ထက် စိတ်ချရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
    • သူတို့ဟာ လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ဒီလိုကာကွယ်ပေးနိုင်ဖို့အတွက် ကွန်ဒုံးတွေကိုသာ အသုံးပြုသင့်ပါတယ်။
    • အချို့အမျိုးသမီးတွေအတွက် ဒီလိုနေ့ရက်တွေကို ဆက်တိုက်မှတ်ထားရခြင်းဟာ စိတ်ဒုက္ခရောက်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement