ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

HIV ရောဂါရှိလျှင် တခြားသော ရောဂါပိုးများ မဝင်အောင်မည်သို့ ကာကွယ်မည်နည်း

မိမိတွင် HIV ရောဂါရှိလျှင် ပထမဦးဆုံးမှာ တခြားသော သူများကို မကူးစက်အောင် မည်သို့ ကာကွယ်မည်လဲ ဆိုသည့် မေးခွန်းပဲ ဖြစ်ပါသည်။ ထိုသည်မှာ မိမိနှင့် မိမိ၏မိသားစု အသိုင်းအဝိုင်းကို ကာကွယ်ပေးခြင်းဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များသည် မည်သို့ကာကွယ်မည်နည်း ဆိုသောအချက်များ ဖြစ်ပါသည်။ HIV ရောဂါသည် မည်သို့ ကူးစက်နိုင်သနည်း။ ရှေးဦးစွာ ထိုရောဂါသည် မည်သို့ ပျံ့နှံ့ပုံကို သိရပါမည်။ နားလည်ပုံချင်း လွဲမှားသည်မှာ များသောကြောင့် မိမိကိုယ်တိုင် အရင်သိအောင် ပြုလုပ်ရပါမည်။ ထိုရောဂါသည် ပါးစပ်၊ နှာခေါင်း၊ ယောနိ၊ စအို၊ လိင်တံတို့တွင် အပေါက်အပြဲရှိပါက ကူးစက်နိုင်ပါသည်။ ထို့အပြင် ရောဂါရှိသော သွေး၊ နို့ရည်၊ သုတ်ရည်နှင့် တခြားသော အရည်များနှင့်လည်း ကူးစက်နိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ ဆက်ဆံမှုများမှလည်း ကူးစက်နိုင်ပါသည။် သွေးများ၊ […]


ရေယုန်

ရေယုန် လက္ခဏာများ

ရေယုန် ဆိုHSVလို့ခေါ်တဲ့ Human Herpes Virusကြောင့် ဖြစ်တာပါ။ ရေယုန် လက္ခဏာများ အနေနဲ့ နှုတ်ခမ်းတဝိုက်နဲ့ လိင်အင်္ဂါမှာ အရည်ကြည်ဖုများ ပေါက်တတ်ပါတယ်။ အနာကျက်ရန် ရက်သတ္တပတ်အနည်းငယ်ကြာတတ်ပေမယ့် အမာရွတ်တော့မကျန်ခဲ့တတ်ပါဘူး။ ပိုးဝင်မှသာ အမာရွတ်ကျန်တာ ဖြစ်ပါတယ်။ ရေယုန်တွေက အနာကိုထိတွေ့မိပါက ကူးနိုင်ပါတယ်၊ ဥပမာ-အနမ်းပေးခြင်းကဲ့သို့ဖြစ်တယ်။ ရေယုန်ဗိုင်းရပ်စ် Herpes Simplex Virus(ဟားပီးစ် ဆင်းပလတ်စ် ဗိုင်းရပ်စ်) (HDV-1) နဲ့ HSV-2 တို့ကြောင့်ဖြစ်ရခြင်းဖြစ်တယ်။ ဗိုင်းရပ်စ်နှစ်မျိုးစလုံးက ပါးစပ်နဲ့ လိင်အင်္ဂါနေရာများကို ထိခိုက်စေတတ်ပါတယ်။ HSV-2 ကတော့ များသောအားဖြင့် လိင်အင်္ဂါနေရာမှာပဲ အနာဖြစ်စေတယ်။ ခံတွင်းဖြင့် ကာမစပ်ယှက်တဲ့အခါမျိုးမှာ ကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်ရှိတာနဲ့ ရေယုန်ပေါက်မယ်လို့ မဆိုလိုပါဘူး။ အနာတွေမတွေ့ရလည်း ရောဂါပိုးကူးစက်နေတာဖြစ်နိုင်ပါတယ်။ အခုအချိန်ထိ HSV ဗိုင်းရပ်စ်အတွက် ကုသဖို့ဆေးမရှိသေးပါဘူး။ ဆိုလိုတာက လက္ခဏာတွေက အချိန်မရွေးပြန်ဖြစ်နိုင်ပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှု

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုတို့ဟာ တားဆီးကာကွယ်ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှုတွေက ဘာလဲ အနိုင်ကျင့်မှုတခြားအမျိုးအစားတွေမှာလိုပဲ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ တခြားသူတစ်ဦး တစ်ယောက်ကို ရန်စ၊စော်ကား၊ ထိခိုက်စေဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ရည်ရွယ်တဲ့ အာရုံစိုက်မှု၊ မှတ်ချက်ပြောဆိုမှု၊ အမူအရာနဲ့ လုပ်ရပ်တွေ ပါဝင်ပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ လိင်အမျိုးအစား တစ်ခုတည်းကိုပဲ အန္တရာယ်ရှိတာမဟုတ်ပါဘူး။ ယောကျာ်းလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း၊ ယောကျာ်းလေးတွေက မိန်းကလေးတွေကို၊ မိန်းကလေး တွေက ယောက်ျားလေးတွေကို ကာယိန္ဒြေပျက် အောင် ကျူးလွန်နိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ် အကန့်အသတ်မရှိ ပါဘူး။ ဆိုရရင် အရွယ်ရောက်ပြီးသူတွေက ငယ်သူတွေကို နှောင့်ယှက်လာနိုင်ပြီး ငယ်သူတွေက လည်း အသက်ပိုကြီးသူကိုနှောင့်ယှက်လာနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတို့က မလိုလားတဲ့ အာရုံစိုက်ခံရမှု၊ မှတ်ချက်စကားတွေ၊ လုပ်ရပ်တွေ၊ ခြေလက်အမူအရာတွေနဲ့ အသားချင်းထိတွေ့မှုတွေ ပါဝင်တာချင်းတူတာကြောင့် […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ချစ်တင်းနှောရာတွင် အသုံးမကျသူဖြစ်ကြောင်း သိနိုင်မယ့် အချက် ၆ချက်

အများစုသောလူတွေဟာ “အိပ်ယာပေါ်မှာ အသုံးမကျဖြစ်နေလား” ဆိုတဲ့မေးခွန်းကို အနည်းဆုံး တစ်ကြိမ် တစ်ခါလောက်တော့ သိချင်ကြပါတယ်။ အဲဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုပါ။ တစ်ကယ်တော့ သင်က သင့်ချစ်သူကို အဲဒီအကြာင်းကို အားမွေးပြီး ပြောခဲ့၊မေးခဲ့ရင်တောင် သူက မှန်ကန်တဲ့ တုံ့ပြန်မှုကို ပေးချင်မှ ပေးမှာပါ။ ဒါတွေက ရှက်ကြောက်စရာကိစ္စတွေ မဟုတ်ပါဘူး။ သင့် လိင်ဆက်ဆံဖော်က စိတ်ကျေနပ်မှုရှိတယ်လို့ မခံစားရဘူးဆိုရင် သင့်အတွက် စိတ်မနှစ်မြို့စရာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလို မခံစားသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တင်းနှောရာမှာ သင်ဘယ်လို စွမ်းဆောင်နိုင်သလဲ ဆိုတာ ကိစ္စ အများကြီးအပေါ်မူတည်နေလို့ပါ။ လူအများစုမှာလည်း ဒီလို ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ အချက် ကတော့ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနိုင်ပါတယ် ဆိုတဲ့အချက်ပါ။ ဒါဆို တိုးတက်လာမှု တချို့ရှိ/ မရှိဆိုတာ ဘယ်လိုသိနိုင်မလဲ။ လွယ်ကူပြီး ပြင်လို့ရတဲ့ […]


သားဆက်ခြားခြင်း

သိထားသင့်သော သန္ဓေတားနည်း အသစ်၄မျိုး

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးယူဖို့ အစီအစဉ် မရှိသေးတဲ့ မိန်းမတွေနဲ့၊ ယောက်ျားတွေအတွက် သန္ဓေတားနည်းတွေလည်း အများအပြား ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဓိကအားဖြင့် မိန်းမများသာ အသုံးပြုနေတဲ့ ယခင် သန္ဓေတားဆေးတွေနဲ့ မတူတာက ဒီလို သန္ဓေတားနည်း အသစ်တွေဟာ အမျိုးသားများ အတွက်ပါ ထုတ်လုပ်ထားခြင်း ဖြစ်လို့ပါ။   ၁။ မိန်းမများ အသုံးပြုနိုင်သော ကွန်ဒုံး မိန်းမသုံး ကွန်ဒုံး ဆိုတာ ပေါ်ပေါက်ခဲ့တာ အချိန်အနည်းငယ် ကြာခဲ့ပြီးဖြစ်ပေမယ့် ယောက်ျားသုံး ကွန်ဒုံးတွေထက်စာရင် အသုံးပြုမှု နည်းနေတာ တွေ့ရပါတယ်။ မိန်းမသုံး ကွန်ဒုံးတွေဟာ ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အလွန်ပါးလွှာပြီး ကျုံ့နိုင် ဆန့်နိုင်စွမ်းလည်း ရှိပါတယ်။ ယောက်ျား တစ်ယောက်နဲ့ လိင်မဆက်ဆံခင်မှာ ကွန်ဒုံးရဲ့ အစိတ်အပိုင်း တစ်ခုကို သုတ်ကောင်တွေ သားအိမ်ထဲ မဝင်အောင် အတားအဆီးဖြစ်ဖို့ […]


သားဆက်ခြားခြင်း

အမျိုးသမီးကွန်ဒုံး (Diaphragm)

အမျိုးသမီးသုံးကွန်ဒုံး (Diaphragm) ဆိုတာက ပျော့ပျောင်းပြီးလိုသလို ပုံစံချလို့ရတဲ့ ဆီလီကွန်ခွက်တစ်ခုပဲဖြစ်ပါတယ်။ ဒီအမျိုးသမီး ကွန်ဒုံး ကို လိင်မဆက်ဆံခင်မှာ သုက်ပိုး တွေနဲ့ မမျိုးဥတွေကို မထိတွေ့မိစေအောင် အကာအကွယ်ပေးဖို့အတွက် အမျိုးသမီး မျိုးပွားအင်္ဂါကို ထည့်သွင်းဖို့ အထူးထုတ်လုပ် ထားတာဖြစ်ပါတယ်။ ဒီနည်းက လူသိများတဲ့ သားဆက်ခြားနည်းတစ်ရပ်ဖြစ်ပါတယ်။   အမျိုးသမီးကွန်ဒုံး ကိုပိုပြီး ထိထိရောက်ရောက်ဖြစ်စေဖို့ အတွက်ခွက်အတွင်းနဲ့အနားဝကို သုက်သတ် ဆေး ခရင်မ် အနည်းငယ်လူးပေးပါ။ အမျိုးသမီးကွန်ဒုံး ကိုမျိုးပွားအင်္ဂါအတွင်း မထည့်ခင်မှာ လက်ကို သန့်ရှင်းအောင် ဆေးကြောပါ။ မတ်တပ်ရပ်အနေ အထား နဲ့ထည့်သွင်းနိုင်သလို ထိုင်နေတဲ့ အနေအထားမှာလည်း ထည့်သွင်းလို့ရပါတယ်။ သက်တောင့်သက်သာဖြစ်တဲ့အနေအထားမှာ လုပ်ဆောင်ပါ။ ယောနိဝကိုကျယ်အောင်လုပ်ပြီး အမျိုးသမီးကွန်ဒုံး ကိုထည့်သွင်းပါ လက်ညိုးကို အသုံးပြုပြီး အမျိုးသမီးကွန်ဒုံး ကိုခေါက်ပြီး အတွင်းထဲကိုရောက်အောင်ထည့်ပါ။ ဒီ အမျိုးသမီးကွန်ဒုံး ကသားအိမ်အဝကို […]


HIV နှင့် AIDS ရောဂါ

AIDS ရောဂါဘယ်လိုကူးစက်နိုင်သလဲ

AIDS ဆိုတာ ခုခံအားကျဆင်းမှုကူးစက်ရောဂါရဲ့ အတိုကောက် စာလုံးဖြစ်ပါတယ်။ ဒီရောဂါကူးစက်ခံရပြီဆိုရင် ခန္ဓါကိုယ်က ဝင်လာသမျှရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိတော့တာဖြစ်ပါတယ်။ AIDS ဟာ HIV ဗိုင်းရပ်စ်ကူးစက်ရပြီးနောက်ဆုံးအဆင့် ဖြစ်ပါတယ်။ HIV/AIDS ကို အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းနဲ့ ဆေးထိုးအပ်မျှဝေသုံးစွဲမှုတို့ကတဆင့် အများဆုံး ကူးစက်ပါတယ်။ တကယ်တော့ HIV ဟာ ပျံ့နှံ့လွယ်တဲ့ရောဂါပိုး မဟုတ်ပါဘူး။ ဒီဗိုင်းရပ်စ်ဟာ သွေး၊သုက်ရည်၊ ကနဦး သုက်ရည်၊စအိုမှအရည်၊မိန်းမကိုယ်အရည်နဲ့မိခင်နို့ တို့လို ခန္ဓါကိုယ်ကထွက်ရှိတဲ့အရည်တွေမှာ ပါဝင်နေနိုင်တာ ဖြစ်ပါတယ်။ အဲဒီအရည်တွေက အရေပြားပေါက်ပြဲအနာတစ်ခုခုကို တိုက်ရိုက်ထိတွေ့ မှသာ ဒါမှမဟုတ် သွေးကြောထဲကို ထိုးသွင်းခံရမှသာ ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ အများအားဖြင့်တော့ HIV ပိုးရှိသူတစ်ဦးနဲ့ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံသူတွေမှာ HIV ကူးစက်ခံရတတ်ပါတယ်။ စအိုမှလိင်ဆက်ဆံခြင်းနဲ့ လိင်အင်္ဂါမှလိင်ဆက်ဆံခြင်းတို့ ဟာ အန္တရာယ်အများဆုံးလိင်မှုရေးရာလှုပ်ရှားဆက်ဆံမှု တွေလို့ယူဆရပါတယ်။ HIV ပိုးရှိသူနဲ့အတူ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်း၊ ရေအတူဆေးကြောခြင်း၊ နဲ့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ

အချစ်နဲ့မေတ္တာ ဆက်လက်ရှင်သန်ဖို့ ဘယ်လိုထိန်းသိမ်းရမလဲ .... ပထမဆုံး စချစ်တတ်ချိန်မှာတော့ အချစ်က သွေးသားဆန္ဒ တပ်မက်ခြင်းကို ဦးတည်ပါလိမ့်မယ်။ ဒါပေမယ့် လက်ထပ်ပြီးလို့ သားသမီးတွေ မွေးဖွားပြီး အချိန် ကြာလာတဲ့အခါ သွေးသားဆန္ဒဆိုတာ ဘဝမှာ တခြားအရာ တချို့လောက် အရေးမပါတော့ သလို ဖြစ်လာနိုင် ပါတယ်။ သို့သော်လည်း ကလေးတွေ ရှိလာတာ၊ တခြား ရည်မှန်းချက်တွေ ရှိနေသေးတာနဲ့ပဲ အိမ်ထောင်တစ်ခုရဲ့ လင်မယား ဆက်ဆံရေးကို ချောင်ထိုးထားဖို့ မဟုတ်ပါဘူး။ ကိုယ့်အိမ်ထောင်ဘက်နဲ့ ပြောဆိုကြည့်ပြီး အချစ် မလျော့အောင် ဆက်လက် ထိန်းသိမ်းနိုင် ပါတယ်။ တိတ်ဆိတ်ခြင်းဟာ ဆက်ဆံရေးအတွက် အဆိပ်အတောက် တစ်ခုပါပဲ။ ကိုယ်ခံစားနေရတာတွေကို အိမ်ထောင်ဘက်ဆီ ပြောပြပြီး သူ့ခံစားချက်တွေကိုလည်း နားထောင်ပေးဖို့ အရေးကြီး ပါတယ်။ ဒါပေမယ့် သင့်အိမ်ထောင်ဘက်က စိတ်မပါဘဲ အခုချိန်မှာ မပြောချင်သေးဘူး […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

ဆီးခုံမွေးမှာရှိသောသန်း

ဆီးခုံမွှေးမှာရှိတတ်တဲ့သန်းဆိုတာ လူရဲ့ဆီးစပ်အမွှေးအမှင်ထဲမှာရှင်သန်နေထိုင်တဲ့ အင်းဆက်ငယ်တွေဖြစ်ပြီး အဲဒီလူဆီက သွေးစုပ်ပြီး အသက်ရှင်ကြပါတယ်။ ဒီသန်းတွေက လိင်ဆက်ဆံမှုတွေတွေအတွင်း တစ်ဦးဆီကနေ တစ်ဦးကို ကူးစက်ရွှေ့ပြောင်းနိုင်ပါတယ်။ သန်းတွေရှိတဲ့ အိပ်ရာ၊ အဝတ်အစားနဲ့ တဘက်တွေ ဟာလည်း သန်းတွေရဲ့အသိုက်အမြုံဖြစ်ပါတယ်။   ဆီးခုံမွေးသန်း ရှိတယ်ဆိုတဲ့ အထင်ရှားဆုံးလက္ခဏာ ကတော့ လိင်အင်္ဂါတဝိုက်မှာ ယားယံမှုခံစားရတာပါပဲ။ ဆီးခုံမွေးသန်း တွေ က ဦးရေပြားမှာ ရှင်သန်နေထိုင်လေ့မရှိကြပေမယ့် ခြေသလုံးမွေး၊ ချိုင်းမွေး၊ ရင်ဘတ်မွေး၊ နှုတ်ခမ်းမွေးတို့လို အမွေးအမှင်ထူတဲ့နေရာတွေအပြင် မျက်ခုံးမွေးတွေမှာ ပါ ပြန့်ပွားနေထိုင်ပြီး နေပျော်ကြပါတယ်။ အများအားဖြင့်တော့ ဆီးခုံမွေးသန်း အတွက် ထုတ်ထားတဲ့ဆေးဝါးတွေကို ဆေးဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါပေမယ့် ယားယံမှုကမပျောက်ဘဲ ကုတ်ခြစ်မှုကြောင့် ပိုးဝင်လာရင် ဒါမှမဟုတ် သင်က ကိုယ်ဝန်ဆောင် ဖြစ်နေခဲ့ရင် ဆရာဝန်ပြသင့်ပါတယ်။ ဆီးခုံမွေးသန်း က ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာ တွေ မဖြစ်စေနိုင်ပေမယ့် ယားယံမှုတစ်ခုတည်းကတင်ပဲ အရမ်းကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှု

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှုဟာ လူတစ်ယောက်ရဲ့ဘဝကို အရမ်းကိုဆိုးရွားတဲ့ သက်ရောက်မှုပေးနိုင်တာကြောင့် တားဆီးကာကွယ် ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။     လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အကူအညီတောင်းခံရန် တရားခံလက်က ထွက်ပြေးပြီး ရဲစခန်း အရေးပေါ်ဖုန်းကိုခေါ်ဆိုအကူအညီတောင်းပါ။ သင့်ခန္ဓါကိုယ်ပေါ်မှာ တရားခံဆီကကျန်ရစ်ခဲ့ တဲ့ သက်သေအထောက်အထားတွေကို ကာကွယ်ပါ။ ဒါမှ ရဲစခန်းမှာအမှုဖွင့်တဲ့အခါ တရားမျှတမှုတောင်းဆိုရာမှာပိုလွယ်ကူစေမှာပါ။ အတိအကျပြောရရင် စစ်ဆေးမှုမခံယူ ရခင် ခေါင်းမဖြီးပါနဲ့၊သင့်ခန္ဓါကိုယ် ဘယ်အစိတ်အပိုင်းကိုမှ သန့်ရှင်းရေးမလုပ်ပါ နဲ့၊ အဝတ်တွေမလဲပစ်ပါနဲ့။ အခင်းဖြစ်ရာ နေရာကို မထိပါနဲ့၊ လက်ရာခြေရာမပျက် ပါစေနဲ့ဦး။ တော်တော်လေးနေရခက်မယ်ဆိုရင်တောင်မှ အနီးဆုံးအရေးပေါ်ခန်းကို တန်းသွားပါ။ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းနိုင်ဖို့ သုက်ရည်၊တံထွေး၊ဆံပင်၊နဲ့ အဝတ်အစားချည်စ၊ စတဲ့ သင့်ခန္ဓါကိုယ်ပေါ် တရားခံဆီကနေ ကျန်ရစ်ခဲ့တဲ့ သက်သေအထောက်အထား တွေကို ဆရာဝန်တွေက စုဆောင်း စစ်ဆေး ပေးပါလိမ့်မယ်။ သင်ကိုယ်တိုင်တောင်မသိတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း