backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်)


Dr.Nyan Linn မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ကဘာလဲ။

လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်သောရောဂါမျိုးဖြစ်ပြီး မိန်းမအင်္ဂါရှိ ထရိုင်ခိုမိုနပ်စ် ဟုခေါ်သော အကောင်ငယ်လေးမှ ဖြစ်ပွားသည်။ အများအားဖြင့် အမျိုးသမီးများတွင်သာ ဖြစ်ပွားတတ်သော်လည်း ရောဂါရှိသောလိင်ဆက်ဆံဘက်များကြောင့် ယောင်္ကျားများတွင်လည်းဖြစ်ပွားတတ်သည်။ ထိုရောဂါဖြစ်ပါက မိန်းမအင်္ဂါမှ အနံ့ဆိုးဆိုးအရည်များကျဆင်းခြင်း၊ဆီးသွားရာတွင်နာကျင်ခြင်း၊မိန်းမကိုယ်ယားယံခြင်းတို့

ဖြစ်ပွားနိုင်ပါသည်။ ထိုရောဂါဖြစ်သော အမျိုးသားများတွင်ကား လက္ခဏာမပြတတ်ပေ။

ထရိုင်ခိုမိုးနပ်စ်ရောဂါရှိသော ကိုယ်ဝန်ဆောင်မိန်းမသည် ကလေးကို လမစေ့ပဲစောစီးစွာမွေးဖွားရန်အလားအလာကောင်းနေတတ်သည်။

Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များဆုံးသော ကုသ၍ပျောက်ကင်းနိုင်သည့် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သည့်ရောဂါတမျိုးဖြစ်သည်။ အမေရိကန်နိုင်ငံတွင် 3.7သန်းသော လူဦးရေသည် ထိုရောဂါရှိနေကြောင်းသိရသည်။ သို့သော်လည်း 30%သာ လက္ခဏာများပြတတ်ကြသည်။ အသက်အရွယ်ကြီးရင့်သောအမျိုးသမီးများသည် ငယ်ရွယ်သောအမျိုးသမီးများထက်စာလျှင်ပိုမို၍ ဖြစ်ပွားနိုင်ချေရှိကြောင်းသိရှိရသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်ှနှင့် ဆက်သွယ်မေးမြန်းပါ။

လက္ခဏာများ

Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကူးစက်ခံရပြီး 5 ရက် မှ 28 ရက်အတွင်း လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ အချို့သောသူများတွင်လက္ခဏာပြရန် ပို ၍အချိန်ကြာမြင့်နိုင်သည်။

အများဆုံးတွေ့ရသော လက္ခဏာများမှာ

  • အဖြူ၊မီးခိုးရောင်၊အဝါရောင် (သို့) အစိမ်းရောင်ရှိသော အနံ့ဆိုး၍ အမြှုပ်ထသောအရည်များ မိန်းမကိုယ်မှထွက်ခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း
  • မိန်းမကိုယ်တွင် ပူလောင်ခြင်း၊ယားယံခြင်း
  • မိန်းမကိုယ်တွင် နီရဲနေခြင်း ရောင်ရမ်းခြင်း
  • ဆီးခဏဏသွားချင်နေခြင်း
  • ဆီးသွားသည့်အခါဖြစ်စေ လိင်ဆက်ဆံသည့်အခါဖြစ်စေ မိန်းမကိုယ်မှ နာကျင်ခြင်း စသည်ဖြင့်ဖြစ်သည်။
  • အမျိုးသားများတွင် အများဆုံးတွေ့ရသော လက္ခဏာများမှာ

    • ဆီးပြွန်မှ ဆီးနှင့် သုက် မဟုတ်သော အရည်များဆင်းခြင်း
    • ဆီးသွားစဉ်ဖြစ်စေ သုက်လွှတ်သည့်အခါဖြစ်စေ ပူလောင်ခြင်း
    • ဆီးခဏဏသွားချင်နေခြင်း
    • လိင်တံထဲတွင် ရောင်ရမ်းနာကျင်သကဲ့သို့ဖြစ်ခြင်း

    အခြားသောလက္ခဏာရပ်များကျန်ရှိနိုင်သေးသည်။ ဆရာဝန်နှင့် တွေ့ဆုံပြသမေးမြန်းခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    မိန်းမကိုယ်မှ အနံ့ဆိုးဆိုးအရည်များ ထွက်သည်ဖြစ်စေ ဆီးသွားခြင်းနှင့် လိင်ဆက်ဆံရာတွင်

    နာကျင်နေသည်ဖြစ်စေ ဆရာဝန်နှင့် တွေ့ဆုံပြသသင့်ပါသည်။

    အကြောင်းရင်းများ

    Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ကိုဘာတွေကဖြစ်စေသလဲ

    • ဆဲလ်တစ်လုံးသာရှိသော အဏုဇီဝပိုးငယ် ပရိုတိုဇိုးဝါး တခုဖြစ်သည့် ထရိုင်ခိုမိုးနပ်စ် ဗဂျိုင်နယ်လစ် အမည်ရှိသော အကောင်ကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။ ထိုအကောင်သည် လူတစ်ဦးနှင့်တစ်ဦးကြား လိင်ဆက်ဆံရာမှ ကူးစက်သည်။
    • အမျိုးသမီးများတွင် ထိုပိုးငယ်သည် မိန်းမကိုယ်နှင့်ဆီးပြွန် (သို့) နှစ်ခုစလုံးတွင် ဝင်ရောက်ပေါက်ပွားနိုင်သည်။ အမျိုးသားများတွင်ကား ဆီးပြွန်မှာသာ ဖြစ်ပွားလေ့ရှိသည်။ မည်ကဲ့သို့ဖြစ်ပွားသည်ဖြစ်စေ ထိုမှ တဆင့် လိင်ဆက်ဆံပါက အခြားသူများကို လွယ်ကူစွာ ကူးစက်နိုင်ပါသည်။
    • အချို့သောသူများသည် ပွေ့ဖက်ခြင်း၊နမ်းခြင်း၊ ထမင်းပန်းကန်များကိုမျှဝေအသုံးပြုခြင်း၊(သို့) တူညီသော အိမ်သာခုံတွင်ထိုင်၍အသုံးပြုခြင်းအစရှိသော ပုံမှန်ထိတွေ့မှုနှင့် ကူးစက်မည်ကို စိုးရိမ်တတ်ကြသည်။ သို့သော် ထရိုင်ခိုမိုးနပ်စ်မှာ ထိုသို့သာမာန်ထိတွေ့မှုများဖြင့် မကူးစက်စေနိုင်ပါ။ လိင်ဆက်ဆံခြင်းဖြင့်သာ လိင်အင်္ဂါများ၏အထိအတွေ့များမှ တဆင့်ကူးစက်စေပါသည်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    • များပြားသော လိင်ဆက်ဆံဖော်များရှိခြင်း
    • အခြားသော လိင်မှတဆင့်ကူးစက်နိုင်သည့် ရောဂါများရှိခြင်း
    • ထရိုင်ခိုမိုနီရေးစစ် ဖြစ်ဖူးခြင်း
    • ကွန်ဒုန်းမပါပဲ လိင်ဆက်ဆံခြင်း စသည်ဖြင့်ဖြစ်သည်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ကို ဘယ်လိုအတည်ပြုပါသလဲ

    • ဆဲလ်များအား နမူနာယူ၍ ပိုးမွေးကြည့်ခြင်း
    • အန်တီဂျင်စစ်ဆေးခြင်း
    • ထရိုင်ခိုမိုးနပ်စ် ပိုး၏ ဒီအင်န်အေကိုရှာဖွေစစ်ဆေးခြင်း

    – မိန်းမကိုယ်မှ အရည်တို့ကို စစ်ဆေးခြင်း (သို့) အမျိုးသားများတွင် ဆီးပြွန်မှ အရည်တို့ကို နမူနာယူ၍ အနုကြည့်မှန်ပြောင်း မိုက်ခရိုစကုပ်ဖြင့် စစ်ဆေးခြင်း စသည်တို့ပြုလုပ်နိုင်ပါသည်။

    Trichomoniasis (ထရိုင်ခိုမိုနီရေးစစ်) ကို ဘယ်လိုကုသပါသလဲ

  • ပိုးသတ်ဆေးများဖြင့် ကုသနိုင်ပါသည်။ မက်ထရိုနီဒါဇိုး (သို့) တင်နီဒါဇိုး ကဲ့သို့သော ပိုးသတ်ဆေးများကို သောက်သုံးရန် ဆရာဝန်မှ ညွှန်းတတ်သည်။ မက်ထရိုနီဒါဇိုး သောက်အပြီး 24 နာရီအတွင်း ဖြစ်စေ တင်နီဒါဇိုးသောက်အပြီး 72 နာရီအတွင်းဖြစ်စေ အရက်လုံးဝမသောက်သုံးသင့်ပါ။ ပြင်းထန်ဆိုးဝါးသည့် ပျို့ခြင်း အန်ခြင်းများဖြစ်ပွားစေနိုင်၍ဖြစ်သည်။
  • မိမိ၏ လိင်ဆက်ဆံဖော်များသည်လည်း သင့်လျော်စွာ စစ်ဆေးစမ်းသပ်ခံထား၍ ဆေးကုသမှုခံယူထားရန် အရေးကြီးပါသည်။ လက္ခဏာရပ်များမပြခြင်းကို ရောဂါမရှိဟုမဆိုနိုင်ပါ။ မိမိနှင့်အတူ လိင်ဆက်ဆံဖော်များအားလုံး ဆေးကုသပျောက်ကင်းပြီးသည်အထိ ထပ်မံ၍ လိင်မဆက်ဆံမိစေရန် ရှောင်ကြဉ်ရပါမည်။
  • မည်ကဲ့သို့သော အပြုအမူအနေအထိုင်ကောင်းများက သက်သာပျောက်ကင်းရန် အထောက်အကူပြုသနည်း

    • ကွန်ဒုံးကို လိင်ဆက်ဆံတိုင်း စနစ်တကျ အသုံးပြုခြင်း
    • လိင်ဆက်ဆံဖော်အရည်အတွက်ကို တတ်နိုင်သမျှလျော့ချခြင်း၊မျက်နှာမများခြင်း
    • ရောဂါပိုးရှိနေသူနှင့် လိင်ဆက်ဆံမှုအား ရှောင်ကြဉ်ခြင်း
    • မိမိမှာ ပိုးရှိနေသည်ဟုယူဆပါက လိင်ဆက်ဆံမှုအား ရှောင်ကြဉ်ပြီး ဆရာဝန်နှင့် ပြသခြင်း စသည်ဖြင့်ဖြစ်သည်။
    • အရည်များထွက်ခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်းနှင့် အနီစက်များပေါ်ခြင်း၊အနာပေါက်ခြင်းတို့မိမိလိင်အင်္ဂါများတွင် ဖြစ်ပွားလာခြင်းသည် လိင်ဆက်ဆံရန်ခေတ္တေရှောင်ကြဉ်ပြီး ဆရာဝန်အားအမြန်ဆုံးပြသသင့်သည့် လက္ခဏာရပ်များဖြစ်သည်။ မိမိတွင် ယခုရောဂါအတွက်ဖြစ်စေ အခြားလိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သည့် ရောဂါများကြောင့်ဖြစ်စေကုသမှုခံယူနေပါက မိမိ၏လိင်ဆက်ဆံဖော်များအားလုံးကို အသိပေးအကြောင်းကြားထားသင့်ပြီး ထိုသူအားလုံးကိုပါ ဆရာဝန်မဖြစ်မနေပြသရန် အသိပညာပေးရပါမည်။

    ကျန်ရှိသော သိကောင်းစရာများအား ဆရာဝန်များနှင့် တိုင်ပင်ခြင်းသည်သာအကောင်းဆုံးဖြစ်သည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr.Nyan Linn မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement