ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်
မနာကျင်စေဖို့အတွက် ပထမဆုံး ဆရာဝန်က သင့်ရဲ့ ကပ်ပယ်အိတ်ကို ထုံဆေးပေးမှာ ဖြစ်ပြီး အရေပြားကိုဖောက်ကာ ဆီးလမ်းကြောင်းနဲ့ ဝှေးစေ့အကြား ဆက်သွယ်ပေးတဲ့ လမ်းကြောင်း vas deferens ကို ဖြတ်တောက် ချည်နှောင်ပေးမှာ ဖြစ်ပါတယ်။ ဒီ Vas Deferens ကို ဖြတ်လိုက်ပြီဆိုရင် သုတ်ကောင်တွေက သုတ်ရည်ထဲ ရောက်စရာ အကြောင်းမရှိတဲ့အတွက် သင့်ရဲ့ အိမ်ထောင်ဖက်ကို ကိုယ်ဝန်ရစေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ နည်းလမ်းလေးက ရှင်းပါတယ်။ ဖြတ်တောက်မယ်၊ ချည်နှောင်မယ်၊ အဲ့ဒါဆိုရင် ခွဲစိတ်မှု လုပ်ငန်းစဉ်ပြီးပါပြီ။ ခွဲစိတ်မှုပြီးတာနဲ့လည်း အမြန်သက်သာလာနိုင်ပါတယ်။ ဒီခွဲစိတ်မှုအတွက်လည်း ချုပ်ရိုးချုပ်စရာမလိုပါဘူး။ ခွဲစိတ်မှုပြီးတာနဲ့ အနေရအထိုင်ရ ခက်တာမျိုး၊ ယောင်ယမ်းနေတာမျိုးတော့ ဖြစ်တတ်ပါတယ်။ ရေခဲအုပ်ပေးမယ်ဆိုရင် သက်သာလာမှာပါ။ ခွဲစိတ်မှုပြီး ၂ ရက်လောက်ကြာရင် ကိုယ်လုပ်နေကြ အလုပ်တွေကို ပြန်လုပ်လို့ရပါပြီ။ အမျိုးသားတစ်ချို့ကတော့ ဒီလိုခွဲစိတ်မှုလုပ်လိုက်ရင် သူတို့ရဲ့ လိင်ဆက်ဆံနိုင်စွမ်းကို ထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒီလို သန္ဓေတားနည်းက လိင်ဆက်ဆံမှုအပေါ် သက်ရောက်မှု မရှိပါဘူး။ ဝါရှင်တန် တက္ကသိုလ် မိသားစု ကျန်းမာရေးဆိုင်ရာ ဌာနမှ လက်ထောက်ပါမောက္ခဖြစ်သူ ဂရေ့စ် ရှီလ် (Grace Shih) ကတော့ “ ဒီလို သားကြောဖြတ်ခွဲစိတ်မှုအပြီးမှာ အမျိုးသားအများစုဟာ ပုံမှန်အတိုင်း ထောင်မတ်နေမှာ ဖြစ်ပြီး သုတ်လွှတ်ခြင်းလည်း ရှိနေဦးမှာပါ။ ကွာခြားသွားမှာတစ်ခုကတော့ သင့်မှာ သုတ်ကောင်ဆိုတာတော့ ရှိတော့မှာမဟုတ်ပါဘူး ” လို့ဆိုပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ရမှာကို လုံးဝစိုးရိမ်စရာမလိုတော့တဲ့အတွက် လိင်ဆက်ဆံရာမှာ သက်တောင့်သက်သာရှိတယ်လို့ ပေါလ်ကတော့ဆိုပါတယ်။ ဒါပေမဲ့ ဒီလို ခွဲစိတ်မှုအပြီး မှာ သတိထားစရာ အချက်အနည်းငယ်တော့ ရှိပါတယ်။ ခွဲစိတ်မှုပြီးပြီးချင်း သုတ်ကောင်များ သင့်ရဲ့ ခန္ဓါကိုယ်ထဲက ကုန်စင်သွားအောင် ခဏအချိန်ယူရဦးမှာ ဖြစ်ပြီး အရန် သန္ဓေတားနည်း တစ်ခုခုကို အချိန် ၁၀ ပတ်ခန့် ဒါမှမဟုတ် သုတ်ထွက်ကြိမ် အခါ ၂၀ လောက် ခေတ္တစောင့်ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခွဲစိတ်မှု ခံယူဖို့အတွက် သေချာစဉ်းစားဖို့လိုပြီး ခွဲစိတ်မှုပြီးလို့ စိတ်ပြောင်းသွားတယ်ဆိုရင်တော့ ပြန်လုပ်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ တစ်ချို့သော အမျိုးသားတွေကိုတော့ အောင်အောင်မြင်မြင် Vas Deferens ကို ပြန်ဆက်ပေးနိုင်ပေမဲ့ ကုသစရိတ်ကလည်း များပြားနိုင်ပြီး ခွဲစိတ်တိုင်း အောင်မြင်မယ်လို့တော့ ပြောလို့မရနိုင်ပါဘူး။ ဒါ့အပြင် ဒီလိုပြန်ဆက်တဲ့ လုပ်ငန်းစဉ်ဟာ ပိုမိုခက်ခဲပြီး ဆေးရုံမှာ လုပ်မယ်ဆိုရင် နာရီပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။
မိန်းကလေးတွေ အတွက် ရွေးချယ်စရာ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။