ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ကဘာလဲ။ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများဆိုသည်မှ ရောဂါရှိသူနှင့် လိင်ဆက်ဆံမိလျှင် ကူးစက်လာသော ရောဂါများကို ဆိုလိုပါသည်။ STDs အမျိုးအစား ၂၀ ကျော်ရှိ၏။ ကလဲမိုက်ဒီးယား ဂနိုရီးယား HIV/AIDS HPV ဆစ်ဖလစ် ဆီလိင်ပြွန်ရောင်ခြင်း သုက်စုပြွန်ရောင်ခြင်း မိန်းမကိုယ်ပိုးဝင်ခြင်း (လိင်အင်္ဂါ ရေယုန်၊ ထရိုင်ကိုမိုနီးရေးစစ်၊ ကန်ဒီဒီရေးစစ် စသည်များ) PID (Pelvic inflammatory disease) Sexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါများသည် အလွန်အဖြစ်များ၏။ သို့သော် တစ်ချို့တွင် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုပြင်းထန်တတ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွင်ဖြစ်ပါက ကလေးကိုပါ ထိခိုက်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများSexually Transmitted Diseases (Stds) (လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) ရဲ့လက္ခဏာတွေကဘာတွေလဲ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ လိင်အင်္ဂါတစ်ဝိုက်၊ ပါးစပ် သို့မဟုတ် စအိုတစ်ဝိုက်တွင် အနာများ […]


HIV နှင့် AIDS ရောဂါ

Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ကဘာလဲ။ Human Immunodeficiency Virus သို့မဟုတ် HIV သည် AIDS ( ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်စေသော ဗိုင်းရပ်စ် ဖြစ်သည်။ HIV သည် ကိုယ်ခံအားစနစ်ကို အပြင်းအထန် ကျဆင်း စေနိုင်သည်။ ထို့ကြောင့် အခြားရောဂါများ၊ ဘတ်တီးရီးယား နှင့် ဗိုင်းရပ်စ်ပိုးကူးစက်မှုများကို ဖြစ်စေသည်။ HIV ကို သင့်ခန္ဓါကိုယ်မှအပြည့် ဖယ်ရှား မပစ်နိုင်ပါ။ HIV တစ်ခါ ကူးစက်ပါက တစ်သက်လုံးရှိနေမည် ဖြစ်သည်။ AIDS သည် HIV ရောဂါ၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ အခြားရောဂါများဖြစ်ခြင်း ဥပမာ ကင်ဆာနှင့် ကိုယ်ခံအား စနစ် အားနည်းလာသောကြောင့် ရောဂါပိုးပေါင်းစုံ ဝင်ခြင်းတို့ဖြင့် သတ်မှတ်နိုင်သည်။ Hiv/Aids (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ၂၀၁၄ […]


လိင်အင်္ဂါကြွက်နို့များ

Genital Warts (လိင်အင်္ဂါကြွက်နို့ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Genital Warts (လိင်အင်္ဂါကြွက်နို့ ) ကဘာလဲ။ လိင်အင်္ဂါကြွက်နို့သည် လိင်အင်္ဂါတစ်ဝိုက်တွင် ပေါက်တတ်သော ကြွက်နို့ရောဂါဖြစ်သည်။ ၎င်းတို့သည် သေးငယ်သော အသားရောင် အဖုလေးများ သို့မဟုတ် ပန်းမုန်လာလို ပုံစံများ ရှိတတ်၏။ ဖြစ်ရပ်အများအပြားတွင် ကြွက်နို့များသည် သေးငယ်လွန်းသောကြောင့် မမြင်ရတတ်ပါ။ လိင်အင်္ဂါကြွက်နို့များသည် လိင်မှတစ်ဆင့်အကူးစက်ဆုံး ရောဂါတစ်ခုဖြစ်ပြီး ဟူးမန်းပက်ပလိုးမားဗိုင်းရပ်စ် (HPV) ကြောင့် ဖြစ်ရခြင်းပင်။ ထိုဗိုင်းရပ်စ်သည် အမျိုးသမီးများ၌ ကြွက်နို့သာမက ကင်ဆာကိုပါ ဖြစ်စေတတ်ပါသည်။   Genital Warts (လိင်အင်္ဂါကြွက်နို့ ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အလွန်အဖြစ်များ၏။ အမျိုးသားများထက် အမျိုးသမီးများတွင် ကြွက်နို့ပေါက်နိုင်ချေပိုများ၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများGenital Warts (လိင်အင်္ဂါကြွက်နို့ ) ရဲ့လက္ခဏာတွေကဘာတွေလဲ လိင်အင်္ဂါကြွက်နို့ ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ သေးငယ်သော အသားရောင် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ကိစ္စကပေးစွမ်းနိုင်သော အံ့အားသင့်စရာ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ ချက်

လိင်ကိစ္စကပေးစွမ်းနိုင်သော အံ့အားသင့်စရာ ကျန်းမာရေးအကျိုးကျေးဇူး တွေက ဘာတွေလဲဆိုတာကို သိရှိနိုင်ဖို့ ဆောင်းပါးလေးထဲမှာ လေ့လာလို့ ရပါတယ်။ လိင်ဆက်ဆံခြင်းက ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေဆိုတာ အိပ်ယာထဲမှာပဲ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ ခံစားလို့ကောင်းရုံသာ မဟုတ်ဘဲ သင်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးရှိနိုင်ပါတယ်။ ဒီနေရာမှာ “နိုင် ” ဆိုတဲ့စကားလုံးလေးကို ကျွန်တော် သုံးသွားတာ သတိထားပေးပါ။ “ နိုင်” ဆိုတဲ့ စကားလုံးကိုသုံးရတာတော့ တန်ဆေးလွန်ဘေးဆိုတဲ့သဘောကို သတိမထားမိဘဲ လုပ်ဆောင်နေမိမှာစိုးရိမ်လို့ပါ။ အခု ဒီစာလေးထဲမှာတော့ Hello Sayarwon ကိုဖတ်ရှုအားပေးနေကြတဲ့ ကျန်းမာရေးချစ်မြတ်နိုးသူ စာဖတ်သူများအတွက် သင့်တင့်မျှတတဲ့ လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးကျေးဇူးသက်ရောက်နိုင်လဲဆိုတာဖော်ပြလိုက်ပါတယ်။ လိင်ကိစ္စကပေးစွမ်းနိုင်သော အံ့အားသင့်စရာ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ ချက် လိင်ကိစ္စကပေးစွမ်းနိုင်သော အံ့အားသင့်စရာ ကျန်းမာရေးအကျိုးကျေးဇူး တွေကတော့ ၁။ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို အမြဲတမ်း တက်ကြွနေစေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာပုံမှန်ဖြစ်နေတဲ့သူတွေဟာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ   အဓမ္မပြုကျင့်မှုဆိုတာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexual assault) ပုံစံတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မိန်းမကိုယ် သို့မဟုတ် စအိုထဲကို လိင်အင်္ဂါ၊ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ လက်ချောင်း)၊ ပြင်ပပစ္စည်းတခုခု အလိုမတူဘဲ ထိုးသွင်းခြင်းကို အဓမ္မပြုကျင့်မှုမြောက်တယ်လို့ သတ်မှတ်ပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေဆိုရင်တော့ အလိုတူခြင်း၊ မတူခြင်းကို စဉ်းစားစရာ မလိုဘဲ ထိုးသွင်းမှုရှိတယ်ဆိုတာနဲ့ အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ်လို့ရပါတယ်။ အရင်ကတော့ အဲဒီလိုအဓမ္မကျင့်ခံရသူတစ်ယောက်ကို Victim နစ်နာခံစားရသူုလို့ ပြောခဲ့ကြပါတယ်။ ခုတော့ အဲဒီအသုံးအနှုန်းအစား Survivor ရှင်သန်ကျန်ရစ်သူလို့ သုံးပါတယ်။ သဘောကတော့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတာတောင် ရှင်သန်နိုးထနိုင်သူအဖြစ် စိတ်ခွန်အားပေးချင်တာကြောင့် ဖြစ်ပါတယ်။ အဲဒီလို ရှင်သန်ကျန်ရစ်သူတစ်ယောက်မှာ ရှိနေနိုင်တဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ တရားဥပဒေနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ

"အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ" အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ (Prevention) နဲ့၊ ဖြစ်လာခဲ့ရင် တုန့်ပြန်ဆောင်ရွက်ဖို့ (Response) ဆိုတဲ့ အပိုင်း၂ပိုင်းရှိပါတယ်၊၊ ကာကွယ်ဖို့ဟာ လတ်တလောအနေအထားအရ ခက်ခဲနေသေးတဲ့အချိန်မှာ ဖြစ်လာခဲ့ရင် ကိုယ်ဝန်ရတာလို၊ ရောဂါပိုးတွေကူးစက်တာလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင်တော့ တုံ့ပြန်ဆောင်ရွက်လို့ ရနိုင်ပါတယ်၊၊   အဓမ္မပြုကျင့်ခံရသူတစ်ယောက်မှာ ဘာလိုအပ်ချက်တွေ ရှိနေသလဲ စဉ်းစားကြည့်ရအောင်။ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အားပေးကူညီမှုများ၊ တရားဥပဒေအကာအကွယ်နဲ့ လုံခြုံရေးလိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်၊၊ ဒါတွေကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းက မဆောင်ရွက်နိုင်ပါဘူး၊၊ အားလုံးပူးပေါင်းဆောင်ရွက်မှ ရမှာပါ၊၊ ဒီထဲကမှ အရေးကြီးဆုံးလည်းဖြစ်၊ ဘယ်သူ့အကူအညီမှလည်း မလိုတဲ့အပြင် အင်မတန်မှလည်း အကျိုးများနိုင်တာတစ်ခုကို ပြောပါမယ်၊၊ အဲဒါကတော့ “အရေးပေါ်ကိုယ်ဝန်တားဆေး” သောက်ဖို့ပါပဲ၊၊ အဲဒီဆေးကတ်မှာ ဆေး၂လုံးပါပါတယ်၊ ၂လုံးစလုံးကို တစ်ပြိုင်နက်တည်း သောက်ရမှာဖြစ်ပြီး ၂နာရီအတွင်း အန်ထွက်ခဲ့ရင် ထပ်သောက်ဖို့ လိုပါမယ်၊၊ […]


သားဆက်ခြားခြင်း

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ

အမျိုးသမီးတွေရဲ့ သမိုင်းပေးတာဝန်တွေထဲမှာ ကလေးမွေးဖွားတာနဲ့ ကလေးကို ပြုစုပျိုးထောင်ပေးရတာလည်း အပါအဝင်ပါပဲ။ ကလေးကို ပျိုးထောင်တဲ့နေရာမှာလည်း ကလေးတစ်ယောက်ကို သေသေချာချာပျိုးထောင်ပေးဖို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ၂ နှစ်တန်သည် ၃ နှစ်တန်သည်လောက်ခြားဖို့ လိုအပ်တဲ့အတွက် သားဆက်ခြားဖို့ မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ ဒီတော့ စဉ်းစားရမှာက ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ ဆိုတာပေါ့။ အခုတစ်ခေါက်တော့ ကလေးမွေးဖွားပြီးတဲ့ မိခင်အသစ်စက်စက်လေးတွေအတွက် ဘယ်သားဆက်ခြားနည်းက အသင့်တော် ဆုံးဖြစ်မလဲ ဆိုတာကိုပြောပြချင်ပါတယ်။ ကလေးမွေးထားပြီး ကလေးနို့တိုက်နေချိန်မှာလည်း ကလေးရနိုင်ခြေရှိပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီးတဲ့ မိခင်တွေအနေနဲ့ သင့်တော်တဲ့သားဆက်ခြားနည်းကို သေသေချာချာရွေးချယ်ဖို့လိုပါမယ်။ ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကိုအသုံးပြုမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကလေးမွေးပြီးပြီးချင်း သားဆက်ခြားနည်းသုံးဖို့လိုမလား ကလေးမွေးပြီး ၃ပတ်လောက်နေရင် ကလေးရနိုင်ခြေ ရှိလာပါပြီ၊၊ ကလေးနို့တိုက်တာပဲ၊ ရာသီမလာသေးဘူးလေဆိုရင်တောင် ကလေးရနိုင်ခြေ ရှိနေတယ်ဆိုတာကို သိထားရပါမယ်၊၊ ဒါကြောင့် […]


သားဆက်ခြားခြင်း

IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ

မရေရာတဲ့သတင်းတွေ အတည်မပြုနိုင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက်စကား တစ်ယောက်နားကနေ တဆင့်တဆင့် ပြန့်နှံ့သွားပြီး သေချာခိုင်မာတဲ့အကြောင်းအရာကြီးလိုဖြစ်နေတာကို ကိုယ့်အနီးဝန်းကျင်မှာ ကြုံဖူးကြမှာပေါ့။ ဒီလိုအစချီရတာက IUD နဲ့ပတ်သက်ပြီး စာဖတ်သူတွေအကြားမှာဖြစ်နေတဲ့ အချို့အကြောင်းအရာတွေက မှားနေတယ်ဆိုတာကို ပြောပြချင်လို့ပါ။ IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ ၊ မရေရာတဲ့အကြောင်းအရာများ အများအပြားရှိနေပါတယ်။ သိထားတဲ့အကြောင်းအရာတွေက မှန်ရဲ့လားဆိုကို ဆန်းစစ်ကြည့်ရအောင်။ IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ အကြောင်း မပြောခင် အရင်ဆုံး မေးချင်တာက ဒါမျိုးတွေကြားဖူးလား ဆိုတာပါ။ ကြားဖူးထားရင်လည်း အယူအဆအမှားတွေမို့လို့ မေ့ဖျောက်လိုက်ပါလို့ပြောပါရစေ။ ဘာတွေလည်းသိရအောင် ဆက်ကြည့်လိုက်ကြပါစို့။ (၁) IUD ကအန္တရာယ်များတယ်။ ကူးစက်ရောဂါတွေဖြစ်စေနိုင်သလို မျိုးမအောင်တာမျိုးဖြစ်စေနိုင်ပါတယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရ IUD ကိုအသုံးပြုတဲ့ အမျိုးသမီးတွေက အခြားသန္ဓေတားနည်းကို အသုံးပြုတဲ့အမျိုးသမီးတွေထက် ပိုးဝင်ကူးစက်တာတွေ၊ မျိုးမအောင်တာမျိုး တွေဖြစ်နိုင်ခြေတိုးစေနိုင်တာကိုမတွေ့ရပါဘူး။ (၂) IUD […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား

အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား .........  အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ ကိုယ်ဝန်မရစေဖို့ အရေးပေါ်သုံးစွဲကြတဲ့ သားဆက်ခြားသောက်ဆေးဖြစ်ပါတယ်။ သုံးစွဲရလွယ်ကူတဲ့အတွက် ပုံမှန်သားဆက်ခြားဆေးတွေ၊ နည်းလမ်းတွေကို မသုံးတော့ဘဲ ဒီဆေးကိုပဲ လိင်ဆက်ဆံပြီးတိုင်းသောက်နေကြသူတွေရှိလာပါတယ်။ အရေးပေါ်တားဆေးကို ဘယ်အချိန်မှာ သောက်သင့်သလဲ။ အရေးပေါ်သန္ဓေတားဆေးတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် – သန္ဓေတားဆေး မသုံးထားခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်း၊ ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှု ရှိခြင်း (ဥပမာ ဆေးသောက်ဖို့ မေ့သွားတာ)၊ ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊ အသုံးပြုပုံ မမှန်ကန်ခြင်း၊ သန္ဓေတား သောက်ဆေးတွေကို သောက်သုံးဖို့ ရက်ကျော်ခြင်း၊ သားအိမ်ဝ အဖုံး(diaphragm) သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း ရက်တွက် သန္ဓေတားနည်းမှာ ရက်အတွက် မှားခြင်း၊ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား

လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား   လက်ထပ်တော့မယ့် စုံတွဲတွေအတွက် အသုံးပြုလို့ရမယ့် သားဆက်ခြားနည်းတွေအကြောင်း ရေးလာခဲ့တာ ၃ ပုဒ်ရှိပါပြီ။ ဒီလအတွက် နောက်ဆုံးအနေနဲ့တော့ ခုမှ မင်္ဂလာဆောင်မယ့်၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ မိန်းကလေးအနေနဲ့ ၃ လခံဆေး ထိုးသင့်သလား ဆိုတာကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထိုးဆေးမှာ ထူးခြားချက် ရှိလို့ပါ။ သားဆက်ခြားနည်းတွေအားလုံးထဲမှာမှ သူ့တစ်ခုတည်းမှာ ရှိတဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆေးထိုးရပ်လိုက်ပေမယ့် ကလေးပြန်ရဖို့ လအနည်းငယ် စောင့်ရတယ်ဆိုတာပါပဲ။ လုံးဝကို ပြန်မရနိုင်တော့တာမျိုး မဟုတ်ဘဲ အခိုက်အတန့်သဘော စောင့်ရတာပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ တချို့ ၆ လလောက်နေမှ ကိုယ်ဝန်ပြန်ရတယ်၊ တချို့က ၁၀ လ၊ တချို့ကျတော့လည်း ဆေးထိုးရပ်လိုက်ပြီး သိပ်မကြာဘူး၊ ကိုယ်ဝန်ရသွားတယ်။ နောက်ပြီး အဲ့လို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း