backup og meta

မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း

    မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။

    မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း

    မိန်းကလေးတိုင်း သိသင့်တဲ့ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံခြင်း နဲ့ပတ်သက်ပြီး သိထားသင့်တာတွေကတော့ အောက်ပါအတိုင်းပါပဲ။

    တကယ်လို့ သင်ဟာ တစ်ခါမှ လိင်ဆက်ဆံဖူးတာမဟုတ်တဲ့ အပျိုစင်ပဲ ဖြစ်စေဦးတော့… သင့်ရဲ့ ရည်းစားက သင့်ကိုလိင်အင်္ဂါ ကြွက်နို့ပိုးကူးစက်အောင် လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုရင် ဒီရောဂါပိုးဟာ အရေပြားအချင်းချင်းထိရုံနဲ့လည်း ကူးတတ်တာဖြစ်လို့… တကယ်လို့ သူက သင့်ကို ထိုးသွင်းဆက်ဆံတာမျိုးမရှိပေမယ့်….. သူ့ရဲ့ယောကျာ်းအင်္ဂါနဲ့ သင့်ရဲ့ မိန်းမကိုယ်ကို ပွတ်တိုက်ရုံနဲ့ တင်…အဝတ်အစားလည်းမပါဘူးဆိုရင်… ရောဂါပိုးက သင့်ဆီရောက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် သင်အသက်နှစ်ဆယ့်ခြောက်နှစ် မပြည့်သေးဘူးဆိုရင် ကာကွယ်ဆေးထိုးပြီး လိင်အင်္ဂါကြွက်နို့ပိုးကို ထိထိရောက်ရောက် ကာကွယ်ထားသင့်ပါတယ်။

  • အပြင်မှာ သုက်ရည်ကိုစွန့်တာ စိတ်ချရသလား
  • နောက်သတိထားစရာ တစ်ခုကတော့ … သင့်အဖော်က သုက်ရည်ကို အပြင်ထုတ်တဲ့နည်းကို ကိုယ်ဝန်မရဖို့အတွက်သုံးနေတဲ့သူ ဆိုပါစို့..။ တကယ်တော့ ဒါဟာ အင်မတန် စိတ်မချရတဲ့နည်းဆိုတာ သင်သိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သုက်ရည် အစစ်က သင့်မိန်းမကိုယ်ထဲ မဝင်ဘူးဆိုရင်တောင်မှ … သုက်ရည်အစစ်မတိုင်ခင်ထွက်တဲ့ အရည်ကြည်မှာ သုက်ပိုးပါနိုင်တာမို့လို့ပါပဲ..။ ဒါကြောင့်မို့လို့ ဘယ်လိုအခြေအနေဖြစ်ဖြစ် ကွန်ဒုံးသုံးတာဟာသင့်အတွက် စိတ်အချရဆုံးနည်းပါပဲ..။

  • နှစ်ထပ်စွပ်ရင် ဘာဖြစ်မလဲ
  • တချို့မိန်းကလေးတွေက တွေးတတ်ကြတယ်… တကယ်လို့များ ကွန်ဒုံးကို နှစ်ထပ်စွပ်ရင် ပိုစိတ်ချရမလားပေါ့..။ တကယ်တမ်းတော့ ဒါဟာ တကယ့်ကိုဆိုးဝါးတဲ့ အတွေးတစ်ခုသာဖြစ်ပါတယ်..။ ဘာကြောင့်လဲဆိုတော့ ချောဆီပါတဲ့ ဒီလိုကွန်ဒုံးတွေကို နှစ်ထပ်စွပ် တာ ဟာ…တစ်ခုနဲ့တစ်ခု လျှောပြီး ချော်ထွက်သွားနိုင်ပါတယ်..။ နောက်ဆက်တွဲအနေနဲ့ သင်မလိုချင်တဲ့ ကိုယ်ဝန်နဲ့ရောဂါတွေ ရသွားနိုင် ပါတယ်..။ ဒါကြောင့်နှစ်ထပ်စွပ်တာကို လုံးဝရှောင်ကြဉ်သင့်ပါတယ်..။

    • မကြာခဏ ဆီးသွားပါ

    နောက်တစ်ချက်အနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကတော့… လိင်ဆက်ဆံမှုပြီးတဲ့ အခါတိုင်း ရေများများသောက်ပြီး ဆီးများများသွားသင့်ပါတယ်..။ ဘာကြောင့်လဲဆိုတော့.. လိင်ဆက်ဆံတာက သင့်ရဲ့ ဆီးအိမ်ကို လှုံ့ဆော်ပြီးတော့ ပိုးဝင်တာကိုအားပေးနိုင်ချေရှိလို့ပါပဲ..။ ဆီးမကြာခဏ သွားပေးခြင်းအားဖြင့်ဆီးလမ်းကြောင်းထဲကနေ ရောဂါပိုးမွှား တွေကို ပါသွားစေနိုင်လို့ပါ..။

  • သဘာဝမကျတဲ့ နည်းလမ်းတွေ
  • တချို့တွေမှာတော့… ကိုယ်ဝန်မရစေနိုင်ဖို့ဆိုပြီး သဘာဝမကျတဲ့ ဆက်ဆံနည်းဖြစ်တဲ့… စအိုထဲကို ထိုးသွင်းတာကို လုပ်ကြပါတယ်..။ ဒါပေမယ့် တကယ်လို့ သင်က ကွန်ဒုံးမသုံးဘူးဆိုရင်တော့… သင့်ကိုယ်သင် လိင်ကတဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေရဖို့ အခွင့်အလမ်းဖွင့်ပေးထားတာနဲ့ အတူတူပါပဲ..။

    • ဆေးသောက်ဖို့ မမေ့ပါနဲ့

    တကယ်လို့ သင်ဟာ… တစ်နေ့တစ်လုံးသောက်ရတဲ့ ကိုယ်ဝန်တားဆေးကို သုံးနေသူဖြစ်တယ်ဆိုပါစို့..။ တစ်နေ့တစ်လုံးကို အချိန် မှန်မှန်မမေ့မလျော့ သောက်သင့်ပါတယ်…။ ဖြစ်နိုင်ရင် လက်ကိုင်ဖုန်းနဲ့ alarm ပေးထားပြီးတော့သောက်သင့်ပါတယ်..။ ဘာကြောင့် လဲဆိုတော့… ဒီဆေးတွေဟာ ဟော်မုန်းဆေးတွေဖြစ်ပြီး မှန်မှန်မသောက်မိရင် ကိုယ်ဝန်ရသွားနိုင်လို့ပါ..။

    • သားအိမ်ထဲထည့်ထားတဲ့ပစ္စည်းကို စစ်ပါ

    သားအိမ်ထဲ ပစ္စည်းထည့်ထားတဲ့ တချို့သော အမျိုးသမီးတွေမှာ …. ရှားရှားပါးပါးဖြစ်ရပ်အနေနဲ့ ရေချိုးနေရင်းဖြစ်ဖြစ် သင်ကိုယ်တိုင် တောင်မသိလိုက်မိဘဲ… ပြုတ်ကျသွားတာမျိုးဖြစ်တတ်ပါတယ်…။ ဒါကြောင့် မိန်းမကိုယ်ထဲမှာ ကြိုးစလေး ပုံမှန်အတိုင်းရှိနေ ရဲ့လားဆို တာကို ကိုယ့်ဖာသာနေ့တိုင်းစမ်းသပ်သင့်ပါတယ်..။

    • အကူအညီရယူဖို့/ဆေးရုံဆေးခန်းသွားရဖို့ မရှက်ပါနဲ့

    မိန်းကလေးတွေရဲ့ ပင်ကိုယ်ဗီဇကိုက ရှက်တတ် ကြောက်တတ်ပါတယ်..။ ဒီလို လိင်ကိစ္စနဲ့ ပတ်သက်ရင် ပိုဆိုးပါတယ်..။ ဒါပေမယ့် သင်သိထားရမှာက မိမိရဲ့ ကျန်းမာရေးထက်စာရင် ဘယ်အရာကမှ ပိုအရေးမကြီးဘူးဆိုတာပါပဲ..။ ဒါကြောင့် နီးစပ်ရာ ကျန်းမာရေး ဌာနကိုသွားပြီး သင်ဆွေးနွေးမေးချင်တဲ့ အကြောင်းအရာတွေရှိရင် မေးမြန်းအကြံဉာဏ်ရယူဖို့ အရေးကြီးပါတယ်….။

    ကွန်ဒုံးဟာ ကိုယ်ဝန်ရော.. ရောဂါပိုးကူးစက်တာကိုပါ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာပါ။

    မှန်မှန်ကန်ကန်နဲ့ စနစ်တကျ သုံးတတ်မယ်ဆိုရင် သင့်အတွက် အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းကို ကွန်ဒုံးတွေက ပေးစွမ်းမှာပါ..။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement