backup og meta

အမျိုးသားတွေ လိင်မှုကိစ္စအပေါ် ဘယ်လိုမြင်ကြလဲ


Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားတွေ လိင်မှုကိစ္စအပေါ် ဘယ်လိုမြင်ကြလဲ

    အမျိုးသားတွေ လိင်မှုကိစ္စအပေါ် ဘယ်လိုမြင်ကြလဲ။

    အမျိုးသားတွေရဲ့ လိင်မှုကိစ္စအပေါ်အမြင်ဟာ တစ်ယောက်နဲ့တစ်ယောက်မတူပေမဲ့ အဓိက ခံစားချက်တွေကတော့ တူညီနေပါတယ်။

    • အမျိုးသားတွေမှာ လိင်ကိစ္စဟာ ခန္ဓာကိုယ်က စတင်တာပါ။

    မိန်းကလေးတွေအတွက် လိင်မှုကိစ္စဆိုတာ သူတို့ရဲ့ ဦးနှောက်၊ မှတ်ဉာဏ်နဲ့ ရင်းနှီးမှုရဲ့စိတ်ခံစားချက်တွေကြောင့် ဖြစ်ပေါ်ပေမဲ့ လိင်မှုကိစ္စဆိုတာ အမျိုးသားအတွက် ခန္ဓာကိုယ်က အစပြုတာပါ။ အမျိုးသားတွေအတွက်ကတော့ လိင်စိတ်ခံစားချက်ဆိုတာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ပဲဆိုင်တာပါ။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်တစ်လျှောက်မှာ စီးဖြာနေတဲ့ များပြားသော တက်စတိုစတီရုန်း ဟော်မုန်း (Testosterone) တွေဟာ အမျိုးသားတွေရဲ့ လိင်မှုကိစ္စဆန္ဒတွေကိုမောင်းနှင်ပေးနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီတက်စတိုစတီရုန်း ဟော်မုန်း (Testosterone) ကိုအမျိုးသားတွေ ကျန်းမာကြံ့ခိုင်စေရန်အတွက်လည်း ထိုးသွင်းလေ့ရှိကြပါတယ်။ ကလေးအရွယ်တုန်းက လိင်အင်္ဂါကိုနှိုးဆွပေးရင် လိင်အင်္ဂါတွေဟာ ထောင်မတ်လာခြင်းဖြင့် တုံ့ပြန်ကြပါတယ်။ အရွယ်ရောက်လာတဲ့အချိန်ကျတော့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ အဖော်ဖြစ်သူ အမျိုးသမီးရဲ့ အဝတ်မပါတဲ့ ခန္ဓာကိုယ်ကို မြင်လိုက်တာနဲ့ ထောင်မတ်ခြင်းဖြင့် တုံ့ပြန်တတ်ကြပါတယ်။ ဒါဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဓာတုဗေဒဓာတ်က သူရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုထိန်းချုပ်ပြီး လိင်မှုဆန္ဒဖြစ်စေတာဖြစ်ပါတယ်။

  • အမျိုးသားတွေအတွက် လိင်မှုကိစ္စဆိုတာ ဆာလောင်မှုပါပဲ။
  • လိင်မှုကိစ္စကို ဆာလောင်ခြင်းဟာ အမျိုးသားတွေအတွက် ချောကလတ်ကို ဆာလောင်တဲ့ခံစားမှုလိုပါပဲ။ လိင်မှုကိစ္စတစ်ခုချင်းစီ တိုင်းဟာ အမျိုးသားတွေအတွက် စွဲမက်ဖွယ် ချိုဖွယ်အစားအစာတစ်ခု ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေရဲ့ စိတ်ဟာ ဝမ်းသာခြင်းနဲ့ ပျော်ရွှင်မှုကိုခံစားရဖို့အတွက် လိင်မှုကိစ္စကို မျှော်လင့်နေတတ်ပါတယ်။ ဒီခံစားချက်မရတဲ့ နေ့ရက်တွေက သူတို့အတွက် ခက်ခဲတဲ့နေ့ရက်တွေပါပဲ။

    • လိင်မှုကိစ္စဟာ အမျိုးသားတွေအတွက် စွမ်းအားတစ်ခုပါ။

    လိင်မှုကိစ္စဟာ အမျိုးသားတွေကို ပျော်ရွှင်စေပါတယ်။ လိင်မှုဆိုင်ရာ စွမ်းအားတွေက အမျိုးသားတွေကို သူတို့ဘဝရဲ့ ရည်မှန်းချက်တွေ၊ အလုပ်ရည်မှန်းချက်တွေနဲ့ အမျိုးသမီးအဖော်ဖြစ်သူကို ဆွဲဆောင်နိုင်ဖို့အတွက် ကြိုးစားစေပါတယ်။ တစ်နေ့တစ်နေ့ ငြီးငွေ့ဖွယ်ရာ သမာရိုးကျအလုပ်တွေကို လုပ်နေတာဟာ တစ်ချိန်ကျရင် သူရလာမယ့် လိင်မှုကိစ္စဆုလာဘ်ကို မျှော်လင့်ချက်တစ်ခုအတွက်နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

  • လိင်မှုကိစ္စဆိုတာ အမျိုးသားတွေအတွက် စိတ်လှုပ်ရှားမှုတစ်ရပ်ပါ။
  • လိင်မှုကိစ္စဟာ အမျိုးသားတွေအတွက် ဘဝမှာ စိတ်လှုပ်ရှားဖွယ်ရာအကောင်းဆုံးလုပ်ငန်းစဉ်တစ်ရပ်ပါ။ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ဟာ ခံစားမှုပေးစွမ်းနိုင်တဲ့ စက်တစ်လုံးဖြစ်ပြီး အမျိုးသားတွေက ဒီစက်ကို မိုင်ကုန်မြှင့်ပြီး မောင်းနှင်ချင်ကြတာပါ။ အမျိုးသားတွေ လိင်မှုဆိုင်ရာ ခံစားချက် အထွတ်အထိပ်ရောက်တယ်ဆိုတာ လွယ်ကူတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပြီး မိမိကိုယ်တိုင် အာသာဖြေကာ ရယူလို့ရပေမဲ့ အမျိုးအစားစုံလင်တဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ၊ ကိုယ်ဟန်ကိုယ်ထားတွေ၊ စည်းချက်တွေက အမျိုးသားတွေရဲ့စိတ်ခံစားချက်တွေကိုတိုးမြှင့်ပေးနိုင်ပါတယ်။ စိတ်ကူးယဉ်ပြီးတွေးတာပဲဖြစ်ဖြစ် တကယ်တွေ့နေရတာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့ ညုတုတုလုပ်တဲ့မူအရာတွေ၊ အပြုံးတွေ၊ စောင်းချိတ်ပြောဆိုမှုဆွေ၊ အချိုးဆက်ပြေပြစ်တဲ့ ခန္ဓာကိုယ်နဲ့ပုံရိပ်တွေဟာ အမျိုးသားဦးနှောက်အပေါ်ကိုသက်ရောက်မှုရှိပါတယ်။ အဲ့လိုသက်ရောက်ခြင်းခံရတဲ့အခါ ဦးနှောက်လှိုင်းတွေက အမျိုးသားတွေကို လိင်မှုကိစ္စကိုသတိရလာစေပါတယ်။

    • လိင်မှုကိစ္စ ဆိုတာ အချစ်ပါ။

    လိင်မှုကိစ္စ လုပ်လိုက်ရတဲ့အခါ အမျိုးသားတွေဟာ ကိုယ်အိုးကိုယ့်အိမ်မှာရှိနေတဲ့ ခံစားချက်ရကြပါတယ်။ တစ်နေ့တစ်နေ့ အလုပ်ခွင်မှာ ကြုံရတဲ့ စိန်ခေါ်မှုတွေနဲ့ နာကျင်မှုတွေအပြီးမှာ လိင်မှုကိစ္စဟာ အချစ်နဲ့ ဂရုစိုက်မှုတွေရဲ့ ပြယုဂ်ဖြစ်ပြီး သက်သာခြင်းနဲ့ ကိုယ့်ကို တစ်ယောက်ယောက်က အားပေးနေတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေပါတယ်။ အမျိုးသားတွေဟာ လိင်မှုကိစ္စပဲ တစ်ချိန်လုံးခေါင်းထဲရှိနေတာပဲလို့ အပြောခံကြရပေမဲ့ အမျိုးသားတွေဟာ ခန္ဓာကိုယ် တောင့်တမှုတစ်ခု လျော့သွားဖို့ထက် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်တစ်ခုကို ပိုလိုချင်ကြတာဖြစ်ပါတယ်။ လိင်မှုကိစ္စပြုလုပ်ခြင်းဟာ အမျိုးသားတွေအတွက် သူ့အဖော်သို့ သံယောဇဉ်တွယ်ငြိခြင်းနဲ့ သံယောဇဉ်နှောင်ကြိုး၊ ယုံကြည်မှုတို့ကို ဖန်တီးပေးနိုင်ပါတယ်။ သူ့ရဲ့ အဖော်အမျိုးသမီးကိုပဲ ဆန္ဒရှိနေခြင်းဟာ သူ့အမျိုးသမီးကို သံယောဇဉ်ရှိနေတယ်ဆိုတာ ပြောနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

  • လိင်မှုကိစ္စဆိုတာ အမျိုးသားတွေ ချစ်ပြတဲ့ နည်းလမ်းဖြစ်တယ်။
  • အဖော်အမျိုးသမီးဖြစ်သူ လိင်မှုကိစ္စမှာ စိတ်ပါဝင်စားလာတဲ့ အချိန်ဟာ အမျိုးသားတွေအတွက် လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု အရှိဆုံးအချိန်လို့ အမျိုးသားတွေ ခံယူထားကြပါတယ်။ အမျိုးသားတွေက သူတို့ကို လိင်မှုကိစ္စတစ်ခုပဲ လိုချင်တဲ့ တစ်ကိုယ်ကောင်းသမားတွေလို့ အပြောခံရတိုင်း သူတို့ ခေါင်းစားတတ်ကြပါတယ်။ ယောက်ျားလေးတွေရဲ့ စိတ်ထဲမှာ လိင်မှုကိစ္စတစ်ရပ်ကို လုပ်ဆောင်တိုင်း နှစ်ဦးနှစ်ဖက် ခန္ဓာကိုယ်သာယာမှုကို ခံစားရဖို့ မျှော်လင့်တတ်ကြပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေ ခံစားမှုကောင်းအောင်လုပ်ပေးဖို့ ဆန္ဒအမြဲတမ်းရှိပြီး သူ့ကို ချစ်သူကောင်းတစ်ယောက်ဖြစ်စေဖို့အတွက် အမျိုးသမီးတွေရဲ့ ခံစားလို့ကောင်းစေမယ့် နေရာ၊ ပုံစံတွေကို လိုက်လံမေးမြန်းတတ်ကြပါတယ်။

    အမျိုးသမီး အများစုက သူရဲ့ အဖော်အမျိုးသားနဲ့ ရုပ်ပိုင်းဆိုင်ရာရင်းနှီးမှုမတိုင်ခင် ခံစားချက်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို အရင်ရှိစေချင်ကြပေမဲ့ အမျိုးသားတွေအတွက်ကတော့ လိင်ပိုင်းဆိုင်ရာ ရင်းနှီးမှုဟာ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုအတွက် လိုအပ်တဲ့ အရာတစ်ခုလို့ ခံယူထားတတ်ကြပါတယ်။ နောက်ဆုံးအနေနဲ့ပြောနိုင်တာတစ်ခုကတော့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ဆန္ဒပြင်းပြမှုရှိခြင်းဟာ Relationship တစ်ခုအတွက်ကောင်းတဲ့အရာတစ်ခုဖြစ်ပြီး အချစ်တွေ တိုးစေနိုင်တဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement