ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ

တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ ..... အစားမတော် တစ်လုတ်၊အသွားမတော် တစ်လှမ်း ဆိုသလိုပဲလူငယ်တွေ သဘာဝ ပျော်ကြပါးကြရင်း အကဲမတော် တစ်သက် ဖြစ်ကြရတာတွေ၊ ဒုက္ခ ဖြစ်တာတွေ ရှိကြပါတယ်။ ခေတ်မီ ပွင့်လင်းလာတဲ့ ကနေ့ခေတ်ရဲ့ လူငယ်တွေကြားမှာ ဆိုရှယ်ကျကျ ပေါင်းသင်းဆက်ဆံရေးတွေ၊ အသောက်အစား ဖက်လာတာတွေအပြင် အပျော်အပါးကြောင့် မတော်တဆ အမှားအယွင်းတွေ ရှိလာတတ်ပါတယ်။ အရာရာ ပွင့်လင်းလာတဲ့ လူငယ်တချို့က ပျော်ပွဲရွှင်ပွဲတွေ၊ ပွဲအခမ်းအနားတွေမှာ ပျော်ကြပါးကြရင်း မထင်မှတ်တဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ အဲဒီ ပြဿနာတွေ မဖြစ်လာအောင် ဖြေရှင်းနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းရှိပါတယ်။ တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှာကိုကြောက်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ တစ်ခဏတာအတွက်နဲ့ တစ်ဘဝစာအတွက် ပေးဆပ်ရမှုကို ဖြစ်စေအောင် အများဆုံလုပ်မိတတ်တာက အရေးပေါ် သန္ဓေတားဆေး ပါ။ အရေးပေါ် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Oral sex အကြောင်း သိကောင်းစရာ အချက်များ

Oral sex အကြောင်း သိကောင်းစရာ အချက်များ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း (Oral sex) ဆိုတာ သင့်ရဲ့ ပါးစပ်နဲ့ လျှာကိုသုံးပြီးသင်အဖော်ဖြစ်သူရဲ့ လိင်အင်္ဂါနဲ့ စအို တစ်ဝိုက် ဧရိယာကိုလှုံ့ဆော်ကာ လိင်မှုခံစားချက်ကို တိုးမြှင့်ပေးတဲ့ လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ လူအမျိုးမျိုးကတော့ နည်းအမျိုးမျိုးနဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကို သူများအတွက်လည်း လုပ်ပေးချင်ကြပြီး သူတို့လည်းခံယူချင်ကြပါတယ်။ သင့်အဖော်မှာ လိင်အင်္ဂါတွေနဲ့ သင့်ပါးစပ်မှာ အနာမရှိဘူးဆိုရင် ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ HIV ကူးစက်ဖို့ အခွင့်အလမ်း နည်းပါးပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ Sexually transmitted infections (STIs) တွေဖြစ်တဲ့ ရေယုန်၊ ဆီးပူညောင်းကျရောဂါနဲ့ ဆစ်ဖလစ်ရောဂါတို့ကတော့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင်ပါးစပ်ဖြင့် လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးပဲဖြစ်ဖြစ်၊ ခံတွင်း အတားအဆီး […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်များ ကျွန်တော်တို့မြန်မာတွေဟာ ဘာသာရေးအဆုံးအမ အရရော၊ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေအရရော အင်မတန်မှ အရှက်အကြောက်ကြီးတဲ့သူတွေဖြစ်ပြီး လိင်မှုရေးရာနဲ့ ပတ်သက်လို့ လျှို့ဝှက်သိုသိပ်တတ်ကြပါတယ်။ မိဘက သားသမီးကို၊လူကြီးကလူငယ်ကို လိင်ပညာပေးလက်ဆင့်ကမ်းမှုတွေ လုံလုံလောက်လောက် မလုပ်ပေးနိုင်တာမို့ လူငယ်တွေဟာ ကာလသားကြီးတွေရဲ့အပြောနဲ့ တတ်ယောင်ကား လက်တည့်စမ်းတတ်ကြပါတယ်။ ဒီလို လက်တည့်စမ်းတဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်တဲ့ လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ၊ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ဝန်ရှိခြင်းများ စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွေနဲ့ ပတ်သက်ပြီး ဆယ်ကျော်သက်တွေကြားမှာ အယူအဆလွဲမှားနေတဲ့အချက်လေးတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ၁။ ပေပေတေတေ နေတတ်သူတွေ၊တွေ့ကရာလူနဲ့ အိပ်တတ်သူတွေမှာပဲ ဒီရောဂါတွေ ဖြစ်နိုင်တယ်။ မှားပါတယ်။ လူတိုင်းဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေကို ညီညီမျှမျှ ကူးစက်ခံရနိုင်ပါတယ်။ သင့်အနေနဲ့ ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံတာပဲဖြစ်ဖြစ်၊နည်းမှန်လမ်းမှန် မသုံးတာပဲဖြစ်ဖြစ် ဒီရောဂါတွေ ကူးစက်ခံရနိုင်ချေ ရှိနေပါတယ်။ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ

ချစ်တင်းနှောအပြီးမှာ ဆောင်ရန်၊ရှောင်ရန်များ ချစ်တင်းနှောခြင်းဆိုတဲ့ လိင်မှုကိစ္စဟာ လူအများစု မကင်းနိုင်တဲ့ အရာပါ။ ဘယ်အရာမဆို အဆုံးသတ်ကောင်းမှ အားလုံးကောင်းပါတယ်ဆိုတဲ့ သိုးဆောင်းစကားပုံလေးလည်း ရှိပါသေးတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှောပြီးတဲ့အချိန်မှာ သင်ရော၊သင့်အဖော်အနေနဲ့ပါ ဆောင်ရန်၊ရှောင်ရန် အချက်လေးတွေကို မျှဝေပေးသွားမှာပါ။ ၁။ ရေနဲ့ဆေးကြောသန့်စင်ပါ။ ဒီလိုပြောလို့ ကိစ္စပြီးတာနဲ့ အိပ်ရာထဲက ခုန်ထွက်ပြီး ရေချိုးခန်းထဲ ပြေးဝင်ဖို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ချစ်ကြည်နူးခဲ့တဲ့ အချိန်လေးတွေကို စားမြုံ့ပြန်ရင်း အိပ်ရာထဲမှာ သင့်ချစ်သူနဲ့ နှစ်ကိုယ့်တစိတ် နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး နေလို့ရပါသေးတယ်။ ပြီးရင်တော့ အမျိုးသားရော၊ အမျိုးသမီးပါ မိမိတို့ရဲ့ လိင်အင်္ဂါတွေကို ရေနွေးနွေးနဲ့ ပြောင်စင်အောင် ဆေးကြောသန့်စင်ပေးဖို့ လိုမှာပါ။ ဒီလို သန့်စင်ပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကဲ့သို့သော ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ဆန္ဒရှိရင် ဆပ်ပြာပျော့ပျော့လေးတွေကို သုံးစွဲနိုင်တယ်ဆိုပေမယ့် ထိရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက်တော့ အဆင်ပြေမှာ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

အဖြစ်များတဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (၁၄) မျိုးအကြောင်း သိကောင်းစရာ

လိင်မှ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ဆိုတာ လိင်မှုကိစ္စလုပ်နေတဲ့ သူတိုင်း၊ လိင်မှု ကိစ္စလုပ်ဆောင်ဖို့ စဉ်းစားနေတဲ့ လူတိုင်း သိသင့်တဲ့ ရောဂါတွေပါ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံလို နိုင်ငံမှာ ဒီရောဂါတွေ ဖြစ်ပွားလာရင် လူအများက ကုသဖို့ ရှက်ကြောက်တတ်ကြပါတယ်။ ဒါ့အပြင် STD တချို့က ဆေးဝါးနဲ့ လုံးဝပျောက်ကင်းအောင်ကုသလို့မရပါဘူး။ ဒါ့ကြောင့် ရောဂါတွေကို သေချာသိရှိပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပြီးမှ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်သင့်ပါတယ်။ ဒီလို အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှု ပြုလုပ်နိုင်ဖို့အတွက် Hello sayarwon ပရိတ်သတ်ကြီးအတွက် အတွေ့ရများတဲ့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) ၁၄ မျိုးအကြောင်းဖော်ပြပေးလိုက်ပါတယ်။ ၁။ လိင်အင်္ဂါ အသားပို (HPV) လိင်အင်္ဂါ အသားပို ကိုဖြစ်စေတဲ့ Human […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးနောက် ဆောင်ရန်၊ရှောင်ရန် အချက် (၁၁) ချက်

လိင်မှုကိစ္စဆိုတာ တခြားကိုယ်လက်လှုပ်ရှားမှု ကိစ္စတွေထက် ရောဂါ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒါ့ကြောင့် လိင်မဆက်ဆံခင်ကတည်းက သင့်အနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါ (STD) တွေနဲ့ သန္ဓေတားဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်သလို လိင်ဆက်ဆံအပြီးမှာလည်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်ဆက်ဆံပြီးနောက် လုပ်သင့်တဲ့ အရာတွေနဲ့ ရှောင်သင့်တဲ့ အရာ (၁၁) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဆေးကြောပါ။ လိင်ဆက်ဆံပြီးတာနဲ့ ချက်ခြင်း ရေချိုးခန်းကို သွားပြီး ဆေးကြောစရာတော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံပြီးနောက် လိင်အင်္ဂါတွေကို ဆေးကြောပေးခြင်းဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (UTIs) တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုဆေးကြောတဲ့ အခါမှာလည်း လိင်အင်္ဂါနားတစ်ဝိုက် (အတွင်းကို မဟုတ်ပါ) နေရာတွေကို ရေနဲ့ ဆေးကြောပေးလို့ရပါတယ်။ ဆပ်ပြာ အပျော့စားလေးတွေကိုလည်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံပြီးနောက် သွေးထွက် တာက သဘာဝပဲလား

ဝ.၇ မှ ၉ ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ လိင်ဆက်ဆံပြီးရင် သွေးထွက် တတ်ကြပြီး အဓိကအားဖြင့် အပျိုမြှေးမှ သွေးထွက်တာ ဖြစ်ပါတယ်။ လိင်ဆက်ဆံပြီး သွေးထွက်ခြင်းဟာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး အမျိုးသမီးတစ်ယောက်က ဓမ္မတာ လာနေဆဲဖြစ်သလားဆိုတဲ့ အပေါ်လည်း မူတည်ပါသေးတယ်။ တကယ်လို့ လိင်ဆက်ဆံပြီး အမျိုးသမီး မွေးလမ်းကြောင်းမှ သွေးထွက်ခြင်းက ဓမ္မတာလာခြင်းနဲ့ ပတ်သတ်နေမယ်ဆိုရင် ဒီလို သွေးထွက်ခြင်းကို လိင်ဆက်ဆံပြီး သွေးထွက်ခြင်းလို့ မသတ်မှတ်ပါဘူး။ လိင်မှုကိစ္စ လုပ်တဲ့ ဘယ်သူမဆို လိင်ဆက်ဆံပြီး သွေးထွက်နိုင်ပါတယ်။ လိင်ဆက်ဆံပြီးနောက် သွေးထွက် ရခြင်း အကြောင်းရင်းများ။ လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်းရဲ့ အကြောင်းရင်းများကတော့ ဒဏ်ရာ။ လိင်ဆက်ဆံချိန်မှာ ပွတ်တိုက်ခြင်းကြောင့် အထိအခိုက်လွယ်တဲ့ လိင်အင်္ဂါ တစ်ရှူးတွေကို ပွန်းပဲ့ဒဏ်ရာများ ဖြစ်စေနိုင်ပါတယ်။ ကလေးမွေးဖွားတဲ့အခါမှာလည်း မွေးလမ်းကြောင်းတွေ ပိုချဲ့ကားရပြီး ဒဏ်ရာများကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် […]


သားဆက်ခြားခြင်း

ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ

ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ  ....... သန္ဓေတားဖို့အတွက် အမျိုးသားတွေ အတွက်ရော၊ အမျိုးသမီးတွေ အတွက်ရော နည်းလမ်း အများအပြားရှိပါတယ်။ အဲ့ဒီထဲက တစ်ခုကတော့ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်း တစ်ခုဖြစ်တဲ့ ဆေးတောင့်တွေ ဖြစ်ပါတယ်။ ဒီ သန္ဓေတားဆေးတွေကိုတော့ သောက်သုံးရတာ ဖြစ်ပြီး မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင်တော့ ၉၉.၉ ရာခိုင်နှုန်း အထိ ထိရောက်မှု ရှိပါတယ်။ ဒါပေမဲ့ ဒီ သန္ဓေတားဆေးတွေ ဟာ လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါ (STD) တွေကို ကာကွယ်လိုတယ်ဆိုရင်တော့ အမျိုးသားသုံး ကွန်ဒုံးတွေကို အသုံးပြုသင့်ပါတယ်။ ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း သိကောင်းစရာ ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေးများ အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ ဟော်မုန်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား

လိင်ကိစ္စ က သင့်ကျန်းမာရေးအတွက် ကောင်းသလား ဆိုးသလား လိင်ကိစ္စ ဆိုတာ တကယ်တော့ ကျေနပ်သာယာမှူကိုပေးစွမ်းနိုင်ရုံသာမက.....အန္တရာယ်ကင်းတဲ့ sex ဆိုရင် သင့်ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးပေးတယ်ဆိုရင် အံ့သြသွားမလား.... အောက်မှာ ဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးအတွက် sex က ဘယ်နည်းဘယ်ပုံအကျိုးပြုတယ်ဆိုတာပါပဲ.... (1) ကိုယ်ခံအားကို တိုးတက်ကောင်းမွန်စေတယ် လိင်ကိစ္စ ဆောင်ရွက်သူတွေဟာ မဆောင်ရွက်သူတွေထက် ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးမွှားတွေကို ခုခံနိုင်စွမ်းအရမ်းနည်းပါတယ်...ရောဂါပိုးဝင်လာရင် တိုက်ခိုက်နိုင်တဲ့ ပဍိပစ္စည်း ထုတ်လုပ်နိုင်စွမ်းလည်း နည်းတယ်လို့် သုတေသနတွေက ဆိုပါတယ်..... (2) အမျိုးသမီး တွေမှာ ဆီးမထိန်းနိုင်တာကို လျော့ကျစေတယ် တင်ပဆုံကြွက်သားတွေ သန်မာခြင်းက သင့်ကို.... ဆီးမထိန်းနိုင်ခြင်းကနေ တားဆီးပေးနိုင်မှာဖြစ်ပါတယ်... လိင်ဆက်ဆံခြင်းဟာ သင့်တင်ပဆုံကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးနေတာနဲ့ အတူတူပါပဲ... (3) သွေးပေါင်/သွေးဖိအားကိုကျစေတယ် သုတေသနတွေက ဖော်ပြထားတာကတော့... လိင်ဆက်ဆံခြင်းနဲ့ သွေးကြောတွင်းဖိအားကျတာဟာ ဆက်စပ်မှူ ရှိတယ် ဆိုတာပါပဲ.... အထူးသဖြင့် အပေါ်သွေးလို့ အလွယ်ခေါ်ကြတဲ့ systolic […]


သားဆက်ခြားခြင်း

ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသန္ဓေတားနည်းက အကောင်းဆုံးလဲ။

ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသန္ဓေတားနည်းက အကောင်းဆုံးလဲ။ ခေတ်ကြီးက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှုကိစ္စတွေကို လုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှုကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစုကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေး (EC ) တို့ကိုသာ သုံးစွဲကြပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အများစုက ဒီလို အသုံးများတဲ့ သန္ဓေတားနည်းတွေကို အချိန်တိုင်းသုံးလေ့ မရှိတဲ့အပြင် မှန်မှန်ကန်ကန်လည်း မသုံးစွဲတတ်ကြတဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ ကျွန်တော် အခု ဒီဆောင်းပါးလေးထဲမှာတော့ ဆယ်ကျော်သက်လူငယ်တွေ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်တာဝန်ကို အချိန်မတန်ဘဲ မထမ်းကြရစေဖို့ ဘယ်လို သန္ဓေတားနည်းတွေက အကောင်းဆုံးလည်း ဆိုတာကို Hello ဆရာဝန်ပရိတ်သတ်ကြီး အတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသန္ဓေတားနည်းက အကောင်းဆုံးလဲ။ ဆယ်ကျော်သက်လူငယ်တွေအတွက် ဘယ်လိုသန္ဓေတားနည်းက အကောင်းဆုံးလဲ။ ဆိုတာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း