ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကလေးမွေးပြီး လိင်ဆက်ဆံရန် အထောက်အကူပြုနည်းလမ်းများ

အမျိုးသမီးတွေဟာ ကလေးမွေးဖွားသန့်စင်ပြီးနောက် ကာလအတော်ကြာတဲ့အထိ လိင်ဆက်ဆံဖို့ကို ကြောက်ရွံ့ နေတတ်ကြပါတယ်။ လိင်စိတ်ဟာလည်း ကုန်ခမ်းနေတတ်ကြပါတယ်။ ဒါဟာအကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရိုးရိုးမွေးသည်ဖြစ်စေ၊ ဗိုက်ခွဲမွေးသည်ဖြစ်စေ၊ ကျန်ခဲ့တဲ့ဒဏ်ရာတွေကြောင့် နာကျင်မှုကို ပိုကြောက်တတ်ကြတာဖြစ်နိုင်ပါတယ်။ မွေးကင်းစကလေးကို ထိန်းကျောင်းရတဲ့ ညတွေ မှာ အိပ်ရေးပျက်ရတာကြောင့်လည်းဖြစ်နိုင်သလို နို့တိုက်တဲ့အခါမှာ ဟော်မုန်းအပြောင်းအလဲဖြစ်ပွားမှု ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကလေးမွေးပြီး လိင်ဆက်ဆံရန် အထောက်အကူပြုနည်းလမ်းများ မွေးကင်းစကလေးရဲ့ အညစ်အကြေး၊ အနံ့အသက်နဲ့ မိန်းမကိုယ်က သွေးဆင်းတဲ့အနံ့အသက်တွေကြောင့် စိတ်မပါတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်နေရာကနေ လိင်ပြန် ဆက်ဆံတဲ့အခါ အခက်အခဲတွေ အများကြီးကြုံတွေ့ရနိုင်ပါတယ်။ အောက်ဖော်ပြပါနည်းလမ်းတွေ ကတော့ ကလေးလေးတစ်ယောက်ကို မွေးဖွားအပြီးမှာ သင်နဲ့သင့်အိမ်ထောင်ဖက် ပြန်လည်ချစ်ခင် ပေါင်းစည်းပေးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေပါ။ မီးစိမ်းရောက်အောင်စောင့်ပါ ။    ။ ဆိုလိုရင်းကတော့ သင် ဆရာဝန်ထံကနေ ခွင့်ပြုချက်တောင်းပါ။ အနည်းငယ်တော့ နားရှုပ်သွားပါလိမ့်မယ်။ ဒါဟာဘာကို ပြောချင်တာလဲဆိုရင် ရိုးရိုးမွေးသည်ဖြစ်စေ၊ […]


သားဆက်ခြားခြင်း

ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ

ခုခေတ်ဟာ ပွင့်လင်းပြီးလွတ်လပ်လာတာနဲ့အညီ လက်မထပ်ခင်အတူနေကြတဲ့ ယဉ်ကျေးမှုဟာလည်း ပိုပြီးထွန်းကားလာနေပါတယ်။ ဒီလိုအတူနေတာကို အရှေ့တိုင်းယဉ်ကျေးမှုအရ လက်မခံလိုသူတွေရှိသလို လက်ခံသူတွေလဲ အများကြီးရှိလာနေပါတယ်။ အတူနေခြင်း မနေခြင်းဟာ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ သူနှစ်ဦးအဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုလဲ မပြုလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားတိုင်ပင်ဆွေးနွေးထားကြဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ မလိုချင်သေးဘဲ ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ နဲ့ ကူးစက်ရောဂါမရဖို့ပါပဲ။ အတူအရင်နေလိုက်မယ်၊ ပြီးတော့မှ အရေးပေါ်ဆေးတိုက်လိုက်မယ်ဆိုတာ ပြည့်စုံမှန်ကန်တဲ့ တာဝန်ယူမှုမဟုတ်ပါဘူး။ အဲဒီအစား သင့်တော်မှန်ကန်တဲ့ သားဆက်ခြားနည်းတွေဟာ ဘာတွေရှိပြီး ကိုယ်နဲ့ ဘာတွေက ကိုက်ညီတယ်ဆိုတာကို အမျိုးသားရော အမျိုးသမီးကပါ သိရှိပြီး လိုက်နာကြတာ အများကြီးပိုအကျိူးရှိပါတယ်။ ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ စနစ်တကျကိုယ်ဝန်တားနည်းကို မသိလို့ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတဲ့အခါ ပိုးဝင်ပြီး သွေးဆိပ်တက်တာ၊ ခွဲစိတ်ခန်းဝင်ရတာအပြင် သေဆုံးတာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက လက်ထပ်လိုစိတ်မရှိတဲ့ အမျိူးသားကို အချုပ်နှောင်တစ်ခုဖြစ်စေဖို့ တစ်ဖက်သတ်ကိုယ်ဝန်ယူခြင်းဟာလည်း ဆိုးကျိုးတွေကိုသာဖြစ်စေပါတယ်။ ဒါကြောင့် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ခြင်း

လိင်မှတဆင့်ကူးစက်တတ်သောရောဂါဆိုတာဟာ လူအချင်းချင်းလိင်ဆက်ဆံရာကနေ ရောဂါပိုး ကူးစက်ခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ ထိတွေ့ကိုင်တွယ်ခြင်းလည်း အကျုံးဝင်ပါတယ်။ အရေပြားပေါ် ထိတွေ့ခြင်းကနေလည်း ကူးစက်နိုင်လို့ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေဟာ ကာကွယ်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် နှစ်စဉ် သန်းနဲ့ချီပြီး ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လူတိုင်းဟာ မိမိတို့လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုပြုကြရင် ရောဂါဖြစ်ပွားခြင်းကို ကာကွယ်နိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်တဲ့ရောဂါကို ကာကွယ်ဖို့ဆိုရင် အကောင်းဆုံးက ရောဂါပိုးရှိမယ်ထင်ရသူနဲ့ လိင်ဆက်ဆံထိတွေ့ခြင်းကနေ ရှောင်ရှားနိုင်ဖို့ပါပဲ။ ဒါဟာလည်း ပြောရခက်ပါတယ်။ လက်တွေ့မှာ ရောဂါပိုး ရှိမရှိ အပ်ကျမတ်ကျမပြောနိုင်တဲ့ အခြေအနေမှာ တခြားကာကွယ်စရာ နည်းလမ်းတွေ ထပ်မံကျင့်သုံးရပါမယ်။ လိင်ဆက်ဆံမှုမတိုင်မီ ကာကွယ်ခြင်း ထိရောက်မှုရှိတဲ့ ကာကွယ်ခြင်းဟာ လိင်ဆက်ဆံမှုမတိုင်ခင်ကတည်းက စတင်ပါတယ်။ လိင်ဆက်ဆံခြင်းမတိုင်ခင် အောက်ပါအချက်တွေလုပ်ဆောင်ပြီး ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ - တတ်နိုင်သလောက် လိင်ဆက်ဆံသည့် အဖော်အရေအတွက် လျှော့ချခြင်း - မိမိဆက်ဆံမည့်အဖော်ကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်စိတ်ဆန္ဒနည်းပါးခြင်း အကြောင်းအရင်းများ

လိင်စိတ်နည်းပါးခြင်း၊ လိင်မှုကိစ္စကို စိတ်မဝင်စားခြင်းဟာ တစ်ကြိမ်မဟုတ်တစ်ကြိမ် ကြုံတွေ့နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။ မိမိအဖော်နဲ့ စိတ်ဆန္ဒမကိုက်ညီခြင်း၊ စိတ်အားထက်သန်ပုံ မတူညီခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ စိတ်ဆန္ဒမပါခြင်းဟာ တစ်ခါတစ်ရံမှသာဆိုရင် ပြဿနာမရှိပေမယ့် ရေရှည်မှာဆိုရင် ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ အမျိုးသားတွေမှာ လိင်စိတ်ဆန္ဒနည်းပါးလာရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ တက်စတိုစထရုန်းနည်းပါးခြင်း တက်စတိုစထရုန်းဟာ အမျိုးသားဟော်မုန်းဖြစ်ပြီး ဝှေးစေ့ကနေ ထုတ်လုပ်ပါတယ်။ အမျိုးသားများ ကြွက်သားနဲ့ အရိုးများဖွဲ့စည်း ဖြစ်ပေါ်ရေးအတွက် အဓိကကျပါတယ်။ သုက်ပိုးများ ထုတ်လုပ်နိုင်ဖို့ လှုံ့ဆော်ပေးပါတယ်။ တက်စတိုစထရုန်းပမာဏဟာ အပြောင်းအလဲ အတက်အကျရှိပေမယ့် 300 ng/dl ထက် နည်းနေမယ်ဆိုရင် တက်စတိုစထရုန်း ပမာဏ နည်းတယ်လို့ သတ်မှတ်ပါတယ်။ တက်စတိုစထရုန်း နည်းပါးသွားတဲ့ အမျိုးသားများဟာ လိင်စိတ်ဆန္ဒကျဆင်းသွားတတ်ပါတယ်။ ဆေးဝါးများ ဆေးဝါးတချို့ဟာ တက်စတိုစထရုန်းပမာဏကို ကျဆင်းစေနိုင်ပါတယ်။ အဲဒီအခါ လိင်စိတ်ပါ ကျဆင်းသွားတတ်ပါတယ်။ ဥပမာ သွေးကျဆေးတွေဖြစ်တဲ့ ACEI […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ပိုမို စိုပြည်ကောင်းမွန်သော လိင်မှုဘဝသို့

ကြင်ဖော်စုံတွဲတွေအနေနဲ့ လိင်ကိစ္စမှာ အပြောင်းအလဲမရှိဘဲ ထပ်တလဲလဲနဲ့ ရိုးအီလာရင် ငါတို့ပဲ ဖြစ်နေသလားဆိုပြီး ထင်တတ်ကြပါတယ်။ တကယ်တော့ စုံတွဲတိုင်း တစ်ချိန်ချိန်မှာ ကြုံတွေ့တတ်တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ချစ်သက်ကြာလာရင် ပြောနေတဲ့ စကားတွေပါ ခြောက်သွေ့လာသလို ရှိပါတယ်။ ရင်းနှီးပွင့်လင်းခြင်းဟာ လိင်စိတ်ဆန္ဒ စေ့ဆော်ခြင်းကို အသုံးသတ်စေတယ်လို့ သုတေသီတစ်ဦးက ပြောဖူးပါတယ်။ တစ်ဦးအပေါ်တစ်ဦး အတွင်းကျကျသိမြင်လာချိန်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ လျော့နည်းသွားကြတယ်လို့ ဆိုပါတယ်။ အခု ဆက်လက်ဖော်ပြမှာကတော့ လိင်မှုကိစ္စမှာ စိတ်အားထက်သန်မှုလျော့နေရင် ဘယ်လိုပြန်လည် စေ့ဆော်သင့်သလဲ ဆိုတာတွေပါပဲ။ ၁။ သင့်ကိုယ်ခန္ဓာရဲ့ စွမ်းအင်တွေကို နည်းလမ်းအသစ်နဲ့ ဖွင့်ထုတ်ပါ အဲလိဆန်မွန်းလို့ အမည်ရတဲ့ သုတေသီဟာ ကခုန်ဖို့၊ ယောဂလေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုပါတယ်။ တစ်နည်းအားဖြင့် မိမိကိုယ်ခန္ဓာကို သန်မာအောင်၊ ပျော့ပြောင်းအောင် လေ့ကျင့်ခြင်းအပြင် အပြောင်းအလဲလုပ်ရာလည်း ရောက်ပါတယ်။ မိမိအဖော်အတွက်လည်း ပိုမိုဆွဲဆောင်ရာ ရောက်ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ

ကိုယ်ခံအား ကောင်းရင် ကို ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်ဆိုတာတွေလည်း ကြားဖူးတယ်မလား။ ဒါဆိုရင် အလွယ်ဆုံးနည်းလမ်းတစ်ခုရှိတယ်။ အိမ်မှာနေနေရတဲ့ အိမ်ထောင်သည်တွေတော့ အရမ်းသဘောကျကြမှာပဲ။ ဒါကတော့ ခေါင်းစဉ်လေးထဲကအတိုင်း ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ကိုယ်ခံအား ကောင်းချင်ရင် လိင်ဆက်ဆံပါ။ ဒီလိုပြောရတာက ၁။ လိင်ဆက်ဆံခြင်းက ကိုယ်ခံအား စနစ်ကို ကောင်းစေတယ် ဒါက နောက်တာမဟုတ်ပါဘူး။ တမင်ဖတ်ကောင်းအောင်ရေးတာလည်းမဟုတ်ဘူး။ “လိင်ပိုင်းဆိုင်ရာ တက်ကြွသူတွေက ဖျားနာခွင့်ယူတာ နည်းတယ်” လို့ လိင်ကျန်းမာရေးဆိုင်ရာ လေ့လာချက်တွေမှာဆိုထားပါတယ်။ လိင်ဆက်ဆံမှု များတဲ့သူတွေမှာ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ် ဘက်တီးရီးယားနဲ့ တခြားပိုးမွှားတွေရန်ကနေ ကာကွယ်နိုင်တဲ့ ကိုယ်ခံအားပိုကောင်းတယ်လို့ဆိုပါတယ်။ အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံတဲ့သူတွေဟာ အဲဒီထက် အကြိမ်ရေနည်းနည်း ဆက်ဆံသူတွေထက် ရောဂါကာကွယ်တဲ့ ပဋိပစ္စည်း (antibody) တွေပိုရှိနေတယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ

ယောကျ်ားလေးနဲ့ မိန်းကလေးအတူ လိင်ဆက်ဆံပြီးတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဘာတွေလုပ်သင့်လဲ ဆိုတာသိပါသလား။ စိတ်ဆန္ဒ ပြင်းပြလို့ အတူနေပြီးရင် နောက်ဆက်တွဲ ဂရုစိုက်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားမှာမို့ လေ့လာကြည့်ပါအုံး။ လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ က ဘာတွေများ ဖြစ်မလဲ။ လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ လိင်ဆက်ဆံပြီးတိုင်း လုပ်ရမှာလေးတွေ ကတော့ ၁. ဆီးသွားလိုက်ပါ လိင်ဆက်ဆံချိန်မှာ ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းထဲ ဝင်ရောက်သွားနိုင်ပါတယ်။ ဆီးမသွားဘဲ ထားလိုက်မယ်ဆို ပိုးတွေပိုပွားလာပြီး ဆီးလမ်းကြောင်းထဲအထိ ပိုးဝင်သွားနိုင်တဲ့အတွက် ဆန္ဒပြီးမြောက်သွားရင် ဆီးသွားသင့်ပါတယ်။ ဆီးသွားလိုက်တာကြောင့် ဆီးလမ်းကြောင်းထဲက ပိုးတွေကို စွန့်ထုတ်ပစ်လိုက်သလို ဖြစ်သွားစေမှာပါ။ မိန်းကလေးတွေဆိုရင်တော့ ဆီးသွားပြီးရေပြန်သုတ်ရင် အရှေ့(မိန်းမကိုယ်) ကနေ အနောက်ဖက် (စအို) ကိုသုတ်ပါ။ ဒါမှ ပိုးတွေမပျံ့မှာဖြစ်ပါတယ်။ ၂. ရေသေချာဆေးပါ လိင်ဆက်ဆံပြီးတာနဲ့ ရေတန်းချိုးဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါတွေကိုတော့ ဆက်ဆံပြီးတိုင်း သေချာဆေးကြောပေးရပါမယ်။ ဒီလို […]


သားဆက်ခြားခြင်း

နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း

နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း တွေက ဘာတွေ ဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ နို့တိုက်နေတာက အကောင်းဆုံး သားဆက်ခြားနည်း လို့ပြောကြပါတယ်။ ဒါကို အမေတိုင်းသိကြပါတယ်။ ဒါက မှန်သင့်သလောက်ပဲ မှန်ပါတယ်။ နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း နို့တိုက်ရင် ကလေးမရဘူးဆိုတာက အမေက ကလေးကို နို့ချည်းပဲ တိုက်နေမှပါ။ ဒါကလည်း မွေးပြီး၆လအထိပဲ အဆင်ပြေပါတယ်။ အောင်အောင်မြင်မြင် သားဆက်ခြား နိုင်ဖို့အတွက် နေ့ဘက်မှာ ၄နာရီခြား၊ ညဘက်မှာ ၆နာရီခြား တိုက်ရပါမယ်။ မိခင်နို့ကလွဲပြီး တခြားဘာမှမတိုက်ရပါဘူး။ နို့တိုက်နေတုန်းမှာ မျိုးဥကြွေတယ်။ ကိုယ်ဝန်မရဘူးဆိုရင် ၂ပတ်လောက်ကြာတဲ့အခါ ရာသီလာပါတယ်။ ရာသီလာမှ မျိုးဥကြွေတာကို ပြန်ပြောင်းသိရတာ ဖြစ်တဲ့အတွက် ဒီအချိန်အတွင်းမှာ အတူနေမိရင် ကိုယ်ဝန်ရနိုင်ပါတယ်။  ဘယ်လမှာပဲ ဖြစ်ဖြစ် နို့တိုက်ရင်း ရာသီပြန်လာပြီဆိုရင် တခြားသားဆက်ခြားတဲ့ နည်းလမ်းတစ်ခုခုကို သုံးရတော့မှာပါ။ အများစုကတော့ ၆လကျော်မှ သားဆက်ခြား […]


HIV နှင့် AIDS ရောဂါ

HIV ပိုးရှိသူများ ဘဝကိုအကောင်းဆုံးဖြစ်အောင် နေထိုင်နည်း

ဒီဘက်ခေတ် ၂၁ ရာစုမှာတော့ HIV ပိုးရှိခြင်းဟာ သိပ်ပြီး ကြောက်စရာကောင်းတဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း လူဆိုတာက ရာနှုန်းပြည့်ကျန်းမာတာမျိုးပဲ လိုချင်ကြတာလေ၊ ဘယ်သူကတော့ ဒီလိုရောဂါပိုးမျိုး လိုချင်ကြပါ့မလဲ။ အထူးသဖြင့် HIV လိုမျိုး လူ့ပတ်ဝန်းကျင်က နှာခေါင်းရှုံ့ကဲ့ရဲ့ဝေဖန်ကြမယ့် ရောဂါပိုးဆိုရင်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့်လည်း ကံအကြောင်းမလှလို့ ကိုယ့်မှာရောဂါပိုးရှိလာတဲ့အခါ ဘဝကို အကောင်းဆုံး ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ သေချာဖတ်ကြည့်ပြီး စိတ်ခွန်အားတစ်စုံတစ်ရာ ရနိုင်မယ်ဆိုရင် စာရေးသူ တော်တော်ဝမ်းသာပီတိဖြစ်မိမှာပါ။ HIV ဟာ ဘဝအဆုံးသတ်မဟုတ်ဘူးဆိုတာကို သိထားပါ။ HIV ပိုးကူးစက်ခံရတာနဲ့ အသက်သေဆုံးရတော့မယ်၊ ဘယ်လိုမှ ကုလို့လည်း မရတော့ဘူးဆိုတာ အရင်ခေတ်တွေမှာ ကျန်ခဲ့ပါပြီ။ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးမပေါ်သေးတဲ့တိုင်အောင် ရောဂါပိုးကို ဆက်မပြန့်ပွားအောင် ထိန်းချုပ်ပေးနိုင်မယ့် ART ဆေး (Anti […]


HIV နှင့် AIDS ရောဂါ

HIV ပိုးရှိနေတဲ့ မိသားစုဝင်ကို ဘယ်လိုအားပေးကူညီမလဲ

HIV ဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ရောဂါပိုးရှိသူ မိဘထံမှ သန္ဓေသားဆီသို့၊ ရောဂါပိုးရှိတဲ့သွေး သွင်းမိခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ကူးစက်နိုင်ပါတယ်။ HIV ကို လက်ရှိအချိန်ထိ အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးတဲ့တိုင်အောင် ရောဂါပိုးဆက်မပြန့်ပွားအောင် ထိန်းချုပ်နိုင်တဲ့ ဆေးတွေထွက်ပေါ်လာပြီဆိုတော့ အရင်ကလောက်တော့ ကြောက်ဖို့ ကောင်းလောက်မှာမဟုတ်ပါဘူူး။ ဒါပေမယ့်လည်း ဘယ်သူကတော့ ဒီလိုရောဂါပိုး ကူးစက်ခံရတာမျိုး ဖြစ်ချင်ပါ့မလဲ။ ကိုယ့်မှာ ရောဂါပိုးရှိတယ်ဆိုတာ သိရင်လည်း စိတ်အခြေအနေ အကောင်းအတိုင်း ဖြစ်နေတဲ့သူဆိုတာလည်း တော်တော်ရှားမှာပါ။ HIV ဝေဒနာရှင်ရဲ့ စိတ်ခံစားချက် တခြားရောဂါတွေလိုမဟုတ်ဘဲ HIV ပိုး ရှိတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေဟာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့အထိ သက်ရောက်မှု ပြင်းထန်ပါတယ်။ ကာယကံရှင်အနေနဲ့ ဒီသတင်းကို ကြားကြားချင်းမှာ မယုံနိုင်အောင် ထိတ်လန့်မယ်၊ သူ့ရဲ့ ချစ်သူ၊ မိဘ၊ မိသားစုဝင်တွေ၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း