၃။ Methamphetamine
Crystal သို့မဟုတ် ရေခဲ (Ice) အဖြစ် သိထားပြီး ဒီလိုလိင်ဆက်ဆံနေကျသူတွေ အသုံးအများဆုံးဆေးဖြစ်ပါတယ်။ သုံးစွဲသူတွေကို စိတ်အာရုံလန်းဆန်းစေပြီး ခွန်အားတက်ကြွစေတယ်။ ဆေးသုံးလိုက်တဲ့အခါ လူကို လေဟာနယ်ထဲ လွင့်မျောသွားစေပြီး စိတ်ကိုပေါ့ပါးလွတ်လပ်စေတယ်။
ဒီလို လိင်စိတ်ကြွစေတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုပြီး လိင်ဆက်ဆံလေ့ရှိကြတဲ့သူတွေမှာ အထက်မှာ ပြောခဲ့တဲ့ ဆေးအနည်းဆုံး တစ်မျိုးစီ သုံးပြီးမှ ဆက်ဆံတတ်ကြတယ်လို့ ဆိုထားပါတယ်။
ဒီဆေးတွေကို မူးယစ်ဆေးဝါးလို့ သတ်မှတ်လို့ရလား။
ဒီဆေးတွေကို မီးရှို့ပြီး ထွက်လာတဲ့အငွေ့တွေကို ရှူရှိုက်တာ၊ ဆေးထိုးအပ်ဖြင့် အကြောထဲ ထိုးသွင်းပြီး အသုံးပြုလေ့ရှိပါတယ်။ လိင်စိတ်ကို အလွန်အမင်းတက်ကြွစေပြီး စွဲလမ်းသွားစေတယ်။ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား၊ ထိန်းချုပ်နိုင်စွမ်းတွေကို လျော့နည်းစေတဲ့အတွက် မူးယစ်ဆေးဝါးလို့ ယူဆလို့လည်း ရပါတယ်။
တခြားသော မူးယစ်ဆေးဝါးတွေနဲ့ ကွာတဲ့အချက်ကတော့ ဆေးသုံးပြီးမှ အကြောင်းရင်းမရှိဘဲ လိင်ဆက်ဆံတာမျိုး မဟုတ်ဘဲ လိင်ဆက်ဆံလိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းကြောင့် ဒီဆေးတွေကို အသုံးပြုတာဖြစ်ပါတယ်။ လိုတာထက် ပိုပြီး အသုံးပြုမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်တဲ့အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။