သွေးဆင်းစေနိုင်တယ်
အရေးပေါ်သန္ဓေတားသောက်ဆေးက ဟော်မုန်းပါတာကြောင့် ဆေးသောက်ပြီးချိန်ကနေ ၂ ရက် ၃ ရက်လောက်အထိ သွေးဆင်းတာမျိုးဖြစ်စေနိုင်ပါတယ်။ တကယ်လို့များသွေးက ၃ ရက်ကျော်တဲ့အထိ ဆက်ဆင်းနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာ အဆင်ပြေမှာပါ။
အချို့အမျိုးသမီးတွေမှာ အရေးပေါ်သန္ဓေတားဆေးသောက်တဲ့အခါ မအီမသာဖြစ်တာမျိုးတွေ။ ခေါင်းကိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင် အော့အန်တာ၊ ရေဓာတ်ဆုံးရှုံးတာတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ၂ ရက်ကြာတဲ့အထိ မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။
ဗိုက်အောင့်စေတယ်။ ခြေကုန်လက်ပမ်းကျစေတယ်
ဗိုက်အောင့်တာက အရေးပေါ်သန္ဓေတားဆေးသောက်ပြီးချိန်မှာ လေဒီတော်တော်များများမှာ ခံစားရတတ်တဲ့ လက္ခဏာတစ်ရပ်ပါ။ ဗိုက်ထဲကအောင့်နေတာပါ။ ရေဓာတ်နည်းတာကြောင့် ဝမ်းချုပ်တာမျိုးလည်းခံစားရနိုင်ပါတယ်။ ကိုယ်တွင်းမှာ ရေဓာတ်နည်းတာကြောင့် ခြေကုန်လက်ပမ်းကျတာမျိုးလည်းရှိနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေ ခံစားရမှုနဲ့အတူ နာကျင်မှုကပိုဆိုးလာမယ်။ အစားစားချင်စိတ်မရှိဖြစ်မယ်ဆိုခဲ့ရင်တော့ ဆေးကုသမှုခံယူဖို့ လိုပါပြီ။
ရာသီသွေးအပေါ်သက်ရောက်တာမျိုးဖြစ်နိုင်တယ်
အရေးပေါ်သန္ဓေတားဆေးသောက်တဲ့အခါ ရာသီသွေးစောဆင်းတာမျိုးရှိနိုင်သလို ရာသီသွေးမဆင်းတာမျိုး၊ ရာသီလာချိန်မှာ အရမ်းနာကျင်ကိုက်ခဲတာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ရာသီသွေးက တစ်ပတ်ထက်နောက်ကျနေမယ်ဆိုရင်တော့ စစ်ဆေးမှုလုပ်ကြည့်ပါ။
အခြားဆေးတွေနဲ့ တွဲသောက်မိတဲ့အခါ အာနိသင် လျော့ကျနိုင်တယ်
အရေးပေါ် သန္ဓေတားသောက်ဆေးကို အတက်ရောဂါအတွက်သောက်ရတဲ့ဆေး၊ တီဘီရောဂါသောက်ဆေး၊ မှိုပိုးကူးစက်ခံရတာသက်သာစေဖို့ သောက်ရတဲ့ဆေးတွေနဲ့ တွဲသောက်မိတဲ့အခါ တားဆေးအာနိသင် လျော့သွားတတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။