home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု

ကွန်ဒုံးဟာကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုကာကွယ်ဖို့အတွက် အသုံးပြုတဲ့ အဟန့်အတားတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးတွေဟာထိရောက်မှုရှိပြီး ဈေးသက်သာတဲ့အတွက် အများအပြားအသုံးပြုကြပါတယ်။ သို့သော်လည်း သုတေသနတွေကအမျိုးသားအမြောက်အများဟာ ကွန်ဒုံးသုံးတဲ့အခါ အခက်အခဲတွေ့ရတဲ့အတွက် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါများရရှိမှုတို့ကို ကြုံတွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွန်ဒုံးအသုံးပြုတဲ့အခါ တွေ့ရတတ်တဲ့ အမှားငါးခုကိုဖော်ပြထားပါတယ်။

မှားယွင်းတဲ့ အရွယ်အစားကိုရွေးချယ်မိခြင်း

ကွန်ဒုံးတွေဟာ အရွယ်အစားအမျိုးမျိုးနဲ့ လာတတ်ပြီး သင့်လျော်တဲ့ ကွန်ဒုံးကိုရွေးချယ်တတ်ဖို့ လိုပါတယ်။ သေးလွန်းတဲ့ ကွန်ဒုံးကိုအသုံးပြုခြင်းဟာ လိင်တံသွေးရောက်ခြင်းကို တားမြစ်ပြီးတော့ လိင်တံထောင်မတ်မှုကို အပြည့်အဝမရစေပါဘူး။ ကြီးလွန်းတဲ့ ကွန်ဒုံးတွေကျတော့လဲ သူ့ရဲ့ အသုံးဝင်မှုကို လျော့ကျစေပါတယ်။ ကွန်ဒုံးဟာ ကြီးလွန်းတဲ့အတွက် ဝင်လာတဲ့ သုက်ရည်တွေကိုသေချာမထိန်းသိမ်းနိုင်တော့တာမျိုးနဲ့ လိင်ဆက်ဆံစဉ် ကျွတ်ထွက်တာမျိုးဖြစ်ပွားနိုင်ပါတယ်။ ဒါဟာ သင့်ကိုကိုယ်ဝန်တားခြင်းနဲ့ လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေကိုကာကွယ်မပေးဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

အသုံးပြုပုံမှားယွင်းခြင်း

ကွန်ဒုံးဟာတစ်ဖက်ကိုပဲ ဖြန့်ပြီးအသုံးပြုဖို့ တီထွင်ထားတာပါ။ ညွှန်ကြားချက်တွေကို အသုံးပြုသူတွေက သေချာလိုက်နာမယ်ဆိုရင် သုံးရတာ ချောမွေ့ပြီးလွယ်ကူပါတယ်။ ဒါပေမယ့် မလွယ်ကူဘူးဆိုရင်လည်း ကြိုးစားရပါမယ်။ ကွန်ဒုံးတွေကို ငြင်းပယ်ခြင်းဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ကွန်ဒုံးမှာ သုက်ပိုးသတ်ဆေးပါတယ်ဆိုရင် ပြောင်းပြန်ဝတ်ဆင်လိုက်တာဟာ သင့်သုက်ပိုးတွေ အပြင်ထွက်ခြင်းကို လျှော့ချပေးနိုင်စွမ်း လျော့နည်းသွားမှာဖြစ်ပါတယ်။

သေချာစွာ မသိမ်းဆည်းခြင်း

အမျိုးသားအတော်များများဟာ ကွန်ဒုံးတွေကို ပိုက်ဆံအိတ်နဲ့ ဘောင်းဘီအိတ်ကြားတွေမှာ သိမ်းဆည်းတတ်ကြပါတယ်။ ဒါဟာလည်းသူတို့ဟာ ညဘက်အပြင်ထွက်ပြီး ဘယ်အချိန်မှာသုံးဖြစ်မလဲ မသေချာတာကြောင့် အမြဲအဆင်သင့်ဖြစ်ချင်နေတာကြောင့် ဖြစ်ပါတယ်။ ကံဆိုးစွာပဲ သင်ဖင်ခုထိုင်ထားတာတဲ့အတွက် အပူကြောင့် ကွန်ဒုံးတွေဟာ တောင့်တင်းမာကျောကုန်ပါလိမ့်မယ်။ သူတို့ဟာ သုံးဖို့ခက်ရုံတင်မကဘဲ အစွမ်းထက်မှုလည်းလျော့ကျနိုင်ပါတယ်။ သိမ်းဆည်းရမည့် အညွှန်းနဲ့ ကွန်ဒုံးကို အချိန်မလွန်ခင်မှာသုံးဖို့ကို သတိရသင့်ပါတယ်။

အကာအကွယ် နှစ်ထပ်အသုံးပြုခြင်း

လူအတော်များများဟာ ကွန်ဒုံးနှစ်ခုသုံးခြင်းအားဖြင့် နှစ်ဆပိုမိုကာကွယ်လိမ့်မယ်လို့ ယူဆကြပါတယ်။ မှန်သယောင်ထင်ရပေယ့် မမှန်ကန်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အစွမ်းထက်မှုတောင် လျော့ကျနိုင်ပါတယ်။ တစ်ခုပေါ်က နောက်တစ်ခုထပ်ဝတ်ခြင်းဟာ သင့်လိင်တံအတွက် တင်းကျပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြီး သုက်ပိုးအပြင်ထွက်ဖို့ ပိုအခွင့်အရေးများပါတယ်။

အချိန်ကိုက်မှားခြင်း

လူအများစုက ကွန်ဒုံးကို အချိန်မတန်ခင် အရင်ဝတ်ဆင်တတ်ကြပါတယ်။ လိင်တံအပြည့်အဝထောင်မတ်သည်အထိ စောင့်ပြီးမှ ဝတ်ဆင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ဒုံးဟာပျော့ပြောင်းနေတဲ့ လိင်တံပေါ်တပ်ဆင်ရင် နှစ်ဖက်စလုံးကို သက်သောင့်သက်သာမဖြစ်စေပါဘူး။ ဝတ်ဆင်တာ နောက်ကျတာကလည်း မကောင်းပါဘူး။ သင်လိင်မဆက်ဆံခင် နှိုးဆွခြင်းဟာ အရေပြားဖောက်ထွင်းမှုတွေ ပါဝင်ခဲ့မယ်ဆိုရင် ကိုယ်ဝန် (သို့) လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ရရှိနိုင်ပါတယ်။

လူတွေကကွန်ဒုံးသုံးစွဲတဲ့ တိုင်အောင် ကိုယ်ဝန်နဲ့ လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေ ရရှိဖို့ အခွင့်အရေးရှိပါသေးတယ်။ ဒါ့ကြောင့် အညွှန်းကိုသေချာဖတ်ပြီး ကွန်ဒုံးအသုံးပြုစဉ် သက်သောင့်သက်သာမဖြစ်တဲ့ ခံစားမှုကိုဂရုစိုက်ပါ။ သင်အပြင်မှာ တစ်ခါမှ မသုံးဖူးဘူးဆိုရင် အိမ်မှာပဲလေ့ကျင့်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr . Phyu Mon Latt မှ ရေးသားသည်။ 3 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။