home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကျန်းမာလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ မဖြစ်မနေစားပေးသင့်တဲ့ အစားအစာများ

ကျန်းမာလှပတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့ မဖြစ်မနေစားပေးသင့်တဲ့ အစားအစာများ

သန်စွမ်းပြီး ကျန်းမာတဲ့ ဆံကေသာကိုပိုင်ဆိုင်တာဟာ မြင်ရသူ ရှုချင်စဖွယ် အလှတရားကို ပိုင်ဆိုင်ထားရုံသာမကပါဘူး၊ ကျန်းမာရေးကောင်းမွန်တယ်ဆိုတဲ့ အကျိုးကျေးဇူးကြီးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

နူးညံတဲ့ လှပတဲ့ သန်စွမ်းတဲ့ ဆံသားရှိနေမယ်ဆိုရင် ဦးရေပြား၊ အရေပြားတွေနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကင်းရှင်းပြီး နှလုံးနဲ့ စိတ်ဖိစီးမှုတွေလည်း ကင်းဝေးနေတယ်ဆိုတဲ့ သဘောပါပဲ။

နောက်ပြီး အမျိုးသမီးတွေအတွက်ဆိုရင်လည်း လှပဖြောင့်စင်းပြီး သန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ထားမယ်ဆိုရင် လူအများလေးစားအားကျဖွယ် အလှတရားကို ပိုင်ဆိုင်ထားတာပါပဲ။ အမျိုးသမီးတွေရဲ့ အလှတရားတွေထဲမှာ ဆံကေသာက တစ်ပါးအပါအဝင်ဖြစ်သလို “မိန်းမတို့ဘုန်း ဆံထုံး”လို့လည်း အဆိုရှိတယ်မဟုတ်လား။

ဒီလို ကျန်းမာသန်စွမ်းတဲ့ ဆံကေသာမျိုးကို ပိုင်ဆိုင်ချင်တာတော့ ဟုတ်ပါပြီ။ ဘယ်လို နည်းလမ်းမျိုးနဲ့ ပိုင်ဆိုင်အောင် လုပ်ကြမလဲ။ ကိုယ်က ဆံပင်မသန်ဘူး၊ မရှည်ဘူး၊ ခဏခဏ ကျွတ်တယ်၊ အရောင်မတောက်ဘူး၊ စသဖြင့် အားနည်းချက်တွေရှိနေမယ်ဆိုရင် ဘယ်လို သန်စွမ်းကျန်းမာလာအောင် လုပ်ကြမလဲ။

အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းတွေရှိပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာဖြည့်ဆည်းပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာမျိုးဖြစ်လာအောင် ထောက်ကူပေးမယ့် သဘာဝအစားအစာတွေ ရှိနေပါတယ်။

မိမိအလိုရှိတဲ့ ဆံကေသာမျိုးဖြစ်လာစေဖို့ သင့်လျော်ရာ အစားအစာကို မှီဝဲပေးပြီး ဆံသားကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဘယ်အစားအစာက ဘယ်လို ဆံသားကို ထောက်ကူပေးလဲဆိုတာကို ပြောပြပေးပါမယ်။

ဆံသားကို ကျန်းမာစေတဲ အစားအစာများ

စိုပြေတောက်ပတဲ့ ဆံသားမျိုးကို ပိုင်ဆိုင်ချင်သူတွေအနေနဲ့ omega-3 fatty acids ပါဝင်တဲ့ ဆဲလ်မွန်ငါးကို မှီဝဲပေးဖို့ လိုအပ်ပါတယ်။ ဆဲလ်မွန်ငါးဟာ ဆံသားကို တောက်ပစိုပြေစေပြီး အားကောင်းစေမှာဖြစ်ပါတယ်။

  • သန်စွမ်းဖို့အတွက် ဒိန်ချဉ်

နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး လူကြိုက်များအစားအစာတစ်ခုဖြစ်တဲ့ ဒိန်ချဉ်ဟာလည်း ပရိုတိန်းဓာတ်ကြွယ်ဝတာမို့ ဆံသားပါးတာနဲ့ ကျွတ်တာတွေကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆံပင်သန်စွမ်းစေဖို့ အထောက်အကူပြုပါတယ်။ တချို့သော တိုင်းပြည်တွေမှာဆိုရင် ဆံပင်ကို ဒိန်ချဉ်သုပ်လိမ်းပေးရင် ဆံသားကောင်းမွန်စေတယ်ဆိုတဲ့ အယူအဆမျိုးရှိကြပါတယ်။

တချို့သော ဆံသားတွေဟာ ပျက်စီးလွယ်ပါတယ်။ ကျွတ်လွယ်တယ်၊ ပြတ်လွယ်တယ်။ ဒီလိုလူမျိုးတွေအနေနဲ့ ဟင်းနုနယ်ရွက်ကို ပုံမှန်မှီဝဲပေးသင့်ပါတယ်။ vitamin A၊ iron၊ beta carotene၊ folate နဲ့ vitamin C တွေ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းနုနယ်ရွက်လေးတွေဟာ ဆံသားကို စိုပြေစေမှာဖြစ်သလို ပျက်စီးတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးမှာပါ။

  • ဆံပင်နှစ်ခွမဖြစ်စေဖို့ မာလကာသီး

မာလကာသီးဟာ မြန်မာပြည်မှာ ပေါပေါများများရနိုင်ပြီး လူကြိုက်များတဲ့ အဆာပြေအစားအစာ အသီးအနှံတစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ မာလကာသီးဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသလို ဆံပင်နှစ်ခွဖြစ်ခြင်းကိုလည်း တားဆီးပေးနိုင်တာကတော့ အပိုဘောနပ်စ်ပါပဲ။

  • ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်ဖို့ အမဲသား

ဆံပင်ကျွတ်ခြင်းဟာ သံဓာတ်လျော့နည်းတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ အမဲသား (အထူးသဖြင့် အမဲအသည်းနှလုံး) ကို ချက်ပြုတ်စားပေးခြင်းဟာ ဆံပင်ကျွတ်ခြင်းကို လျော့ပါးစေမှာပါ။ ဒါ့အပြင် Cereal ၊ ပင်လယ်ငါးနဲ့ ပဲပိစပ်တွေဟာလည်း ဒီလို အကျိုးကျေးဇူးမျိုးကို ပေးနိုင်ပါတယ်။

  • ဆံလုံးသေးခြင်းအတွက် အဆီနည်းသောအသားများ

ပရိုတိန်းဓာတ် ချို့တဲ့ခြင်းဟာ ဆံပင်ပါးခြင်း၊ ဆံလုံးသေးခြင်းတွေရဲ့ အဓိက အကြောင်းအရင်းပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် ကြက်သား၊ ကြက်ဆင်သားတို့လို့ အဆီနည်းပါးတဲ့အသားမျိုးတွေကို စားပေးနိုင်ပါတယ်။

ချိုမြိန်လှတဲ့ ကန်စွန်းဥလေးဟာ ဆံသားမွဲခြောက်မှုကြောင့် စိတ်ညစ်နေကြတဲ့ ပျိုမေတွေကို စိတ်ချမ်းမြေ့မှုတွေပေးနိုင်ပါတယ်။ ကန်စွန်းဥမှာပါဝင်တဲ့ beta carotene က ဆံသားမွဲခြောက်မှုကို ဖယ်ရှားပေးမှာဖြစ်သလို ဗောက်ထခြင်းကိုလည်း သက်သာစေပါတယ်။

  • အုံထူစေဖို့အတွက် သစ်ကြံပိုးခေါက်

ဆံပင်အုံ ထူထူထဲထဲနဲ့ သန်စွမ်းနေတာမျိုးကိုမှ လိုရှိတယ်ဆိုရင်တော့ သစ်ကြံပိုးခေါက်ကို မကြခဏ မှီဝဲပေးဖို့ လိုပါလိမ့်မယ်။ သစ်ကြံ့ပိုးခေါက်မှာပါဝင်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေက ဆံသားရဲ့ အမြစ်တွေကို ပိုမိုသန်စွမ်းစေမှာပါ။

  • ဆံပင်ပိုပေါက်ဖို့အတွက် ဥ

ကြက်ဥ၊ ဘဲဥစတဲ့ ဥတွေဟာ ဆံပင်တွေ ပိုမိုရှင်သန်ပေါက်ရောက်ဖို့အတွက် Biotin နဲ့ ဗီတာမင် B အများအပြားပါဝင်တဲ့ ကြက်ဥကို ပုံမှန် မှီဝဲပေးရပါမယ်။ Biotin တွေဟာ လက်သည်းတွေ ခြေသည်းတွေကိုလည်း သန်မာစေတဲ့ အကျိုးရှိပါတယ်။

ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ကမာကလည်း ဆံသားကောင်းမွန်မှုအတွက် အထောက်အကူပြုနိုင်ပါတယ်။ သူ့မှာ ကြွယ်ဝစွာပါဝင်နေတဲ့ Zinc က ဆံသားပြည့်ဝပြီး ကြီးထွားစေဖို့ ပံ့ပိုးပေးပါတယ်။ ဆံသားဟာ ခိုင်မာမှုလည်းရှိနေမှာဖြစ်တာမို့ မကြာခဏ ပြတ်တောက်တာမျိုးဖြစ်တော့မှာမဟုတ်ပါဘူး။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 23/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။