backup og meta

အသားအရေ ကျန်းမာစေဖို့ အာလူးကို ဘယ်လို သုံးလို့ ရမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေ ကျန်းမာစေဖို့ အာလူးကို ဘယ်လို သုံးလို့ ရမလဲ!

    အာလူးဆိုတာက ကြော်စား၊ ချက်စား၊ ပြုတ်ပြီး ထောင်းစားတာအပြင် ကင်စားတာ၊ ကတ်တလိတ်လုပ် စားတာတွေလိုမျိုး အမျိုးမျိုး လုပ်စားကြပါတယ်။ တကယ်ကတော့ အာလုးက ဒီလို အရသာရှိတယ်ဆိုတဲ့ ဟင်းလျာတွေထက် ပိုပြီး အသုံးဝင်ပါတယ်။ ဒါက ဘာကို ပြောချင်တာလဲ ဆိုတော့ အာလူးက အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးတယ်ဆိုတာပါ။ ဒါကြောင့် အခုတစ်ခေါက်တော့ အသားအရေ ကျန်းမာစေဖို့ အာလူးကို ဘယ်လို သုံးလို့ ရမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။

    အာလူးမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ!

    အသားအရေ ကျန်းမာစေဖို့ အာလူးကို စားပေးလို့ ရသလို အရေပြားပေါ်မှာလည်း တိုက်ရိုက် အသုံးပြုပေးလို့ ရသေးပါတယ်။ နောက်ပြီး အာလူးမှာ အသားအရေကို ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်နေပါတယ်။  ဘယ်လို အာဟာရဓာတ်တွေလည်း ဆိုတော့ – 

    • ဖော့စဖရိတ်စ်
    • ဆာလဖာ
    • ဗီတာမင် C
    • ကော့ပါး
    • Phytonutrients
    • ကယ်လ်ဆီယမ်
    • သံဓာတ်
    • ဗီတာမင် B
    • ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။

    အာလူးရဲ့ အသားအရေ ကောင်းကျိုးများ

    မျက်နှာ အရေပြားပေါ်မှာ အာလူးကို အသုံးပြုပေးတာက အခုလို ကျန်းမာရေး ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။

    ဝက်ခြံ သက်သာစေတယ်

    အာလူးမှာပါတဲ့ azelaic အက်ဆစ်က ဝက်ခြံ မဖြစ်အောင် တားဆီးပေးနိုင်သလို ဝက်ခြံ သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    အသားအရေ ကြည်လင်စေတယ်

    အာလူးမှာပါတဲ့ azelaic အက်ဆစ်က အရေပြားပေါ်က အမည်းစက်တွေကို သက်သာစေပြီး မျက်နှာပေါ်က အမာရွတ်တွေ အမည်းစက်တွေ နဲ့ အသားအရောင် မညီတာတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

    ဗီတာမင် C ပါဝင်နေတာကလည်း အသားအရေကို ကြည်လင်​စေပြီး အရွယ်တင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    အစိုဓာတ် ထိန်းပေးနိုင်တယ်

    အာလူးမှာ hyaluronic အက်ဆစ် ပါဝင်နေတာကြောင့် အသားအရေကို အစိုဓာတ် ထိန်းပေးပြီး ရေဓာတ် ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

    အရွယ်တင်စေနိုင်တယ်

    အာလူးက အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်မတိုင်ခင် အိုမင်းတာကို သက်သာစေနိုင်ပါတယ်။ 

    အသားအရေ ကျန်းမာစေဖို့ အာလူးကို ဘယ်လို သုံးလို့ ရမလဲ!

    အသားအရေ ကျန်းမာစေဖို့ အာလူးကို ဘယ်လို သုံးလို့ ရမလဲ! ဆိုတော့ အခုလိုလေး အသုံးပြုလို့ ရပါတယ်။

    အာလူး ကြိတ်ရည်

    အာလူးကြိတ်ရည်ကို အမည်းစက်တွေပေါ်မှာ လိမ်းကျံပေးတာက အမည်းစက်တွေကို သက်သာစေနိုင်ပါတယ်။

    အာလူးကြိတ်ရည်ကို သုံးမယ်ဆိုရင် အာလူးကို သေချာလေး အခွံစင်အောင် သင်ပြီး ရေစင်အောင် ဆေးလို့ ညက်နေအောင် ကြိတ်ပါ။ ပြီးရင် ပိတ်စိမ်းပါးနဲ့ စစ်ပြီး ရလာတဲ့ သတ္တုရည်ကို အသုံးပြုပါ။

    အာလူးကြိတ်ရည်ကို သန့်စင်ထားတဲ့ အရေပြားပေါ်မှာ လိမ်းလို့ ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

    အာလူး ကပ်တာ

    အာလူးကို ခပ်ပါးပါးလွှာပြီး အရေပြားမှာ ကပ်ပေးတာက ဝက်ခြံနဲ့ ဝက်ခြံ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ 

    အာလူးကို သေချာ အခွံသင် သန့်စင်ဆေးကြောပေးပြီး ခပ်ဝိုင်းဝိုင်းပါးပါး လှီးလို့ ရေခဲသေတ္တာထဲ ခဏလေး ထည့်ထားပါ။

    ပြီးရင် အရေပြားပေါ်မှာ တိုက်ရိုက်ကပ်ပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ထားပါ။

    ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

    အာလူးနဲ့ သံပုရာ မျက်နှာပေါင်းတင်နည်း

    အာလူးကို သံပုရာရည်နဲ့ ရောစပ် အသုံးပြုတာက အမည်းစက်တွေနဲ့ အသားအရောင် မညီတာကို သက်သာစေပြီး အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ 

    အာလူးကို သံပုရာရည်နဲ့ ရောစပ် အသုံးပြုဖို့ ဆိုရင် သေချာလေး သန့်စင်ဆေးကြောထားတဲ့ အာလူးကို ကြေညက်အောင် ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ထဲကို သံပုရာရည် ညှစ်ထည့်လိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို ခပ်ပါးပါးလေး လိမ်းပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ထားလိုက်ပါ။ 

    ပြီးရင် ရေအေးအေးနဲ့ ဆေးချပြီး မျက်နှာကို ခြောက်အောင် သုတ်လို့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ။ 

    အာလူးနဲ့ ပျားရည် မျက်နှာပေါင်းတင်နည်း

    အာလူးကို ပျားရည်နဲ့ ရောစပ် အသုံးပြုတာက အမည်းစက်တွေနဲ့ အသားအရောင် မညီတာကို သက်သာစေပြီး အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ 

    အာလူးကို ပျားရည်နဲ့ ရောစပ် အသုံးပြုဖို့ ဆိုရင် သေချာလေး သန့်စင်ဆေးကြောထားတဲ့ အာလူးကို ကြေညက်အောင် ကြိတ်ခြေပြီး ရလာတဲ့ အနှစ်ထဲကို ပေါင်းလိုက်ပါ ပြီးရင် ပျားရည်နဲ့ ရောစပ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို လိမ်းပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ထားလိုက်ပါ။ 

    ပြီးရင် ရေနွေးနွေးနဲ့ ဆေးချပြီး မျက်နှာကို ခြောက်အောင် သုတ်လို့ အစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ။ 

    အားလူးက အသားအရေ ကျန်းမာစေဖို့ အခုလိုလေး အသုံးဝင်တယ်ဆိုပေမယ့် အရေပြားပေါ်မှာ မလိမ်းခင် စမ်းသပ်ကြည့်ပါ။ လိမ်းနေရင်းနဲ့ ယားယံတာ၊ စပ်ဖျင်းတာတွေ ဖြစ်လာရင် ချက်ချင်း ရေဆေးချပါ။ အာလူးက တော်တော်များများနဲ့ တည့်တယ်ဆိုပေမယ့် ဓာတ်မတည့်ဖြစ်နိုင်ခြေ ရှိတာကို သတိပြုပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement