backup og meta

Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ!

    ခုတလော Tik Tok မှာရော အသားအရေ ထိန်းသိမ်းမှု ဆိုင်ရာ ဗီဒီယိုတွေနဲ့ အသားအရေ ထိန်းသိမ်းမှု လုပ်ဆောင်နေကြသူတွေကြားမှာ တစတစ နာမည်ကြီးလာနေတာက  niacinamide serum ပါ။  Niacinamide ကို serum အနေနဲ့ တွေ့ရနိုင်သလို မျက်နှာသစ်ဆေး၊ အစိုဓာတ်ထိန်း ခရင်မ်တွေအနေနဲ့လည်း တွေ့ရနိုင်ပါတယ်။  ဒီလိုမျိုး ရေပန်းစားလာတဲ့ Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ! ဆိုတာကို ဆောင်းပါးလေးထဲကနေ ပြောပြပေးချင်ပါတယ်။  

    Niacinamide ဆိုတာ ဘာလဲ!

    Niacinamide ဆိုတာက ဗီတာမင် B3 တစ်မျိုးပါ။ ဗီတာမင် B အုပ်စုဝင် ၈ မျိုးထဲက ၁ မျိုးပါ။ ကျန်းမာရေးအတွက် အမျိုးစုံ အထောက်အကူ ပြုပေးနေတဲ့ ဗီတာမင် B တစ်မျိုးဖြစ်ပါတယ်။  

    Niacinamide က အသားအရေအတွက် ဘာကောင်းတာလဲ!

    Niacinamide က အသားအရေကို အမျိုးမျိုးသော အကျိုးကျေးဇူးတွေ ပေးနိုင်တဲ့ အရာတစ်မျိုးပါ။  Niacinamide က အသားအရေကို ကျန်းမာစေဖို့ ထောက်ကူပေးတဲ့ ပရိုတင်း တစ်မျိုး ဖြစ်တဲ့keratinကို ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။ Niacinamide က အသားအရေကို ကျန်းမာစေပြီး အသားအရေ ချောမွေ့ ဝင်းလက်စေဖို့ ထောက်ကူပေးပါတယ်။ 

    Niacinamide ကို retinolလို active ingredientsတွေနဲ့ တွဲဖက်ပြီး ဝက်ခြံတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရသလို အသားအရေကို ဝင်းပစေဖို့လည်း ထောက်ကူပေးပါတယ်။ 

    ကဲ ……. ကောင်းကျိုးလေးတွေကို အရင်ကြည့်လိုက်ရအောင်နော်။

    • ရေဓာတ် ပြည့်ဝစေတယ်

    Niacinamideက အရေပြား အပေါ်ယံမှာရှိတဲ့ အရေပြားကို ကာကွယ်ပေးတဲ့ အဆီပြင်လွှာရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။ အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ညစ်ညမ်းမှုတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။ အသားအရေ ထိခိုက်နိုင်ခြေကို လျှော့ချပေးပါတယ်။ 

    • နီးမြန်းတာကို သက်သာစေတယ်

    Niacinamide က အရောင်ကျစေနိုင်သလို ဝက်ခြံကြောင့် အရေပြား နီမြန်းရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ အရေပြားမှာ နီမြန်းရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ 

    • ချွေးပေါက်တွေကို ကျဉ်းစေတယ်

    Niacinamide က ကော်လာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် ချွေးပေါက်တွေကို ကျဉ်းစေဖို့ ထိန်းညှိပေးနိုင်ပါတယ်။ အသားအရေကို ကြည်လင်ချောမွေ့စေဖို့ ထောက်ကူပေးပါတယ်။ အဆီဂလင်းတွေရဲ့ အဆီထွက်ရှိမှုကို ထိန်းညှိပေးပြီး ချွေးပေါက်ပိတ်ဆို့တာတွေကို နည်းစေပါတယ်။ ဒါကပဲ ဝက်ခြံနဲ့ အမည်းစက်တွေ ပိုဆိုးမလာအောင် ထိန်းပေးနိုင်ပါတယ်။

  • အမည်းစက်တွေကို သက်သာစေတယ်
  • Niacinamid က အသားအရေကို ကြည်လင်ဝင်းပစေတဲ့ အာနိသင်ရှိပါတယ်။ အမည်းစက်တွေကို သက်သာစေပါတယ်။ လေ့လာချက်တွေအရ 5% concentrationရှိတဲ့ Niacinamid serumက အမည်းစက်တွေကို သက်သာစေပါတယ်။ Retinolနဲ့ ပေါင်းသုံးမယ်ဆိုရင် အရေးကြောင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။ 

    • အရေးအကြောင်းတွေကို သက်သာစေတယ်

    Niacinamid က ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတဲ့ ဗီတာမင် တစ်မျိုး ဖြစ်တာကြောင့် အသက်အရွယ်ကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေ၊ နေရောင်နဲ့ စိတ်ဖိစီးမှုတွေကြောင့် အသားအရေ ထိခိုက်တာတွေကို သက်သာစေဖို့ ကူညီပေးပါတယ်။ အရေပြား ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ 

    Niacinamide ကို ဘယ်လို အသုံးပြုမလဲ!

    Niacinamide ကို မျက်နှာသန့်စင်ပြီးချိန်မှာ တစ်နေ့ကို တစ်ကြိမ် ကနေ ၂ ကြိမ်အထိ ပုံမှန်လေး အသုံးပြုပေးလို့ ရပါတယ်။ 

    Niacinamide ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ!

    Niacinamideက တော်တော်များများနဲ့ တည့်ပါတယ်။ ရှားရှားပါးပါး ဘေးထွက်ဆိုးကျိုးအနေနဲ့

    • ဓာတ်မတည့်တာ
    • အရေပြား ယားယံတာ
    • အနည်းငယ် ပူစပ်စပ်ဖြစ်တာ
    • နီမြန်းတာတွေကို ခံစားရနိုင်ပါတယ်။ 

    ဒါကြောင့် မသုံးခင်မှာ Skin testလုပ်ဖို့ လိုပါတယ်။

    # အသားအရေ ထိန်းသိမ်းပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 26/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement