backup og meta

Premium

အသားအရေအတွက် အက်ဆစ် အမျိုးအစားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားအရေအတွက် အက်ဆစ် အမျိုးအစားများ

    အက်ဆစ်ဆိုတာကို တော်တော်များများက အလှအပနဲ့ တွဲသိထားတာက ရှားမယ်ထင်ပါတယ်။ အက်ဆစ်တွေက အမျိုးအစားတွေ အမျိုးမျိုး ရှိသလို အသားအရေ ပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။ ကဲ ….. ဒီတစ်ခေါက်တော့ အသားအရေအတွက် အက်ဆစ် အမျိုးအစားများ အကြောင်း ပြောပြပေးသွားချင်ပါတယ်။ 

    ဆောင်းပါးအဆုံးကို သွားမည်။

    ဤဆောင်းပါးသည် Hello ဆရာဝန်အဖွဲ့ဝင်များအတွက်သာဖြစ်သည်။ ဆောင်းပါးကို အဆုံးထိ ဖတ်ရှုန်ုင်ရန် စာရင်းသွင်းပါ။

    မျက်နှာမှာ ဝက်ခြံတွေ ဖြစ်နေတာ၊ နီမြန်းတာ၊ အရေးအကြောင်း ဖြစ်တာမျိုးတွေ၊ အစက်အပြောက်ဖြစ်တာတွေ သက်သာစေဖို့အတွက် အရေပြားမှာ အသုံးပြုလို့ ရတဲ့ အက်ဆစ် အမျိုးအစားလေးတွေကို သုံးပြီး ဖြေရှင်းလို့ ရပါတယ်။ အရေပြားပြဿနာနဲ့ သင့်တော်မယ့် အက်ဆစ်ကို အသုံးပြုပေးတာက အသားအရေကို ကျန်းမာစေမယ့် ဖြေရှင်းနည်း တစ်ရပ်ပါ။

    အသားအရေအတွက် အက်ဆစ် အမျိုးအစားများ

    အသားအရေနဲ့ လိုက်ဖက်မယ့် အက်ဆစ် အမျိုးအစားကို ရွေးချယ်ပေးတာက အသားအရေကို ထိထိရောက်ရောက် အားဖြည့် ထိန်းသိမ်းပေးရာ ရောက်ပါတယ်။ ဒီတော့ ဘယ်အက်ဆစ် အမျိုးအစားက ဘယ်လို အရေပြားပြဿနာတွေကို ဖြေရှင်းပေးနိုင်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • Salicylic acid
  • Salicylic acid နာမည် ကိုတော့ နားရည်ဝနေမယ် ထင်ပါတယ်။ ဒါပေမယ့် ဒီအက်ဆစ် အကြောင်းကို သေသေချာချာ သိရှိသူကတော့ ရှားမယ်ထင်ပါတယ်။ ဒီအက်စစ်ကို ဝက်ခြံတွေ သက်သာစေဖို့ သုံးကြပါတယ်။ Salicylic acid မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိသလို အရောင်ကျစေနိုင်တဲ့ အာနိသင် ရှိပါတယ်။  ချွေးပေါက်တွေ ပိတ်ဆို့မှုကို တားဆီးပေးပြီး ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်ပါတယ်။ အရေပြား ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါသေးတယ်။

    ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ အသုံးပြုပေးလို့ ရပါတယ်။ ဆားဝက်ခြံတွေ ကိုလည်း သက်သာစေပါတယ်။  

    • Hyaluronic acid

    Hyaluronic acid က အရေပြားကို ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို အစိုဓာတ် ထိန်းပေးပြီး အာဟာရ ဖြည့်ပေးသလို အသားအရေ နူးညံ့စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အသားအရေ အမျိုးအစား အားလုံးအတွက် အသုံးပြုပေးလို့ ရပါတယ် 

    • Glycolic acid

    Glycolic acid ကို AHA လို့ သိကြပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားပေါ်က ဆဲလ်သေတွေကို ညင်ညင်သာသာ ဖယ်ရှားပေးပါတယ်။ ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို လှုံ့ဆော်ပေးပြီး အသားအရေကို ကြည်လင် လှပစေဖို့ ထောက်ကူပေးပါတယ်။

    ဒီအက်ဆစ် အမျိုးအစားကို ဝက်ခြံ အဖြစ်များတဲ့သူတွေ အဆီပြန်တဲ့သူတွေနဲ့ အဆီဖုရှိသူတွေ အသုံးပြုနိုင်ပါတယ်။

    • Lactic acid

    Lactic acid အမျိုးအစားကို နို့ထဲမှာ ပါတဲ့ အက်ဆစ် အမျိုးအစားလို့ ငယ်ငယ်ကတည်းက သိထားပြီး ဖြစ်မှာပါ။ သူကလည်း AHAပါပဲ။ ဒီအက်ဆစ် အမျိုးအစားက အသားအရေကို အစိုဓာတ်ဖြည့်ပေးနိုင်ပြီး အသားအရေ ခြောက်သွေ့ ကြမ်းတမ်း တာကို သက်သာစေနိုင်ပါတယ်။ 

    ထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေမှာ အသုံးပြုပေးလို့လည်း ရပါတယ်။ အသားအရေ ကြမ်းတမ်း ခြောက်သွေ့တာ၊ အရေပြား  အဖက်လန်တာတွေကို သက်သာစေနိုင်ပါတယ်။  

    အသားအရေ ခြောက်သွေ့သူတွေ အသုံးပြုပေးဖို့ သင့်တော်သလို ထိခိုက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေလည်း အသုံးပြုပေးလို့ ရပါတယ်။ 

    • Ascorbic acid

    Ascorbic acid လို့ သိကြသလို ဗီတာမင် C လို့လည်း သိကြပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးပါ။ အသားအရေ ညိုမွဲခြောက်သွေ့တာကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ ဒီအက်ဆစ်ကို အသုံးပြုပြီးချိန်မှာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုး မလုပ်ရပါဘူး။ 

    ဘယ်အသားအရေ ပိုင်ရှင်မျိုးမဆို အသုံးပြုပေးလို့ ရပါတယ်။ ဘယ်အသက်အရွယ်မဆို အသုံးပြုပေးလို့ ရပါတယ်။ 

    • Oleic acid

    Oleic acid ကို အယ်လ်မွန်စေ့ဆီ နဲ့ သံလွင်ဆီတွေမှာ သဘာဝအတိုင်း တွေ့ရနိုင်ပါတယ်။ အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ 

    အသားအရေ ခြောက်သွေ့တာကို သက်သာစေနိုင်ပါတယ်။ ခြောက်သွေ့အသားအရေပိုင်ရှင်တွေ အသုံးပြုပေးနိုင်ပါတယ်။

    အက်စစ်တွေက မျက်နှာအသားအရေအတွက် ဘာတွေ လုပ်ပေးသလဲ

    မျက်နှာပေါ်မှာ သုံးတဲ့ အက်ဆစ်တွေက အမျိုးအစားပေါ် မူတည်ပြီး အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ အက်စစ်တွေကို အသုံးပြုပြီးတဲ့အခါ moisturizerသုံးပေးပါ။ နေလောင်ကာခရင်မ်လိမ်းပေးပါ။ သုံးနေရင်း အရေပြားစပ်ဖျင်းဖျင်း ဖြစ်လာရင် ရပ်လိုက်ပါ။ 

    # ဝက်ခြံပြဿနာ ဒီလို ဖြေရှင်းပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement