backup og meta

Double Cleansing အကြောင်း တစေ့တစောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Double Cleansing အကြောင်း တစေ့တစောင်း

    အရေပြားကို သန့်စင်ထိန်းသိမ်းတာက အသားအရေ ထိန်းသိမ်းမှုရဲ့ အခြေခံ အကျဆုံး အဆင့် တစ်ခုပါ။ ဒီလို အသားအရေ ထိန်းသိမ်းရာမှာ အရေးပါတဲ့ သန့်စင်ထိန်းသိမ်းမှု အတွက် အရေးပါတဲ့ အဆင့် တစ်ခု ရှိပါတယ်။ ဒါကတော့ Double Cleansing ပါ။ ဒီစကားလုံးကို ကြားဖူးကောင်း ကြားဖူးနိုင်ပေမယ့် သေသေချာချာ သိသူကတော့ ခပ်ရှားရှားပါ။ အခုတစ်ခေါက်တော့ Double Cleansing အကြောင်း တစေ့တစောင်း ကို ပြောပြပေးချင်ပါတယ်။ 

    Double Cleansing ဆိုတာ ဘာလဲ!

    Double Cleansing ဆိုတာက အသားအရေပေါ်က အစိုဓာတ် ထိန်းပေးတဲ့အလွှာကို မထိခိုက်စေဘဲ အသားအရေမှာ အညစ်အကြေးတွေ ကင်းစင်စေဖို့ ထောက်ကူပေးတဲ့ သန့်စင်နည်းပါ။ ဒီသန့်စင်နည်းမှာ အသားအရေ ထိန်းသိမ်းသန့်စင်ပေးတဲ့ ပစ္စည်း ၂ မျိုးကို အသုံးပြုပြီး သန့်စင်ပေးတာပါ။ 

    ဒီလိုသန့်စင်တဲ့ နည်းလမ်းမှာ ဆီကို အခြေပြုထားတဲ့ သန့်စင်ပစ္စည်းကို အသုံးပြုတာမျိုး ရှိသလို ရေကို အခြေပြုထားတဲ့ သန့်စင်ပစ္စည်းကို အသုံးပြုပြီး သန့်စင်တာမျိုးလည်း ရှိပါတယ်။ Cleansing oil, ballm စတာတွေကတော့ အဆီကို ပြုထားတာဖြစ်ပြီး Micellar waterတွေက ရေကို အခြေခံပြီး ထုတ်ထားတာ ဖြစ်ပါတယ်။ 

    ဒီအဆင့် ပြီးရင်တော့ နောက်တစ်ဆင့် အနေနဲ့ မျက်နှာသစ်ဆေး တစ်ခုခုကို သုံးလို့ လက်ချောင်းလေးတွေနဲ့ မျက်နှာကို ၂ မိနစ်ကြာ နှံ့စပ်အောင် နှိပ်နယ်လို့ ရေအေးအေးနဲ့ သန့်စင်ပေးပါ။ ဒီလို သန့်စင်ပေးတာက တစ်နေ့တာလုံး ထိတွေ့မိထားတဲ့ အညစ်အကြေးတွေကိုရော ချွေးပေါက်တွေထဲမှာ ပိတ်နေတာတွေကိုပါ ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

    Double Cleansing အကြောင်း တစေ့တစောင်း

    Double Cleansing အကြောင်း တစေ့တစောင်း ပြောမယ်ဆိုရင် ချန်ထားလို့  မရတဲ့ အကြောင်းခြင်းရာလေး တစ်ခုရှိပါတယ်။ ဒါကတော့ Double Cleansing လုပ်ခြင်းကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲ ဆိုတာကိုပါ။ ကဲ …. အတူတူ ကြည့်လိုက်ရအောင်နော်။

    Double Cleansing လုပ်ပေးတာက အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    • မိတ်ကပ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တယ်

    Double Cleansing ရဲ့ အကျိုးကျေးဇူးတွေ အများကြီးထဲမှာမှ လူသိများတဲ့ တစ်ခုက မျက်နှာပေါ်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာပါ။ အသားအရေကို ကျန်းမာစေပြီး ချွေးပေါက်တွေထဲက မိတ်ကပ်တွေ အညစ်အကြေးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။

    • အဆီပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးတယ်

    Double Cleansing လုပ်ပေးတာက အရေပြားပေါ်က အဆီတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်ပါတယ်။ အရေပြားပေါ်က ချွေးပေါက်တွင်းက အဆီတွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးပါတယ်။ အရေပြားပေါ်က အဆီဂလင်းတွေကိုလည်း အဆီထွက်ရှိမှုကို ထိန်းညှိပေးပါတယ်။

    • အသားအရေ ထိန်းသိမ်းပစ္စည်းတွေရဲ့ ထိရောက်မှုအား ကောင်းစေတယ်

    Double Cleansing က အသားအရေကို အတွင်းပိုင်းအထိ သန့်စင်ပေးပြီး အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို စုပ်ယူမှု အားကောင်းစေပြီး ထိရောက်မှုကို ပြည့်ပြည့်ဝဝ ရရှိစေဖို့ ထောက်ကူပေးမှာပါ။ အရေပြား အတွင်းပိုင်းအထိ အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို ရောက်ရှိစေဖို့ ထောက်ကူပေးမှာပါ။

    • အသားအရေကို ထိခိုက်မှု မရှိဘဲ သန့်စင်ပေးတယ်

    Double Cleansingက အရေပြားကို အတွင်းပိုင်းအထိ သန့်စင်ပေးနိုင်တယ် ဆိုပေမယ့် အရေပြားကို ခြောက်သွေ့မှု ကင်းစေပါတယ်။ အရေပြားမှာ ရှိသင့်တဲ့ အဆီတွေကို ထိန်းသိမ်းပေးထားပြီး အသားအရေကို ထိခိုက်မှု မရှိဘဲ ခြောက်သွေ့မှု ကင်းကင်းနဲ့ သန့်စင်ပေးမှာပါ။

  • အသားအရေကို ဝင်းပစေတယ်
  • အသားအရေကို ပုံမှန်လေး Double Cleansing လုပ်ပေးတာက အရေပြားကို ထိထိရောက်ရောက် သန့်စင်ပေးပြီး အသားအရေကို ကြည်လင်ဝင်းပစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ အသားအရေလေး Glow ချင်ရင်တော့ Double Cleansing ကို ပုံမှန်လေး လုပ်ဆောင်ပေးပါ။

    # Double Cleansing နဲ့ ပတ်သက်တဲ့ အမေးများတဲ့ မေးခွန်းများ

    •  ဘယ်သူတွေ လုပ်သင့်တာလဲ!
    ဘယ်အသားအရေ ပိုင်ရှင်မျိုး မဆို လုပ်သင့်ပါတယ်။ အသားအရေ အမျိုးအစားနဲ့ ကိုယ်အသုံးပြုတဲ့ အလှကုန် အမျိုးအစားကို လိုက်ပြီးတော့တော့ ကွာခြားတာမျိုး ရှိနိုင်ပါတယ်။ 
    • မိတ်ကပ်မလိမ်းရင်ရော Double  cleansing လုပ်ဖို့ လိုမလား!
    လိုပါတယ်။ မိတ်ကပ်မလိမ်းပေမယ့် တစ်နေကုန် ဖုန်တွေ၊ ချွေးတွေနဲ့ ထိတွေ့နေရမယ်။ Sunscreenတွေ၊ moisturizerတွေ လိမ်းထားမယ်ဆိုရင် လုပ်ဖို့ လိုပါတယ်။
    • Double cleansing လုပ်တာက ဆားဝက်ခြံ သက်သာစေမလား!
    Double cleansing လုပ်တာက ချွေးပေါက်တွေကို ပိတ်ဆို့မှု ကင်းစေပြီး အဆီပိုတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးပြီး ဆားဝက်ခြံတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
    • Double cleansing လုပ်တာက အရေပြား အပေါ်ယံက အကာအကွယ်ပေးထားတဲ့ အလွှာကို ပျက်စီးစေနိုင်လား!
    Double cleansing လုပ်တာက အလွန်အကျွံ လုပ်ရင်တော့ ထိခိုက်မှု ရှိနိုင်ပေမယ့် ပုံမှန်ကတော့ ထိခိုက်မှု ကင်းကင်းနဲ့ အသားအရေကို ကျန်းမာစေပါတယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement