backup og meta

ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရေ လှပမှု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရေ လှပမှု

    ဂေါ်ဖီထုပ်က အသုပ်ထဲ ထည့်ထည့် သူ့ချည်းပဲ ကြော်စားစား အရွက်ကြော်ထဲပဲ ထည့်ထည့် အမျိုးမျိုး သုံးဆောင်လေ့ ရှိတဲ့ ဂေါ်ဖီက စားကောင်းသလို အသားအရေကို လှပစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီတစ်ခေါက်တော့ ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရ လှပမှု အကြောင်းကို ပြောပြပေးမှာ ဖြစ်လို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက် တော့နော်။

    ဂေါ်ဖီထုပ်မှာ ဘာတွေပါသလဲ!

    ဂေါ်ဖီထုပ်မှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေသလို၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတွေအပြင် ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် K၊ ဗီတာမင် B6 တို့ ပါဝင်သလို ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖောလိတ်တို့ ပါဝင်နေပါတယ်။

    ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရေ လှပမှု

    ဂေါ်ဖီထုပ်ကပေးတဲ့ အသားအရေ လှပမှု တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

  • အရောင်ကျစေတယ်
  • ရောင်ရမ်းမှုက မလိုအပ်ဘဲ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အရေပြားရောင်ရမ်းတာက မအီမသာ ဖြစ်စေသလိုအမျိုးမျိုးသော ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဂေါ်ဖီထုပ်မှာပါတဲ့ အမိုင်နိုအက်ဆစ်က အရောင် ကျစေနိုင်ပြီး အရေပြားရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ 

    • အသားအရေ ကြည်လင်စေတယ်

    အသားအရေ ကြည်လင်ဝင်းပစေဖို့ ထောက်ကူပေးမယ့် အဓိကဇာတ်လိုက်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။ ဂေါ်ဖီထုပ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် အရေးအကြောင်းတွေကို မဖြစ်အောင် ကာကွယ်ပေး သလို အသားအရောင် မညီတာကိုလည်း သက်သာစေနိုင်ပါတယ်။ ဝက်ခြံ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

    • အနာကျက်စေနိုင်တယ်

    အစိမ်းရောင်ဟင်းသီးဟင်းရွက် တော်တော်များများက အနာကျက်စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဂေါ်ဖီထုပ်ကလည်း အသီးအရွက် တစ်ခုဖြစ်တာကြောင့် အရေပြားပေါ်က ဝက်ခြံ အပါအဝင် အနာ အမျိုးမျိုးကို ကျက်စေနိုင်တာပါ။ ဂေါ်ဖီထုပ်က အသားအရေကို အာဟာရ ဖြည့်ပေးနိုင်ပြီး အရေပြားပြဿနာ အမျိုးမျိုးကို သက်သာစေနိုင်ပါတယ်။

    • အရွယ်တင်စေနိုင်တယ်

    ဂေါ်ဖီထုပ်မှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်တွေ ရှိပါတယ်။ အကြောင်းကတော့ ဂေါ်ဖီထုပ်မှာ ဗီတာမင် C ပါဝင်နေတာကြောင့်ပါ။ ဂေးဖီထုပ်တွေက ဆဲလ်တွေ အိုမင်းမှုကို နှောင့်နှေးစေပြီး အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ 

    • သဘာဝရဲ့ Toner တစ်ခုပါ

    ဂေါ်ဖီထုပ်က မျက်နှာသစ်ပြီးချိန်မှာ အရေပြားပေါ်က ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးသလို အသားအရေကို လန်းဆန်းစေပြီး အရေးအကြောင်းတွေ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကလည်း အသားအရေကို တင်းရင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    • ဝက်ခြံနဲ့ အမည်းစက်တွေကို သက်သာစေနိုင်တယ်

    ဂေါ်ဖီထုပ်ရဲ့ နောက်ထပ် အာနိသင် တစ်ခုက ဝက်ခြံကို သက်သာစေနိုင်တဲ့ အာနိသင် ရှိတာပါ။ အမည်းစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဂေါ်ဖီရွက်ကို အနှစ်ကြိတ်ပြီး လိမ်းတာကလည်း ဝက်ခြံနဲ့ အမဲစက်တွေကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

    • အသားအရေကို ရေဓာတ်ဖြည့်ပေးတယ်

    တစ်နေ့တာကို ရေ ၈ ခွက်ပြည့်အောင် သောက်ဖို့ ပျင်းတယ်။ အရေပြားကိုလည်း ရေဓာတ်ပြည့်ဝစေချင်တယ်ဆိုရင် ရေဓာတ် ၈၁% ပါဝင်နေတဲ့ ဂေါ်ဖီထုပ်ကို စားပေးလို့ ရပါတယ်။ အရေပြားဆဲလ်တွေကို ရေဓာတ်ပြည့်ဝစေပြီး အရေပြားဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးပါတယ်။

    • ဆားဝက်ခြံကို သက်သာစေတယ်

    ဆားဝက်ခြံ သက်သာဖို့ ဂေါ်ဖီထုပ်ကို အရေပြားမှာ တိုက်ရိုက် လိမ်းပေးလို့ ရသလို စားသုံးပေးလို့လည်း ရပါတယ်။ အရေပြား ယားယံတာကို သက်သာစေသလို ဓာတ်မတည့်တာကြောင့် အသားအရေ နီမြန်းတာ၊ ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    • အဆီပြန်တာကို သက်သာစေတယ် 

    အဆီပြန်တာက ဝက်ခြံကို ဖြစ်စေသလို ဆားဝက်ခြံတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဂေါ်ဖီရွက်တွေကို အနှစ်ဖြစ်အောင် ကြိတ်ခြေပြီး သံပုရာရည်လေး နည်းနည်းထည့်လို့ မျက်နှာပေါ်မှာ လိမ်းပေးလို့ ရပါတယ်။ ခြောက်သွားရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ်လောက် လုပ်ပေးမယ်ဆိုရင်တော့ အဆီပြန်တာကို သိသိသာသာ သက်သာစေမှာပါ။

    သတိထားရမယ့်အချက်

    ‌ဂေါ်ဖီထုပ်ကို စားရင်ပဲဖြစ်ဖြစ်၊ အရေပြားမှာလိမ်းရင်ပဲဖြစ်ဖြစ် အထက်ပါ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ စားတာ၊ အရေပြားမှာ လိမ်းတာမျိုးကို‌တော့ ရှောင်ပါ။ အထူးသဖြင့် အရေပြား အသုံးပြုတဲ့အခါ စပ်ဖျင်းဖျင်း ဖြစ်လာရင်၊ ယားလာရင် ရေနဲ့ ဆေးကြောပြီး စောင့်ကြည့်ဖို့ လိုပါတယ်။

    သဘာဝကရတယ်ဆိုပေမဲ့ ဓာတုဗေဒနည်းအရ သန့်စင်ထားတာမျိုး မဟုတ်ဘူးဆိုရင် ခန္ဓာကိုယ်အတွက်  အဆိပ်အတောက် ဖြစ်နိုင်တာကိုသတိထားဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement