အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အဆုတ်ပွရောဂါ

Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ကဘာလဲ။ အဆုတ်ရောင်ခြင်းဆိုတာ အဆုတ်မှာ ပိုးဝင်ခြင်းပဲ ဖြစ်ပါတယ်။ ပုံစံကွဲအဆုတ်ရောင်ခြင်းဟာ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ခြင်း မဟုတ်ပါဘူး။ ပုံမှန်အဆုတ်ရောင်ခြင်းဟာ ပုံစံကွဲအဆုတ်ရောင်ခြင်းထက် ပိုပြင်းထန်ပါတယ်။   ဒီအမျိုးအစားကို တခါတရံမှာ လမ်းလျှောက်အဆုတ်ရောင်ခြင်းလို့ ခေါ်ပါတယ်။ အဲဒီရောဂါဖြစ်ချိန်မှာ အနားယူဖို့ ဆေးရုံတက်ဖို့ မလိုသလောက်ဖြစ်လို့ ဖြစ်ပါတယ်။ Atypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အတွေ့နည်းပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAtypical Pneumonia (ပုံစံကွဲအဆုတ်ရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ချမ်းတုန်ခြင်း ချောင်းဆိုးခြင်း (တခါတရံမှာ သွေးပါတဲ့ အချွဲတွေ ပါလာတတ်ပါတယ်) ဖျားခြင်း အသက်ရှူရခက်ခြင်း တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ အသက်ပြင်းပြင်းရှူတဲ့အခါ ချောင်းဆိုးတဲ့အခါ ပိုအောင့်လာခြင်း စိတ်ရှုပ်ထွေးခြင်း ခေါင်းကိုက်ခြင်း အစားပျက်ခြင်း၊ အားကုန်ခြင်း၊ ပင်ပန်းခြင်း ကြွက်သားများကိုက်ခဲပြီး အဆစ်များ တောင့်တင်းခြင်း ချွေးထွက်ပြီး အသားများစေးကပ်ခြင်း တွေ့ရနည်းတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဝမ်းလျှောခြင်း နားကိုက်ခြင်း မျက်လုံးအောင့်ခြင်း၊ နာခြင်း လည်ပင်းရောင်လာခြင်း အစက်အပြောက်ထွက်ခြင်း လည်ချောင်းနြာခ်ငး Mycoplasma […]


ရာသီတုပ်ကွေး

Influenza(flu)child (တုပ်ကွေးဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Influenza(flu)child (တုပ်ကွေးဆိုတာဘာလဲ) ကဘာလဲ။ တုပ်ကွေး ဆိုတာဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပါ။ နှစ်တိုင်းနှစ်တိုင်း လူပေါင်း ၂သိန်းခွဲကနေ ၅သိန်းအထိ ကူးစက်နေသော တုပ်ကွေးဟာ ၁၀ရာခိုင်းနှုန်းကနေ ၁၅ရာခိုင်နှုန်းလောက်အထိရှိပါတယ်။ တုပ်ကွေးဟာ ချက်ချင်းထဖြစ်ပြီး ၇ရက်ကနေ ၁၀ရက်အတွင်းမှာ ပျောက်ကင်းသွားကြတာများပါတယ်။ တုပ်ကွေးဟာ အန္တရယ်ရှိပါတယ်။ အထူးသဖြင့် ပိုအဆင့်မြင့်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေနဲ့ဆို ပိုတောင် အန္တရယ်ရှိပါတယ်။ လူအများအတွက်ကတော့ တုပ်ကွေးဟာ ချက်ချင်းထဖြစ်ပြီး ၇ရက်ကနေ၁၀အတွင်းမှာ ပျောက်ကင်းသွားကြသလို လုံးဝလည်း ပြန်ကောင်းသွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း အသက်အရွယ် အရမ်းကြီးသူတွေ၊ အရမ်းငယ်သူတွေနဲ့ ကိုယ်ခံအားကျနေသူတွေကတော့ ပိုမိုပြင်းထန်စွာခံစားလိုက် ရပြီးသေတဲ့အထိတောင် ဖြစ်သွားနိုင်ပါတယ်။ Influenza(flu)child (တုပ်ကွေးဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ တုပ်ကွေးရောဂါဟာ လွန်စွာ အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နှစ်ကို အနည်းဆုံး တုပ်ကွေး၂ကြိမ်၃ကြိမ်ဖြစ်ဖူးပါတယ်။ ကလေးတွေကတော့ တစ်နှစ်ကို […]


အဆုတ်ပွရောဂါ

Fungal Pneumonia (မှိုနမိုနီးယား )

အဓိပ္ပါယ်ဖွင့်ဆိုချက်Fungal Pneumonia (မှိုနမိုနီးယား ) ကဘာလဲ။ Fungal pneumonia ဆိုတာဟာ တစ်ခု(သို့) တစ်ခုထက်ပိုတဲ့ ရောဂါဖြစ်စေနိုင်တဲ့ မှိုတွေကြောင့် ဖြစ်တဲ့ ရောဂါပိုးဝင်ခြင်းတစ်မျိုးဖြစ်ပါတယ်။ Fungal pneumonia ဟာ spores လို့ခေါ်တဲ့ ပိုးမွှားရဲ့ မျိုးမှုန်တွေ၊ conidia လို့ခေါ်တဲ့ ရောဂါဖြစ်စေတဲ့ မှိုရဲ့ အစိတ်အပိုင်းတစ်မျိုးကို ရှုရှိုက်မိရင် (သို့)နဂို ရှိပြီးသား မြုံနေတဲ့ ရောဂါပိုးဝင်ခြင်းတွေ ပြန်လည်ထကြွလာ တဲ့ အခါမျိုးတွေမှာ ဖြစ်နိုင်ပါတယ်။ Fungal pneumonia ကိုရောဂါ အမည်သတ်မှတ်နိုင်ဖို့က ခက်ခဲနိုင်ပါတယ်။ ရောဂါအမည်သတ်မှတ်ရာမှာ မှန်ကန်တယ်လို့ထင်ရတဲ့ အခြေခံ အချက်အလက်တွေနဲ့ လုပ်ဆောင်ရပါတယ်။ ရောဂါ အမည်တပ်ခြင်းဟာ ရောဂါ အခြေအနေ၊ ဓါတ်မှန်၊ နဲ့ သေးငယ်တဲ့ပိုးမွှားတွေကို လေ့လာခြင်း စတဲ့ အချက်အလက်တွေ အပေါ်မူတည်နေပါတယ်။ လူနာ တစ်ဦးချင်းစီအတွက် […]


အအေးမိဖျားနာခြင်း

Common Cold (အအေးမိခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Common Cold (အအေးမိခြင်း) ကဘာလဲ။ အအေးမိခြင်းဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း- နှာခေါင်း၊ လည်ချောင်း- တို့မှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းတစ်မျိုးပါ။ ဗိုင်းရပ်စ်အမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး လက္ခဏာတွေက နေရထိုင်ရသက်တောင့်သက်သာမရှိပေမယ့် အန္တရာယ်တော့မကြီးပါဘူး။ Common Cold (အအေးမိခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်ကိုအဖြစ်များလေ့ရှိပြီး အသက် ၆ နှစ်အောက်ကလေးတွေမှာ ဖြစ်နိုင်ချေအများဆုံးဖြစ်တယ်။ ကျန်းမာတဲ့လူကြီးတွေမှာလည်း တစ်နှစ်ကို နှစ်ခါ သုံးခါလောက်တော့ အအေးမိခြင်းခံစားရလေ့ရှိပါတယ်။ အားပေးသောအချက်များကိုရှောင်ကြဉ်ခြင်းဖြင့် ရောဂါခံစားရနိုင်ချေကိုထိန်းသိမ်းနိုင်တယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများCommon Cold (အအေးမိခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နှာစေးခြင်း လည်ချောင်းနာခြင်း ချောင်းဆိုးခြင်း နှာချေခြင်း နှာခေါင်းပိတ်ခြင်း ခေါင်းကိုက်ခြင်း၊ ခန္ဓါကိုယ်ကိုက်ခဲခြင်း ငွေ့ငွေ့ဖျားခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း အအေးမိတဲ့အခါ နှာရည်ကအဝါရောင် သို့ အစမ်းရောင်ရှိတတ်ပြီး ပိုချွဲပျစ်တတ်ပါတယ်။ ဒါဟာဘတ်တီးရီးယားရောဂါကိုပြောတာမဟုတ်ကြောင်း မှတ်ထားသင့်ပါတယ်။ ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ တကယ်လို့ဒီလက္ခဏာတွေခံစားရပါက ဆရာဝန်ပြသင့်ပါတယ်- လူကြီးတွေမှာ- ၃၈.၅ ဒီဂရီဆဲလ်စီးယပ်စ်ထက်ပိုဖျားခြင်း ငါးရက်နဲ့အထက်ဖျားခြင်း ပျောက်ပြီးမှပြန်ဖျားခြင်း အသက်ရှူရခက်ခြင်း အသက်ရှူစဉ်တရွှီရွှီအသံမြည်ခြင်း လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း ကလေးတွေမှာ- မွေးကင်းစမှ ၁၂ ပတ်သားတွင် ၃၈ ဒီဂရီထက်ပိုဖျားခြင်း မည်သည့်အရွယ်ကလေးတွင်မဆို အဖျားတက်ခြင်း၊ ၂ ရက်ထက်ပိုဖျားခြင်း လက္ခဏာများပိုဆိုးလာခြင်း၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း) ကဘာလဲ။ အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနှင့် အောက်ပိုင်းဟု နှစ်မျိုးခွဲထားပါသည်။ အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းတွင် နှာခေါင်း၊ နှာခေါင်းလမ်းကြောင်း၊ နှာခေါင်းတွင်း လေအိတ်ခေါင်းများ၊ အာခံတွင်းနှင့် အသံကြိုးအထက်မှ လည်မျိုတို့အထိပါ၏။ အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင်တော့ အသံကြိုးအောက်မှ လည်မျို၊ လေပြွန်ကြီး၊ လေပြွန်ခွဲနှင့် လေပြွန်ငယ်တို့ ပါဝင်ပါသည်။ အဆုတ်ကို အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင် ထည့်နိုင်သလို သီးခြားတစ်ခုအဖြစ်လည်း ယူဆနိုင်ပါသည်။ ၎င်းတွင် လေပြွန်ငယ်များ၊ လေအိတ်ပြွန်များ၊ လေအိတ်ထုပ်များနှင့် လေအိတ်ငယ်များပါဝင်ပါသည်။ အသက်ရှုလမ်းကြောင်းအား ဓါတ်ငွေ့များသယ်ယူခြင်းနှင့် ဖလှယ်ခြင်းပေါ်မူတည်ပြီး ကူးလူးဆက်သွယ်ဇုံနှင့် အသက်ရှုဇုံဟုလည်း ခွဲခြားနိုင်ပါသေးသည်။ လေပြွန်ခွဲများမှထက်ပြီး ပြွန်ငယ် ၂၀ မှ ၂၃ ခုစီထိ ထက်ခွဲသွားကာ လေအိတ်ငယ်တစ်ခုတွင် ပြွန်တစ်ခုစီနှင့် အဆုံးသတ်ပါသည်။ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းများမှာ လေအိတ်ခေါင်းများ၊ လည်မျို၊ လေပြွန်များနှင့် အဆုတ်များဆီသို့ မည်သည့်ပိုးမဆိုဝင်ခြင်းကို ဆိုလိုပါသည်။ […]


အဆုတ်ပွရောဂါ

Pneumonia ( နမိုးနီးယား )

Pneumonia ( နမိုးနီးယား )ဆိုတာ အဆုတ် ဘယ်ခြမ်း သို့ ညာခြမ်း သို့ တစ်ခုလုံးကို ပိုးဝင်တဲ့ ရောဂါဖြစ်ပါတယ်။ နမိုးနီးယားဖြစ်စေသော ရောဂါပိုးများစွာရှိပါတယ်။ ကူးစက်ခံရသော အဆုတ်မှ အရည်များစိမ့်ထွက်ပြီး ဆဲလ်သေများကို ခွာချတဲ့အခါ လေအိတ်ငယ်များကို ပိတ်စေပါတယ်။ ဒါကြောင့် အဆုတ်မှ အောက်စီဂျင်ယူပြီး သွေးဆီသွင်းပေးရန် ခက်ခဲသွားပါတယ်။ အောက်စီဂျင်မလုံလောက်လျှင် သင့်ခန္ဓာကိုယ်လည်း ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ Pneumonia (နမိုးနီးယား) ရဲ့ လက္ခဏာတွေက ဘာတွေလဲ နမိုးနီးယားရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ချောင်းအလွန်ဆိုးတာ ဖျားတာ ချမ်းတုန်တာ အသက်ရှူမဝတာ ရင်ဘတ်စူးအောင့်တာ (အသက်ပြင်းပြင်းရှူတဲ့အချိန်၊ ချောင်းဆိုးတဲ့အချိန်ဆို ပိုဆိုးတာ) ခေါင်းကိုက်တာ အစားအသောက်ပျက်တာ အလွန်အမင်းမောပန်းတာ ပျို့တာ၊ အန်တာ စတာတွေပဲ ဖြစ်ပါတယ်။ အထက်က ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးတဲ့ အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ကဘာလဲ။ အဆုတ်တွင်းရေဝင်ခြင်းဆိုသည်မှာ အဆုတ်တွင်း၌ ရေများစုလာခြင်းကိုဆိုလိုပါသည်။ ရေများသည် လေအိတ်ငယ်များအတွင်စုပုံလာပြီး အသက်ရှုရခက်စေသည်။ များသောအားဖြင့် နှလုံးရောဂါကြောင့်ဖြစ်တတ်ပြီး တခြားသော ကျန်းမာရေးအခြေအနေများကလည်း အဆုတ်တွင်းရေဝင်ခြင်းကို ဖြစ်စေတတ်ပါသည်။ အဆုတ်တွင်းရေဝင်ခြင်းသည် ရုတ်တရတ်ပေါ်လာတတ်သလို (Acute) နာတာရှည်ပုံစံမျိုးလည်း (Chronic) ဖြစ်နိုင်၏။ ရုတ်တရတ်ဖြစ်လာသည်ဆိုပါက ဒီအခြေအနေသည် အသက်သေသည်အထိဖြစ်နိုင်သောကြောင့် ဆေးကုသမှု ချက်ချင်းခံယူရမည်ဖြစ်သည်။ သို့သော်လည်း အချိန်မှီသိရှိလျှင်တော့ ကုသရာနိုင်သောကြောင့် စောလျင်စွာကုလျင် မြန်မြန်သက်သာနိုင်ပါသည်။ အဆုတ်တွင်းရေဝင်ခြင်းကိုကုသရာတွင် ၎င်းကိုရော အောက်ခံရောဂါကိုပါ ကုသရမည်ဖြစ်သည်။ Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အသက်ကြီးသူများ၌ အဖြစ်များသောရောဂါဖြစ်ပြီး ငယ်ရွယ်သူများတွင် ဖြစ်လေ့မရှိပါ။ ၇၅-၈၄ နှစ်လူ ၁၅ ယောက်လျှင် ၁ ယောက်နှုန်းရှိပြီး အသက် ၈၅နှင့်အထက် နှလုံးအလုပ်မလုပ်နိုင်သူ ၇ ယောက်လှင် ၁ ဦးကျ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Hypoxia (အောက်စီဂျင်နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypoxia (အောက်စီဂျင်နည်းခြင်း) ကဘာလဲ။ အောက်စီဂျင်နည်းခြင်းသည် တစ်ရှူးများဆီသို့ အောက်စီဂျင်နည်းပါးစွာရောက်သော အခြေအနေကို ဆိုလိုပါသည်။ ဟိုက်ပေါက်စီးမီးယားဟုခေါ်သော သွေးတွင်းအောက်စီဂျင်ပမာဏ ပုံမှန်ထက်လျော့နည်းခြင်းမှ ဖြစ်ရခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် အထက်ပါအခြေအနေနှစ်မျိုးလုံးကိုညွှန်သည့်အနေဖြင့် အောက်စီဂျင်နည်းခြင်းဟုသာခေါ်လေ့ရှိပါသည်။ အောက်စီဂျင်နည်းခြင်း နှင့် ဟိုက်ပေါက်စီးမီးယားသည် တခြားသောအခြေအနေများ၏လက္ခဏာလည်း ဖြစ်နိုင်သည်။ ထိုအခြေအနေများသည် များသောအားဖြင့် အသက်ရှုစနစ်နှင့် သွေးလှည့်ပတ်မှုတွင်ဖြစ်သော အခြေအနေများဖြစ်သည်။ ပုံမှန်သွေးလွှတ်ကြောတွင်း သွေးများ၌ အောက်စီဂျင် ၇၅ – ၁၀၀ mmHg ရှိရမည်ဖြစ်သည်။ ၆၀ mmHg အောက်ဆိုပါက သင့်တွင် အောက်စီဂျင်နည်းခြင်းဖြစ်နေပြီး အောက်စီဂျင်ရှုရန် လိုအပ်နိုင်ပါသည်။ Hypoxia (အောက်စီဂျင်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများHypoxia (အောက်စီဂျင်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်စီဂျင်နည်းခြင်း၏လက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး မတူတတ်ပါ။ သို့သော် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ကဘာလဲ။ အဆုတ်ဖုံးအမြှေးရောင်ခြင်းဆိုသည်မှာ အဆုတ်အား ဖုံးအုပ်ထားသည့် အမြှေးပါးရောင်ခြင်းဖြစ်ပါသည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းသည် စူးရှသည့် ရင်ဘတ်အောင့်မှု (Pleratic Pain) ကိုဖြစ်စေပြီး အသက်ရှုလိုက်လျှင် ပိုဆိုးဝါး၏။ အဆုတ်ဖုံးအမြှေးတွင် ပါးလွှာသောအလွှာနှစ်လွှာ ပါဝင်ပြီး အဆုတ်ကိုကာကွယ်ပေးသလို ရင်ဘတ်နံရံမှလည်း ခွာပေးပါသည်။ အလွှာနှစ်ခုကြား၌ အလွှာများ ချောနေစေရန် ချောဆီအဖြစ် အရည်များပါရှိ၏။ အဆုတ်ဖုံးအမြှေးရောင်လာသည့်အခါ အလွှာနှစ်လွှာ ချောမွတ်ဆွာ မပွတ်တိုက်နိုင်တော့ပဲ နာကျင်မှုကိုခံစားရသည်။ အထူးသဖြင့် ချောင်းဆိုနှာချေလျှင် ပိုနာ၏။ Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆုတ်ဖုံးအမြှေးရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ အသက်ရှု၊ ချောင်းဆိုး၊ နှာချေလိုက်လျှင် ဆိုးဝါးသော ရင်ဘတ်အောင့်ခြင်း အသက်ရှုမဝခြင်း ချောင်းဆိုးခြင်း – တစ်ချို့တွင်သာ ဖျားခြင်း – တစ်ချို့တွင်သာ ရင်ဘတ်အောင့်ခြင်းနှင့်ထိလျှင်နာခြင်း […]


တီဘီရောဂါ

Tuberculosis (တီဘီရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်အဆုတ်တီဘီ ဆိုတာဘာလဲ။ အဆုတ်တီဘီ ဆိုသည်မှာ တစ်ရှူးများကို တိုက်ခိုက် ဖျက်စီးတတ်သော ဘက်တီးရီးယားပိုး ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ ထို ဘက်တီးရီးယားကိုMycobacterium tuberculosis (MTB) ဟုခေါ်ပြီး လေထဲမှတစ်ဆင့် ကူးစက် ပျံ့နှံ့ပါသည်။ လူအတော်အများသည် ငုပ်နေသော အဆုတ် တီဘီရောဂါကို ခံစားရပါသည်။ လူနာ၏ကျန်းမာရေး အပေါ် မူတည်၍ အချိန်အတိုင်းအတာတစ်ခု (သီတင်းပတ် အနည်းငယ် မှ နှစ်အတန်ကြာ) ကြာပြီးနောက် တီဘီရောဂါပိုး သည် ရောဂါလက္ခဏာများကို စတင်ဖြစ်ပွားစေပါသည်။ အထူးသဖြင့် လူနာ သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာဆေးကုထုံးခံယူနေခြင်း စသော ကိုယ်ခံအားနည်းစေသောအကြောင်းရင်းများ ရှိပါက တီဘီရောဂါသည် ပို၍လျင်မြန်စွာ ဖြစ်ပွားပါသည်။ ရောဂါသည် အဆုတ်ကို ထိခိုက် နေပြီး အရိုး၊ ပြန်ရည်ကျိတ်၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း