အဓိပ္ပါယ်ဖွင့်ဆိုချက်
အဆုတ်တီဘီ ဆိုတာဘာလဲ။
အဆုတ်တီဘီ ဆိုသည်မှာ တစ်ရှူးများကို တိုက်ခိုက် ဖျက်စီးတတ်သော ဘက်တီးရီးယားပိုး ကူးစက်မှု တစ်မျိုးဖြစ်ပါသည်။ ထို ဘက်တီးရီးယားကိုMycobacterium tuberculosis (MTB) ဟုခေါ်ပြီး လေထဲမှတစ်ဆင့် ကူးစက် ပျံ့နှံ့ပါသည်။ လူအတော်အများသည် ငုပ်နေသော အဆုတ် တီဘီရောဂါကို ခံစားရပါသည်။ လူနာ၏ကျန်းမာရေး အပေါ် မူတည်၍ အချိန်အတိုင်းအတာတစ်ခု (သီတင်းပတ် အနည်းငယ် မှ နှစ်အတန်ကြာ) ကြာပြီးနောက် တီဘီရောဂါပိုး သည် ရောဂါလက္ခဏာများကို စတင်ဖြစ်ပွားစေပါသည်။ အထူးသဖြင့် လူနာ သည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ ကင်ဆာ သို့မဟုတ် ကင်ဆာဆေးကုထုံးခံယူနေခြင်း စသော ကိုယ်ခံအားနည်းစေသောအကြောင်းရင်းများ ရှိပါက တီဘီရောဂါသည် ပို၍လျင်မြန်စွာ ဖြစ်ပွားပါသည်။ ရောဂါသည် အဆုတ်ကို ထိခိုက် နေပြီး အရိုး၊ ပြန်ရည်ကျိတ်၊ ပင်မအာရုံကြော အဖွဲ့အစည်း၊ နှလုံး နှင့် အခြားအင်္ဂါများသို့ ပျံ့နှံ့ နိုင်ပါသည်။