အဓိပ္ပါယ်ဖွင့်ဆိုချက်
Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း) ကဘာလဲ။
အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနှင့် အောက်ပိုင်းဟု နှစ်မျိုးခွဲထားပါသည်။ အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းတွင် နှာခေါင်း၊ နှာခေါင်းလမ်းကြောင်း၊ နှာခေါင်းတွင်း လေအိတ်ခေါင်းများ၊ အာခံတွင်းနှင့် အသံကြိုးအထက်မှ လည်မျိုတို့အထိပါ၏။ အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင်တော့ အသံကြိုးအောက်မှ လည်မျို၊ လေပြွန်ကြီး၊ လေပြွန်ခွဲနှင့် လေပြွန်ငယ်တို့ ပါဝင်ပါသည်။ အဆုတ်ကို အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင် ထည့်နိုင်သလို သီးခြားတစ်ခုအဖြစ်လည်း ယူဆနိုင်ပါသည်။ ၎င်းတွင် လေပြွန်ငယ်များ၊ လေအိတ်ပြွန်များ၊ လေအိတ်ထုပ်များနှင့် လေအိတ်ငယ်များပါဝင်ပါသည်။