အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည်အဆုတ်ရောဂါနဲ့ အောက်ဆီဂျင်ကုထုံးအကြောင်း

အောက်ဆီဂျင်ကုထုံးဆိုတာ ဘာလဲ အောက်ဆီဂျင်ကုထုံးဆိုတာ လုံလောက်တဲ့အောက်ဆီဂျင်ရဖို့ ခက်ခဲသူတွေ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းနေသူတွေအတွက် အသုံးပြုတဲ့ ကုထုံးဖြစ်ပါတယ်။ အဆုတ်ရောဂါ ခံစားနေရသူတွေဟာ အောက်ဆီဂျင်ရရှိအောင် အလွန်အမင်းအားစိုက်ကြရတဲ့အတွက် အောက်ဆီဂျင်ဖြည့်ထားတဲ့ စလင်ဒါ ဒါမှမဟုတ် container ကတဆင့် အောက်ဆီဂျင်ရယူရတဲ့ အခြေအနေအထိ ရောက်လာတတ်ပါတယ်။ Container ထဲမှာရှိတဲ့ အောက်ဆီဂျင်ကို အောက်ဖော်ပြပါ ကိရိယာတစ်ခုခုအသုံးပြုပြီး ရယူနိုင်ပါတယ်။ Nasal cannula - နှာဝတစ်ဖက်စီမှာ တပ်ဆင်ဖို့ prongs အမည်ရှိ ပလပ်စတစ်ပြွန်ငယ်လေးတွေ ပါဝင်တဲ့ ကိရိယာဖြစ်ပါတယ်။ Face mask - လူနာရဲ့နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ အသက်ရှူပိုက် - လူနာရဲ့ လည်ပင်းအရှေ့ပိုင်းကို ခွဲကြောင်းအနည်းငယ်ပေးပြီး လေပြွန်မကြီးထဲ တိုက်ရိုက်ထည့်သွင်းရတဲ့ ပိုက်ငယ်တစ်ခု ဖြစ်ပါတယ်။ ဒီကုထုံးကို Transtracheal oxygen therapy လို့ […]


ရာသီတုပ်ကွေး

အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဘယ်လိုကွာလဲသင်သိပါသလား

ရာသီ အကူးအပြောင်းမှာ ဖျားကြနာကြတယ်နော်။ ဖျားတာက အကြောင်းအရင်းမရှိဘဲ ဖျားတာမျိုးတော့မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ကိုယ်ခံအားစနစ် အားနည်းသွားတာကြောင့် ပြင်ပကဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်တွေကို မတိုက်ထုတ်နိုင်တဲ့အခါ ဖျားတာနာတာ ဖြစ်လာတာပါ။ ဖျားတဲ့အခါ စကားတိုတိုတုတ်တုတ်နဲ့ နေထိုင်မကောင်းဘူးလို့ အလွယ်တကူသုံးလိုက်ကြပေမယ့် ဖျားတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ ဆိုပြီး ကွဲပြားပါတယ်။ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ချင်း မတူသလို ကုသရတဲ့ ပုံစံချင်းလည်း ကွာခြားပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာ လက္ခဏာတွေ ဘယ်လိုကွာ အအေးမိတာဆိုရင် နှာစေးမယ် နှာခေါင်းပိတ်မယ် လည်ချောင်းနာမယ် ချောင်းဆိုးမယ် ခေါင်းကိုက်မယ် ကိုယ်လက်တွေကိုက်ခဲမယ် ခန္ဓာကိုယ်ထဲမှာ အားကုန်နေသလို ခံစားရမယ်။ တုပ်ကွေးဖြစ်တာဆိုရင် ချောင်းခြောက်ဆိုးမယ် အဖျားနည်းနည်းရှိနေမယ် လည်ချောင်းနာမယ် ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ် ခေါင်းကိုက်မယ် နှာရည်ယိုမယ် သီတင်းပတ် (၂) ပတ်လောက်အထိ နေလို့မကောင်းဖြစ်နေမယ် မအီမသာဖြစ်မယ်၊ […]


ရာသီတုပ်ကွေး

အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက်

ရာသီဥတု အပြောင်းအလဲ ဖြစ်တဲ့အခါ အအေးမိ တုပ်ကွေး ဖြစ်တာက မဖိတ်ခေါ်ဘဲနဲ့ကို ရောက်လာတတ်တဲ့ အရာပါ။ အအေးမိတာ တုပ်ကွေးဖြစ်တာတွေ ဖြစ်တဲ့အခါ ခန္ဓါကိုယ်မှာ မအီမသာ ခံစားရတာတွေ ရှိနိုင်သလို နှာရည် တရွှဲရွှဲ၊ အသက်ရှူ မရပြုမရနဲ့ အလုပ်အကိုင်တွေလည်းပျက်၊ အိပ်ရေးပျက် လူပင်ပန်း ဖြစ်ရပါတယ်။ စိတ်ညစ်စရာပေါ့။ ဒီတစ်ခေါက်တော့ အအေးမိ ဖျားနာတာ ဖြစ်ခဲ့တဲ့အခါ မြန်မြန်ဆန်ဆန်နဲ့ပဲ အဖျား တာတိုအောင် လုပ်နိုင်တဲ့ လူသိနည်းသေးတဲ့ နည်းလမ်း တစ်ခုအကြောင်း ပြောပြချင်တယ်။ အအေးမိတုပ်ကွေးရောဂါတွေကို အမြစ်ပြတ်ဖယ်ရှားပေးမယ့်လျှို့ဝှက်ချက် တစ်ခုလို့ ဆိုကြပါစို့။ အအေးမိတာနဲ့ တုပ်ကွေး ဖြစ်တာ ဆိုတာက အအေးမိတာနဲ့ တုပ်ကွေး ဖြစ်တာက တစ်ခုနဲ့ တစ်ခု မတူပါဘူး။ ရိုးရိုးလေး တွေးရင်တော့ ခန္ဓါကိုယ်မှာ နေထိုင်မကောင်းတာချင်းက အတူတူပဲလို့ ထင်စရာ […]


အအေးမိဖျားနာခြင်း

အအေးမိဖျားနာခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ချောင်းတွေဆိုးပြီး လည်ချောင်းကလည်းနာ နှာရည်တွေလည်းယိုတဲ့အခြေအနေမျိုးများဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဖျားတော့မှာပါလို့ ပြောပါရစေ။ တစ်ပတ်လောက်ကြာတဲ့အထိ နှာလေးတရှုံ့ရှုံ့က မပျောက်ဘဲဖြစ်နေရင်တော့ အအေးမိဖျားနာတာ ရဲ့ အခြေအနေက ပိုဆိုးလာတဲ့သဘောပါ။ သာမန် အအေးမိဖျားနာတာ ဆေးသောက်စရာမလို၊ ဆေးခန်းပြစရာမလိုဘဲ အိမ်တွင်းကုထုံးလေးတွေလုပ်ပေးရုံနဲ့ သက်သာသွားနိုင်ပေမယ့် အခန့်မသင့်တဲ့အခါမျိုးမှာတော့ ပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းတဲ့သူတွေမှာ အအေးမိဖျားနာတာကြောင့် နောက်ဆက်တွဲဝေဒနာတွေ အဖြစ်များပါတယ်။ တကယ်လို့ သင့်အနေနဲ့ အအေးမိဖျားနာ ဝေဒနာက ၁၀ ရက်ကျော်တဲ့အထိမသက်သာဘူးဆိုရင်တော့ အခြေအနေက ပိုဆိုးလာဖို့ပဲရှိတယ်ဆိုတာ သိထားဖို့လိုပါမယ်။ ဒီအခြေအနေက နောက်ဆက်တွဲဝေဒနာတွေကို ဖြစ်စေနိုင်မယ့်အခြေအနေတစ်ရပ်ပါ။ ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုခံယူသင့်ပါတယ်။ ဒီလက္ခဏာတွေရှိနေပြီဆိုရင် အအေးမိဖျားနာ ဖြစ်နေပါပြီ အအေးမိဖျားနာတဲ့လက္ခဏာကိုတော့ တော်တော်များများက ကောင်းကောင်းသိထားပြီးပါပြီ။ အအေးမိဖျားနာတဲ့ လက္ခဏာဆိုတာက ခန္ဓာကိုယ်က အအေးမိတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို တိုက်ထုတ်တာကြောင့်ဖြစ်လာတဲ့လက္ခဏာပါ။ အအေးမိဖျားနာရင် ဘာလက္ခဏာတွေဖြစ်နိုင်မလဲ လည်ပင်းထဲမှာ ခြောက်ကပ်ကပ်ဖြစ်မယ် […]


ရာသီတုပ်ကွေး

တုပ်ကွေးနဲ့ အအေးမိ ဘာတွေကွာခြားလဲ

ခန္ဓါကိုယ်မှာနေထိုင်မကောင်းဖြစ်တဲ့အခါနေလို့မကောင်းဘူး၊ ဖျားချင်ချင်ဖြစ်နေပြီလို့ပြောတာကြားဖူးမှာပေါ့။ အများစုကဒီလိုအခြေအနေကိုနေမကောင်းဘူးလို့ပဲ အလွယ်တကူပြောလိုက်ကြပါတယ်။ တကယ်တော့နေမကောင်းတဲ့အခါ အဖြစ်အများဆုံးတွေက အအေးမိတာ (cold) နဲ့ တုပ်ကွေးမိတာ (flu) တို့ရှိတာကြောင့် နေမကောင်းတဲ့အခါ အအေးမိဖျားတာမျိုးရှိနိုင်သလို တုပ်ကွေးမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဖျားနာနေတဲ့အခါ အအေးမိတာနဲ့ တုပ်ကွေးဟာ ရောဂါလက္ခဏာတွေဆင်တူလေ့ရှိပေမယ့် အကြမ်းဖျင်းတော့ ခွဲခြားလို့ရပါတယ်။ တုပ်ကွေးဖြစ်တာနဲ့အအေးမိတာက တချို့လက္ခဏာတွေ ဆင်တူနေတတ်ပါတယ်။ အိပ်ရာကနိုးတဲ့အခါ နှာချေတာ၊ချောင်းဆိုးတာ၊ခြေလက်တွေထဲက တစစ်စစ်ကိုက်တာ၊ အဖျားရှိနေတာမျိုးဖြစ်မယ်ဆိုရင်တော့ အအေးမိတာဖြစ်နိုင်သလို တုပ်ကွေးမိတာလည်းဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာတွေက နှစ်ခုလုံးမှာ ဆင်တူတာကြောင့်ပါ။ ဘာတွေကွာခြားသလဲ။ အအေးမိတာ - အအေးမိတာက သိပ်မပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဖျားနာမှုတစ်ခုပါ။ ခန္ဓါကိုယ်က မအီမသာဖြစ်လာမယ်။ခြေလက်တွေညောင်းလာမယ်။ နှာချေမယ်။ လည်ချောင်းနာမယ်။ နှာစေးမယ်ဆိုရင် ဒါကအဖျားသွေးရှိနေပြီလို့ပြောရပါတယ်။ အရမ်းမပြင်းထန်ပေမယ့် အဖျားသက်သာဖို့ အချိန်တော်တော်လေးတော့ယူရပါတယ်။ပြည့်ပြည့်ဝဝအနားယူပေးတာ၊ အာဟာရပြည့်ဝအောင်စားသုံးပေးလိုက်မယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် သက်သာသွားအောင်အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ တုပ်ကွေးဖြစ်တာ -ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ နှာချေချောင်းဆိုးတာနဲ့လည်ချောင်းနာတာတွေအပြင် အဖျားကြီးတက်တာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ […]


အအေးမိဖျားနာခြင်း

အအေးမိတာ ရာသီဥတုအေးလို့လား။

နှာတွေချေပြီး လည်ချောင်းနာတာချောင်းဆိုးတာတွေဖြစ်နေလား။ ဒါတွေက အအေးမိဖျားနာတာတွေရဲ့ အစောပိုင်းလက္ခဏာတွေပါ။ ဒီလိုလက္ခဏာတွေဖြစ်တာက ရာသီဥတုအေးတာကြောင့်လို့ထင်နေပါသလား။ လူကြီးမိဘတွေကလည်းလေစိမ်းတွေ အတိုက်မခံနဲ့ အအေးမိလိမ့်မယ်၊ အအေးမခံနဲ့ အအေးမိလိမ့်မယ်ဆိုတာမျိုးတွေ မကြာခဏကြားဖူးမှာပေါ့။နေမကောင်းရင် ဖျားနာနေရင် အအေးမခံဖို့ရေမချိုးဖို့အစရှိတာတွေလည်း တားမြစ်တာခံဖူးမှာပေါ့။ ဖျားနာတာရဲ့ နာမည်ကိုယ်တိုင်ကလည်း အအေးမိဖြစ်နေတော့နေမကောင်းတာ ဖျားနာတာဟာ ရာသီဥတုအေးတာကြောင့်လို့ ထင်ကြတာ အလွန်တော့မဟုတ်ပါဘူး။ ရာသီဥတုအေးတာကြောင့် အအေးမိနိုင်လား အတိုဆုံးအဖြေကတော့ ရာသီဥတုအေးတာကြောင့် အအေးမိဖျားနာဖြစ်တာမဟုတ်ပါဘူး။ အအေးမိဖျားနာဖြစ်ရတဲ့အကြောင်းအရင်းက တစ်ခုတည်းပါ။ ဒါကတော့ ဗိုင်းရပ်စ်တစ်မျိုးမျိုးနဲ့ထိတွေ့မိတာကြောင့်ပါ။အေးနေတဲ့ရာသီဥတုအခြေအနေက ပန်းနာရင်ကျပ်လိုမျိုးအခြေအနေတွေကို ပိုဆိုးသွားစေနိုင်တာ အသေအချာပါပဲ။ ဒါပေမယ့် သာမန်ဖျားနာတာတွေနဲ့ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ လည်ချောင်းနာတာ၊နှာစေးတာ၊ ရင်ပြည့်တာ နဲ့ ချောင်းဆိုးတာတွေကိုတော့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရတဲ့ဆေးတွေ သောက်သုံးရုံနဲ့ပျောက်ကင်းနိုင်ပါတယ်။ သာမန်ဖျားနာတာမျိုးက များသောအားဖြင့် သိပ်မပြင်းထန်တတ်ပေမယ့်ရောဂါလက္ခဏာတွေအားလုံးပျောက်ကင်းဖို့ဆိုရင် အချိန် တစ်ပတ်ကနေနှစ်ပတ်လောက် အထိကြာမြင့်နိုင်ပါတယ်။ ဒါပေမယ့် နေမကောင်းဖြစ်တဲ့အခါ အဖျားတက်တာ၊ခေါင်းကိုက်တာ၊ကြွက်သားတွေ နာကျင်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ သာမန်အဖျားမဟုတ်တော့ပါဘူး။ […]


ပန်းနာရင်ကျပ်

Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ကဘာလဲ။ သူ့နာမည်အတိုင်းပင် လေ့ကျင့်ခန်းကြောင့် ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါဆိုသည်မှာ လေ့ကျင့်ခန်းများပြင်းပြင်းထန်ထန် သို့ ကြာရှည်လုပ်ပြီးတဲ့အခါမှာဖြစ်တဲ့ပန်းနာရင်ကြပ်ရောဂါ ပဲဖြစ်ပါတယ်။ နာတာရှည်ပန်းနာရင်ကြပ်ရောဂါရှိတဲ့လူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပန်းနာရင်ကြပ်ရောဂါရဲ့ ရောဂါလက္ခဏာတွေကိုကြုံတွေ့ရလေ့ရှိပါတယ်။ သို့သော်လည်း နာ တာရှည်ပန်းနာရင်ကြပ်ရောဂါမရှိပဲ လေ့ကျင့်ခန်းလုပ်နေစဉ်မှ ရောဂါလက္ခဏာဖြစ်လာတဲ့လူတွေလည်း များစွာရှိပါတယ်။ Exercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ ဟာအရမ်းအဖြစ်များပါတယ်။ မိန်းကလေးများတွင်ယောက်ျားလေးများထက်ပိုဖြစ်တာတွေ့ရပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ် ။ အန္တရာယ်ရှိသည့်အရာများကို ရှောင်ရှားခြင်းဖြင့် ရောဂါကို သက်သာအောင်လုပ်နိုင်ပါတယ်။ အသေးစိတ်သိရှိစေရန် ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ် ။ လက္ခဏာများExercise-induced asthma (လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အများဆုံးဖြစ်လေ့ရှိတဲ့ရောဂါလက္ခဏာတွေကတော့…. လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းကျဉ်းသွားသည့် ရောဂါလက္ခဏာတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ် သို့ လုပ်ပြီး မိနစ်အနည်းငယ်ကြာတဲ့အခါမှာ ဖြစ်ပေါ်လာလေ့ရှိပြီး မကုသပဲထားပါက မိနစ် ၃၀ သို့ ၃၀ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ကဘာလဲ။ အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်းမှာ ပိတ်ခြင်း၊ ကျဉ်းခြင်းတို့ကြောင့် အသက်ရှူရခက်ခြင်းဖြစ်ပါတယ်။ ထိခိုက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ဘက် အစိတ်အပိုင်းတွေကတော့ လေပြွန်၊ အသံအိုးနဲ့ လည်ချောင်းတို့ဖြစ်ပါတယ်။ Upper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများUpper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ စိတ်တိုခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း ပြာနှမ်းလာခြင်း သတိမကောင်းခြင်း သီးခြင်း အသက်ရှူရခက်ခြင်း လေကိုရှိုက်ရှူရခြင်း ထိတ်လန့်ခြင်း သတိလစ်ခြင်း ရွှီရွှီမြည်ခြင်းနှင့် အခြားပုံမမှန်သော အသက်၇ှူသံများဟာ အသက်ရှူရခက်ခဲနေကြောင်း ညွှန်ပြနေပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများUpper Airway Obstruction (လေပြွန်အပေါ်ပိုင်းပိတ်ဆို့ခြင်း) ကိုဘာတွေကဖြစ်စေသလဲ ပျားတုတ်ခံရခြင်း၊ မြေပဲ၊ penicillin ကဲ့သို့ […]


အဆုတ်ပွရောဂါ

Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကဘာလဲ။ ဓါတုသင့်အဆုတ်ရောင်ရောဂါဆိုတာထူးခြားတဲ့အဆုတ်ရောင်ရမ်းမှုအမျိုးအစားတခုဖြစ်ပါတယ် Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများChemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ဓါတုသင့်အဆေုတ်ရောင်ရောဂါရဲ့ရောဂါလက္ခဏာတွေကတော့အမျိုးမျိုးပြောင်းလဲနိုငိပြီးအချက်အလက်များစွာကရောဂါပြင်းထန်မှုကိုအဆုံးအဖြတ်ပေးနိုင်ပါတယ် ဥပမာအားဖြင့်အများသုံးရေကူးကန်အကြီးစားတခုထဲမှာကလိုရင်းဓါတ်ကိုထိတွေ့မိတဲ့သူတယောက်ဟာချောင်းဆိုးခြင်းနဲ့မျက်စိစပ်ခြင်းတွေကိုပဲခံစားရမှာဖြစ်ပါတယ် အခန်းငယ်လေးတခုအတွင်းမှာကလိုရင်းဓါတ်အများအပြားနဲ့ထိတွေ့မိသူကတော့အဆုတ်ပျက်စီးပြီးသေဆုံးနိုင်ပါတယ် ရောဂါလက္ခဏာတွေရဲ့ပြင်းထန်မှုကိုဆုံးဖြတ်ပေးနိုင်တဲ့အချက်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ် -ဓါတုပစ္စည်းအမျိုးအစားနှင့်ပြင်းအား -ပတ်ဝန်းကျင်နှင့်ထိတွေ့မှု-အိမ်တွင်းအိမ်ပြင်အပူအအေး -ထိတွေ့သည့်အချိန်အတိုင်းအတာ-စက္ကန့်.၊မိနစ်၊နာရီ -ဓါတုပစ္စည်းပုံစံ-ဓါတ်ငွေ့၊ရေနွေးငွေ့၊အရည်၊အခဲ၊ ဓါတုပစ္စည်းထိတွေ့မှုကိုရှောင်ရှားနိုင်ရန်အသုံးပြုသည့်အကာအကွယ်နည်းလမ်းများ -လူနာရဲ့လက်ရှိကျန်းမာရေးအခြေအနေ -လူနာ၏အသက်   ဓါတုသင့်အဆုတ်ရောင်မှာအောက်ပါရောဂါလက္ခဏာများရှိုနိုင်ပါတယ် နှာခေါင်းမျက်လုံးနှုတ်ခမ်းပါးစပ်နှင့်လည်ချောင်းများပူစပ်ခြင်း ချောင်းခြောက်ဆိုးခြင်း အကြည်ရောင်အဝါရောင်သို့မဟုတ်အစိမ်းရောင်သလိပ်များထွက်သောချောင်း သားရည်ထဲတွင်သွေးသို့မဟုတ်ပန်းရောင်သန်းသောအရာများထွက်သည့်ချောင်း ပျို့အန်ချင်စိတ်ဖြစ်ခြင်းသို့မဟုတ်ဗိုက်အောင့်ခြင်း ရင်ဘတ်အောင့်ခြင်း အသက်ရှူရခက်ခြင်း အသက်ရှူရာတွင်အောင့်ခြင်းသို့မဟုတ်အဆုတ်အမြှေးပါးရောင်ရမ်းခြင်း ခေါင်းကိုက်ခြင်း တုပ်ကွေးလက္ခဏာများ အားနည်းခြင်းသို့မဟုတ်ကိုယ်လက်မအိမသာဖြစ်ခြင်း သတိမကောင်းခြင်းကယောင်ချောက်ခြားဖြစ်ခြင်း နှုတ်ခမ်းနှုင့်အသားအရေဖြူဖျော့ခြင်းသို့မဟုတ်ပြာလာခြင်း ချွေးအလွန်အကျွံထွက်ခြင်း အတွေးအခေါ်နှင့်ကျိုးကြောင်းဆင်ခြင်နိုင်မှုပြောင်းလဲသွားခြင်း သတိလစ်ခြင်း မျက်လုံးနှင့်လျှာဖောင်းလာခြင်း အသံဝင်သွာ့းခြင်း ကိုယ်ပေါ်ရှိအခြားနေရာများတွင်ဓါတုပစ္ခည်းအနံ့ရခြင်း ချောင်းဆိုးရာမှတတွေးအမြုပ်ထခြင်း အဖျားရှိခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့် ဆီမှာအထက်ဖော်ပြပါ ရောဂါက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများChemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ အဆုတ်ရောင်ရောဂါဟာများသောအားဖြင့်ဘက်တီးရီးယားပိုးနဲ့ဗိုင်းရပ်ပိုးကြောင့်ဖြစ်လေ့ရှိပါတယ်ဓါတုအဆုတ်ရောင်ရောဂါမှာအဆုတ်တစ်ရှူးတွေကအဆိပ်နဲံ့အဆိပ်သင့်နိုင်တဲ့သင့်နိုင်တဲ့ပစ္စည်းတွေကြောင့်ရောင်ရမ်းမှုဖြစ်ပေါ်ခြင်းပါ အရည်ဓါတ်ငွေ့နဲ့ဖုံနဲ့အခိုးအငွေ့လို့ခေါ်တဲ့အသေးအမွှားပစ္စည်းလေးတွေအပါအဝင်ပစ္စည်းအများအပြားကဓါတုအဆုတ်ရောင်ရောဂါကိုဖြစ်ပေါ်စေပါတယ်အချို့ဓါတုပစ္စည်းတွေကအဆုတ်တခုတည်းကိုထိခိုက်စေပေမဲ့အချို့ကတော့အဆုတ်အပြင်အခြားအင်္ဂါများကိုပါထိခိုက်စေပြီးပြင်းထန်တဲ့အင်္ဂါပျက်စ်ီးမှုသို့မဟုတ်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ် ရှူသွင်းခြင်းအဆုတ်ရောင်ရောဂါဆိုတာဓါတုအဆုတ်ရောင်ရောဂါရဲ့နောက်ထပ်ပုံစံတမျိုးဖြစ်ပါတယ်ခံတွင်းကထွက်လာတဲ့အရည်တွေနဲ့အစာအိမ်အတွင်းကအစာတွေကိုအဆုတ်ထဲကိုရှူသွင်းမိခြင်းဖြစ်ပါတယ် အစာအိမ်အက်ဆစ်နဲ့အန်ဇိုင်းတွေရဲ့အဆိပ်ဓါတ်တွေကအဆုတ်တစ်ရှူတွေကိုရောင်ရမ်းစေတာပါအစာအိမ်နဲ့ပါးစပ်အတွင်းကဘက်တီးရီးယားတွေကလဲဘက်တီးရီးယားအဆုတ်ရောင်ရောဂါကိုဖြစ်စေနိင်ပါတယ် ဖြစ်နိုင်ခြေများငါ့ဆီမှာ Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ရောဂါအဖြေရှာခြင်းနှင့် ကုသမှုယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ. Chemical Pneumonia (ဓါတုသင့်အဆုတ်ရောင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ ရောဂါအဖြေရှာခြင်းနဲ့ကုသမှုတွေကရောဂါလက္ခဏာတွေပေါ်မူတည်ပါတယ်ရောဂါလက္ခဏာတွေကများသောအားဖြင့်မပြင်းထန်ပဲဓါတုပစ္စည်းကိုကောင်းစွာသိရှိရင်ဆေးကုသမှုအပိုင်းကမြန်ဆန်ပြီးထိရောက်မှုရှီပါတယ် တခါတရံမှာတော့အသက်ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့အသက်၇ှူကိရိယာအဆင့်မြင့်အရေးပေါ်နှလုံးအသက်ကယ်ဆယ်မှုသို့မဟုတ်အဆင့်မြင့်တဲ့ဆေးကုသမှုတွေလိုအပ်တဲ့ပြင်းထန်တဲ့ရာဂါလက္ခဏာတွေလဲဖြစ်တတ်ပါတယ်အများအားဖြင့်ဆရာဝန်ကဒေသတွင်းအဆိပ်ကျွမ်းကျင်သူပညာရှင်ဆီကအကြံဉာဏ်ယူရတတ်ပါတယ် ဆေးရုံဝန်ထမ်းတွေကိုယ်တိုင်အဆိပ်နဲ့ထိတွေ့မှုမရှိစေရန်ဆရာဝန်ကသေချာအောင်လုပ်ဆောင်၇ပါတယ် နောက်ထပ်အရေးကြီးတာတခုကဓါတုပစ္စည်းကိုသိရှိနိုင်ရန်နဲ့အဆိုပါပစ္စည်းရဲ့အဆုတ်နဲ့အခြားနေရာတွေကိုသက်ရောက်နိင်မှုကိုစဉ်းစားရပါတယ် အဆိပ်သင့်မှုအချိန်ကာလ၊ထိတွေ့မှုရှီတဲ့နေရာနဲ့ဓါတုပစ္စည်းပမာဏ၊အခြားရောဂါများနဲ့လက္ခဏာများပါသိအောင်စေ့စပ်သေချာအောင်မေးမြန်း၇ပါတယ်အရေးကြီးတဲ့လက္ခဏာတွေဖြစ်တဲ့နှလုံးခုန်နှုန်းသွေးပေါင်ချိန်အသက်ရှူနှုန်းကိုယ်အပူချိန်နဲ့သွေးထဲမှာရှိတဲ့အောက်ဆီဂျင်ပမာဏကိုသေချာစွာစစ်ဆေးရတဲ့အပြင်မျက်လုံးနှာခေါင်းလည်ချောင်းအရေပြားနှလုံးအဆုတ်နဲ့ဝမ်းဗိုက်ကိုပါသေချာအောင်စစ်ဆေး၇ပါတယ်ကိုသေချာစွာစစ်ဆေးရတဲ့အပြင်မျက်လုံးနှာခေါင်းလည်ချောင်းအရေပြားနှလုံးအဆုတ်နဲ့ဝမ်းဗိုက်ကိုပါသေချာအောင်စစ်ဆေး၇ပါတယ် ဒီအချက်တွေကိုလုပ်ဆောင်ပြီးတာနဲ့နောက်ထပ်အတည်ပြုစစ်ဆေးမှုတွေကဒဏ်ရာ၇သူရဲ့အခြေအနေထိတွေ့မှုရှိတဲ့ဓါတုပစ္စည်းအမျိုးအစားနဲ့အခြားအချက်တွေပေါ်မူတည်ပြှီးပြောင်းလဲနိုင်ပါတယ် Chemical […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ကဘာလဲ။ အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်းဆိုတာ အဆုတ်တစ်သျှူးများနဲ့ အဆုတ်လေအိတ်များကြားမှာ အနာဖြစ်ပြီး အမာရွတ်များဖြစ်လာခြင်း ဖြစ်ပါတယ်။ အမာရွတ်များဟာ အဆုတ်မှာ တောင့်တင်းမှုဖြစ်စေပြီး အောက်ဆီဂျင်ရှူသွင်းနိုင်စွမ်းကို ထိခိုက်စေပါတယ်။ Interstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ၂၀၁၃ ခုနှစ်က တကမ္ဘာလုံးမှာ လူပေါင်း ၅၉၅၀၀၀ ဖြစ်ပွားခဲ့ပါတယ်။ လူပေါင်း ၄၇၁၀၀၀ သေဆုံးခဲ့ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများInterstitial Lung Disease (အဆုတ်ကြားခံနယ်ရောဂါဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကလက္ခဏာကတော့ အသက်ရှူခက်ခြင်းပါပဲ။ ဒီရောဂါရှိသူမှန်သမျှ တချိန်ချိန်မှာ အသက်ရှူကြပ်ခြင်း ခံစားရပါတယ်။ တခြားလက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ချွဲမထွက်ဘဲချောင်းခြောက်ဆိုးခြင်း ကိုယ်အလေးချိန်ကျခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG