အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

ဆောင်းတွင်းမှာ တုပ်ကွေးဘာလို့ အဖြစ်များတာလဲ

ရာသီဥတုအေးလာပြီဆို နှာလေးချေလိုက်ရမှ။ ရာသီဥတုအပြောင်းအလဲကို အရင်ဆုံးအချက်ပြလာတာက နှာရည်ကျလာတာပါပဲ။ တချို့ကျတော့ ဒီလောက်နဲ့မရပ်သွားဘဲ အအေးမိ၊တုပ်ကွေးတွေအထိဖြစ်လာတယ်။ ဟိုလူဖျား၊ ဒီလူဖျားနဲ့နေမကောင်းဖြစ်သူတွေ ပတ်လည်ဝိုင်းလာတဲ့အထိပြန့်ပွားလာတတ်ပါတယ်။ အေးတဲ့ရာသီမှာရောဂါပိုးပြန့်ပွားမှုနှုန်း ဘာလို့ပိုမြန်ရတာလဲ၊ ဘာလို့အဖြစ်များတာလဲ ဆိုတော့ ဗိုင်းရပ်စ်ကြောင့်ပါ။ အအေးမိနဲ့ တုပ်ကွေးြဖစ်စေတဲ့ဗိုင်းရပ်စ်တွေက အေးပြီးခြောက်သွေ့တဲ့ လေထုထဲမှာ ပိုပြီးကြာကြာအသက်ရှင်နိုင်တာကြောင့် ဒီရာသီနဲ့ကွက်တိပါပဲ။ အအေးမိနဲ့တုပ်ကွေးဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းကတဆင့် ခန္ဓါကိုယ်ထဲကို ဝင်ရောက်လေ့ရှိတယ်။ နှာခေါင်းလမ်းကြောင်းနံရံအမြှေးတွေကလည်း ရောဂါဖြစ်စေနိုင်တဲ့ပိုးမွှားတွေကိုကာကွယ်နိုင်တဲ့လုပ်ဆောင်ချက်တွေပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် နှာခေါင်းက ရှူရှိုက်လိုက်တဲ့လေအေးတွေကြောင့် ချွဲသလိပ်ရှင်းလင်းနိုင်စွမ်းကိုနှေးကွေးစေပါတယ်။ အဲဒီမှာ ဗိုင်းရပ်စ်တွေက ပိုကြာကြာကပ်တွယ်ခွင့်ရသွားပြီး ခန္ဓါကိုယ်ထဲ ဝင်ရောက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ နေမကောင်းဖြစ်တဲ့လူက နှာချေလိုက်တိုင်း၊ချောင်းဆိုးလိုက်တိုင်းလေထဲကို အမှုန်စက်လေးတွေပျံ့နှံ့သွားပြီး တွေ့ထိမိတဲ့ မျက်နှာပြင်တစ်နေရာရာမှာ ကပ်တွယ်သွားမယ်၊ ဒါမှမဟုတ် အနီးတဝိုက်လေကြောင်းသင့်တဲ့နေရာက လူတစ်ယောက်ရဲ့ အသက်ရှူလမ်းကြောင်းထဲ ပါသွားမယ်ဆိုရင်ရောဂါကူးပြီလေ။ တုပ်ကွေးဗိုင်းရပ်စ်က စိုထိုင်းဆလျော့နည်းပြီး အပူချိန်လျော့နေတဲ့အခြေအနေမှာပိုကပ်တွယ်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်ပဲ ရာသီဥတုအေးနေချိန်အတွင်း အအေးမိတုပ်ကွေး ကူးစက်ပြန့်ပွားမှုပိုများတာဖြစ်ပါတယ်။တုပ်ကွေးေရာ၊ အအေးမိေရာ ကူးစက်လွယ်တဲ့ရောဂါတွေချည်းဆိုပေမယ့် အအေးမိက ပိုအဖြစ်များပြီး […]


လေပြွန်ရောင်ရောဂါ

လေပြွန်ရောင်ခြင်း

လေပြွန်နဲ့ ပတ်သတ်ပြီး ရောင်ရမ်းခြင်းတွေထဲမှာ လေပြွန်ရောင်ခြင်းဟာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ လေပြွန်နံရံမှာ ရောဂါပိုးဝင်ခြင်းကြောင့် အများဆုံးဖြစ်ရပါတယ်။ လေပြွန်ရောင်တဲ့အခါ အဆုတ်ဆီ အောက်ဆီဂျင်ရောက်ရန် ခက်သွားတာကြောင့် အသက်ရှူမဝတာဖြစ်တတ်ပါတယ်။ ညစ်ညမ်းတဲ့လေနဲ့ အန္တရာယ်များတဲ့ ဓာတုပစ္စည်းတွေကို ကြာရှည်ထိတွေ့ရှူရှိုက်ခြင်းကလည်း လေပြွန်ရောင်စေတဲ့အချက်တွေ ဖြစ်ပါတယ်။ လေပြွန်ရောင်ခြင်း ဆိုတာ ဘာလဲ လေပြွန်ရောင်ခြင်းက ရေတိုလည်း ဖြစ်နိုင်သလို နာတာရှည်လည်း ဖြစ်နိုင်ပါတယ်။ ရုတ်တရက်လေပြွန်ရောင်ခြင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊ အအေးမိခြင်းတို့နဲ့ ဆက်နွယ်နေတတ်ပြီး လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ သလိပ်ထွက်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ တခါတရံအသက်ရှူမဝခြင်း စသည်ဖြင့် သာမန်လောက်ကနေ ပြင်းပြင်းထန်ထန်ထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ရုတ်တရက် လေပြွန်ရောင်ခြင်းဟာ ရက်အနည်းငယ် သို့ ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကောင်းသွားတတ်ပြီး နာတာရှည်ကတော့ ပိုပြင်းထန်ကာ ပိုဆိုးပါက နှစ်နဲ့ချီ ကြာတတ်ပါတယ်။ အချိန်ကြာ ချွဲထခြင်း၊ ချောင်းဆိုးခြင်း၊ လေပြွန်ရောင်ခြင်းတို့ ခံစားရတတ်ပြီး […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေသူကို ပြုစုနည်း

ပန်းနာရင်ကျပ်ရောဂါသည် အချိန်မရွေး၊ နေရာမရွေး ပြန်ထ နိုင်သော ရောဂါဖြစ်ပါသည်။ ရက်ပေါင်း၊ လပေါင်း များစွာ ငြိမ်နေရာမှ ရုတ်တရက် မွန်းကျပ်သော ဝေဒနာကို ရုတ်တရက် ခံစားရနိုင်ပါသည်။ စတင်၍ ချောင်းဆိုးမည်၊ နှာချေမည် ထို့နောက်တွင်မူ ရုတ်တရက် မွန်းကျပ်လာပါမည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှူ လမ်းကြောင်းတစ် လျောက် တွင်ရှိသော ကြွက်သားများ တင်လွန်းသွားပြီး အတွင်းနံရံ တစ်လျောက်တွင်မူ ဖူးယောင်လာသည့် အတွက် လေပြွန်ထဲသို့ လေဝင်နည်း လာပါလိမ့်မည်။ ပန်းနာရင်ကျပ်ရောဂါ ပြန်ထနေခြင်းကို ဘယ်လိုသိနိုင်သလဲ။ အကယ်၍ ပန်းနာရင်ကျပ် ရောဂါ အခံရှိသူ တစ်ယောက်သည် မစားနိုင်၊ မအိပ်နိုင်၊ စကားပင် မပြောနိုင် လောက်အောင် ရင်ကျပ်နေပြီ ဆိုလျင်၊ အသက်ရှူရ ခက်ခဲနေပြီဆိုလျင်၊ လေမှုပ်အား တိုင်းတာချက် နဂိုထက် လျော့နည်းလာပြီ ဆိုလျင် […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကြပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး

ပန်းနာရင်ကြပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကြပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကြပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။   လေ့ကျင့်ခန်းလုပ်ခြင်း ကျွန်တော်တို့ နေ့စဉ်ဘဝတွင် အသက်ရှူရန် နှာခေါင်းကို သုံးကြသည်။ လေသည် နှာခေါင်းလမ်းကြောင်းထဲ ဖြတ်သွား သောအခါ ပူနွေးပြီး စိုစွတ်လာသည်။ သို့သော်လည်း ဘောလုံး သမား ကဲ့သို့ လေ့ကျင့်ခန်းလုပ်ရသော လူများသည် ပါးစပ် ဖြင့် လေရှူသွင်းသည်။ ပန်းနာရင်ကြပ်ရှိသူများ၏ အသက်ရှူ လမ်းကြောင်းသည် စိုထိုင်းမှုနှင့် အပူချိန်ကို တုံ့ပြန်မှုအလွန် များသည်။ ရုတ်တရက် ပြောင်းလဲပါက အသက်ရှူ လမ်းကြောင်း […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းဆိုးခြင်း ၇ မျိုးနှင့် သူတို့ဆိုလိုသည့်အရာ

ချောင်းဆိုးခြင်းသည် အပြင်ဘက်မှအရာများ ဝင်ရောက်ခြင်းကို ခန္ဓာကိုယ်မှ ပုံမှန်တုံ့ပြန်ခြင်း ဖြစ်သည်။ ၎င်းသည် သင့်ကျန်းမာရေးတွင် တစ်ခုခုမှားနေပြီဆိုသော သတိပေး လက္ခဏာတစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း လူများစွာသည် ချောင်းဆိုးခြင်းနှင့် ၎င်းနှင့်အတူဖြစ်သော လက္ခဏာများကို လျော့တွက်ကြသည်။ ဤဆောင်းပါးတွင် ချောင်းဆိုးခြင်း ၇မျိုးအကြောင်း နှင့် ၎င်းတို့ အမှန်တကယ် ဘာကိုဆိုလိုသလဲကို ဖော်ပြသွားပါမည်။ ချောင်းဆိုးခြင်း ဆိုတာ ဘာလဲ။ လည်ချောင်းနှင့် အသက်ရှူလမ်းကြောင်းတွင် ပြင်ပ အမှုန်များ၊ ရောဂါပိုးမွှားများ၊ ယားယံစေသော အရာများ၊ အရည်များ အကျိအချွဲများ ရှိပါက ရှင်းလင်းသွားစေရန် ချောင်းဆိုးကြသည်။ သို့သော်လည်း ပြင်းထန်ပြီး ဆက်တိုက် ချောင်းဆိုးနေပါက ၎င်းသည် ရောဂါများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ ချောင်းဆိုးခြင်း ဖြစ်စဉ်တွင် အဓိက အဆင့် ၃ဆင့် ပါသည်။ အသက်ရှူသွင်းခြင်း လည်မျိုရှိ အသံကြိုးများပိတ်ပြီး […]


ပန်းနာရင်ကျပ်

သင့်၏ပန်းနာရင်ကြပ်ဝေဒနာများကို လျော့ပါးသက်သာစေနိုင်သည့် ပြောင်းလဲကျင့်သုံးရမည့် အမူအကျင့် ၅ ခု

ပန်းနာရင်ကြပ်ထဖောက်လိုဖောက်ငြား သင်သည် အရေးပေါ်ကုသမှုအား တတ်နိုင်သလောက်မြန်မြန်ရှာဖွေထားရန်လိုအပ်သည်။ ကံမကောင်းစွာဖြင့် ပန်းနာရင်ကြပ်သည် အကြိမ်ကြိမ်ရုတ်တရက်ထဖြစ်နိုင်ပြီး ထိုအချိန်တွင် ဆရာဝန်အားဆက်သွယ်ရန်မှာ ခက်ခဲတတ်သည်။ သို့သော်လည်း သင့်၏အပြုအမူအနေအထိုင်ပြောင်းလဲမှုအချို့သည် ပန်းနာရင်ကြပ်ထဖောက်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ညွှန်ကြားထားသည့်အတိုင်း သင့်ဆေးများကို သောက်သုံးပါဆရာဝန်ညွှန်ကြားချက်များနှင့်အကြံပေးချက်များကို လိုက်နာရန်ခက်ခဲတတ်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ ဝေဒနာရှင်အများစုသည် ညွှန်ကြားထားသည့်အတိုင်း ဆေးများကို မသောက်သုံးနိုင်ကြပါ။ ထိုသို့ဖြစ်ရခြင်းမှာ ဆေးညွှန်းသည်အလွန်ရှုပ်ထွေးများပြားခြင်း၊ဆေးပေးသည်အချိန်ကာလသည် အလွန်ကြာမြင့်ခြင်း၊ဈေးအလွန်ကြီးခြင်း(သို့)ဆေးများကို အချိန်မှီသောက်သုံးရန် မေ့လျော့တတ်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။ သို့သော်သင့်တွင်ပြဿနာတစ်ခုခုရှိပါက ထိုပြဿနာကို ပြုပြင်ပြောင်းလဲလိုက်ပါ။ သင့်အားညွှန်းထားသောဆေးများကိုသေချာလိုက်နာသောက်သုံးမှုရှိမရှိသည် သင့်၏ ပန်းနာရင်ကြပ်ရလဒ်တွင်အရေးကြီးသည့်နေရာမှပါဝင်သည်။ သင့်၏ထိုဆေးများသည် သင့်၏ပန်းနာရင်ကြပ်ရောဂါအားထိန်းချုပ်နိုင်ရန် ကူညီပြီး ပိုမဆိုးဝါးသွားစေရန်လည်း ကာကွယ်ပေးသည်။ အချို့သောအခြေအနေများတွင် သင့်ကိုယ်သင်ကောင်းနေပြီ၏ဟု ယူဆ၍ သင်သည်ဆေးများသောက်ရန်မေ့နေတတ်သည်။ သို့သော် သင့်တွင်ရင်ကြပ်ဝေဒနာ မဖြစ်သေးခြင်းသည်ရင်ကြပ်ဝေဒနာ သင့်တွင်ဖြစ်မလာနိုင်တော့ဟု မဆိုလိုပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ လေ့ကျင့်ခန်းပုံမှန်လုပ်ပါက သင့်ကျန်းမာရေးအတွက်ကောင်းပါသည်။ သင့်တွင် ပန်းနာရင်ကြပ်ရှိပါက သင်သည်လှုပ်လှုပ်ရှားရှားနေနိုင်ပါသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သင့်နှလုံးနှင့်အဆုတ်များကို သန်မာစေပါသည်။ […]


ပန်းနာရင်ကျပ်

အံသြစရာကောင်းသော ပန်းနာရင်ကြပ်ရောဂါဖြစ်စေသည့် အချက်((၅)ချက်

သင့်တွင်ပန်းနာရင်ကြပ်ရှိပါက သင့်အနီးအနားရှိအရာများနှင့်ပတ် သတ်၍ဂရုစိုက်သတိထားပါ။ များပြားလှသောအရာများသည် ပန်းနာရင်ကြပ်ရောဂါအား ဖြစ်ပွားစေပါသည်။ သင်သည် ဖုန်မှုန့်များ၊မှိုများ(သို့)ဆေးလိပ်ငွေ့များကြောင့်ဖြစ်တတ်သည်ကို သိထားပြီးဖြစ်နိုင်သော်လည်း သင်သိထားရန်လိုအပ်သည့် ပို၍အံ့သြစရာကောင်းသည့်ဖြစ်ပွားစေနိုင်သောအကြောင်းအရင်း များလည်းရှိသေးပါသည်။ စိတ်ဖိစီးမှု စိတ်ဖိစီးမှုသည်သင့်အလုပ်၊သင့်ကလေးများ၊သင့်အချစ်ရေး၊ငွေရေး ကြေးရေး၊သင့်အိမ်နှင့်မိသားစု စသည်တို့မှလာနိုင်သည်။ ထိုစိတ်ဖိ စီးမှုသည် သင့်၏ပင်မအာရုံကြောစနစ်၊ခုခံအားစနစ်၊နှလုံးနှင့်သွေးကြောစနစ်၊ ကြွက်သားနှင့်အရိုးစနစ်၊အစာအိမ်နှင့်အူလမ်းကြောင်းစနစ်များကို ထိခိုက်စေနိုင်ပြီး သင့်၏ပန်းနာရင်ကြပ်ရောဂါကိုလည်း ထိခိုက်စေ နိုင်ပါသည်။ စိတ်ဖိစီးမှုသည် ပြင်းထန်သောတုံ့ပြန်မှုများကို ဖန်တီးပေးပြီး အာရုံ ကြောများကို အလုပ်လုပ်စေကာ အဆုတ်များရှိအသက်ရှူလမ်း ကြောင်းကြွက်သားများကို ကျုံ့နိုင်စေပါသည်။ ထိုကြွက်သားများ သည် မာတောင့်လာပြီး တဝှီဝှီမြည်ခြင်း၊ချောင်းဆိုးခြင်း၊ရင်ကြပ်ခြင်း နှင့် မောခြင်း စသောပန်းနာရင်ကြပ်လက္ခဏာများကို ပိုမိုဆိုးဝါးစေ နိုင်ပါသည်။ စိတ်ဖိစီးမှုသည် သင့်၏ခုခံအားစနစ်အတွင်းပြောင်းလဲမှု များကို ဖြစ်ပေါ်စေကာ သင့်၏ပန်းနာရင်ကြပ်ဝေဒနာကို ပိုမိုဆိုးဝါး စေနိုင်ပါသည်။ သို့သော် ပန်းနာရင်ကြပ်ရောဂါသည် စိတ်ပိုင်းဆိုင် ရာကြောင့်စတင် ဖြစ်ပွားစေသည့် ရောဂါမဟုတ်သောကြောင့် စိတ် ဖိစီးမှုသည် ပန်းနာရင်ကြပ်ရောဂါကို မဖြစ်ပွားစေနိုင်ပါ။ ဆိုလိုသည်မှာ သင့်တွင်ပန်းနာရင် ကြပ်မရှိပါက စိတ်ဖိစီးမှုမှတဆင့်ပန်းနာ ရင်ကြပ်ရောဂါဖြစ်ပွား မလာစေနိုင်ပါ။ သင့်တွင်ပန်းနာရင်ကြပ်ရှိပြီးသားဖြစ်ပါမှ စိတ်ဖိစီးမှု သည်သင့်ရောဂါလက္ခဏာများကို ဖြစ်ပွားစေနိုင်ပါသည်။ အော်ဟစ် ဆူပူခြင်း၊စိုးရိမ်ပူပန်ခြင်း၊ငိုကြွေးခြင်း၊ဒေါသထွက်ခြင်း(သို့)အလွန်အမင်းရယ်မောခြင်းစသော ပြင်းထန်သည့်စိတ်အခြေအနေများ သည်လည်း ရင်ကြပ်ရောဂါကို ဖြစ်ပွားစေတတ်ပါသည်။ ဆေးဝါးများ ပန်းနာရင်ကြပ်ဖြစ်စေနိုင်သည့်အချို့ဆေးများလည်းရှိသည်။ ထို့ ကြောင့်ပန်းနာရင်ကြပ်ရှိပါကအသုံးပြုသောဆေးဝါးများကို သတိ ထားပါ။ သို့သော် ဆိုလိုသည်မှာ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) ရဲ့ လက္ခဏာနှင့် အဆင့်များ

COPD ခေါ် နာတာရှည် လေပြွန်ကျဉ်းရောဂါရဲ့ လက္ခဏာတွေဟာ အဆုတ်ထိခိုက်ပျက်စီးမှု အတိုင်းအတာပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဒီရောဂါရဲ့ လက္ခဏာတွေဟာ နှစ်နဲ့ချီပြီး ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတာဖြစ်တဲ့အတွက် ရောဂါအခြေအနေဆိုးရွားလာမှသာ သတိပြုမိကြတာများပါတယ်။ ရောဂါလက္ခဏာတွေက တသမတ်တည်းရှိမနေဘဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေနိုင်ပြီး ပြင်းထန်မှုအတိုင်းအတာလည်း ကွဲပြားနိုင်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတွေက ဘာတွေလဲ နာတာရှည် ချောင်းဆိုးခြင်း တကယ်တော့ ချောင်းဆိုးခြင်းဆိုတာ အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်မှာရှိတဲ့ ချွဲသလိပ်၊ အရည်တွေနဲ့ အခြားအနှောင့်အယှက်ပေးနိုင်တဲ့ အရာတွေကို ခန္ဓာကိုယ်က ရှင်းထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ချွဲသလိပ်မှာ အရောင်မရှိပေမယ့် COPD ဝေဒနာရှင်တွေရဲ့ ချွဲသလိပ်ကတော့ အဝါရောင်ဖြစ်နေတတ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD) လူနာတွေဟာ မနက်ပိုင်းမှာ ချောင်းပိုဆိုးလေ့ရှိပြီး လေ့ကျင့်ခန်းလုပ်ချိန်နဲ့ ဆေးလိပ်သောက်ချိန်တွေမှာလည်း ပိုဆိုးတတ်တယ်။ […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

နာတာရှည်အဆုတ်ရောဂါ (COPD) လူနာများအတွက် ဆေးငွေ့ရှူစက် (nebulizer) အသုံးပြုနည်း

ဆေးငွေ့ရှူစက် (nebulizer) ဆိုတာတာ ပန်းနာရင်ကြပ်ရောဂါ၊ နာတာရှည်အဆုတ်ရောဂါ (COPD) စတဲ့ အဆုတ်ရောဂါတွေကို ကုသရာမှာ အသုံးဝင်တဲ့စက်တစ်မျိုး ဖြစ်ပါတယ်။ ဒီစက်ဟာ လူနာရှူရမယ့် ဆေးအရည်ကို အငွေ့ပုံစံပြောင်းလဲပေးမှာဖြစ်ပြီး ရှူဆေးဘူး (inhaler) တွေမှာ ပါဝင်တဲ့ဆေးအမျိုးအစားကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုအတွက် (အထူးသဖြင့် ကလေးငယ်တွေအတွက်) nebulizer ဟာ inhaler ထက် အသုံးပြုရပိုမိုလွယ်ကူတဲ့ ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။ စားပွဲပေါ်တင်ထားနိုင်တဲ့ nebulizer အကြီးနဲ့ အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ nebulizer အသေးဆိုပြီး nebulizer နှစ်မျိုးရှိပါတယ်။ နှစ်မျိုးလုံးက အရွယ်အစားကွာခြားရုံကလွဲပြီး ပါဝင်တဲ့ပစ္စည်းအားလုံး အတူတူပဲဖြစ်ပါတယ်။ Nebulizer မှာ လေဖိအားပေးကိရိယာ၊ ဆေးရည်ထည့်ဖို့ခွက်၊ ၎င်းတို့ကြားဆက်သွယ်ပေးထားတဲ့ ပြွန်ငယ်နဲ့ ဆေးရှူဖို့ကိရိယာ တစ်ခုစီ ပါဝင်ပါတယ်။ အချို့ကတော့ nebulizer ထက် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည်အဆုတ်ရောဂါနဲ့ အောက်ဆီဂျင်ကုထုံးအကြောင်း

အောက်ဆီဂျင်ကုထုံးဆိုတာ ဘာလဲ အောက်ဆီဂျင်ကုထုံးဆိုတာ လုံလောက်တဲ့အောက်ဆီဂျင်ရဖို့ ခက်ခဲသူတွေ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျဆင်းနေသူတွေအတွက် အသုံးပြုတဲ့ ကုထုံးဖြစ်ပါတယ်။ အဆုတ်ရောဂါ ခံစားနေရသူတွေဟာ အောက်ဆီဂျင်ရရှိအောင် အလွန်အမင်းအားစိုက်ကြရတဲ့အတွက် အောက်ဆီဂျင်ဖြည့်ထားတဲ့ စလင်ဒါ ဒါမှမဟုတ် container ကတဆင့် အောက်ဆီဂျင်ရယူရတဲ့ အခြေအနေအထိ ရောက်လာတတ်ပါတယ်။ Container ထဲမှာရှိတဲ့ အောက်ဆီဂျင်ကို အောက်ဖော်ပြပါ ကိရိယာတစ်ခုခုအသုံးပြုပြီး ရယူနိုင်ပါတယ်။ Nasal cannula - နှာဝတစ်ဖက်စီမှာ တပ်ဆင်ဖို့ prongs အမည်ရှိ ပလပ်စတစ်ပြွန်ငယ်လေးတွေ ပါဝင်တဲ့ ကိရိယာဖြစ်ပါတယ်။ Face mask - လူနာရဲ့နှာခေါင်းနဲ့ပါးစပ်ကို အုပ်ထားနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ အသက်ရှူပိုက် - လူနာရဲ့ လည်ပင်းအရှေ့ပိုင်းကို ခွဲကြောင်းအနည်းငယ်ပေးပြီး လေပြွန်မကြီးထဲ တိုက်ရိုက်ထည့်သွင်းရတဲ့ ပိုက်ငယ်တစ်ခု ဖြစ်ပါတယ်။ ဒီကုထုံးကို Transtracheal oxygen therapy လို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း