အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက် Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ကဘာလဲ။ ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်းဆိုတာ ကျောက်ဂွမ်းများရှူမိရာကနေ အဆုတ်မှာ အနာနဲ့အမာရွတ်များ ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ ကျောက်ဂွမ်းဆိုတာ စက်ရုံလုပ်ငန်းများမှာသုံးတဲ့ အပူဒဏ်ခံရအောင်သုံးတဲ့ သဘာဝဖိုက်ဘာများ ဖြစ်ပါတယ်။ ကျောက်ဂွမ်းနဲ့ဆက်စပ်နေတဲ့ ရောဂါများဟာ ကျောက်ဂွမ်းနဲ့ထိတွေ့ခြင်းကို ရှောင်ရှားရင် ကာကွယ်နိုင်ပါတယ်။ ကျောက်ဂွမ်းဟာ အဆုတ်နဲ့ အဆုတ်အကာမြှေးကို ရောဂါဖြစ်စေပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဘေးကင်းစေဖို့ လမ်းညွှန်ချက်တွေကို လိုက်နာရင် ဖြစ်ပွားတာရှားပါတယ်။ လက္ခဏာများ Asbestosis (ကျောက်ဂွမ်းရှူမိ၍ အဆုတ်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကျောက်ဂွမ်းမှုန်ကိုရှူရာကနေ အဆုတ်မှာ အနာဖြစ်တာကြောင့် သေးငယ်ပြီး တောင့်တင်းသွားတဲ့ အဆုတ်တွေကြောင့် အသက်ရှူရခက်စေပါတယ်။ ကြာရှည်ချောင်းဆိုးပြီး သလိပ်ပါထွက်စေပါတယ်။ အဆုတ်အကာမြှေးတွေမှာ အဖတ်တွေဖြစ်လာခြင်းဟာ လက္ခဏာမပြပေမယ့် ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ အဆုတ်အကာမြှေးနဲ့ အဆုတ်ကြားထဲ အရည်စုခြင်း ဖြစ်နိုင်ပါတယ်။ အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)

နာတာရှည် လေပြွန်ကျဉ်းရောဂါ (Chronic obstructive pulmonary diseases) ဆိုတာ လေပြွန်ကို ကျဉ်းစေပြီး အဆုတ်ရဲ့ အစိတ်အပိုင်းတချို့ကို ထိခိုက်စေတဲ့ ရောဂါအုပ်စုပဲ ဖြစ်တယ်။ ဒီရောဂါရှိတဲ့ လူနာများဟာ အသက်ရှူရခက်ပြီး မကြာခဏချောင်းဆိုးတတ်ပါတယ်။ အဓိကရောဂါ၂မျိုး ရှိပါတယ်။ ဒါပေမယ့် COPDရှိသူဟာ အဲဒီပြဿနာ၂မျိုးလုံး ရှိတတ်ကြပါတယ်။ နာတာရှည် လေပြွန်ရောင်ခြင်း - အဆုတ်လေပြွန် နံရံတလျှောက်ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ အဆုတ်လေအိတ်များပျက်စီးခြင်း - အဆုတ်လေအိတ်တွေဟာ တဖြည်းဖြည်းပျက်စီးလာတတ်ပြီး အသက်ရှူရခက်ခဲစေပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါကို ဘာတွေကဖြစ်စေတာလဲ အဓိကက အဆုတ်ကို ထိခိုက်စေမယ့် အရာတွေကို ပုံမှန်ရှူသွင်းနေရာက ကြာလာတဲ့အခါ ဖြစ်တတ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။ ဆေးလိပ်ငွေ့များ (တဆင့်ခံဆေးလိပ်ငွေ့များ အပါအဝင်) ဓာတုဓာတ်ငွေ့များ အမှုန်များ အိမ်တွင်း လေထုညစ်ညမ်းခြင်း (ညှော်နံ့များ) ပြင်ပလေထုညစ်ညမ်းခြင်း လုပ်ငန်းခွင်မှ […]


အဆုတ်လေအိတ်ငယ်များ ပျက်စီးသော ရောဂါ

Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း)

Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း)ဆိုတာ အသက်ရှူရခက်ခြင်းကို ဖြစ်စေတဲ့ အဆုတ်ရောဂါဖြစ်ပါတယ်။ နာတာရှည် လေပြွန်ကျဉ်းရောဂါမှာ တွေ့ရများတဲ့ပုံစံတစ်မျိုး ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ Emphysema (အဆုတ်လေအိတ်များ ပျက်စီးခြင်း) ရဲ့လက္ခဏာတွေက ဘာတွေလဲ တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အသက်ရှူရခက်ခြင်း ချောင်းဆိုးခြင်း ပင်ပန်းနွမ်းနယ်ခြင်း လုံးဝန်းပြီး စည်ပိုင်းသဏ္ဍာန် ရင်ဘတ်တည်ဆောက်ပုံ ရှိပါတယ်။ ပြာနှမ်းခြင်း (အရေပြား၊ လက်သည်းများနဲ့ လက်ချောင်းထိပ်များမှာ ပြာနှမ်းတတ်ပါတယ်) အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တစ်ခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါလက္ခဏာတွေရှိရင် ဆရာဝန်ပြသင့်ပါတယ်။ လပေါင်းများစွာ အသက်ရှူရခက်ခြင်း ဖြစ်ပေါ်ပြီး နေ့စဉ်လှုပ်ရှားမှုတွေ လုပ်တာတောင် အမောလွယ်တဲ့အခါ။ နှုတ်ခမ်း၊ လက်သည်းများ ပြာနှမ်းလာတဲ့အခါ။ အာရုံစူးစိုက်ရခက်လာတဲ့အခါ။ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Bronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း) ကဘာလဲ။ လေပြွန်အကျိတ်ဖြစ်ခြင်းသည် လေပြွန်နှင့် အဆုတ်တွင်းရှိ လေပြွန်အခွဲများတွင် ဖြစ်သောအကျိတ်ဖြစ်ပြီး အများအားဖြင့် အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေတတ်သည်။ ယခင်က ထိုရောဂါကို ကင်ဆာမဟုတ်သော အကျိတ်အဖြစ်ရည်ညွှန်းခေါ်ဆိုခဲ့သော်လည်း ယခုမူ အချွဲဂလင်းအကျိတ်များမှ လွဲပြီး ကျန်အကျိတ်များသည် ခန္ဓါကိုယ်အခြားနေရာများသို့ ပြန့်နှံ့တတ်ကြောင်း သိရှိပြီးဖြစ်သည်။ Bronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ရှားပါးသောကင်ဆာတစ်မျိုးဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBronchial adenoma (လေပြွန်အကျိတ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ လေပြွန်အကျိတ်ဖြစ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သလိပ်ထဲသွေးပါခြင်း ချောင်းဆိုးခြင်း အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း အဆုတ်ရောင်နမိုးနီးယား ခဏခဏဖြစ်ခြင်း အဆုတ်တစ်စိတ်တစ်ပိုင်း ပြားကပ်သွားခြင်း ရက်သတ္တပါတ်၆ပတ်ထက်ပိုပြီး ချောင်းဆိုးနေခြင်း တို့ဖြစ်ပါတယ်။ အခြားဖြစ်တောင့်ဖြစ်ခဲလက္ခဏာတွေကတော့ အရေပြားနီမြန်းခြင်း ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Hyperventilation (အသက်ရှုမြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperventilation (အသက်ရှုမြန်ခြင်း) ကဘာလဲ။ အသက်ရှုမြန်ခြင်းကို -အသက်မြန်မြန်ရှုခြင်း ရှိုက်ရှိုက်ပြီးရှုခြင်း -အသက်ပိုရှုခြင်း -အသက်ရှုနှုန်းမြန်ခြင်း လို့လည်းသိထားကြပါတယ်။ သင်က အရမ်းမြန်မြန်ရှုတဲ့အချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။ အောက်စီဂျင်ကို ရှုသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုရှုထုတ်ခြင်း ကိုညီညီမျှမျှ ပြ ုလုပ်ခြင်းနဲ့ ပုံမှန်တဲ့အသက်ရှုမှုကိုရရှိမှာပါ။ သင်ရှုတာထက်ပိုပြီး ရှုထုတ်မှုပြ ုလုပ်ခဲ့ရင် ဒီညီမျှမှ ုက ပျက်သွားမှာပါ။၎င်းမှတစ်ဆင့် ကိုယ်ခန္ခါထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လျော့သွားခြင်းဖြစ်နိုင်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်နည်းသွားခြင်းက သွေးကြောတွေကိုကျဉ်းစေပြီး ဦးနှောက်ကိုသွေးလျှောက်မှုလျော့စေပါတယ်။ ဒီလိုသွေးလျှောက်မှုနည်းခြင်းကြောင့် ခေါင်းမူ်းခြင်းနှင့် လက်ချောင်းတွေမှာ ထုံကျင်မှုတွေခံစားရနိုင်ပါတယ်။ အရမ်းအသက်ရှုမြန်ခြင်းမျိုးဆိုပါက သတိလစ်တဲ့အထိဖြစ်နိုင်ပါတယ်။   Hyperventilation (အသက်ရှုမြန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက်ရှုမြန်ခြင်းကိုတွေ့ရတာရှားပါတယ်။ ၎င်းက တစ်ခါတစ်လေမှာဖြစ်တတ်ခြင်း၊ ကြောက်လန့်တာကိုတုန့်ပြန်တဲ့အနေနဲ့ဖြစ်ခြင်း၊စိတ်ဖိစီးမှုများခြင်း ဒါမှမဟုတ် တစ်ခုခုကိုထိန့်လန့်ကြောက်ရွံတဲ့အချိန်တွေမှာ ဖြစ်လာတတ်ပါတယ်။ တစ်ခြားအခြေအနေတွေကတော့ စိတ်ခံစားရမှုများခြင်း၊ ၎င်းတို့ကတော့စိတ်ဓါတ်ကျခြင်း၊စိတ်ဖိစီးခြင်းနှင့်ဒေါသထွက်ခြင်းတို့မှာဖြစ်ပေါ်တတ်ပါတယ်။ အသက်ရှုမြန်ခြင်းက မကြာခဏဖြစ်ပေါ်လာတတ်တယ်ဆိုပါက အသက်ရှုမြန်ခြင်း ရောဂါလို့ခေါ်ပါတယ်။ ဒီဟာကတော့ တော်တော်လေးကိုအတွေ့ရများပါတယ်။ (တစ်ခြားအချက်အလက်တွေကိုသိရှိရဖို့ သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။) လက္ခဏာများHyperventilation (အသက်ရှုမြန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အသက်ရှုမြန်ခြင်းဟာ ကြီးမားတဲ့ ပြသနာတစ်ခုအနေနဲ့ ဖြစ်နိုင်ပါတယ်။ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်း ဝေဒနာနှင့် အောက်ဆီဂျင် ကုထုံးအကြောင်း သိကောင်းစရာ

အောက်ဆီဂျင် ကုထုံးဆိုတာ ဘာလဲ။ အောက်ဆီဂျင်ကို လုံလောက်သော ပမာဏမရရှိသောသူများနှင့် သွေးထဲတွင် အောက်ဆီဂျင် ပမာဏနည်းနေသူများတွင် အောက်ဆီဂျင်ရှုရခြင်းဖြစ်ပါသည်။ အထူးသဖြင့် အဆုတ်ရောဂါရှိသူများသည် အဆုတ်ထဲတွင် လုံလောက်သော အောက်ဆီဂျင်ပမာဏကို ရရှိရန်အတွက် ရုန်းကန်ပြီး ရှုရှိုက်ကြရပါသည်။ ယခုဖော်ပြမည့် အောက်ဆီဂျင် ကုထုံးတွင် အောက်ဆီဂျင်ကို ဆလင်ဒဗူးမှတဆင့် အဆုတ်ထဲသို့ ပိုက်ဖြင့်ရှုသွင်းခြင်းကို ဖော်ပြပါမည်။ အောက်ဆီဂျင်ရှုသည့် နှာခေါင်းပိုက်တွင် နှာခေါင်းပေါက်လေးများအတွင်းသို့ သွင်းမည့် ပလတ်စတစ်ပိုက်ကလေးများပါရှိပါသည်။ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားသည့် မျက်နှာဖုံးပါရှိပါသည်။ အောက်ဆီဂျင်ပိုက်ငယ်လေးကို သင့်လည်ပင်းအရှေ့ဘက်မှ အသက်ရှုလမ်းကြောင်းသို့ပေးသောနည်းတွင် ဆရာဝန်က ဓါးဖြင့် အရာသေးသေးပေးပြီး အောက်ဆီဂျင်ပိုက်ကို ထည့်ရခြင်းဖြစ်ပါသည်။ ထိုနည်းသည် လည်ချောင်းပြွန်မှ အောက်ဆီဂျင်ပေးသော နည်းဖြစ်ပါသည်။ အောက်ဆီဂျင် ကုထုံး အမျိုးအစားတွေက ဘာတွေလဲ။ အောက်ဆီဂျင်ကို အရည်သို့မဟုတ် အငွေ့ပုံစံဖြင့် ရရှိနိုင်ပါသည်။ အောက်ဆီဂျင် ပုံစံ ၂ မျိုးစလုံးကို သယ်ယူသွားနိုင်သော ဗူးများထဲတွင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဆေးရှုစက်ကို ဘယ်လိုအသုံးပြုမလဲ

ဆေးရှုစက်ဆိုသည်မှာ ပလပ်ပေါက်ကြိုးတပ်ပြီး လျှပ်စစ်ဖြင့်လည်ပတ်ရသော စက်သို့မဟုတ် ဘက်ထရီပါဝင်ပြီး အားသွင်းရသောစက်ဖြစ်ပါသည်။ ထိုစက်သည် ဆေးအရည်များကို ရေမှုန်ကလေးများဖြစ်သွားစေပြီး နှာခေါင်းနှင့် ပါးစပ်ကို အုပ်သော မျက်နှာဖုံးမှတဆင့် ထိုဆေးငွေ့မှုန်လေးများကို အဆုတ်ထဲသို့ ရှုသွင်းရခြင်းဖြစ်ပါသည်။ ထိုအခါ လူနာသည် ပိုပြီး အသက်ရှုရကောင်းလာစေပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ဆေးရှုစက်ကို အိမ်တွင် ဘယ်လို အသုံးပြုရမလဲကိုဖော်ပြသွားမည်ဖြစ်ပါသည်။ ပြင်ဆင်ပုံများ 1. လက်ဆေးပါ။ လက်ကို ဆပ်ပြာ၊ ရေများများဖြင့် စက္ကန့် ၂၀ ခန့်ဆေးပြီး ရေများကိုခြောက်အောင် သုတ်ပါ။ ထိုအချိန်တွင် ရေဘုံဘိုင်ခေါင်းကို ပိတ်ထားပါ။ 2. ရှုမည့်ဆေးကို ဆေးရှုစက်အတွင်းသို့ ထည့်ပါ။ ဆေးရှုစက် အဖုံးကိုဖွင့်ပြီး ရှုမည့်ဆေးကို ထည့်ပါ။ အများစုသော ရှုဆေးများသည် သတ်မှတ်ထားသော ပမာဏအတိုင်း ရှိကြသည်။ သို့သော် သင့်တွင် မရှိပါက ဆရာဝန်ပြောသည့် ပမာဏအတိုင်း ချင်တွယ်ပြီးမှ ထည့်ပါ။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

သင့်ကို အသက်ရှူရပိုလွယ်ကူစေမည့် သဘာဝနည်းလမ်းများ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါ၏ လက္ခဏာများစွာရှိသည့်အနက် အဓိကအားဖြင့် အသက်ရှူမဝခြင်းပြဿနာကို အခက်ခဲဆုံးရင်ဆိုင်ရပါသည်။ နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို မကုသနိုင်သော်လည်း အသက်ရှူချောင်စေမည့် နည်းလမ်းများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။ ရိုးရှင်းသော ဘဝ နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် အိမ်အလုပ်များကို တစ်ပတ်တစ်ခါ ကြိုတင်စီမံထားခြင်းများကို ပြုလုပ်သင့်ပါသည်။ ရိုးရှင်းလွယ်ကူသော အစားအစာများကို ပြင်ဆင်ခြင်း၊ ပိုလျှင် အလွယ်တကူသိမ်းထားပြီး ပြန်နွှေးစားနိုင်သော အစားအစာများကို စီမံထားခြင်းတို့ ပြုလုပ်သင့်ပါသည်။ မည်သည့်တာဝန်ကို မဆို မစမီတွင် သေချာစွာ စဉ်းစားပါ။ မြင်ယောင်ကြည့်ပါ။ အကောင်းဆုံးကို ဆောင်ရွက်ပါ။ ဖြတ်လမ်းနည်းများကို စဉ်းစားပါ။ အသက်ရှုမဝခြင်းဝေဒနာများ စတင်ခံစားလာရပြီ ဆိုလျှင် အနားယူပါ။ အရေးအကြီးဆုံးအချက်မှာ အခြားသူများကို အကူအညီတောင်းရန် အားမနာပါနှင့်။ လေ့ကျင့်ခန်းများ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းက နာတာရှည်အဆုတ်လေပြွန်ကျဉ်းရောဂါရှိသူများတွင် ပိုမောစေမည်ဟု ထင်ရသော်လည်း စနစ်တကျပြုလုပ်ခြင်းက ပိုပြီး အသက်ရှူရကောင်းစေပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် အသက်ရှူလမ်းကြောင်းရှိကြွက်သားများ ပုံစံမှန်လာသောအခါ […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကို စောင့်ရှောက်သူတဦးအနေဖြင့် သိထားရမည့် အချက်များ

ကျွန်ုပ်တို့သည် မိမိချစ်သောသူတို့ကို ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးချင်ကြသည်။ ကျန်မာရေးစောင့်ရှောက်မှုပေးရာတွင် အချို့သည် ဝတ်ကျေတန်းကျေမျှသာဖြစ်ပြီး အချို့မှာ လူရောစိတ်ရောနှစ်ကာစေတနာထားတတ်သူများလည်းရှိပေသည်။ ထိုသို့လူနာများကိုစောင့်ရှာက်ရာတွင် မိမိကျန်းမာရေးအတွက်လည်း လုံခြုံမူရှိစေရန် အောက်ပါအချက်အချို့ကို သိထားသင့်သည်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသူတစ်ယောက်အနေဖြင့်- ၁။ သင့်ကိုယ်သင်ဂရုစိုက်ပါ။ လူနာကိုစောင့်ရှောက်သလို သင့်ကျန်းမာရေးကိုလည်း ဂရုထားရန်မမေ့လျော့ပါနှင့်။ အနားယူပါ။ လေ့ကျင့်ခန်းပြုလုပ်ပါ။ အားရှိစေသောအစာများ ကိုစားပါ။ သင်ကျန်းမာနေမှ သင့်လူနာအတွက် စံနမူနာကောင်းတယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ သင့်လူနာ၏ရောဂါများ သင့်ထံမကူးစက်စေရန် အတတ်နိုင်ဆုံးကြိုးစားနေထိုင်သင့်သည်။ ၂။ စိတ်ဖိစီးမှုကင်းအောင်ကြိုးစားနေထိုင်ပါ။ သင်သည်လည်း လူသားတဦးဖြစ်သည့်အတွက် ပင်ပန်းနွမ်းနယ်မှုများရှိနိုင်ပါသည်။ ဥပမာ သင်သည် အဆုတ်ရောဂါရှိသူတဦးကို စောင့်ရှောက်မှုပေးနေရလျှင် သင့်တွင်လည်း ကျန်းမာရေးပြသနာများရှိလာနိုင်သည်။ ဖြစ်လေ့ရှိသော စိတ်ဖိစီးမှုများမှာ · အလိုလိုနေရင်း ဝမ်းနည်းခြင်း · စိတ်ထိခိုက်လွယ် ၍ ငိုကြွေးခြင်း · အားအင်ချိနဲ့ခြင်း · သင်ကိုယ်သင် အချိန်မပေးနိုင်သောသူ အဖြစ်ခံစားမိခြင်း · အိပ်ပျော်ရန်ခက်ခြင်းနှင့် မနက်ဖက်တွင် အိပ်ရာမထချင်ခြင်း · အစားအသောက်မူမမှန်ခြင်း၊ လွန်ကဲစွာစားခြင်း · အပေါင်းအသင်း […]


နာတာရှည် လေပြွန်ရောင်ရောဂါ

နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါသည်များတွင် ကျန်းမာစေမည့် အစားအသောက်များ

အသက်ရှုရခက်ခဲနေသူများသည် နေ့စဉ်အလုပ်ကို လုပ်ဖို့ မဆိုထားနှင့်၊ အစားအသောက်စားလျှင်ပင် ပင်ပန်းနေပါလိမ့်မည်။ ထို့ကြောင့် အဆုတ်ပွခြင်းနှင့် အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်းအပါအဝင် နာတာရှည် အဆုတ်လေပြွန်ကျဉ်းရောဂါကိုခံစားနေရသူများအတွက် ကျန်းမာစေမည့် အစားအသောက်များကို စားရန် အရေးကြီးပါသည်။ ထို့ပြင် အကျိုးရှိအောင်စားသောက်ရမည့် နည်းလမ်းများကိုလည်း လိုက်နာသင့်ပါသည်။ စိတ်အပန်းဖြေပါ။ အစားအစာများ စားချိန်တွင် သင့်ကို စိတ်အပန်းပြေစေမည့် ပတ်ဝန်းကျင်ကောင်းတစ်ခုမှာ စားပါ။ မိသားစုနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့် ဖြစ်စေ၊ မိမိတစ်ယောက်တည်းဖြစ်စေ မိမိအတွက် အကောင်းဆုံးဖြစ်စေမည့် နေရာကို ရွေးချယ်ပါ။ ပတ်ဝန်းကျင်ကောင်းတွင် အတွေ့အကြုံကောင်းများကို ရယူပြီး သင်နှစ်သက်သော အစားအစာများကို စားသင်ပါသည်။ ရိုးရှင်းစွာ ပြုလုပ်ပါ။ ပြင်ဆင်ရလွယ်သော အစားအစာများကို ရွေးချယ်ခြင်းက အစားအစာများပြင်ဆင်ရခြင်းဝန်ကို ပေါ့စေပါသည်။ ရိုးရှင်းသော အစားအစာဖြစ်လေလေ သင့်အတွက် ကောင်းလေလေဖြစ်ပါသည်။ အလုပ်မရှုပ်စေဘဲ ဟင်းအမျိုးမျိုးဖြင့်စားနိုင်သော အစားအစာများကို ရွေးချယ်ပါ။ အစားအစာများ ပိုလျှံနေပါက နောက်တကြိမ်တွင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း