backup og meta

ပန်းနာရင်ကြပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းနာရင်ကြပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး

    ပန်းနာရင်ကြပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကြပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကြပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။

    လေ့ကျင့်ခန်းလုပ်ခြင်း

    ကျွန်တော်တို့ နေ့စဉ်ဘဝတွင် အသက်ရှူရန် နှာခေါင်းကို သုံးကြသည်။ လေသည် နှာခေါင်းလမ်းကြောင်းထဲ ဖြတ်သွား သောအခါ ပူနွေးပြီး စိုစွတ်လာသည်။ သို့သော်လည်း ဘောလုံး သမား ကဲ့သို့ လေ့ကျင့်ခန်းလုပ်ရသော လူများသည် ပါးစပ် ဖြင့် လေရှူသွင်းသည်။ ပန်းနာရင်ကြပ်ရှိသူများ၏ အသက်ရှူ လမ်းကြောင်းသည် စိုထိုင်းမှုနှင့် အပူချိန်ကို တုံ့ပြန်မှုအလွန် များသည်။ ရုတ်တရက် ပြောင်းလဲပါက အသက်ရှူ လမ်းကြောင်း ကျဉ်းပြီး ပန်းနာရင်ကြပ်လက္ခဏာများ အစပျိုး လာသည်။

    သို့သော်လည်း အားကစားအားလုံးသည် ပန်းနာ ရင်ကြပ်ရှိသူများကို ဆိုးစေသည်ဟု မဆိုလိုပါ။ ကြာရှည်စွာ ဆော့ရသော အားကစားများနှင့် အေးသောနေရာများတွင် ဆော့ရသော အားကစားများကို သာ ရှောင်သင့်ပါသည်။

    ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်ခြင်းသည် မည်သူအတွက်မဆို ကောင်းသော အပန်းဖြေခြင်းတစ်ခု မဟုတ်ပါ။ ပန်းနာရင်ကြပ် ရှိသူများအတွက် ဆေးလိပ်သောက်ခြင်းသည် အလွန်အမင်း အဆိပ်ဖြစ်စေပါသည်။ စီးကရက် အငွေ့တွင် ဓါတုဗေဒ ပစ္စည်းများ၊ အန္တရာယ်ရှိသော အငွေ့များ များစွာပါဝင်သည်။ ထိုအငွေ့များသည် အဆုတ်များကို ရောင်ရမ်းစေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းသည် မွေးကင်းစ ကလေးငယ်များတွင် ပန်းနာရင်ကြပ်ဖြစ်စေသည်ဟု သုတေ သနပညာရှင်များက တွေ့ရှိခဲ့သည်။

    အိမ်မွေးတိရစ္ဆာန်များ မွေးခြင်း

    တိရစ္ဆာန်များသည် ချစ်ဖို့ကောင်းပြီး သူတို့ကို ဖက်ရသည် မှာ ခေါင်းအုံးကို ဖက်ရသကဲ့သို့ ခံစားရသည်။ သဘောကောင်း ပြီး အန္တရာယ်မရှိသော်လည်း အိမ်မွေးတိရစ္ဆာန်များ၏ အရေပြား၊ အမွေး၊ တံတွေးနှင့် အညစ်အကြေးများသည် ပန်းနာရင်ကြပ်ကို ဆိုးရွားစေသော စာရင်းတွင်ပါဝင်သည်။ ဖြစ်နိုင်ချေ နည်းစေရန် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း ကို ကြိုးစားရှောင်ပါ။

    အိမ်တွင်း ဥယျာဉ် စိုက်ပျိုးခြင်း

    သစ်ပင်များသည် အောက်စီဂျင်ထုတ်ပြီး လေကို သန့်စင် ပေးသည်ကို ကျွန်တော်တို့အားလုံး သိပါသည်။ အိမ်အတွင်း တွင် အပင်များစိုက်ခြင်းသည် သင့်တော်သော ရွေးချယ်မှု တစ်ခုဖြစ်ပုံပေါ်သည်။ အမှန်တော့မဟုတ်ပါ။ အချို့ ပန်းနာ ရင်ကြပ်ရောဂါရှိသူများသည် ပန်းများမှ ဝတ်ဆံမှုန်ကို ဓါတ် မတည့်ကြပါ။ ဝတ်ဆံမှုန်ကို ရှုမိပါက ဆိုးရွားသော ပန်းနာ ရပ်ကြပ်ရောဂါ ဖောက်မှု ဖြစ်စေသည်။ ထို့အပြင် လူအများစု သည် အပင်များကို အမှန်တကယ် ဂရုစိုက်ရန် အချိန်မရှိပါ။ ရေကို အလွန်လောင်းနိုင်သည်။ နေရောင်တိုက်ရိုက်မရဘဲ ထားကာ သစ်ရွက်ဟောင်းများကို ချက်ချင်း လွှတ်ပစ် နိုင်သည်။ ၎င်းသည် မှိုများပေါက်စေပြီး လူတိုင်း၏ ကျန်းမာရေး အခြေအနေအတွက် မကောင်းပါ။

    ပြင်းထန်သော စိတ်ခံစားမှုများရှိခြင်း

    ငိုခြင်း၊ အော်ဟစ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်း သို့မဟုတ် စိတ်ဖိစီးခြင်းသည် ပန်းနာရင် ကြပ်ရောဂါ ဖောက်ခြင်းကို ဖြစ်စေနိုင်သည်။ ထို ပြင်းထန် သော စိတ်ခံစားမှုများသည် သင်၏ နှလုံးခုန်သံကို ပိုမြန်စေ သည်။ အသက်ရှူ ပိုမြန်စေပြီး အသက်ရှူ လမ်းကြောင်းကို ကျုံ့စေသည်။ ငိုခြင်း၊ အော်ဟစ်ခြင်းသာမက အလွန်အမင်း ရယ်မောခြင်းသည်လည်း အလားတူ တုံ့ပြန်ခြင်းကို ဖြစ်စေနိုင်သည်။

    နိဂုံးချုပ်ဆိုရသော် ပန်းနာရင်ကြပ် ရောဂါ ဖြစ်ပါက သင်သည် အခြားလူများထက် ပတ်ဝန်းကျင်အချက်များကို ပိုပြီး ထိခိုက်လွယ်စေသည်။ သင်သည် သင့်ခန္ဓါကိုယ်ကို ပိုပြီး ဂရုစိုက်ရန် လိုအပ်သည်။ ရောဂါလက္ခဏာများ အားလုံးကို စောင့်ကြည့်ပြီး သောက်ရန် ညွှန်ကြားထားသော ဆေးများကို သောက်ပါ။ အကောင်းမြင်စိတ် ထားပါ။ ပန်းနာရင်ကြပ်သည် သင်၏ အပြင်ထွက်ခြင်း၊ သူငယ်ချင်းများနှင့် ပျော်ပါးခြင်း၊ သက်တမ်းစေ့ နေခြင်းကို မတားဆီးနိုင်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement