အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပျော်ရွှင်ရတဲ့ ခရီးစဉ်တွေပဲ ဖန်တီးကြရအောင်

ဟိုသွားမယ်၊ ဒီသွားမယ်နဲ့ ခရီးတွေစီစဉ်ပြီး၊ ဘိုကင်တွေလုပ်ပြီးကာမှ နေမကောင်းထဖြစ်တယ်ဆိုတာတော်ရုံစိတ်ဆင်းရဲစရာတော့မဟုတ်ဘူး။ ပြင်ဆင်ထားတာတွေ၊ ချိန်းထားတာတွေ အကုန်လုံး ဘယ်လိုဆက်လုပ်ရမလဲ ဒီအချိန်မှာ လူကပျာပြီလေ။ ဒါပေမယ့် အဖြစ်များတဲ့ အအေးမိ၊တုပ်ကွေးဖြစ်တာဆိုရင်တော့ သိပ်မစိုးရိမ်ပါနဲ့။ ဒါလေးသာ ဖတ်ပြီးသွား၊ ဘာမှမဖြစ်စေရဘူး။နေကောင်းနေတဲ့လူတွေလောက်တော့ မကဲနဲ့ပေါ့။ ဒီအချက်လေးတွေကို ဉာဏ်လေးနဲ့ဆင်ခြင်နေထိုင်မယ်ဆိုခွေခေါက်နေစရာမလိုဘူး၊ အများနည်းတူ ခရီးသွားနိုင်ပါတယ်နော်။ ခရီးသွားရင်းနဲ့မှ ရုတ်တရက်နေမကောင်းဖြစ်လည်း အသုံးဝင်မယ့် နည်းလမ်းတချို့ကို အကြံပြုပေးလိုက်ပါတယ်။ ရတဲ့အချိန်မှာ နားပါ ခရီးသွားေနပါတယ်ဆိုမှ နားနေစရာလား လို့ပြန်ပြောမှာလား။ မဟုတ်ဘူးနော်။ ဆက်တိုက်ပြေးလွှားမနေဖို့ကိုဆိုလိုတာပါ။ နားလို့ရတဲ့သူများတွေနားချိန်မှာ ဟိုဟိုဒီဒီလျှောက်သွားနေတာ၊ ညဆိုလည်းစောစောမအိပ်ဘဲ သူများတွေလိုကဲနေတာ၊ ဖုန်းပွတ်နေတာတွေနဲ့တော့ လူကအနားရမှာမဟုတ်ပါဘူး။ ဒါဆိုဝေဒနာကပိုဆိုးလာမယ်၊ အဖျားပါတက်လာနိုင်တယ်၊ ခရီးလည်းမပျော်ရတော့ဘူး။ အချိန်ရရင် တရေးတမောအိပ်လိုက်ပါ။ အိပ်ရေးဝမှ၊ အနားယူမှ ကိုယ်ခံအားြပည့်ပြီး ခရီးဒဏ်နဲ့ လူကဒေါင်းမသွားမှာဖြစ်ပါတယ်။ ရေများများသောက်ပါ ဒါများ ဘာဆန်းလို့လဲသောက်တယ်လေ ဆိုပြီး အချိုရည်တွေ၊အားဖြည့်အချိုရည်တွေ လှိမ့်မသောက်နဲ့နော်။ ရေများများသောက်တဲ့အခါ ခန္ဓါကိုယ်ကိုရေဓါတ်ြဖည့်တင်းပေးပြီး လည်ချောင်းနဲ့အဆုတ်အတွင်းမှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း (၁၀)ခု

နေမကောင်းဘူးဆိုရင် အဖြစ်ချင်ဆုံးက နေမြန်မြန် ပြန်ကောင်းချင်တာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ဖို့ လိုနေပါပြီ။ အကြောင်းကတော့ ဒီဆောင်းပါးလေးထဲမှာ နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း တွေကို ပြောပြပေးထားတာမို့ပါ။ နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း (၁၀)ခု လည်ချောင်းတွေနာတယ်၊ပြီးရင်ချောင်းဆိုးမယ်၊ နှာချေ၊ နှာစေးနေတယ်၊ ဒါတွေက နေမကောင်းဖြစ်ရင် ခံစားရနေကျအရာတွေ။ ဖျားနေပြီ ဆိုမှတော့ ကြိုတင်ကာကွယ်ရေးတွေဘာတွေနဲ့မဆိုင်တော့ဘူး။မြန်မြန်နေကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာ အရင်တွေးရတော့မှာပဲ။ အအေးမိ တုပ်ကွေးဆိုတာက သူ့ရက်အတိုင်းအတာနဲ့သူရှိတာကြောင့် သိပ်အမြန်ကြီးတော့ အရှင်းမပျောက်နိုင်ပါဘူး။ ဒါပေမယ့်နောက်ဆက်တွဲရောဂါလက္ခဏာတွေဖြစ်မလာအောင်၊ မလိုအပ်ဘဲ ရောဂါတာမရှည်အောင်၊ဝေဒနာခံစားရသက်သာအောင် ကြိုးစားလို့တော့ရပါတယ်။ နေပြန်ကောင်းတယ်ဆိုတာ အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေကို ကိုယ်ခံအားစနစ်က ခုခံတိုက်ထုတ်နိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုခုခံနေတဲ့ကာလအတွင်းမှာ နေမကောင်းလို့ဆိုပြီး ကွေးနေရုံနဲ့ ရောဂါလက္ခဏာတွေကိုကျော်လွှားနိုင်မှာမဟုတ်ဘူးနော်။ရောဂါပိုးတွေကို ခုခံပေးမယ့် ခန္ဓါကိုယ်ကိုစောင့်ရှောက်အားဖြည့်ပေးဖို့လည်းလိုပါတယ်။ ကဲ .... နေမကောင်းတာ အမြန်သက်သာစေမယ့်နည်းလမ်း တွေကို ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/respiratory-health/common-cold/best-foods-when-ill/ ကိုယ်ခံအားစနစ်ကို ဘယ်လိုကူညီပေးကြမလဲ - (၁) အနားပေးပါ နေမကောင်းြဖစ်နေတဲ့အချိန်မှာဆို ရောဂါပိုးဗိုင်းရပ်စ်တွေကို ခုခံဖို့ ခန္ဓါကိုယ်ကပင်ပန်းနေမှာဖြစ်လို့ […]


ရာသီတုပ်ကွေး

ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်းပဲ ရောဂါတော်တော်များများက မဖြစ်ခင်ကကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ရောဂါဖြစ်လာရင် ခန္ဓာကိုယ်က တုံ့ပြန်တိုက်ခိုက်ရတဲ့အတွက် မလိုအပ်ဘဲ ပင်ပန်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထလေးတွေကို မွေးမြူပြီး ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့ ရောဂါဘယတွေ ဝင်မလာအောင် တားဆီးသင့်ပါတယ်။ ခုလိုရာသီမှာ အဖြစ်များဆုံးက ဖျားနာတာပါ။ ဒီတော့ ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။ ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။ ရာသီအကူးအပြောင်းတွေ အပူအအေးမမှန်တဲ့အချိန်တွေမှာ တုပ်ကွေးမိတာ အအေးမိဖျားနာတာတွေအဖြစ်များကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကလူတွေဖျားတိုင်း လိုက်မဖျားဖို့ဆိုရင် ဒီအဆင့်လေးတွေလုပ်ကြည့်ပြီး ကာကွယ်လိုက်ပါ။ လက်တွေ သေချာဆေးကြောပေးပါ လက်ချောင်းလေးတွေက နေရာတော်တော်များများကို ထိတွေ့နေရတာကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်တွေကို သေချာဆေးကြောပေးဖို့ မမေ့ပါနဲ့။ရေနဲ့ ဆပ်ပြာ အလွယ်တကူမရနိုင်တဲ့အခါမျိုးမှာ လက်ကိုသန့်စင်နိုင်စေဖို့အတွက် သွားလေရာကို ရေမလိုလက်သန့်ဆေးရည် ဆောင်သွားပေးပါ။ ချောင်းဆိုးနှာချေရင် […]


အအေးမိဖျားနာခြင်း

အဖျားမြန်မြန်ပျောက်ဖို့ အစွမ်းထက်နည်းလမ်းတစ်ခု

လူတစ်ယောက်ဟာ တစ်နှစ်မှာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ ဖျားနာတတ်ကြပါတယ်။ အအေးမိဖျားနာတာဖြစ်ဖြစ် တုပ်ကွေးြဖစ်တာဖြစ်ဖြစ် ဖျားနာဖူးမှာပါ။ ပတ်ဝန်းကျင်မှာက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးပေါင်းကလည်း များစွာရှိနေတာကိုး။ ကိုယ်ခံအားကောင်းနေတုန်းတော့ ဒီပိုးတွေက ကိုယ့်ကိုဘာမှမလုပ်နိုင်ပေမယ့် ကိုယ်ခံအားနည်းတဲ့အခါမျိုးမှာတော့ အအေးမိဖျားနာဖြစ်စေနိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ရောဂါပိုးပေါင်း ၂၀၀ကျော်ရှိနေပြီး ဒီရောဂါပိုးတွေက ခန္ဓါကိုယ်ထဲကို ကူးစက်ဝင်ရောက်ပြီးရင် ၅ ရက်ကနေ ၈ ရက်အတွင်း ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို တိုက်ခိုက်လိုက်ပါတယ်။ ကိုယ်ခံအားနည်းသွားတဲ့အခါ အဖျားဝင်လာတာတင်မဟုတ်ဘဲနောက်ဆက်တွဲရောဂါတွေကိုပါခံစားရတာပါ။ ဒါကြောင့် အဖျားဝင်လာရင်သေချာဂရုစိုက်ဖို့လိုပါမယ်။ အဖျားကိုသက်သာစေမယ့်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ နှာခေါင်းဖြန်းဆေး(Nasal Spray) သုံးတာပါ။ Nasal spray က နှာခေါင်းပိတ်တာနဲ့ အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တာကြောင့် ဖျားနာမှုမဖြစ်အောင်ကာကွယ်တဲ့နေရာမှာရော ဖျားနာမှုကို သက်သာစေဖို့အတွက်ပါ အသုံးပြုပေးလို့ရပါတယ်။ အအေးမိတုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကိုဖယ်ရှားပေးနိုင်ပြီး အဖျားတာကိုလည်း ၂ ရက်အထိတိုစေနိုင်တာကြောင့် အဖျားဒဏ်ကိုကြာကြာမခံချင်ဘဲမြန်မြန်နေကောင်းချင်သူတွေအတွက် အသုံးတည့်မယ့်ဆေးတစ်မျိုးပေါ့။ Nasal Spray ကအဖျားပျောက်အောင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နေ့စဉ်ဘဝမှာ ရှောင်လွှဲရခက်တဲ့ အဆုတ်ထိခိုက်စေနိုင်သောအကြောင်းရင်း (၆) ခု

ဆေးလိပ်ေသာက်မှ ၊ဆေးလိပ်ငွေ့ရှူမှ အဆုတ်ထိခိုက်တယ်လို့ထင်ကြတာများပါတယ်။ အသက်ရှင်ဖို့လေရှူရပါတယ်ဆိုမှလေရှူဖို့၊အောက်ဆီဂျင်ရဖို့အဓိကလုပ်ဆောင်ပေးနေတဲ့ အဆုတ်ရဲ့ကျန်းမာရေးမကောင်းရင် ဘယ်လိုအသက်ရှင်ကြမလဲ။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ တခြားအကြောင်းရင်းတွေထဲမှာ ကိုယ်တွေရဲ့နေ့စဉ်ဘဝထဲ ကြုံရများတဲ့ အရာတွေပါဝင်နေတယ်ဆိုတာ သိတဲ့သူနည်းပါတယ်။ အဆုတ်ရောဂါဖြစ်စေတဲ့ တရားခံဆို မီးခိုးငွေ့နဲ့လေထုညစ်ညမ်းမှုကိုပဲပြေးမြင်ကြတာမဟုတ်လား။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ တရားခံ (၆)ယောက် မှို စားတဲ့မှိုပွင့်တွေကို မပြောဘူးနော်။လေထဲကို အမှုန်လေးတွေလွင့်လာနိုင်တဲ့ မှို။ အစားအသောက်တွေရက်လွန်ပြီဆိုရင် မှိုတက်တာမှ အစိမ်းအဝါအမည်း အရောင်ကိုစုံလို့။ အစားအစာတင်မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား၊ အဲဒီမှိုကထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ (COPD)လိုရောဂါတွေဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြားရောဂါပိုးတွေကူးစက်ခံရလွယ်စေနိုင်တယ်။ ပိုးသတ်ဆေး စိုက်ခင်းတွေ၊ အပင်တွေမှာ ဖျန်းတဲ့ပိုးသတ်ဆေး၊ ဓါတုပစ္စည်းတွေကို ရှူရှိုက်မိ၊ ထိတွေ့မိ၊စားမိရင် အာရုံကြော၊ဟော်မုန်း၊ မျက်စိ၊အရေပြားနဲ့ […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ ...... လည်ချောင်းတွေ ယားပြီး တဟွတ်ဟွတ် ဆိုးနေတဲ့ ချောင်းနဲ့ နှာတချေချေ ဖြစ်နေပြီဆို ဇာတ်လမ်းတော့ စပြီလို့ သိကြမှာပါနော်။ နှာရည်ကျတာ၊ ကိုယ်လက် နည်းနည်း ကိုက်ခဲလာတာဆို သေချာနေပါပြီ။ ဒါပေမယ့် ရိုးရိုး အအေးမိတာ ထင်ပြီး ကြက်စွပ်ပြုတ်ပဲ သောက်နေတာထက် ဘယ်အချိန်မှာ ဆရာဝန် ပြသင့်ပြီလဲ ဆိုတာ သိထားသင့်ပါတယ်။ အအေးမိ၊ တုပ်ကွေး ဆိုတာ ရာသီဥတု အေးတဲ့အခါ အဖြစ်များတဲ့၊ ပြန့်ပွားလွယ်တဲ့ ဝေဒနာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းတဲ့ အချိန်ဆို တတ်နိုင်ရင် အလုပ်၊ ကျောင်းမသွားသင့်သလို လူများတဲ့ ပွဲတွေ၊ တွေ့ဆုံပွဲတွေ၊ မားကတ်တွေကို ရှောင်သင့်ပါတယ်။ အများအားဖြင့်တော့ လက္ခဏာတွေက သိပ် မပြင်းထန်တတ်ဘဲ ကိုယ်ခံအားနဲ့ သက်သာသွားတတ် […]


အအေးမိဖျားနာခြင်း

လေစိမ်းတိုက်လို့ ဖျားတာလား

ဖျားနေပြီမလား လေတိုက်ခံတာကိုး၊ လေစိမ်းတွေ တိုက်ရင် ဖျားလိမ့်မယ်တဲ့။ လူကြီးမိဘတွေ အစဉ်အဆက် ပြောခဲ့ကြတယ်။ ဒါဆို တကယ်ပဲ လေစိမ်းတိုက်လို့ ဖျားတာလား ...... ဆိုတာကို ကြည့်လိုက်ရအောင်နော်။ လေစိမ်းတိုက်လို့ ဖျားတာလား လေစိမ်းတိုက်လို့ ဖျားတာလား ဆိုပြီး အရင်ကတည်းက ဒီလို ယုံကြည်လာခဲ့ကြ ပေမယ့် သိပ္ပံနည်းကျ လေ့လာမှုတွေ၊ သုတေသနတွေ အရတော့ လေအေးတွေက အအေးမိ တုပ်ကွေးမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အသက်ရှူလမ်းကြောင်းစနစ် အတွက် လေအေးရဲ့ သက်ရောက်မှုကို တစ်ဖက်ကနေ လေ့လာကြည့် ရအောင်ပါ။ လေအေး တိုက်တယ် ဆိုတာက အရေးပါတဲ့ ခန္ဓာကိုယ် ခုခံမှု ယန္တရားဖြစ်တဲ့ ချွဲသလိပ်တွေရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ အသက်ရှူလမ်းကြောင်း တစ်ခုလုံးကို ချွဲသလိပ် အလွှာပါး တစ်ခုက ဖုံးအုပ်ထားပါတယ်။ အဆုတ်ထဲကို အမှုန်အမွှားတွေနဲ့ […]


အအေးမိဖျားနာခြင်း

ဖျားနေရင် ဘာဆေးသောက်မလဲ

ဖျားနေရင် ဘာဆေးသောက်မလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ မျှဝေပေးချင်ပါတယ်။ ဖျားနေရင် ဘာဆေးသောက်မလဲ ဖျားနေရင် ဘာဆေးသောက်မလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အအေးမိတုပ်ကွေးကို ကုသဖို့ အတွက် လိုအပ်သောဆေးများ။ ။ တုပ်ကွေးဆိုတာ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုး ဝင်တာကြောင့် ဖြစ်ရတာပါ။ ခုလိုနေပူလိုက် မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုမျိုးက တုပ်ကွေးတို့ အကြိုက်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က အပူအအေးမမျှတတော့ ကိုယ်ခန္ဓါရဲ့ အပူချိန်ကလည်း ညီမျှအောင်လိုက် မထိန်းနိုင်တော့ပါဘူး။ ဒီတော့ ကိုယ်ခန္ဓါရဲ့ ခံတပ်ကြီး ဖရိုဖရဲဖြစ်နေချိန်ကို အခွင့်အရေးယူပြီးတော့ တုပ်ကွေးဆိုတဲ့ အာဏာရှင်ကြီးက အားနည်းနေတဲ့ ခုခံအားစနစ်ကြီးကို ကြီးစိုး အနိုင်ကျင့်ဖို့ ဝင်လာပါတော့တယ်။ တုပ်ကွေးနဲ့ အတူ ဘာတွေပါလာတတ်လဲ။ ။ တုပ်ကွေးကို ဘုရင်လို့ပဲ သဘောထားကြပါစို့။ ဘုရင်ဘေးမှာဆို နောက်လိုက် အပေါင်းအပါ တစ်ပြုံကြီး ရှိသလိုပဲ တုပ်ကွေးကလည်း သူလာပြီဆိုတာနဲ့ […]


ရာသီတုပ်ကွေး

နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော်

နေမကောင်းဖြစ်တာက အပြင်ရုပ်ပိုင်းဆိုင်ရာကိုတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ဘယ်သူကတော့နေမကောင်း အကြာကြီးဖြစ်ချင်မလဲနော်။ မြန်မြန်ပြန်ပျောက်ချင်တာပေါ့။ ဒါကြောင့် ကိုယ်နေမကောင်းဖြစ်ရင် သိသင့်တဲ့ အချက်တွေ သိထားပြီး လိုက်နာရင်တော့ ကိုယ်လည်းမြန်မြန်ပြန်ကျန်းမာ၊ ကိုယ်ချစ်တဲ့ သူတွေကိုလည်း နေမကောင်းဖြစ်တာ မကူးတော့ဘူးပေ့ါ။ ဖျားနာရင်ဆေးသောက်တာနဲ့တင် မပြီးပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။ နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော် ။ တုပ်ကွေးက ကူးစက်တာမြန်တတ်လား။ ။ တုပ်ကွေးက လေကတစ်ဆင့် ကူးစက်တာ အပြင် ရောဂါရှိတဲ့သူဆီက ထွက်တဲ့ တံထွေး၊ နှာရည်တွေကို ထိမိကိုင်မိတာကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ အိမ်မှာ တစ်ယောက် တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ အိမ်သားအားလုံး ကူးစက်နိုင်ခြေရှိပါတယ်။ ကိုယ်ကြောင့် သူများနေမကောင်းဖြစ်သွားရင် အားနာနေရတဲ့ ခံစားမှုကြီးက မကောင်းပါဘူး။ ဒါကြောင့် ကိုယ့်တုပ်ကွေး သူများဆီ မရောက်ဖို့ နဲ့ ကိုယ်လည်း မြန်မြန်ပြန်ကောင်းအောင် […]


ရာသီတုပ်ကွေး

အအေးမိ တုပ်ကွေး မှားယွင်းနေတဲ့အထင်အမြင်များ

တုပ်ကွေးရာသီရောက်ပြီဆိုတာနဲ့ရှေ့ဆုံးကဖျားတတ်နာတတ်လွန်းလို့ စိတ်ညစ်နေသူတစ်ယောက်အဖို့ကတော့ မဖျားအောင် ဒါလေးတွေလုပ်ပါဆိုပြီး အသိမိတ်ဆွေတွေဆွေမျိုးတွေကပြောတာတွေကို လိုက်လုပ်မိနေတော့မှာအသေအချာပဲလေ။ ကိုယ်တိုင်တောင်တစ်ခါတစ်ခါ လုပ်မိနေတတ်သေးတာလေ။ ဒါပေမယ့် သူတို့ကစေတနာနဲ့ပြောတာဆိုပေမယ့် အယူအဆတွေကမှားနေမယ်ဆိုရင် အထောက်အကူမပြုနိုင်မှာတော့ အသေအချာပဲလေ။ ဒီတော့ တုပ်ကွေးနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့ အယူအဆအမှားတွေ ကိုယ်တိုင်ရောလုပ်မိနေလားဆိုတာကို ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်လိုက်နော်။ တုပ်ကွေးနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆအမှားတွေ ဆံပင်ရေစိုနဲ့လေတိုက်တိုက်မှာ ထိုင်မိတာကိုး - ကြားဖူးတယ်မှတ်လား။ခေါင်းလျှော်ပြီးရေမခြောက်ခင် အပြင်ထွက်သွားတာကိုး။ အခုတော့ဖျားပြီလေဆိုတာမျိုးပေါ့။ ဟုတ်များဟုတ်နေလားလို့တွေးမိမှာပေါ့။ တကယ်တော့ ဒါကတိုက်ဆိုင်သွားတဲ့ အကြောင်းအရာတစ်ခုပေါ့။ တကယ်တော့ အအေးမိတုပ်ကွေးြဖစ်တယ်ဆိုတာက ဗိုင်းရပ်စ်ကြောင့်ပါ။ ဆံပင်ကိုခြောက်အောင်သုတ်သင့်တာကမှန်ပေမယ့် ဆံပင်ရေစိုနဲ့ အပြင်ထွက်လို့တော့ တုပ်ကွေးမဖြစ်ပါဘူး။ ရာသီဥတုေအးနေတာကို အနွေးထည်မဝတ်ဘဲ အပြင်ထွက်တယ် -အေးနေတာကို အနွေးထည်ခပ်ပါးပါးတစ်ထည်လောက်တော့ ဝတ်ဦးမှပေါ့။ အအေးမိမယ်လေလို့ ကိုယ့်ကိုချစ်တဲ့သူကလှမ်းမှာတာကြားဖူးကြမှာပေါ့။မေမေ့ဆီက အများဆုံးကြားရနိုင်ပါတယ်။မေမေတွေက သားသမီးတွေကို အမြဲမပြတ်ဂရုစိုက်နေတတ်ကြသူတွေပါ။မေမေက ဂရုဏာမေတ္တာနဲ့ မှာတာကို လျစ်လျူမရှု့ဖို့ပြောချင်ပါတယ်။ ဒါပေမယ့် အနွေးထည်မဝတ်လို့ ခန္ဓါကိုယ်မှာ ပိုအေးသွားတာတော့ဖြစ်နိုင်ပေမယ့် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း