နေမကောင်းဖြစ်တာက အပြင်ရုပ်ပိုင်းဆိုင်ရာကိုတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ဘယ်သူကတော့နေမကောင်း အကြာကြီးဖြစ်ချင်မလဲနော်။ မြန်မြန်ပြန်ပျောက်ချင်တာပေါ့။ ဒါကြောင့် ကိုယ်နေမကောင်းဖြစ်ရင် သိသင့်တဲ့ အချက်တွေ သိထားပြီး လိုက်နာရင်တော့ ကိုယ်လည်းမြန်မြန်ပြန်ကျန်းမာ၊ ကိုယ်ချစ်တဲ့ သူတွေကိုလည်း နေမကောင်းဖြစ်တာ မကူးတော့ဘူးပေ့ါ။ ဖျားနာရင်ဆေးသောက်တာနဲ့တင် မပြီးပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။