လူတစ်ယောက်ဟာ တစ်နှစ်မှာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ ဖျားနာတတ်ကြပါတယ်။ အအေးမိဖျားနာတာဖြစ်ဖြစ် တုပ်ကွေးြဖစ်တာဖြစ်ဖြစ် ဖျားနာဖူးမှာပါ။ ပတ်ဝန်းကျင်မှာက သာမန်မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးပေါင်းကလည်း များစွာရှိနေတာကိုး။ ကိုယ်ခံအားကောင်းနေတုန်းတော့ ဒီပိုးတွေက ကိုယ့်ကိုဘာမှမလုပ်နိုင်ပေမယ့် ကိုယ်ခံအားနည်းတဲ့အခါမျိုးမှာတော့ အအေးမိဖျားနာဖြစ်စေနိုင်ပါတယ်။ အအေးမိဖျားနာတာကိုဖြစ်စေနိုင်တဲ့ရောဂါပိုးပေါင်း ၂၀၀ကျော်ရှိနေပြီး ဒီရောဂါပိုးတွေက ခန္ဓါကိုယ်ထဲကို ကူးစက်ဝင်ရောက်ပြီးရင် ၅ ရက်ကနေ ၈ ရက်အတွင်း ခန္ဓါကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို တိုက်ခိုက်လိုက်ပါတယ်။ ကိုယ်ခံအားနည်းသွားတဲ့အခါ အဖျားဝင်လာတာတင်မဟုတ်ဘဲနောက်ဆက်တွဲရောဂါတွေကိုပါခံစားရတာပါ။ ဒါကြောင့် အဖျားဝင်လာရင်သေချာဂရုစိုက်ဖို့လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။