အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

သင်ဟာ တခြားသူတွေထက်ပိုပြီး မကြာခဏဖျားနာတတ်တဲ့သူလား။ ဒါတွေကြောင့်ဖြစ်မှာပါ

ငယ်ငယ်ကကျောင်းပြေးချင်လွန်းလို့ ဖျားချင်ခဲ့ဖူးတယ်ဟုတ်။ ကလေးဘဝတုန်းကတော့ ဖျားပြီဆိုရင် အိမ်မှာနေရမယ်၊ဖေဖေမေမေကို ကပ်ချွဲပြီး လိုချင်တာလေးဝယ်ခိုင်းတယ်၊ စားချင်တာလေး ဝယ်ကျွေးခိုင်းလို့ရလို့ ဖျားချင်ခဲ့ဖူးကြတယ်လေနော်။ဖေဖေမေမေတွေကချီပြီးဆေးခန်းလိုက်ပို့ပေးလို့ ခဏခဏကိုဖျားချင်ခဲ့တာပါ။ ဒါပေမယ့် အရွယ်ရောက်လာတော့ အအေးမိတုပ်ကွေးဖြစ်ရင်ခံစားရတာက မသက်သာလွန်းလို့ မဖျားချင်တော့ပါဘူး။ ဖျားရင်တောင်မြန်မြန်သက်သာချင်တဲ့ဆန္ဒက စဖျားကတည်းကကိုဖြစ်နေတာလေ။ ဒီတော့ ဘယ်အချက်တွေက တုပ်ကွေးဖြစ်ဖို့ အားပေးရာရောက်နေလဲဆိုတာကို သိထားမယ်ဆိုရင် ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေလို့ရတာပေါ့။ဖြစ်နိုင်တာကို ဆင်ခြင်လို့ရအောင် ဒီဆောင်းပါးလေးထဲက အကြံဉာဏ်ကိုရယူလိုက်ပါနော်။ တုပ်ကွေးဆိုတာ တုပ်ကွေးဆိုတာက အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တဲ့ ဖျားနာမှုတစ်မျိုးပါ။ တုပ်ကွေးရောဂါပိုးက နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းတလျှောက် လည်ချောင်းနဲ့ အဆုတ်အထိဝင်ရောက်ကူးစက်တာပါ။ တုပ်ကွေးက တစ်ခါတလေမှာ အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးကနောက်ဆက်တွဲရောဂါတစ်သီကြီးနဲ့အတူရောက်လာတတ်တာပါ။ တုပ်ကွေးဖြစ်ပြီဆိုရင် ချောင်းခြောက်ဆိုးမယ် အဖျားနည်းနည်းရှိနေမယ် လည်ချောင်းနာမယ် ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ် ခေါင်းကိုက်မယ် […]


အအေးမိဖျားနာခြင်း

ဖျားတိုင်းဆေးထိုးဖို့ လိုသလား

“ဆရာ လူနာတစ်ယောက် ရှော့နဲ့ လာပါတယ်ဆရာ” သူနာပြုဆရာမလေး၏ ခေါ်သံကြောင့် ဒေါက်တာကျော်တစ်ယောက် ဆရာဝန် နားနေခန်းမှ ထွက်လာခဲ့သည်။ “ဖျားနေတာ ၂ ရက် ရှိပြီဆရာ၊ ဒီနေ့ပဲ ဆေးခန်းမှာ ဆေးသွားထိုးခဲ့သေးတယ်။ အဲ့ဒါ အိမ်ပြန်ရောက်ကတည်းက ချွေးစီးတွေ အရမ်းပြန်ပြီး မူးလာတယ်ဆိုတာနဲ့ ခေါ်လာတာ” လူနာ့ အမေက ပြောပြနေသည်။ သွေးပေါင်ချိန်က ၈၀/၅၀။ သွေးခုန်နှုန်းက ၁၄၀ လောက်ရှိသည်။ မေးမြန်းစမ်းသပ်စရာများရှိသလောက် လုပ်ပြီး လူနာက အစားနည်းနေသည့် အပြင် အဖျားကျဆေးကြောင့် ချွေးထွက်များက သွေးပေါင်ကျခြင်းဖြစ်နိုင်သည် ဟု ဒေါက်တာကျော် သုံးသပ်လိုက်သည်။ “အစားနည်းပြီး ချွေးထွက်များသွားလို့ သွေးပေါင်ကျသွားတာပါ။ ပုလင်းကြီးချိတ်ပေးထားပါတယ်။ သက်သာသွားမှာပါ။” “ဒီတစ်လုံးပြီးရင် သွေးပေါင်ပြန်တိုင်းပေးဦးနော်၊ အကိုကို့ပြန်လာပြောပေးဦး” အလုပ်သင်ဆရာဝန်လေးကို မှာခဲ့ပြီး ဒေါက်တာကျော် တစ်ယောက် ဂျူတီခန်းတွင် လူနာမှတ်တမ်းကို ပြန်ဖြည့်ရင်း အတွေးနယ်ချဲ့မိနေတော့သည်။ မြန်မြန်သက်သာဖို့နှင့် […]


တီဘီရောဂါ

Tuberculosis Of The Genitourinary System (ဆီးလိင်လမ်းကြောင်းတီဘီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်ဆီးလိင်လမ်းကြောင်းတီဘီ ဆိုတာ ဘာလဲ။ ဆီးလမ်းကြောင်းတစ်လျှောက်နဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာဖြစ်တဲ့ အဆုတ်ပြင်ပတီဘီကို ဆီးလိင်လမ်းကြောင်းတီဘီလို့ ခေါ်ပါတယ်။ ဆီးလိင်လမ်းကြောင်းတီဘီဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အဆုတ်ပြင်ပတီဘီအားလုံးရဲ့ ၁၅ရာခိုင်နှုန်းဟာ ဆီးလိင်လမ်းကြောင်းတီဘီဖြစ်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများဆီးလိင်လမ်းကြောင်းတီဘီရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ဆီးလိင်လမ်းကြောင်းတီဘီရှိသူ ၂၀ရာခိုင်နှုန်းမှာ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ဒီရောဂါရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဆီးလမ်းကြောင်းအောက်ပိုင်း ပိုးဝင်သည့်လက္ခဏာများ ခါးနာခြင်း ဆီးထဲသွေးပါခြင်း သွေးလွှတ်ကြောတွင်း သွေးဖိအားမြင့်တက်ခြင်း သုတ်ပို့ပြွှန်ရောင်ရမ်းခြင်း ကပ်ပယ်အိတ်ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ နာကျင်ခြင်း သန္ဓေမအောင်ခြင်း အဖြစ်နည်းတဲ့ လက္ခဏာတွေကတော့ လိင်တံပိုးဝင်ပြီး အနာဖြစ်ခြင်း လိင်တံအရေပြားပိုးဝင်ခြင်း (Lupus vulgaris) အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ ဖြစ်ပွားမှုအကြောင်းရင်းများဘာတွေက ဆီးလိင်လမ်းကြောင်းတီဘီ ဖြစ်ပွားစေသလဲ။ တီဘီရောဂါဖြစ်ပွားစေတဲ့ အဓိကတရားခံက Mycobacterium […]


တီဘီရောဂါ

Tuberculosis of meninges and central nervous system ( ဦးနှောက်အာရုံကြောတီဘီ )

ဦးနှောက်အာရုံကြောတီဘီ ဆိုတာ ဘာလဲ။ Mycobacterium tuberculosis ဘက်တီးရီးယားကြောင့် ဗဟိုအာရုံကြောအဖွဲ့အစည်း ထိခိုက်ပျက်စီးတဲ့ရောဂါကို ဦးနှောက်အာရုံကြောတီဘီ လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အဖြစ်နည်းသလောက် အလွန်ဆိုးဝါးပြင်းထန်ပြီး တီဘီကုထုံး မပေါ်သေးခင်အခါက ရာနှုန်းပြည့်သေစေနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဦးနှောက်အာရုံကြောတီဘီဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ခန့်မှန်းခြေအားဖြင့် တီဘီလူနာအားလုံးရဲ့ ၁ရာခိုင်နှုန်းမှာ ဦးနှောက်အာရုံကြောတီဘီ ဖြစ်ပွားနိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးမှုနှုန်း၊ အာရုံကြောထိခိုက်မှုနှုန်း အလွန်မြင့်ပြီး HIV ဗိုင်းရပ်စ်ပိုးရှိသူတွေနဲ့ ကလေးငယ်တွေမှာ အဆမတန် ဆိုးဝါးပြင်းထန်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ ဦးနှောက်အာရုံကြောတီဘီရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ တီဘီဦးနှောက်အမြေးယောင်ရောဂါ အရွယ်ရောက်ပြီးသူများတွင် တွေ့ရတတ်သည့် လက္ခဏာများ ဖျားနာခြင်း ခေါင်းကိုက်ခြင်း ဇတ်တောင့်ခြင်း အာရုံကြောထိခိုက်ခြင်း အပြုအမူပြောင်းလဲခြင်း သတိကောင်းကောင်းမရခြင်း ကလေးငယ်များတွင် တွေ့ရတတ်သည့် လက္ခဏာများ ဖျားနာခြင်း ဇတ်တောင့်ခြင်း တက်ခြင်း ပျို့ခြင်း၊ အန်ခြင်း ခေါင်းကိုက်ခြင်း အားအင်ကုန်ခမ်းပြီး မလှုပ်ရှားနိုင်ခြင်း […]


အအေးမိဖျားနာခြင်း

နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။

နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။ လူတိုင်း လူတိုင်း နေမကောင်းဖြစ်ပြီဆိုတာနဲ့ အိပ်ရာထဲမှာပဲ ခွေနေချင်ကြတာချည်းပါပဲ။ နေမကောင်းချိန် အိပ်ရာထဲမှလှဲနေတယ်ဆိုတာ တော်ရုံပဲကောင်းပါတယ်။ အဓိကကတော့ ကိုယ်ခန္ဓာက ပြောတဲ့ လက္ခဏာတွေကို နားလည်တတ်ဖို့ လိုပါတယ်။ အရမ်းပင်ပန်းနေတယ်၊ အားလည်းမရှိဘူးဆိုတဲ့ လူနာတွေကတော့ အားပြန်ပြည့်အောင် အိပ်စက်အနားယူသင့်ပါတယ်။ ဖျားတာနာတာကလည်း မပြင်းထန်ဘူးဆိုရင်တော့ အိပ်ရာထဲ တစ်ချိန်လုံး လှဲနေခြင်းဟာ သင့်ကို ပိုပြီးနုန်းခွေစေမှာပါ။ ဒါကြောင့်ခုပြောပြချင်တာကတော့ အပြင်းဖျားနေတာကလွဲလို့ တော်ရုံအဖျားဆိုရင် အပျင်းမကြီး အိပ်ရာထဲ ခွေမနေဘဲ လှုပ်လှုပ်ရှားရှားလုပ်သင့်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။ https://hellosayarwon.com/health/symptoms/persistent-low-grade-fever/ နေမကောင်းဖြစ်တိုင်း အိပ်ရာထဲမှာပဲခွေနေတော့မှာလား။ ။ နေမကောင်းဘူးဆိုတာနဲ့ အိပ်ရာထဲခွေနေရင် ဘာတွေဖြစ်လာနိုင်သလဲ။ ။ ပိုပြီးနုန်းလာမယ်။ လှုပ်ရှားရှား မလုပ်တော့ ကိုယ်ခန္ဓာက လေးပင်လာပြီး ဖျားတာကြောင့် နုန်းတာအပြင် လှဲလွန်း အိပ်လွန်းအားကြီးရင်လည်း နုန်းနိုင်ပါတယ်။ ခေါင်းကိုက်လာမယ်။ နေမကောင်းရင် ခေါင်းကိုက်တာ မဆန်းပါဘူး။ […]


အအေးမိဖျားနာခြင်း

ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ

ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ ..... ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ ကိုယ့်အဖျား သူများဆီမကူးအောင် ဒါတွေလုပ်ပါ ကိုယ့်အဖျား […]


အအေးမိဖျားနာခြင်း

ဗီတာမင် C ဓါတ်ဟာ အအေးမိတုပ်ကွေးရောဂါကို အမှန်တကယ် ကာကွယ်နိုင်ရဲ့လား

လူတွေတော်တော်များများ အအေးမိပြီဆိုရင် လုပ်လေ့လုပ်ထရှိတဲ့ အရာတစ်ခုက ဗီတာမင် C ပါဝင်တဲ့ ဖြည့်စွက်စာတွေ၊ ဖျော်ရည်တွေ၊ ချောင်းဆိုးပျောက်ဆေးတွေ သောက်တာပါပဲ။ ၁၉၇၀ ခုနှစ်လောက်က ဗီတာမင် C ကို အအေးမိတုပ်ကွေး ပျောက်ဖို့အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ ပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်အရ ဗီတာမင် C ဟာ အအေးမိတုပ်ကွေးရောဂါကို ကုသတဲ့ နေရာမှာ အနည်းငယ်သာ ထိရောက်မှု ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဗီတာမင် C ဆိုတာ ဘာလဲ။ ဗီတာမင် C ဆိုတာ ကျွန်တော်တို့ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားကို ကောင်းမွန်စေပြီး ကျန်းမာစေတဲ့အပြင် သံဓါတ်ကို ကောင်းစွာစုပ်ယူပေးလို့ အရိုးနဲ့ ကြွက်သားကို ကြံ့ခိုင်သန်စွမ်းစေတယ်။ အသားအရေကိုလည်း လှပစေတယ်။ ဗီတာမင်C ဓါတ်ဟာ သဘာ၀ ဟင်းသီးဟင်းရွက်တွေနဲ့ ခရမ်းချဉ်သီး၊ […]


အအေးမိဖျားနာခြင်း

ရာသီအပြောင်းအလဲမှာ ဖြစ်ပွားတတ်တဲ့ အအေးမိရောဂါအကြောင်း တစေ့တစောင်း…

လူတိုင်းကတော့ ဘဝမှာ အနည်းဆုံး တစ်ခေါက် အအေးမိဖူးကြမှာပါ။ ရာသီအပြောင်းအလဲမှာ အအေးမိဖျားနာတာမျိုး ဖြစ်တတ်ပြီး ရောဂါလက္ခဏာ မပြင်းထန်သည့်တိုင်အောင် ခံစားရတဲ့သူအတွက်ရော အနီးပတ်ဝန်းကျင်ကလူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါ တစ်မျိုးပါ။ အအေးမိရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခြေခံဗဟုသုတလေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဘယ်လိုကူးစက်တတ်လဲ။ အအေးမိတယ်ဆိုတာ Virus ပိုးကနေ တစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ သူတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံမိတဲ့အခါ၊ သူတို့ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ နှာခေါင်းနဲ့ ပါးစပ်ကို ပြန်ထိမိတဲ့အခါ၊ မျက်နှာသုတ်ပဝါမပါဘဲ နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါမှာ ရောဂါပိုးတွေဟာ လေထဲကို ပျံ့နှံ့ပြီး ကူးစက်တတ်ပါတယ်။ Virus ရောဂါပိုးက ကိုယ်ခန္ဓာထဲ ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီရောဂါပိုးကို တိုက်ထုတ်ဖို့အတွက် သွေးဖြူဥတွေ ထုတ်ပေးရတယ်။ အဲ့အချိန်မှာ နှာခေါင်း၊ လည်ချောင်းတွေ […]


ရာသီတုပ်ကွေး

အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့တုပ်ကွေးများအကြောင်း တစ်စေ့တစ်စောင်း

အအေးမိ တုပ်ကွေးလို့ လူတွေပြောလေ့ရှိတာဆိုတော့ တုပ်ကွေးဆိုတာက သိပ်ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ဘူးလို့ လူတွေထင်စရာရှိပါတယ်။ တကယ်တမ်းက ရာသီအလိုက်အဖြစ်များလေ့ရှိတဲ့တုပ်ကွေးအပျော့စားကြောင့်သာ တုပ်ကွေးဆိုတာက သိပ်မပြင်းထန်တဲ့ရောဂါတစ်ခုလို့ ထင်မြင်ရတာပါ။ တကယ်တမ်းမှာတော့ အရမ်းပြင်းထန်တဲ့တုပ်ကွေးဗိုင်းရပ်စ်ေတွလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်တဲ့တုပ်ကွေးတွေအကြောင်းကို ပြောပြပေးသွားမှာပါ။ တုပ်ကွေးဘာကြောင့်ဖြစ်ရတာလဲ တုပ်ကွေးဆိုတာ Influenza လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာပါ။ သူက အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတာဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ကိုယ်အပူချိန်တက်ပြီး ဖျားတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နှာစေး၊ချောင်းဆိုးတာ တွေ ဖြစ်ပါတယ်။ တုပ်ကွေး ဘယ်နှစ်မျိုးရှိလဲ Influenza Virus ကို A, B, C ဆိုပြီး အုပ်စု ကြီး၃ခုခွဲလို့ရပါတယ်။ Influenza Virus A Influenza A ဗိုင်းရပ်စ်ကို Avian Influenza ( Bird Influenza) လို့ လူသိများပါတယ်။ Influenza […]


အအေးမိဖျားနာခြင်း

ဒီအချက်တွေကြောင့် နှာစေးနိုင်ပါတယ်

စကားပြောတာ နှာသံတွေပေါက်နေရော ဖျားနေတာလားလို့ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေမေးတာမျိုးခံရဖူးမှာပေါ့။ သူတို့တော့နားထောင်ကောင်း၊မကောင်းမသိ ကိုယ်တိုင်ကတော့ နှာသံနဲ့စကားပြောရတာကို စိတ်ပျက်နေပြီ။ အသံတင်ပြောင်းတာမဟုတ် တစ်သျှူးအလိပ်လိုက် အထုပ်လိုက်ဘေးနားထားထိုင်နေရ သွားလာနေရတာ အတော်လေးတော့အလုပ်ရှုပ်တယ်နော်။ မလုပ်လို့လည်းမဖြစ် အရွယ်ကရောက်နေပြီ နှပ်ချေးတစ်ရှုံ့ရှုံ့လုပ်နေလို့မဖြစ်တော့ စိတ်ညစ်ပေမယ့် အချိန်ပြည့် နှပ်ညှစ်နေရတယ်လေနော်။ နှာစေးတာကြောင့် အလုပ်ရှုပ်တာက ဒီလောက်နဲ့ပဲပြီးသွားတာတော့မဟုတ်ပါဘူး။ တစ်နေကုန်နှပ်ညှစ်နေရတယ်။ အိပ်ခါနီးကျတော့ နှာခေါင်းပိတ်လို့ကောင်းကောင်းအိပ်မရဘူး။ ဒီပြဿနာရဲ့ အရင်းခံတွေကို သိထားမယ်ဆိုရင်ရှောင်ရှားဖို့လွယ်သွားမှာပေါ့နော်။ ဒီတော့ နှာစေးနှာပိတ်ဖြစ်စေတဲ့အကြောင်းအရင်းလေးတွေများ မသိချင်ဘူးလား။ နှာစေးတယ်ဆိုတာ နှာစေးတယ်ဆိုတာက နှာခေါင်းထဲမှာရှိတဲ့ တစ်ရှုးတွေနဲ့ နှာခေါင်းနဲ့ ကပ်လျက်ရှိနေတဲ့ တစ်ရှုးတွေ၊ နှာခေါင်းသွေးကြောတွေက ပိုလျှံနေတဲ့ ချွဲသလိပ်တွေကို ခန္ဓာကိုယ်ပြင်ပကို ထုတ်လွှတ်လိုက်တာပါ။ ဒီလိုထွက်လာတဲ့ ချွဲသလိပ်တွေက အရည်ကြည်ကြည်တွေကနေစလို့ ခပ်ပျစ်ပျစ်ချွဲတွေအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့် နှာစေးနိုင်ပါတယ် နှာစေးရတဲ့အကြောင်းအရင်းက တစ်ခုမကရှိနေနိုင်ပါတယ်။ အခုပြောပြတဲ့အချက်တွေကြောင့် နှာစေးတဲ့ဝေဒနာကို ခံစားရနိုင်ပါတယ်။ sinus infection ရှိတာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း