တုပ်ကွေးကာကွယ်နိုင်ဖို့က
အပေါ်မှာပြောခဲ့တာတွေက မမှန်ဘူးဆိုရင် ဘယ်အချက်တွေကမှန်တာလဲလို့မေးစရာရှိနေမှာပေါ့။ ဒီတော့ တုပ်ကွေးဖြစ်လာပြီဆိုရင် လာတွေလုပ်ရမလဲ ဆက်ကြည့်လိုက်မလား။
တုပ်ကွေးကာကွယ်ဆေးထိုးပေးပါ – တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေးထိုးတာက တုပ်ကွေးကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းပါ။
အာဟာရပြည့်ဝအောင်စားပါ -နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်စုံလုံလောက်အောင် စားသုံးပေးပါ။
ရေများများသောက်ပါ – ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေဓါတ်နဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ကျန်းမာဖို့ဆိုရင်ရေများများသောက်ပေးပါ။
အိပ်ရေးဝဝအိပ်ပါ – တစ်ညတာမှာကောင်းကောင်းအိပ်စက်အနားယူတာက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အားအင်တွေကိုပြည့်ဝစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တိုင်း အရေးတကြီးလုပ်စရာအကြောင်းမရှိရင်စောစောအိပ်စက်အနားယူပေးပါ။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ -နေ့စဉ် ပုံမှန် ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ကိုယ်ခံအားကိုကောင်းစေဖို့အထောက်အကူပြုပေးနိုင်တာကြောင့် ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။
ကြိုတင်ကာကွယ်ပါ – အပေါ်ကနည်းတွေကလည်း တုပ်ကွေးမဖြစ်အောင်ကြိုတင်ကာကွယ်တာပါပဲ။ ဒီနည်းတွေနဲ့မလုံလောက်ဘူးလို့ထင်ရင်တော့ အအေးမိတုပ်ကွေးဖြစ်တာကို ကာကွယ်ပေးနိုင်တဲ့ အပန်းမကြီးတဲ့နည်းလမ်းလေးတွေရှိပါတယ်။ ဒါကတော့ နှာခေါင်းဖြန်းဆေး (Nasal Spray) သုံးတာ၊ အာလုပ်ကျင်းဆေး (Gargle Wash) သုံးတာမျိုးလုပ်ပေးပါ။
ဒီတော့ အယူအဆအမှားတွေကို စွန့်ပစ်ပြီး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ တုပ်ကွေးကို ကာကွယ်လိုက်ပါ ……..
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။