backup og meta

ပျော်ရွှင်ရတဲ့ ခရီးစဉ်တွေပဲ ဖန်တီးကြရအောင်

ပျော်ရွှင်ရတဲ့ ခရီးစဉ်တွေပဲ ဖန်တီးကြရအောင်

ဟိုသွားမယ်၊ ဒီသွားမယ်နဲ့ ခရီးတွေစီစဉ်ပြီး၊ ဘိုကင်တွေလုပ်ပြီးကာမှ နေမကောင်းထဖြစ်တယ်ဆိုတာတော်ရုံစိတ်ဆင်းရဲစရာတော့မဟုတ်ဘူး။ ပြင်ဆင်ထားတာတွေ၊ ချိန်းထားတာတွေ အကုန်လုံး ဘယ်လိုဆက်လုပ်ရမလဲ ဒီအချိန်မှာ လူကပျာပြီလေ။

ဒါပေမယ့် အဖြစ်များတဲ့ အအေးမိ၊တုပ်ကွေးဖြစ်တာဆိုရင်တော့ သိပ်မစိုးရိမ်ပါနဲ့။ ဒါလေးသာ ဖတ်ပြီးသွား၊ ဘာမှမဖြစ်စေရဘူး။နေကောင်းနေတဲ့လူတွေလောက်တော့ မကဲနဲ့ပေါ့။ ဒီအချက်လေးတွေကို ဉာဏ်လေးနဲ့ဆင်ခြင်နေထိုင်မယ်ဆိုခွေခေါက်နေစရာမလိုဘူး၊ အများနည်းတူ ခရီးသွားနိုင်ပါတယ်နော်။ ခရီးသွားရင်းနဲ့မှ ရုတ်တရက်နေမကောင်းဖြစ်လည်း အသုံးဝင်မယ့် နည်းလမ်းတချို့ကို အကြံပြုပေးလိုက်ပါတယ်။

ရတဲ့အချိန်မှာ နားပါ

ခရီးသွားေနပါတယ်ဆိုမှ နားနေစရာလား လို့ပြန်ပြောမှာလား။ မဟုတ်ဘူးနော်။ ဆက်တိုက်ပြေးလွှားမနေဖို့ကိုဆိုလိုတာပါ။ နားလို့ရတဲ့သူများတွေနားချိန်မှာ ဟိုဟိုဒီဒီလျှောက်သွားနေတာ၊ ညဆိုလည်းစောစောမအိပ်ဘဲ သူများတွေလိုကဲနေတာ၊ ဖုန်းပွတ်နေတာတွေနဲ့တော့ လူကအနားရမှာမဟုတ်ပါဘူး။ ဒါဆိုဝေဒနာကပိုဆိုးလာမယ်၊ အဖျားပါတက်လာနိုင်တယ်၊ ခရီးလည်းမပျော်ရတော့ဘူး။ အချိန်ရရင် တရေးတမောအိပ်လိုက်ပါ။ အိပ်ရေးဝမှ၊ အနားယူမှ ကိုယ်ခံအားြပည့်ပြီး ခရီးဒဏ်နဲ့ လူကဒေါင်းမသွားမှာဖြစ်ပါတယ်။

ရေများများသောက်ပါ

ဒါများ ဘာဆန်းလို့လဲသောက်တယ်လေ ဆိုပြီး အချိုရည်တွေ၊အားဖြည့်အချိုရည်တွေ လှိမ့်မသောက်နဲ့နော်။ ရေများများသောက်တဲ့အခါ ခန္ဓါကိုယ်ကိုရေဓါတ်ြဖည့်တင်းပေးပြီး လည်ချောင်းနဲ့အဆုတ်အတွင်းမှာ ရှိနေတဲ့ ချွဲသလိပ်တွေကိုကျဲစေပါတယ်။ ဓါတ်ဆားရည် သို့မဟုတ် ရေဓါတ်ဖြည့်အချိုရည်လည်း အတော်အသင့်သောက်လို့ရပေမယ့် တခြားအချိုရည်တွေကတော့ ရေဓါတ်မပြည့်တဲ့အပြင် ရေပါပိုငတ်စေနိုင်ပါတယ်။

ပလုတ်ကျင်းပါ

ရေသောက်ရင်း ပလုတ်ကျင်းခိုင်းတာမဟုတ်၊ ပိုးသတ်သန့်စင်ပေးတဲ့ ပလုတ်ကျင်းဆေးရည်ကိုပြောတာပါ။ လည်ချောင်းနာတာ၊ အအေးမိဝေဒနာအတွက် ဆားရည်ငုံပေးပြီး ခံတွင်းရှင်းလို့ရပါတယ်။

ကဖင်းနဲ့ အယ်ကိုဟောတွေ ရှောင်ပါ

ရေဓါတ်ဖြည့်ပါဆိုကော်ဖီ၊ လက်ဖက်ရည်တွေသောက်မနေပါနဲ့နော်။ ကဖင်းပါတဲ့သောက်စရာတွေနဲ့ အရက်၊ဘီယာတွေက အကျိုးမပြုတဲ့အပြင် ရေဓါတ်ခန်းခြောက်စေတယ်၊ ကိုယ်ခံအားကို ထိခိုက်စေပါတယ်။ ခဏတော့ လန်းသလိုဖြစ်နိုင်ပေမယ့် ပြီးရင်တော့ ခရီးဒဏ်နဲ့ လူက ပိုပြီးနုန်းမယ်၊ရောဂါလက္ခဏာတွေပိုဆိုးလာနိုင်တယ်ဆိုတာလေး မမေ့ပါနဲ့။

ခရီးမသွားခင် ဂရုစိုက်သင့်တဲ့ တခြားအချက်တွေကတော့ –

  • ခရီးမသွားခင်တစ်ရက်မှာ အိပ်ရေးဝတာထက်ကျော်အောင် အိပ်ပစ်လိုက်ပါ။
  • နှာစေးနှာပိတ်အတော်ဆိုးနေတယ်ဆိုရေနွေးနွေးနဲ့ရေချိုးလိုက်ပါ။ အသားကိုမပူလောက်တဲ့ နည်းနည်းပူပူလေးပေါ့နော်။
  • အအေးမိသက်သာဆေး ကြိုသောက်ထားလိုက်ပါ။
  • ကားဂိတ်၊ ရထားဂိတ်၊လေဆိပ်တို့မှာ အကြာကြီးစောင့်မနေရအောင် အချိန်ကိုတွက်ပြီးသွားပါ။ မသွားခင် လူကိုသက်တောင့်သက်သာဖြစ်အောင်နေပါ။
  • လမ်းတလျှောက် လိုတဲ့အခါသုံးဖို့ လက်သန့်ဆေးရည်လေးတွေ အိတ်ထဲဆောင်ထားပါ။ဖြစ်နိုင်ရင်တော့ရေနဲ့ဆပ်ပြာနဲ့ လက်သေချာဆေးပါ။
  • နောက်ဆုံး အရေးကြီးတဲ့အချက်က အသင့်စား၊ အလွယ်စားတွေကို ဝယ်မစားပါနဲ့။ဘေးကင်းသန့်ရှင်းတဲ့ အစားအစာကိုသာ စားဖို့ ဂရုစိုက်ပါ။

Hello Health Groupသည်ဆေးပညာအကြံပေးချက်များ၊ရောဂါရှာဖွေမှုများ၊ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

Ref:

https://www.webmd.com/a-to-z-guides/features/keeping-healthy-while-flying#1

Accessed Nov 5, 2018.

https://www.webmd.com/parenting/germs-and-travel#1

Accessed Nov 5, 2018.

https://www.oyster.com/articles/53271-traveling-while-sick-heres-what-you-need-to-know/

Accessed Nov 5, 2018.

ယခုပုံစံ

06/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Kyaw Zay Ya မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်ဟာ တခြားသူတွေထက်ပိုပြီး မကြာခဏဖျားနာတတ်တဲ့သူလား။ ဒါတွေကြောင့်ဖြစ်မှာပါ

ဖျားနေရင် ဘာဆေးသောက်မလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement