ကိုယ်ဝန်ကြောင့်ဖြစ်သော အစင်းရာများ။ ကုသမှုအမျိုး အစားများ၊ ကာကွယ်ခြင်း

    ကိုယ်ဝန်ကြောင့်ဖြစ်သော အစင်းရာများ။ ကုသမှုအမျိုး အစားများ၊ ကာကွယ်ခြင်း

    ကိုယ်ဝန်ဆောင်စဉ်အချိန်တွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ကြုံတွေ့ရသည်။ သင့်တွင် ကလေးရလာပါက သင်၏အတွေး၊ နေ့စဉ်အလုပ်ကိစ္စနှင့် ပုံပန်းလက္ခဏာများ ကွဲပြားလာမည်။ အထင်ရှားဆုံး ပြောင်းလဲ မှုတစ်ခုမှာ အစင်းရာများပေါ်ခြင်း ဖြစ်သည်။ ထိုရုပ်ဆိုးသော အရာများသည် အမျိုးသမီးအချို့ကို စိတ်ပူပင် သောကရောက် စေသည်။ သို့သော်လည်း ၎င်းတို့ကို ပျောက်ကင်းအောင် ကုသနိုင်သည်။

    ဘာတွေက အစင်းရာများကို ဖြစ်စေသလဲ။

    အစင်းရာများသည် သင့်အရေပြားအောက်ရှိ ထောက်ပံ့ ပေးသော တစ်ရူးအလွှာတွင် သေးငယ်သော စုတ်ပြဲရာများ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ်တွင် သင်သည် ၉လအတွင်း ကိုယ်အလေးချိန် ၁၄ ကီလိုဂရမ်လောက် တက် လာသည်။ သင့်ခန္ဓါကိုယ်သည် အရေပြားထက် ပိုမြန်စွာ ကြီးထွားလာသောကြောင့် အရေပြားမျက်နှာပြင်အောက်ရှိ ဆန့်ကျုံ့နိုင်သော အမျှင်များ ပြဲပြီး ထိုအစင်းရာများ ပေါ်လာ သည်။

    ဝမ်းဗိုက်နှင့်ရင်သားသည် လျင်မြန်စွာ ကြီးထွားသော နေရာနှစ်နေရာ ဖြစ်ပြီး အစင်းရာများ အများဆုံးဖြစ်ပေါ်သည်။ အစင်းရာများဖြစ်ခြင်းသည် မျိုးဗီဇအပေါ် မူတည်သည်။ ဆိုလို သည်မှာ သင့်အမေဆီမှ မျိုးရိုးဆက်ခံရရှိခြင်း ဖြစ်နိုင်သည်။ အချို့တွင် ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန် လျင်မြန်စွာ တက်လာခြင်းသည် အစင်းရာများ ဖြစ်စေသော အကြောင်း ရင်း ဖြစ်သည်။

    ကုသမှုနည်းလမ်းများ

    ၁။ အလှဆီလိမ်းခြင်း

    အရေပြား ခြောက်သွေ့ခြင်း၊ ယားယံခြင်းကို သက်သာ စေရန် ကိုကိုးထောပတ် ကဲ့သို့ အလှဆီ သို့မဟုတ် အခြား အစင်းရာ ခရမ်များကို လိမ်းပါ။

    ၂။ အာဟာရ စားသုံးပါ။

    ဗီတာမင် စီ သောက်ခြင်းသည် သင့်အရေပြားကို ချောမွေ့ စေပြီး အစင်းရာများဖြစ်ခြင်းကို လျော့ချပေးသည်။

    ၃။ ကိုယ်အလေးချိန်ထိန်းခြင်း

    ကိုယ်အလေးချိန်ကို ရုတ်တရက် မတက်စေဘဲ ထိန်းထား ပါ။ ကယ်လိုစီ စားသုံးမှု ပမာဏ မှန်အောင် ဆရာဝန် ညွှန်ကြားချက် များကို လိုက်နာပါ။

    ၄။ Retin-A သို့မဟုတ် လေဆာကုထုံး

    သတင်းကောင်းမှာ အရေပြားရောဂါ အထူးကုများသည် သင်မွေးဖွားပြီးပါက သင့်အခြေအနေပိုကောင်းလာစေရန် ထို ကုထုံး အမျိုးအစားများကို ပေးနိုင်သည်။ ထိုနည်းလမ်းသည် သင့်ခန္ဓါကိုယ်အတွင်း collagen ကြီးထွားမှုကို တွန်းအားပေး ပြီး ကျယ်သောသွေးကြောများ ကျဉ်းစေရန် ကူညီပေးသည်။

    ၅။ ပျောက်ကင်းမှုအပေါ် အာရုံစိုက်ပါ။

    နယူးရောက်မြို့ Mount Sinai School of Medicine မှ အရေးပြားဌာန တွဲဖက် ပါမောက္ခ Heidi Waldorf ကအစင်း ရာများအတွက် ကုသရန်အသင့်တော်ဆုံးအချိန်သည် နီရဲနေ စဉ်ဖြစ်သည်ဟု ဆိုသည်။ ကုသမှုအတွက် သုံးနိုင်သော လိမ်းဆေးအချို့မှာ

    • ကြက်သွန်အဆီအနှစ်နှင့် hyaluronic acid ပါဝင် သော လိမ်းဆေးများကို ရွေးချယ်သင့်သည်။ လေ့လာမှုတစ်ခုအရ လိမ်းဆေးအသုံးပြုသူများ သည် နေ့စဉ်အသုံးပြုပြီး ၁၂ပတ်တွင် အရာတွင် ပျောက်သွားသည်ဟုဆိုသည်။
    • Retinoid သည် ဆဲလ်များ ဖြစ်ပျက်ပုံကို မြန်စေ ပြီး collagen အသစ်များကြီးထွားခြင်းကို လှုံ့ ဆော်ပေးသည်။ သို့သော်လည်း ဤကုသမှုကို ကိုယ်ဝန်ဆောင်စဉ်အတွင်း အသုံးမပြုနိုင်ပါ။

    ၆။ Dermabrasion

    ဤနည်းလမ်းသည် ကြေးနန်းကြိုးဖြင့်လုပ်ထားသော ဘီး သို့မဟုတ် အနားစွန်းများကြမ်းသော ဘီးကိုသုံးပြီး အရေပြား အပေါ်ယံအလွှာများကို ဖယ်ရှားခြင်းဖြစ်သည်။ တစ်နည်းဆိုရ သော် ဤကုသမှုသည် အရေပြားကို အသစ်ဖြစ်စေသည်။ သို့သော်လည်း ၎င်းသည် သိသာသော ပြောင်းလဲမှု မဖြစ်နိုင် ပါ။

    အစင်းရာများဖြစ်ခြင်းကို ကာကွယ်ရန် နည်းလမ်းရှိသလား။

    စိတ်ပျက်စရာကောင်းသည်မှာ အစင်းရာများဖြစ်ခြင်းကို ကာကွယ်ရန် နည်းလမ်းမရှိခြင်း ဖြစ်သည်။ သို့သော်လည်း သင့်အရေပြားကို လိုးရှင်းများ၊ ခရမ်များဖြင့် ရေဓါတ်ပြည့် အောင်လုပ်ပြီး အစင်းရာများဖြစ်ခြင်းကို လျော့ချနိုင်ပါသည်။ ကျန်းမာစေရန် သင့်ခန္ဓါကိုယ်အတွင်းပိုင်းကိုလည်း ရေဓါတ် ပြည့်အောင် ထိန်းသိမ်းပါ။

    လက်တွေ့တွင် ယနေ့ခေတ် မိခင် အချို့သည် သူတို့၏ အမာရွတ်ဖြစ်သွားသော အရေပြားကို ရိုးရှင်းစွာ လက်ခံပြီး ၎င်းသည် ကလေးကြောင့်ဖြစ်သည်ဟု ဂုဏ်ယူစွာ မှတ်ယူထားပါသည်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement