သင်က ရယ်မောနေရင်းကနေရုတ်တရတ်ကြီးအကြောင်းအရင်းတိတိကျကျမရှိဘဲ မျက်ရည်ဝဲလာတယ်၊ အလွယ်တကူစိတ်ဆတ်လာတယ်။ ခင်ပွန်းဖြစ်သူက ဘယ်လိုလုပ်ပေးပေး၊ ဘာတွေပဲပြောပြောအရာမရောက်ဘူး။ ……..
စသည်ဖြင့်…….ဘယ်လိုတွေပဲခံစားနေရတယ်ဆိုပါစေ၊ သင်ဟာ တစ်ယောက်တည်းမဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ဘာလို့ငိုတာလဲ
ဟော်မုန်းတွေပြောင်းလဲသွားခြင်းက သင့်ခံစားချက်တွေအပြောင်းအလဲမြန်စေပါတယ်။ ဓမ္မတာလာစဉ်မှာ ဟော်မုန်းတွေများတတ်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာတော့ ထိန်းမနိုင်သိမ်းမရပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ သင်ဟာအကြောင်းမရှိဘဲ ငိုကြွေးတတ်ပါတယ်။ ကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေကြောင့် သင်စိတ်မထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။
ထိုကိုယ်ဝန်ဆောင်ချိန်မှာထွက်တဲ့ ဟော်မုန်းတွေက ဘာကြောင့် ခဏခဏငိုကြွေးစေတာလဲဆိုတာကိုအဖြေရှာလိုက်ကြရအောင် ……
ကလေးရှိလာပြီဆိုရင် ကိုယ်ဝန်ဆောင်ခြင်းကို ကူညီပေးဖို့အတွက် အီစထရိုဂျင် နဲ့ ပရိုဂျက်စတီရုန်းလို့ခေါ်တဲ့ ဟော်မုန်းတွေသွေးထဲမှာများလာတတ်ပါတယ်။ အဲ့ဒီဟော်မုန်းတွေက သင့်စိတ်အခြေအနေကိုပါ သက်ရောက်ပြီးသင့်ကိုခဏခဏငိုချင်စိတ်ပေါက်တာတွေ အလွယ်တကူစိတ်ဆတ်တာတွေဖြစ်လာစေတယ်။ ဒါပေမယ့် ဟော်မုန်းတွေကပဲ အကြောင်းအရင်းတော့မဟုတ်ပြန်ဘူး။ သင့်ဘဝကြီးမှာ ကိစ္စတွေအများအပြားဖြစ်ပေါ်လာတာကြောင့် စိတ်ခံစားချက်တွေက ခဏခဏပြောင်းနေတာပါ။
အမျိုးသမီးတော်တော်များများဟာ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ထိန်းမရနိုင်အောင် ပြီးတော့ မှန်းလို့မရလောက်အောင် ငိုကြွေးတတ်ကြတယ်။ အများစုကတော့ ကိုယ်ဝန်ဆောင်ကာလပထမပိုင်းမှာ အဓိကဖြစ်တတ်ပေမယ့် တကယ်တော့ အချိန်ရွေးငိုနိုင်တာပါပဲ။ အခုပျော်နေပြီး အခုချက်ခြင်းပဲစိတ်ညစ်သွားတာမျိုးဖြစ်တတ်ပါတယ်။ သင်ဘာလုပ်ရမယ်မသိပေမယ့် ဒါကပုံမှန်ဖြစ်ရပ်ပါပဲ။
ကလေးလွယ်ထားရပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်ကာလသုံးခုရဲ့တစ်ခုဆီမှာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေအမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ စိတ်ဓာတ်ကျတာကြောင့် ငိုကြွေးနိုင်တယ်။ ဒါဆိုရင်တော့ ဆရာဝန်ဆီက အကြံဉာဏ်ကအသုံးတည့်မှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ငိုကြွေးတာဟာ အိပ်ရေးမဝတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အိပ်စက်ခြင်းကို မပေးနိုင်လို့ စိတ်အပြောင်းအလဲများတာတွေ၊ စိတ်ဖိစီးတာတွေဖြစ်နိုင်တယ်။ နောက်ထပ် ငိုရခြင်းအကြောင်းအရင်းကတော့ ပင်ပန်းလို့ပဲဖြစ်တယ်။
ကိုယ်ဝန်ဆောင်စဉ် ငိုကြွေးခြင်းကိုရပ်ဖို့ဘာလုပ်ရမလဲ
တစ်ခါတလေမှာ သင်ဟာအငိုရပ်ဖို့ စိတ်ကူးကိုမရှိတာပါ။ ဟော်မုန်းတွေ များပြားရှုပ်ထွေးလာမှုကြောင့် ကိုယ့်စိတ်ကိုမထိန်းနိုင်တွေဖြစ်လာရပါတယ်။ ဒါပေမယ့် ခဏခဏငိုချင်နေတာကို လျှော့ချနိုင်မယ့် နည်းလမ်းလေးတွေတော့ရှိပါသေးတယ်။
- အိပ်ရေး၀၀အိပ်ပါ။ အိပ်စက်ခြင်းက ဟော်မုန်းတွေကိုအနည်းငယ်လောက်တော့ ထိန်းညှိပေးဖို့ကူညီပါလိမ့်မယ်။
- သက်သောင့်သက်သာဖြစ်အောင်နေပါ။ စိတ်ရောကိုယ်ရော သက်သောင့်သက်သာရှိစေဖို့အချိန်ပေးပါ။
- မရှက်ပါနဲ့။ အကူအညီလိုရင်တောင်းပါ။ တစ်ခါတလေ စိတ်တွေ ဝေဝါးမွှန်ထူနေတတ်ပါတယ်။ အကူအညီလိုချိန်တောင်းတာကအကောင်းဆုံးပါ။
- ဖြေးညှင်းအေးဆေးစွာ လုပ်ကိုင်ပါ။ အလောတကြီးအလုပ်မလုပ်ပါနဲ့။ အချိန်ယူပြီးအေးအေးဆေးဆေးလုပ်ကိုင်ပါ။
ကိုယ်ဝန်ဆောင်ချိန်တွေ့ကြုံရတဲ့ စိတ်ခံစားမှုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အခက်အခဲတွေ့ပါက ကျန်းမာရေးစောင့်ရှောက်သူများထံ ပြောပြတိုင်ပင်ပါ။ သူတို့က သင့်ကိုယ်ဝန်ဆောင်ကာလကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။