ကိုယ်ဝန်ဆောင်စဉ် ဘယ်အချိန်မှာ စပြီးပျို့အန်ကြတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်တတ်တဲ့ ပြဿနာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်း မဖြစ်မနေ ကြုံတွေ့ပြီး ကျော်ဖြတ်ရမယ့် အခက်အခဲတွေထဲက တစ်ခုပါပဲ။ တချို့တွေကျတော့လည်း ဟိုတလောလေးကမှ ကိုယ့်ချစ်သူနဲ့ အတူနေထားတယ်၊ တားဆေးလည်း မသုံးမိဘူး၊ ကိုယ့်မှာ ကိုယ်ဝန်ရှိ၊ မရှိဆိုတာ မစစ်ရသေးတော့ မနက်ခင်း ရုတ်တရက် ပျို့အန်လာတဲ့အခါ ကိုယ်ဝန်များရှိနေလားဆိုတဲ့ အတွေးတွေ ဖြစ်တတ်တာပေါ့။ ဒီနေ့ဆောင်းပါးမှာ လေဒီလေးတို့ အမေးများတဲ့ ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းနဲ့ ပတ်သက်ပြီး ဗဟုသုတရစေဖို့ ပြောပြပေးချင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ဘာကြောင့် ပျို့အန်တာလဲ။

အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ကိုယ်ခန္ဓာကနေ ဟော်မုန်းတွေ အများအပြားထုတ်လွှတ်တဲ့အတွက် မျှခြေကမောက်ကမဖြစ်ပြီး မူးဝေခြင်း၊ ပျို့အန်ခြင်း၊ အစာစားလို့မရခြင်း စတဲ့ လက္ခဏာတွေ ပြပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းကို “Morning Sickness” လို့ ခေါ်ကြပေမယ့် တကယ်တမ်းမှာတော့ မနက်ခင်းတစ်ချိန်တည်းသာ ပျို့အန်တာမဟုတ်ဘဲ တစ်နေ့လုံး အစာစားနေတဲ့အချိန်မှာရော၊ အစာမစားတဲ့အချိန်မှာပါ ပျို့အန်ချင်စိတ် ဖြစ်နေတဲ့ လက္ခဏာပါ။ ဒါပေမယ့် မနက်ပိုင်းမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီး အများစုရဲ့ ပျို့အန်တဲ့ ဝေဒနာက အနည်းငယ် ပိုပြီး ပြင်းထန်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း ဘယ်အချိန်မှာစဖြစ်တာလဲ။

ပုံမှန်အားဖြင့် ကိုယ်ဝန်ရပြီး ၆ပတ်ကာလမှာ ပျို့အန်ခြင်းလက္ခဏာ စတင်ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန် ၉ပတ် မှ ၁၀ ပတ်ကြားကာလကတော့ ပျို့အန်ခြင်း လက္ခဏာ အပြင်းထန်ဆုံးကာလအဖြစ် သတ်မှတ်လို့ရပြီး ကိုယ်ဝန် ၁၂ ပတ်မှ ၁၄ ပတ်ကြားကာလမှာတော့ ဒီလက္ခဏာတွေ ပျောက်သွားတတ်ပါတယ်။ တချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ကလေးမွေးပြီးမှသာ ပျို့အန်ခြင်း ရပ်သွားတာမျိုးလည်း ရှိပါတယ်။ တစ်ခါတရံမှာ ပျို့အန်ခြင်း လက္ခဏာပျောက်သွားပြီး ကိုယ်ဝန်ဆောင် တတိယကာလပတ်မှာ ပြန်ဖြစ်လာတာမျိုးလည်း ရှိပါတယ်။

အမြွှာကိုယ်ဝန်ဆောင်ထားတဲ့ မိခင်တွေမှာ ပျို့အန်ခြင်း လက္ခဏာ ပိုပြင်းထန်နိုင်ပါတယ်။ အဓိကအကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အချင်းကနေ ပရိုဂျက်စတီရုန်း ဟော်မုန်း (Progesterone) နဲ့ HCG (Human Chorionic Gonadotropin) ဟော်မုန်းတွေ အများအပြားထွက်ရှိလာပြီး ဒီဟော်မုန်းတွေဟာ ပျို့အန်ခြင်းကို ဖြစ်စေတာပါ။ အမြွှာကိုယ်ဝန်ကို လွယ်ထားတဲ့ မေမေတွေမှာတော့ ပုံမှန်ထက် ဟော်မုန်းထွက်ရှိမှုပမာဏ ပိုများတာကြောင့် ပျို့အန်ခြင်း ပိုပြီးပြင်းထန်တာပါ။

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းက အန္တရာယ်များလား။

ကိုယ်ဝန်ကို လွယ်ထားရတဲ့ မေမေတွေအတွက်တော့ ဒီလိုပျို့အန်နေတဲ့အချိန်ဟာ အစားပျက် အသောက်ပျက်၊ ကိုယ်နဲ့ ကိုယ့်ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ရော အနည်းငယ်စိတ်ပူပန်နေတတ်တာ သဘာဝဆိုပေမယ့် ခန္ဓာကိုယ်ကိုတော့ ဘယ်လိုဒုက္ခမျိုးမှ မပေးနိုင်ပါဘူး။ ဒါ့အပြင် ဒီလိုပျို့အန်တတ်တဲ့ မေမေတွေမှာ ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်နိုင်ခြေ ပိုနည်းတဲ့အပြင် ကျန်းမာတဲ့ ကလေးလေး မွေးဖွားနိုင်ဖို့ အခွင့်အလမ်းပိုများတယ်လို့လည်း ဆိုထားပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ မူးဝေအော့အန်တာ၊ ကိုယ်အလေးချိန်ကျတာ၊ အစာကောင်းကောင်း မစားနိုင်တဲ့အတွက် အာဟာရပြတ်လတ်မှုဖြစ်တာ၊ ဓာတ်ဆား (Electrolyte) မညီမျှခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ မစားနိုင်မသောက်နိုင်လောက်အောင် ပျို့အန်တာ၊ တစ်ပတ်အတွင်း ၂ပေါင်ထက် ပိုပြီး အလေးချိန်ကျသွားတာ၊ ဆီးအရောင်နောက်ကျိနေတာ တွေ့ရပြီဆိုရင်တော့ မေမေတွေအနေနဲ့ OG ဆရာဝန်နဲ့ သေချာပြသပြီး စစ်ဆေးကြည့်သင့်ပါတယ်။

မေမေတွေ ပျို့အန်နေတဲ့ဝေဒနာ သက်သာအောင် ဘယ်လိုလုပ်သင့်လဲ။

• အစာစားတဲ့အခါ နည်းနည်းနဲ့ အကြိမ်ရေများများစားပါ။ ပျို့အန်တာ ဘယ်အချိန်မှာ ပိုပြင်းထန်တတ်လဲဆိုတာ သိထားရင် အဲ့ဒီအချိန်မှာ အစားသိပ်မစားဘဲ နားနားနေနေ နေပါ။
• ဆီများတဲ့ အစားအစာ၊ ရင်ပြည့်စေမယ့် အစားအစာတွေ ရှောင်ပါ။
ပရိုတင်းဓာတ်၊ ကစီဓာတ်များတဲ့ အစားအစာတွေကို များများစားပေးပါ။
• ရင်ပြည့်နေတဲ့အချိန် ရေ သို့မဟုတ် ရေနွေးကြမ်းသောက်ပေးပါ။
• မာတဲ့အစားအစာတွေထက် စွပ်ပြုတ်လေးတွေကို များများသောက်ပေးပါ။
• ပြင်းတဲ့ ဟင်းနံ့တွေ၊ ညှော်နံ့တွေ မခံရအောင် ဂရုစိုက်ပါ။ အဲ့ဒီလိုအနံ့ထွက်လာပြီဆိုရင် ခပ်ဝေးဝေးတစ်နေရာမှာ သွားနေပါ။
• ချဉ်တဲ့ အသီးအနှံ၊ ဖျော်ရည်တွေကို စားသုံးပေးပါ။
• လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာ အစရှိတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
• ခါတိုင်းထက် ပိုပြီး အိပ်စက်အနားယူပါ။

ကလေးမယူချင်သေးတဲ့ လေဒီလေးတွေအနေနဲ့ တားဆေးလည်း မသောက်မိဘူးဆိုရင်တော့ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ၃ပတ်လောက်မှာ ဆီးစစ်တံနဲ့ ကိုယ်ဝန်ရှိမရှိ စစ်ကြည့်ပါ။ တစ်ခါတလေမှာ ကိုယ်ဝန်မရှိဘဲနဲ့ စိုးရိမ်စိတ်ကြောင့် ပျို့အန်ချင်တာမျိုးလည်း ဖြစ်နိုင်တဲ့အတွက် အရမ်းစိတ်ပူဖို့တော့ မလိုပါဘူးနော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝလေးပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေတုန်း သွားရည်ကျတာက လူအများစု ကြုံဖူးမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုပါ။ ဒီအခြေအနေကို လူတိုင်း တစ်ကြိမ်တော့ ကြုံဖူးမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ခွဲစိတ်ခြင်းဟာ အဆုတ်သွေးကြောပိတ်ဆို့နိုင်ခြေ များစေသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာရေမျိုအနာဖြစ်ခြင်း

အစာရေမျိုအနာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read