ကိုယ်ဝန်ဆောင်ခြင်းနှင့် ကိုယ်ဝန်ဆောင်ကာလမှာရရှိသင့်တဲ့ ဗီတာမင်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်လောင်းတွေကို လိုအပ်တဲ့ဗီတာမင်နဲ့ အာဟာရဓါတ်တွေအလုံအလောက်ရနိုင်ဖို့ အစားအစာအမျိုးမျိုးကိုစားသုံးကြဖို့တိုက်တွန်းကြပါတယ်။ အချို့သော ဗီတာမင်တွေ ဥပမာ ဗီတာမင် A, E သို့မဟုတ် K စတာတွေကိုတော့ အနည်းငယ်လျှော့ပြီးစားသုံးသင့်တယ်ဆိုပေမယ့် သင့်ရဲ့စားသောက်မှုစနစ်ထဲမှာ ပါကိုပါသင့်တဲ့ အမျိုးမျိုးသောအာဟာရဓါတ်တွေလည်းရှိနေပါသေးတယ်။

မိခင်လောင်းတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းရဲ့ နေ့စဉ်စားသောက်မှုပုံစံထဲမှာ ပါဝင်ဖို့လိုအပ်တဲ့အရေးကြီးတဲ့ ဗီတာမင်တွေနဲ့ အာဟာရဓါတ်အချို့ကိုဖော်ပြပေးထားပါတယ်။

• ကယ်လ်ဆီယမ် – ကယ်လ်ဆီယမ်ဟာကလေးငယ်ရဲ့အရိုးတွေနဲ့ သွားဖွံ့ဖြိုးမှုအတွက် အလွန်ကိုအရေးကြီးပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး မိခင်လောင်းတိုင်း စားသုံးသင့်တဲ့အရာတွေပါ။ ဒါ့အပြင် အုတ်၊ဂျုံ၊ပြောင်းစတဲ့ နံနက်စာတွေနဲ့ သင်္ဘောသဖန်းသီး (figs)တွေ၊ ဘင်္ဂလားဆီးသီးစတဲ့ သစ်သီးခြောက်တွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ (ဥပမာ-ကန်စွန်းရွက်၊ broccoli နဲ့ ကိုက်လန်) စတာတွေကိုစားသုံးခြင်း သို့မဟုတ် အချိုပွဲတွေမှာ ဗာဒံသီးနဲ့ အခွံမာသီးတွေကိုထည့်သွင်းစားသုံးခြင်းအားဖြင့်လည်း ကယ်လ်ဆီယမ်ဓါတ်ကို ရရှိနိုင်ပါတယ်။

• ဗီတာမင် ဒီ – ဗီတာမင် ဒီဟာ အရိုးတွေ၊သွားတွေနဲ့ကြွက်သားတွေသန်မာစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေအပါအဝင် အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်ရက်ကို အနည်းဆုံးဗီတာမင်ဒီ ၁၀မီလီဂရမ်လောက်လိုအပ်ပါတယ။် ငါးတွေ၊ အနှံတွေ၊ မှိုတွေကိုစားသုံးဖြင်း သို့မဟုတ် အချိုမပါတဲ့လိမ္မော်ရည်တွေနဲ့ အဆီနည်းနို့တွေကို သောက်သုံးခြင်းအားဖြင့် ဗီတာမင်ဒီကိုပိုမိုရရှိနိုင်ပါတယ်။ ဗီတာမင်ဒီကို အားဆေးအနေနဲ့သောက်ဖို့တော့ မသင့်လျော်ပါဘူး။ လူလုပ်အားဆေးတွေကို ပိုမိုသုံးစွဲခြင်းအားဖြင့် အဆီတစ်သျှူးတွေကို အန္တရာယ်အခြေအနေထိရောက်လာစေနိုင်ပါတယ်။

• ဗီတာမင် စီ – ဗီတာမင် စီဟာ အန္တရာယ်ဖြစ်စေတဲ့ free radicals တွေကိုတိုက်ထုတ်နိုင်ပြီး ဆဲလလတေါကိုကာကွယ်ပေးကာ ခန္ဓါကိုယ်ထဲကို ကူးစက်ရောဂါဝင်မလာနိုင်အောင်တားဆီးပေးနေတဲ့ antioxidants တွေဖြစ်ပါတယ်။ သင်ဟာ ဗီတာမင် စီကို ဖြည့်စွက်စာ၊ အားဆေးပုံစံနဲ့အလွယ်တကူရရှိနိုင်ပေမယ့် အစားအစာတွေကနေပဲ ဒီအာဟာရဓါတ်ကိုစုဆောင်းတာက အကောင်းဆုံးပါပဲ။ လိမ္မော်ရောင်နဲ့ အနီရောင်ရှိတဲ့ အသီးနဲ့အပင်တွေ ဥပမာ-ဥနီ၊ လိမ္မော်သီး၊ သံပုရာ၊သင်္ဘောသီး၊ အနီရောင်ငရုတ်ပွသီးစတာတွေဟာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ အရင်းအမြစ်တွေပါပဲ။

• သံဓါတ်- သံဓါတ်ချို့တဲ့ခြင်းဟာ မောပန်းနွမ်းနယ်ခြင်းနဲ့ သွေးအားနည်းခြင်းကိုဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက် သံဓါတ်ကို ပိုပြီးလိုအပ်ပါတယ်။ သံဓါတ်ကို အဆီနည်းအသားတွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးခြောကတွေနဲ့ အခွံမာသီးအမျိုးမျိုးကနေ အလွယ်တကူရရှိနိုင်ပါတယ်။ သင့်မှာ သံဓါတ်အားနည်းနေတာကို သတိထားမိတယ်ဆိုရင် ဆရာဝန်က သံဓါတ်အားဆေးတွေကို တိုက်ကျွေးနိုင်ပါတယ်။

-အမျှင်ဓါတ် – အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အပင်ထွက်အစာတွေကို နေ့စဉ်စားသုံးသင့်တဲ့အဓိက အကြောင်းရင်း ၄ချက်ရှိပါတယ်။

• အူလမ်းကြောင်းလှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန်။ အမျှင်တွေဟာ သင့်ရဲ့အူလမ်းကြောင်းလှုပ်ရှားမှုကို ဆေးသောက်စရာမလိုဘဲ ပုံမှန်ဖြစ်စေပါတယ်။ သင်ကဝမ်းချုပ်နေတယ်ဆိုရင်လည်း အမျှင်တွေက ကြီးမားတဲ့မစင်တုံးတွေကို အူမကြီးတစ်လျှောက်အလွယ်တကူဖြတ်သွားနိုင်စေပါတယ်။ ဒါ့အပြင် ဝမ်းသွားရာမှာအရည်တွေများတေနခဲ့ရင်လည်း အမျှင်တွေက ဒါတွေကိုထိန်းချုပ်ပြီး ပါဝင်တဲ့ရေတွေကိုစုပ်ယူထားခြင်းအားဖြင့် ခဲသွားစေနိုင်ပါတယ်။

• ကျန်းမာတဲ့အစာချေအင်္ဂါတွေကို ထိန်းသိမ်းထားနိုင်ဖို့။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကိုစားသုံးခြင်းဟာ အူမကြီးထဲမှာ အိတ်ငယ်တွေဖြစ်နိုင်ချေနဲ့ လိပ်ခေါင်းရောဂါဖြစ်နိုင်ချေတွေကိုလျှော့ချပေးနိုင်ပါသလို သင့်ကလေးရဲ့ အစာခြေစနစ်ကိုလည်း ကောင်းကျိုးရစေနိုင်ပါတယ်။

• သွေးတွင်းသကြားဓါတ်နဲ့ ကိုလက်စထရောကို ထိန်းညှိနိုင်ဖို့။ အမျှင်ဓါတ်ကြွယ်ဝတဲ့အစာတွေကို စားသုံးခြင်းဟာ သွေးတွင်းသကြားဓါတ်ပမာဏကို မျှတစေဖို့ သကြားဓါတ်ကိုစုပ်ယူရာမှာ ကောင်းမွန်စေပြီး အခြားသောအစာတွေကနေ ကိုလက်စထရောပမာဏများများရရှိခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

• ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ရရှိနိုင်စေဖို့။ အမျှင်ဓါတ်များတဲ့စားစရာတွေကိုရွေးချယ်စားသုံးတဲ့အခါမှာ သူတို့ဟာသင့်ကို မြန်မြန်ဗိုက်ပြည့်အေင်လုပ်ပေးပြီး အမျှင်ဓါတ်နည်းတဲ့အစာတွေကိုစားသုံးခြင်းထက် အချိန်ပိုကြာစေတာကြောင့် ကိုယ်အလေးချိန်တက်လာစေတဲ့ ကယ်လိုရီတွေကို လျှော့ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းဟာ နေ့စဉ်အာဟာရစားသုံးမှုတွေကို စာရင်းပြုစုထားဖို့လိုပြီး ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာနဲ့ပတ်သက်ပြီးသင့်ဆရာဝန်ထံမှ အကူအညီယူပါ။ အချို့သော ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ပိုမိုစားသုံးမိတာဟာ သင်နဲ့သင့်ကလေးအပေါ် ဆိုးကျိုးတွေသက်ရောက်စေနိုင်တာကြောင့် အစာစားတဲ့အခါမှာ အမြဲတမ်းသတိထားစားသုံးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

အာဟာရချို့တဲ့ တာကလည်း အဝလွန်တာလိုပဲ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ မျှတတဲ့အာဟာရကိုပြည့်ဝအောင် စားနိုင်မှသာ ပိန်လွန်းခြင်း၊ဝလွန်းခြင်းက ကင်းလွတ်မှာ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တန်ဆေးလွန်ဘေး ဗီတာမင်ဘေး (ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေအကြောင်း)

ဗီတာမင်ကို ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

လပြည့်ကျော် တစ်ရက်နေ့ နက္ခတ်စုံညီတဲ့နေ့မှာ မယ်ဇလီဖူးသုပ်ကို စားရင် ဆေးပေါင်းခ၊ ရောဂါတွေပျောက်တယ်လို့ အားလုံးကြားဖူးပြီး ဖြစ်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

ဗီတာမင်ဒီဟာ ကိုဗစ် ကာကွယ်ရေးမှာရော ကုသရေးမှာပါ ကောင်းကျိုးရှိတယ်လို့ လုံလောက်တဲ့ သက်သေပြချက် မရှိသေးပါဘူး။ ဒါကြောင့် ချိန်ဆပြီး သောက်ဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

how-to-prevent-cancer-recurrence ကင်ဆာပြန်မဖြစ် အောင်

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 3 mins read
ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 2 mins read