သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်စဉ်သွေးပေါင်မကျအောင်ဘယ်လိုရှောင်ကြဉ်ရမလဲ

ကိုယ်ဝန်ဆောင်စဉ်သွေးပေါင်မကျအောင်ဘယ်လိုရှောင်ကြဉ်ရမလဲ

သွေးပေါင်ကျမကျ ဘယ်လိုသိနိုင်မလဲ။

သင်၏သွေးပေါင်အား သိနိုင်ရန်အကောင်းဆုံးနည်းသည် အရည်အသွေးမြင့် သွေးပေါင်တိုင်းစက်ဖြင့် တိုင်းတာခြင်းပင် ဖြစ်သည်။ တိုင်းတာရန် လွယ်ကူပြီး ဘယ်သူအကူအညီမှမယူပဲ အိမ်မှာပင် ကိုယ်တိုင်တိုင်းနိုင်ပါသည်။

ပုံမှန်ကျန်းမာရေးကောင်းသူ တစ်ဦး၏ စံပြသွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ (၁၂၀/၈၀ mmHg) ဖြစ်သည်။ သို့သော် သွေးပေါင်ချိန်သည် ၉၀/၆၀ mmHg နှင့် ၎င်းအောက် ရောက်သွားလျှင် သွေးပေါင်ကျပြီဟု ပြောနိုင်ပါသည်။

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်းကို ဖြစ်စေသော အကြောင်းရင်းများ

သွေးပေါင်ကျခြင်းသည် ကိုယ်ဝန်ဆောင်များ၏ ပထမ သုံးလနှင့် ဒုတိယသုံးလတွင် အဖြစ်များပါသည်။ သွေးကြောနံရံများ ပြေလျော့ ပြန့်ကားစေရန်အတွက် သင့်ခန္ဓာကိုယ်မှ စတင်ထုတ်လုပ်သော တချို့ဟော်မုန်းများဖြစ်သည့် ပရိုဂျက်စတီရုန်းများကြောင့် ဖြစ်ရခြင်းဖြစ်သည်။

ထိုမှသာ သန္ဓေသားမှ လုံလောက်သော အာဟာရနှင့် အောက်စီဂျင်ကို သွေးမှရနိုင်မည်ဖြစ်သည်။

သွေးပေါင်ကျခြင်းသည် သွေးအားနည်းခြင်း (ဖောလစ်အက်စစ်နှင့် ဗီတာမင် ဘီ၁၂ ချို့တဲ့ခြင်း) သို့မဟုတ် အလက်ဂျီများကြောင်းလည်း ဖြစ်နိုင်ပါသည်။

တချို့ဖြစ်ရပ်မျာတွင် သွေးပေါင်ကျခြင်းသည် ကိုယ်ဝန်ကြောင့်ဖြစ်သော နောက်ဆက်တွဲများဖြစ်သည့် ကိုယ်ဝန်ဆိပ်တက်ခြင်းကို ပြသနေသည်လည်း ဖြစ်နိုင်ပါသည်။

ထို့ကြောင့် သွေးပေါင်ကျခြင်းသည် အဖြစ်များသော်လည်း ကျန်းမာရေးအခြေအနေ သေချာစစ်ဆေးနိုင်ရန် သားဖွားဆရာမနှင့် တိုင်ပင်သင့်ပါသည်။

သွေးပေါင်ကျခြင်းကို စိုးရိမ်သင့်ပါသလား။

ယေဘုယျအားဖြင့် သွေးပေါင်ကျခြင်းကို သင်သွေးပေါင်ကျသည့်လယ်ဗယ်ပေါ်လိုက်ပြီး အန္တရာယ်မရှိကြောင်း ယူဆနိုင်ပါသည်။ နှလုံးသွေးလန့်ခြင်း ဖြစ်နိုင်ချေလည်း ပိုနည်းပါသည်။ အဘယ်ကြောင့်ဆိုသော တစ်ဦးစီသည် ကွဲပြားသောကြောင့် အန္တရာယ်ရှိသည့် သွေးပေါင်ကျခြင်းကို စံသတ်မှတ်မထားနိုင်ပါ။

အောက်ပါလက္ခဏာများရှိလာပါမှ သွေးပေါင်ကျခြင်းအား အန္တရာယ်ရှိကြောင်း စဉ်းစားပါသည်။

  • ခေါင်းမူးခြင်း မူးမေ့ချင်သလိုဖြစ်ခြင်း
  • ပျို့ခြင်း
  • အမြင်အာရုံမကောင်းတော့ခြင်း
  • အသက်ရှူရခက်ခြင်း (အသက်ရှူတိမ်ခြင်း သို့ မြန်ခြင်း)
  • အာရုံစိုက်ရခက်ခြင်း
  • ပုံမှန်မဟုတ်ပဲ ရေဓာတ်ခမ်းခြောက်ခြင်း
  • နုံးခြင်း
  • အရေပြား အေးစက်ခြင်း ဖြူဖျော့ခြင်းနှင့် ခြောက်ခြင်း

နောက်ဆုံးသုံးလတွင် သင့်ခန္ဓာကိုယ်သည် သွေးပေါင်ချိန်အား ကိုယ်ဝန်မရှိခင်က ပုံစံဖြစ်အောင် ပြန်မြှင့်တင်ပါလိမ့်မည်။ သို့သော် သင့်သွေးပေါင်ခြင်းသည် မွေးဖွားစဉ် ကျနေပါက ခါးရိုးထုံဆေးထိုးခြင်းကို သတိနှင့်လုပ်ဆောင်ရမည်ဖြစ်ပြီး ထုံဆေးသည် သွေးပေါင်များကို ထိုးကျသွားစေနိုင်ပါသည်။

သွေးပေါင်မကျစေရန် ဘယ်လိုရှောင်ရမလဲ

  • ရေဓာတ်လုံလောက်အောင်ဖြည့်ပါ
  • ဖောလစ်အက်စစ်နှင့် ဘီ၁၂ကြွယ်ဝသည်များကို စားပါ။ ကိုယ်ဝန်ဆောင်အားဆေးများ သောက်ရန်လည်း လမ်းညွှန်ထားပါသည်။
  • ပက်လက်မအိပ်ပဲ ဘေးတစ်စောင်းအိပ်ပြီး အနားယူပါ
  • မောပန်းလာသည့်အခါ အနားများများယူပါ၊ ထလျှင် ထိုင်လျှင်လည်း ဖြည်းဖြည်းချင်းလုပ်ရန် ဂရုစိုက်ပါ။

သင့်အစားအသောက်များကို ဆားထည့်ပါ။ သို့သော် မထည့်ခင် ပြုစုစောင့်ရှောက်သူနှင့် အရင်တိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Hlaing Min Ko Ko မှ ရေးသားသည်။ 23/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။