home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်ချိန် သင့်လေ့ကျင့်ခန်းအချိန်စာရင်းကိုဘယ်လိုဆက်ထိန်းမလဲ

ကိုယ်ဝန်ဆောင်ချိန် သင့်လေ့ကျင့်ခန်းအချိန်စာရင်းကိုဘယ်လိုဆက်ထိန်းမလဲ

ကိုယ်ဝန်ဆောင်ချိန်မှာလည်း လေ့ကျင်ခန်းတွေဟာ မိခင်ကိုကျန်းမာကြံ့ခိုင်စေတာကြောင့် အထူးအားပေးပါတယ်။ လွယ်တယ်လို့ထင်ရတဲ့ ထိုလေ့ကျင့်ခန်းလုပ်စဉ်ကို မှန်မှန်လိုက်နာနေပါသလား။ အောက်ပါတို့ကတော့ သင့်ကိုပုံမှန်လုပ်ဆောင်နိုင်အောင်ကူညီပေးမယ့် အချက်တွေပဲဖြစ်ပါတယ်။

သူငယ်ချင်းရှိထားပါ။

အတူတူ လေ့ကျင့်ခန်း လုပ်မယ့် သူငယ်ချင်းရှိခြင်းဟာ သင့်ကိုလှုံ့ဆော်ပေးနေမှာပါ။ လေ့ကျင့်ခန်းတူတူမလုပ်ရင်တောင်မှ သင့်ကိုထိုင်စောင့်ရင်း စကားပြောဖော်ရှိတာလည်းအဆင်ပြေပါတယ်။

လမ်းလျှောက်ပါ။

လွယ်ကူပြီးစံထားတဲ့လေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်းပါပဲ၊ လမ်းလျှောက်ခြင်းဟာ ဖြေးဖြေးချင်းလှုပ်ရှားစေပြီး အနီးနားကကုန်စုံဆိုင်သွားခြင်း၊ လမ်းသွယ်များတွင်လမ်းလျှောက်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။

ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းအင်္ကျီ၊ လေ့ကျင့်ခန်းဖိနပ်ကောင်းကောင်းတစ်ရံတို့ဟာ သင့်ကိုသက်တောင့်သက်သာရှိစေပြီး စိတ်တက်ကြွစေပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလကြာလာတာနဲ့ အရွယ်ကြီးတာပြောင်းဖို့တော့မမေ့ပါနဲ့။

သင့်လျော်သည်ကိုရှာပါ။

မိမိနှစ်သက်မှသာပုံမှန်လုပ်ဆောင်နေနိုင်မှာဖြစ်တာကြောင့် သင်နဲ့သင့်လျော်မှာမတေ့ွမချင်း အမျိုးမျိုးပြောင်းစမ်းကြည့်နိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းမှာ ပျော်တတ်လာပြီဆိုရင် ပိုကောင်းကောင်းလုပ်နိုင်လာပါလိမ့်မယ်။

Kegels လေ့ကျင့်ခန်းလုပ်ပါ။

ထိုလေ့ကျင့်ခန်းမျိုးဟာ မွေးဖွားဖို့မှာလိုအပ်တဲ့ သင့်တင်ပါးဆုံးကြွက်သားတွေကို သန်မာစေတယ်၊ မွေးဖွားပြီးတဲ့အခါမှာလည်း ပြန်လည်သန်စွန်းဖို့ကူညီပေးပါလိမ့်မယ်။ ဆီးသွားခြင်း ကိုရပ်လိုက်သကဲ့သို့ တင်ပါးဆုံရိုးအောက်ခြေကြွက်သားများကို ညှစ်ပြီး ပြန်ဖြေလျှော့ပါ၊ တစ်ရက်နှစ်ကြိမ်၊ အကြိမ် ၂၀ ခန့်လုပ်နိုင်တယ်။

မိမိကိုယ်ကိုချီးမြှင့်ပါ။

မိမိနှစ်သက်သောလေ့ကျင့်ခန်းတွေ့ပြီးပါက ဦးတည်ချက်သတ်မှတ်ပါ။ ထိုဦးတည်ချက်ပြည့်မြောက်ပါက မိမိကိုယ်ကိုယ်ဆုချပါ။ ချောကလတ် တစ်ပိုင်းဖြစ်စေ၊ ဆေးဖက်ဝင် အနှိပ်ခံ ခြင်းဖြစ်စေ သင့်လုပ်ဆောင်မှုအတွက် နှစ်လိုဖွယ်ဆုချခြင်းကိုပြုလုပ်ပါ။ သို့မဟုတ် လေ့ကျင့်ခန်းလုပ်တိုင်း စုဘူးထဲကိုပိုက်ဆံထည့်ပြီး တစ်လပြည့်တိုင်း သင်ပုံမှန်ဆိုမဝယ်လောက်တဲ့ အရာတစ်ခုခုဝယ်ပြီးဆုချပါ။

လေ့ျကင့်ခန်းလုပ်ခြင်းဟာ သင့်ကိုယ်ဝန်ဆောင်ခြင်းကို သိသိသာသာထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် မေမေတိုင်းက လိုက်မလုပ်နိုင်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးအဖုံဖုံနဲ့ နှစ်လိုဖွယ်ကောင်းခြင်းကိုသတိပြုပါ၊ ဒါဆိုရင်သင့်အတွက်လွယ်ကူသွားပါလိမ့်မယ်။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Sticking With a Workout Plan During Pregnancy.http://www.parenting.com/article/sticking-with-a-workout-plan. Accessed September 6, 2016.

စာရေးသူ ဓာတ်ပုံbadge
Dr.Aye Myat Myat Noe မှ ရေးသားသည်။ 02/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။