ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဆိုတာဘာလဲ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ဆီးလမ်းကြောင်းတွင် ဘက်တီးရီးယားပိုးများဝင်ရောက်ခြင်းကြောင့် ခံစားရသော ရောဂါတစ်ခုဖြစ်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်သည်များတွင် ကိုယ်ဝန် ၆ ပတ်မှ ၂၄ ပတ်အတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုဖြစ်တတ်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကိုဖြစ်စေသော အကြောင်းများကဘာလဲ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ကိုယ်ဝန်သည်များတွင် ဆီးလမ်းကြောင်းတွင် ပြောင်းလဲမှုများဖြစ်ပေါ်ခြင်းကြောင့် သာမန်ချိန်ထက် ကိုယ်ဝန်ဆောင်ချိန်တွင် ပိုဖြစ်တတ်ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် သားအိမ်သည် ဆီးအိမ်၏ အပေါ်တည့်တည့် နေရာတွင် ရှိသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သားအိမ်ကြီးထွားလာမှုကြောင့် ဆီးအိမ်ပေါ်တွင် ပိလာကာ ဆီးအိမ်တွင်းမှ ဆီးများစွန့်ထုတ်မှု လမ်းကြောင်းကို အနှောက်အယှက်ဖြစ်စေသည့်အတွက် ဆီးလမ်းကြောင်းတွင် ပိုးဝင်ခြင်းဖြစ်လာရပါသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းများပြောင်းလဲခြင်းကလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေသော အကြောင်းတစ်ခုပင်ဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းကြောင့် ဆီးလမ်းကြောင်းတွင် ပြောင်းလဲမှုများဖြစ်လာကာ ပိုးဝင်ခြင်းဖြစ်လာရပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ၏ရောဂါ လက္ခဏာများကဘာလဲ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏ ရောဂါလက္ခဏာများစွာရှိပါသည်။ သင်သည် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်နေပါလျှင် အောက်ပါ ဝေဒနာများကို ခံစားရနိုင်ပါသည်။

· ဆီးသွားလျှင် ပူခြင်း၊ ကျဉ်ခြင်းသည် ဆီးလမ်းကြောင်းပိုးဝင်သူများတွင် အဖြစ်များဆုံးသော လက္ခဏာဖြစ်ပါသည်။

· ပုံမှန်ထက်ဆီးသွားသော အကြိမ်အရေအတွက်များလာခြင်း

· ဆီးမထိန်းနိုင်ခြင်း

· ဆီးတွင် သွေးများ၊ ချွဲများပါလာခြင်း

· ဆီးခုံနှင့် ဗိုက်အောက်ပိုင်းတွင် တရစ်ရစ်နာကျင်ခြင်း (ပြင်းထန်သော အဆင့်တွင် တွေ့ရတတ်သည်။)

· လိင်ဆက်ဆံစဉ်နာကျင်ခြင်း

· ချမ်းတုန်ဖျားခြင်း၊ ချွေးပြန်ခြင်း၊ ဆီးယိုခြင်း

· ဆီးသွားရန် မကြာခဏ အိပ်ရာမှနိုးလာခြင်း

· ဆီးများလာခြင်း၊ သို့မဟုတ် ဆီးနည်းသွားခြင်း

· ဆီးအရောင် နောက်နေခြင်း၊ အနံ့ဆိုးခြင်း

· ဆီးအိမ်တဝိုက်တွင် နာကျင်ခြင်း၊ တင်းခြင်း၊ ဖိထားသလို ခံစားရခြင်း

ဘက်တီးရီးယားပိုးများသည် ဆီးအိမ်အတွင်းသို့ ပြန့်သွားသောအခါ ခါးနာခြင်း၊ ချမ်းတုန်ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများဖြစ်နိုင်ပါသည်။ အများစုသော ပိုးဝင်ရောဂါများသည် ဆီးလမ်းကြောင်းနှင့် ဆီးအိမ်တို့အထိဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို မကုသဘဲ ထားပါက ကျောက်ကပ်ပါ ပိုးဝင်ပြီး နောက်ဆက်တွဲအနေနှင့် လမစေ့ဘဲကလေးမွေးခြင်းနှင့် ပေါင်မပြည့်ဘဲမွေးခြင်းများဖြစ်နိုင်ပါသည်။

ထို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ကလေးငယ်ကို ပါအန္တရာယ်ဖြစ်စေသည့်အတွက် ရောဂါကို သိသိချင်းဆရာဝန်ထံသွားကာ ကုသမှုများခံယူသင့်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကိုရှာဖွေခြင်းနှင့် ကုသခြင်း

ရောဂါကို စောစီးစွာသိရပြီး ကုသနိုင်ပါက ရောဂါပိုမဆိုးလာစေရန် နှင့် အရေးပေါ်ကျန်းမာရေးပြသနာများ မကြုံလာစေရန် ကူညီပေးပါသည်။ ထို့ကြောင့် နှောင့်နှေးမနေဘဲ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

အထက်တွင်ဖော်ပြထားသော လက္ခဏာများအပြင် ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

ဆရာဝန်က သင့်တွင် ဆီးလမ်းကြောင်းပိုးဝင်ကြောင်း သံသယရှိပါက ဆီးစစ်ခြင်းဖြင့် ဆီးထဲတွင် ဘက်တီးရီးယားများနှင့် သွေးနီဥ၊ သွေးဖြူဥများကို ရှာဖွေလိမ့်မည်။ ဆီးထဲတွင် အကောင်များမွေးခြင်းဖြင့်လည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုဖြစ်စေသော ဘက်တီးရီးယားများကို သိရှိနိုင်ပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုးသတ်ဆေးများဖြင့် နိုင်နင်းစွာကုသနိုင်ပါသည်။ ပိုးသတ်ဆေးများကို ၃ ရက်မှ ၇ ရက်သောက်ခြင်းဖြင့် မိခင်နှင့် ကလေးအတွက်ပါစိတ်ချရစေပါသည်။ ချမ်းတုန်ဖျားခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများဖြစ်လာလျှင် သို့မဟုတ် ဆေးကို ၃ ရက်မျှသောက်ပြီးချိန်တွင် ဆီးကျဉ်ခြင်းမသက်သာလျှင် ဆရာဝန်အားပြောပြပါ။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို ဘယ်လိုကာကွယ်မလဲ။

အထူးသဖြင့် ကိုယ်ဝန်ဆောင်များတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကာကွယ်ရန် အထူးအရေးကြီးပါသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုကာကွယ်ရန် အတွက် ရှောင်ရှားသင့်သော အချက်များစွာရှိပါသည်။

သင်သည် တစ်နေ့လျှင် အနည်းဆုံးရေ ၈ ဖန်ခွက် သောက်သင့်ပါသည်။ ထို့ပြင် ဆီးစပ်တဝိုက် သန့်ရှင်းရေးလုပ်ရာတွင်လည်း အရှေ့မှ အနောက်သို့ သန့်ရှင်းရေးလုပ်ရမည်ဖြစ်သည်။ လိင်ဆက်ဆံစဉ်တွင် ချောဆီများသုံးရန်လိုအပ်ပါက ရေဓာတ်ကို အခြေခံသော အဆီများကို သုံးပါ။ မိန်းမကိုယ်ဆေးရည်များကို အသုံးမပြုပါနှင့်။ ထိုသို့ပြုလုပ်မည့်အစား ရေချိုးပါ။ ကျပ်လွန်းသော အတွင်းခံဘောင်းဘီများ မဝတ်ပါနှင့်။ သင့်တွင် ဆီးလမ်းကြောင်းပိုးဝင်ကြောင်း သံသယရှိပါက သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

သင့်ကိုယ်သင်ဂရုစိုက်ခြင်းဖြင့် သင်နှင့် သင့်ကလေးကို ကျန်းမာစေပါမည်။ ထို့ပြင် သင့်ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေခြင်းမှလည်း ကာကွယ်နိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဂျူးဒိတ်ကို အာထွာဆောင်းကနေ တွက်နိုင်သလို၊ ရာသီရက်ကနေလည်း တွက်နိုင်ပါတယ်။ နှစ်ခုက အခြေအနေပေါ်မူတည်ပြီး ရက်မကိုက်တာမျိုး ရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 2 mins read