ကိုယ်ကိုယ်တိုင် အနားယူခြင်းနည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အနားယူခြင်းဟာ သင့်ကိုယ်ရောစိတ်ပါ တင်းကျပ်မှုတွေကို ပြေပျောက်စေတဲ့ ဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ လူအတော်များများဟာ ဒါကို လေ့ကျင့်သင့်ပြီး စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ စိတ်ကိုကြည်လင်စေတဲ့ နည်းလမ်းတွေအကြောင်းကို သင်ယူသင့်ပါတယ်။

အပန်းပြေစေတဲ့ နည်းလမ်းတွေက ဘယ်လိုအကျိုးကျေးဇူးတွေ ရှိပါသလဲ။

များပြားလှတဲ့ တာဝန်ယူမှုတွေနဲ့ အလုပ်တာဝန်တွေက သင့်ကို စိတ်ဖိစီးပြီး စိတ်ပင်ပန်းစေကာ သင့်ကျန်းမာရေးနဲ့ ကိုယ်ခံအားစနစ်အတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေကို လေ့ကျင့်ခြင်းဖြင့် အောက်ဖေါ်ပြပါ အကျိုးကျေးဇူးတွေ အပါအဝင် အကျိုးများစွာ ရရှိစေပါတယ်။
• နှလုံးခုန်နှုန်းကို နှေးစေခြင်း
• သွေးပေါင်ကျစေခြင်း
• အသက်ရှူနှုန်း နှေးစေခြင်း
• စိတ်ဖိအားတက်စေတဲ့ ဟော်မုန်း အလုပ်လုပ်တာ လျော့ကျစေခြင်း
• အဓိက ကြွက်သားတွေကို ပိုမို သွေးစီးဆင်းခြင်း
• ကြွက်သားတောင့်တင်းမှုနဲ့ နာတာရှည် နာကျင်မှုတို့ကို လျော့ကျစေခြင်း
• အာရုံစူးစိတ်မှုပိုကောင်းခြင်း၊ စိတ်ကြည်လင်ခြင်း
• ပင်ပန်းနွမ်းနယ်မှု နည်းခြင်း
• ဒေါသ၊ စိတ်ရှုပ်ထွေးမှု နည်းပါးခြင်း
• ပြဿနာဖြေရှင်းဖို့ ယုံကြည်ချက် ပိုမိုရှိခြင်း

အပန်းပြေစေဖို့ နည်းလမ်းတွေ ဘယ်နှမျိုး ရှိသလဲ။

အပန်းပြေစေဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
• Autogenic relaxation – ဒီ အပန်းပြေစေတဲ့ နည်းလမ်းမှာ အမြင်ပိုင်းဆိုင်ရာရော၊ ကိုယ်ခန္ဓါ သိရှိမှုရောကို အသုံးပြုပြီး စိတ်ဖိစီးမှု လျှော့ချတာ ဖြစ်ပါတယ်။ ကြွက်သား တောင့်တင်းမှုကို လျော့ကျစေဖို့ စကားလုံးတွေ၊ အကြံပေးချက်တွေကို အကြိမ်ကြိမ် ရွတ်ဆိုတာ ဖြစ်ပါတယ်။
• Progressive muscle relaxation – ဒီနည်းလမ်းမှာတော့ ကြွက်သားအုပ်စု တစ်စုစီရဲ့ တင်းကျပ်မှုကို အာရုံစိုက်ပြီး လျော့ကျစေတာဖြစ်ပါတယ်။ ဒါဟာ သင့်ကို ကြွက်သား တင်းကျပ်မှုနဲ့ လျော့ကျမှုတွေရဲ့ ကွာခြားချက်ကို နားလည်စေမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုတွေကို ပိုမို နားလည်လာစေမှာပါ။
• မြင်ယောင်ကြည့်ခြင်း – ဒီနည်းမှာတော့ အေးချမ်းသာယာတဲ့ ခရီးတစ်ခုကို သွားတဲ့ပုံစံ စိတ်ထဲမှာ မြင်ယောင်ကြည့်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်နေစဉ်မှာ သင်တတ်နိုင်သမျှ အာရုံတွေ အကုန်ကို အသုံးပြုနိုင်ပါတယ်။ (အနံ့၊ အသံ၊ အထိအတွေ့)

အခြား အပန်းပြေစေတဲ့ နည်းလမ်းတွေကတော့-
• အသက်ပြင်းပြင်းရှူခြင်း
• အိပ်ငွေ့ချခြင်း
• နှိပ်နယ်ခြင်း
• တရားထိုင်ခြင်း
• ထိုက်ကျိ ကစားခြင်း
• ယောဂ ကျင့်ခြင်း
• Biofeedback
• အသံ ကုထုံး များပဲဖြစ်ပါတယ်။

ဒီလို အပန်းပြေစေတဲ့နည်းလမ်းတွေကို ကိုယ်တိုင် ဘယ်လိုသင်ယူလို့ ရမလဲ။

ဒီလိုသင်ယူဖို့အတွက်ဆိုရင် လူသိများတဲ့နည်းလမ်းတွေဖြစ်တဲ့ မြင်ယောင်ကြည့်ခြင်းနဲ့ တရားထိုင်ခြင်းတို့အတွက် တိတ်ခွေ၊ ဗီဒီယိုခွေတွေရှာဖွေနိုင်ပြီး သင့်အိမ်ဝန်းကျင်မှာ သင်ပေးတဲ့ သင်တန်းတွေရှိမရှိ ကြည့်သင့်ပါတယ်။ တကယ်တော့ အပန်းပြေစေတဲ့နည်းလမ်းတွေဟာ ကျွမ်းကျင်မှုတွေဖြစ်တာကြောင့် အခြားကျွမ်းကျင်မှုတွေလိုပဲ လေ့ကျင့်မှုနဲ့အတူ တိုးတက်လာပါလိမ့်မယ်။ စိတ်ရှည်သည်းခံပါ။ ဒီ အပန်းပြေစေတဲ့ နည်းလမ်းတွေက သင့်အတွက် စိတ်ဖိစီးမှု နောက်တစ်ခု မဖြစ်စေသင့်ပါဘူး။ နည်းလမ်းတစ်ခုက အကျိုးမရှိရင် နောက်တစ်ခု ပြောင်းလုပ်သင့်ပါတယ်။

ဒါပေမယ့် သင့်မှာ တိကျတဲ့ ကျန်းမာရေးဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ရှိနေမယ်ဆိုရင်တော့ စိတ်ရောဂါကုဆရာဝန်၊ ဒါမှမဟုတ် ကျွမ်းကျင်သူတွေကို ပြသပြီး သူတို့ကို အထက်ပါနည်းလမ်းတွေကို သင်ခိုင်းသင့်ပါတယ်။ ကျန်းမာရေးပညာရှင်က ဘယ်အပန်းပြေစေတဲ့နည်းလမ်းက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ များသောအားဖြင့် ...

ရေးသားသူ Ye Myo Myat
အရေပြားကျန်းမာရေး, အလှအပ နိုဝင်ဘာ 30, 2020 . 3 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ကတော့ လေ့ကျင့်ခန်း လုပ်တာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဒီရောဂါနဲ့ အသက်ရှင်ဖို့ဆိုတာက လွယ်တာတော့ မဟုတ်ပါဘူး။ လူကောင်းလို ဟန်မပျက် သွားလာလှုပ်ရှားနိုင်ပေမယ့် စိတ်ထင့်ရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာ မငြင်းနိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 3 mins read
အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 7, 2020 . 3 mins read

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read