ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများကို သိထားခြင်းဖြင့် ကျန်းမာသော ကလေးလေးကို မွေးဖွားနိုင်ရန် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ

ကိုယ်ဝန်ရဖို့ ကြိုးစားကြရာမှာ တားဆေးလည်း ဖြတ်ပြီးပြီ။ အမျိုးသားရော အမျိုးသမီးရော ကျန်းမာတယ်ဆိုရင် ကိုယ်ဝန်ရဖို့ မခဲယဉ်းပါဘူး။ ဒါပေမယ့် ပုံမှန်လိင်ဆက်ဆံနေဖို့တော့ လိုပါတယ်။ ‘ပုံမှန်’ ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ ဆိုတာက မေးသင့်တဲ့ မေးခွန်းပါ။ ကိုယ်ဝန်ဘယ်လိုရ ဘယ်နှခါ ဆက်ဆံရမလဲဆိုတာကို မပြောခင် ကိုယ်ဝန်ဘယ်လိုရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသားတွေမှာ သုက်ကောင်က နေ့တိုင်းထုတ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ တစ်လမှာ တစ်ခါပဲ သားဥကြွေပါတယ်။ ကြွေတဲ့သားဥကလည်း တစ်ခုတည်း ဖြစ်သလို ၂၄နာရီအတွင်းမှာ မျိုးမအောင်ခဲ့ရင် အဲ့ဒီသားဥလေးက အလိုလို ပျက်စီးသွားပါတယ်။ ဒါကြောင့် လူဖြစ်ဖို့ ခက်တယ်လို့ ပြောကြတာပါ။ ကိုယ်ဝန်ရဖို့ အတူနေမယ်ဆိုရင် သားဥကြွေတဲ့ရက်နားမှာ နေမှ ရနိုင်ခြေ များတာပါ။ ဒါကြောင့် ဘယ်ရက်မှာ သားဥကြွေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ သားဥကြွေတာကို […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။

ကိုယ်ဝန်မရအောင် တားတဲ့ သန္ဓေတားနည်း တွေထဲမှာ သန္ဓေတား သောက်ဆေးက လူသုံး အများဆုံး ၊ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးလို့ ဆိုလို့ ရပါတယ်။ လူတိုင်းနီးပါး သုံးကြတဲ့ အလျောက် သန္ဓေတားဆေး သောက်ဆေးနဲ့ ပတ်သက်ပြီး လူတိုင်းမေးနေကျ မေးခွန်း တစ်ခု ရှိပါတယ်။ ဒါက တားဆေးကို ရပ်ပြီးပြီးချင်း ကိုယ်ဝန် ရနိုင်သလား ဆိုတဲ့ မေးခွန်းပါ။ တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ။ ။ တားဆေးသောက်တာရပ်ရပ်ချင်း ကိုယ်ဝန်ရနိုင်ပါသလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေက တားဆေးကို ဘယ်အချိန်မှာရပ်လိုက်တာလဲ။ တားဆေး သောက်တာ ဘယ်လောက်ကြာပြီလဲဆိုတာနဲ့ ဟော်မုန်း ဘယ်နှစ်မျိုးပါတဲ့ တားဆေးကို သောက်နေတာလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။ တားဆေးကို ဘယ်အချိန်မှာရပ်လိုက်ရင် ကိုယ်ဝန်တန်းရနိုင်သလဲ။ သောက်နေတဲ့ တားဆေးကဒ် အလယ်လောက် ရောက်တဲ့ အချိန်မှာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက် ကိုယ်ဝန်ကြောင့် ထိခိုက်သွားမယ့် ဘဝလေးများ

ဆယ်ကျော်သက် အရွယ်ဆိုတာ ပျော်လို့ကောင်းတုန်း ၊ လွတ်လပ်ခြင်းရဲ့ အရသာကို ခံစားလို့ကောင်းတုန်း အရွယ်ပဲရှိရမှာပါ။ ဒါပေမယ့်လည်း ထိန်းရအခက်ဆုံး၊ စူးစမ်းလေ့လာချင်စိတ်အများဆုံး၊ အပျိုဖော် လူပျိုဖော် ဝင်ခါစလေးဆိုတော့ ဆန့်ကျင်ဘက်လိင်အပေါ် စိတ်တွေ တိမ်းညွတ်တာဟာလည်း ဒီအရွယ်မှာပဲ စတာဖြစ်တဲ့အတွက်ကြောင့် သေချာမှ မထိန်းသိမ်းရင် ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမိဘအဖြစ်ခံယူရတာမျိုးတွေရှိတတ်ပါတယ်။ ငယ်တုန်းအချိန် အိမ်ထောင်ပြုတာ ကျန်းမာတဲ့ကလေးတွေ မွေးဖွားနိုင်တယ်ဆိုပေမယ့် ဆယ်ကျော်သက်စွန်းစွန်း ၁၅ နှစ် ၁၆ နှစ်လောက်နဲ့ အိမ်ထောင်ပြု ကလေးယူတဲ့အခါ မွေးလာမယ့်ကလေးအတွက်ရော ငယ်ငယ်လေးနဲ့ဖြစ်မယ့်မိဘတွေ အပေါ်မှာရော ဆိုးကျိုးတွေ အများကြီးသက်ရောက်စေပါတယ်။ ဘယ်လိုတွေ သက်ရောက်စေတတ်လဲ ကြည့်ရအောင် ။ ။ ဆယ်ကျော်သက် မိဘတွေကြောင့် ကလေးအပေါ်သက်ရောက်မှု ။ ။ ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်ရဲ့ အသက်ကလည်း ငယ်သေးတဲ့အတွက်ကြောင့် မိခင်လောင်းတစ်ယောက်ရဲ့ တာဝန်တွေကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးတဲ့ hCGဟော်မုန်း ဆိုတာဘာလဲ ။ ။

ကိုယ်ဝန် ရှိမရှိသိဖို့ဆို အိမ်မှာ ဆီးစစ်ကြည့်လေ့ရှိတယ်မလား။ အဲဒီမှာ ၂ ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိတယ်။ တစ်ကြောင်းတည်းပေါ်ရင် ကိုယ်ဝန် မရှိဘူးဆိုတဲ့ အဖြေတွေထုတ်ပေးတယ်လေ။ ဒီလို ကိုယ်ဝန်ရှိမရှိ ဆီးစစ်တာနဲ့တင် အဖြေတွေထုတ်နိုင်အောင် လုပ်ပေးနေတဲ့ နောက်ကွယ်က ဇာတ်လိုက်တစ်ယောက်ရှိပါတယ်။ သူကတော့ hCGဟော်မုန်း ပဲ ဖြစ်ပါတယ်။ hCG ဟော်မုန်းဆိုတာ ဘာလဲ ။ ။ hCG ရဲ့ အရှည်ကောက်က Human chorionic gonadotropin ဟော်မုန်းဖြစ်ပြီး beta human chorionic gonadotropin (b-HCG)လို့လည်း သိကြပါတယ်။ သူက ကိုယ်ဝန်ရှိကြောင်း မရှိကြောင်းကို အဖြေထုတ်ပေးနိုင်တဲ့ ဟော်မုန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ hCG ဟော်မုန်းကို ကိုယ်ဝန်ရှိမှ ဖြစ်တည်လာတဲ့ အချင်းက ထုတ်ပေးတဲ့ အတွက်ကြောင့်ပါ။ hCG ကို ဘယ်အချိန်မှာ စစ်ကြည့်လို့ရလဲ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ

ကိုယ်ဝန်မဆောင်မီမှာ ခံယူသင့်သော ကျန်းမာရေးစစ်ဆေးမှုများ သည် သင့်ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်က သင်သည် မိခင်တစ်ယောက်ဖြစ်ရန် ကျန်းမာမှုရှိမရှိစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ပါသည်။ သင်သည် ထိုကျန်းမာရေးစစ်ဆေးမှုများခံယူရန် ရက်ချိန်များပြုလုပ်ပြီး ကိုယ်ဝန်ဆောင်နေချိန်ကာလပတ်လုံး မှန်မှန်သွားပြသင့်ပါသည်။ သင့်ကျန်းမာရေး အခြေအနေ သို့မဟုတ် စားသောက်နေထိုင်မှုပုံစံများကြောင့် သင့်ကိုယ်ဝန်ကို ထိခိုက်မှုများ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်နှင့် ပြသခြင်းဖြင့် သင်ကိုယ်ဝန်ဆောင်ချိန်တွင် သင်ရော သင့်ကလေးပါကျန်းမာစေမည့် အနေအထားမျိုးရောက်အောင် စောင့်ရှောက်မှုများ ၊ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ကိုယ်ဝန်မဆောင်မီမှာ ဘာတွေ စစ်ဆေးသလဲ။  အောက်ပါတို့သည် သင်လာပြသော ရက်ချိန်းများတွင် သင့်ကို စစ်ဆေးမည့် အရာများဖြစ်ပါသည်။ သင်သည် ကိုယ်ဝန်ဆောင်ရန် ကျန်းမာကြံ့ခိုင်မှုရှိမရှိ စစ်ဆေးခြင်းပြုလုပ်ပါသည်။ ယင်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ၊ တင်ပါးဆုံပိုင်း၊ ခါးအောက်ပိုင်း စစ်ဆေးမှုများပြုလုပ်ခြင်း၊ သွေးစစ်ခြင်း၊ သားအိမ်ခေါင်းအချွဲစစ်ဆေးခြင်း စသည်တို့ဖြစ်ပါသည်။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မျိုးဥကြွေခြင်း ဆိုတာဘာလဲ

ကျန်းမာသော အမျိုးသမီးတိုင်းသည် တစ်လ တစ်ခါ မျိုးဥကြွေကြပါသည်။ မျိုးဥကြွေခြင်းသည် အမျိုးသမီးများ၏ကိုယ်ထဲတွင်ဖြစ်သော သဘာဝဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ပါသည်။ သို့သော် လူအတော်အများသည် မျိုးဥကြွေခြင်းနှင့် ပတ်သက်ပြီး မသိကြသလို ယင်းဖြစ်စဉ်သည် လူသားများကို ဘယ်လို ကူညီပေးသလဲ အများစုက သေချာစွာ မသိကြပါ။ မျိုးဥကြွေခြင်း ဆိုတာဘာလဲ။ မျိုးဥကြွေခြင်း သည် အမျိုးသမီးများတွင် ဓမ္မတာလာခြင်းဖြစ်စဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မျိုးဥကြွေနေချိန်တွင် မျိုးအိတ်ထဲမှ မ မျိုးဥကလေးသည် ထွက်ကျလာပြီး သားဥပြွန်တလျှောက်ဆင်းသွားကာ သနေ္ဓတည်ရန်အဆင်သင့်အနေအထားဖြစ်နေပါသည်။ ဘယ်အချိန်မှာ မျိုးဥကြွေခြင်း ဖြစ်သလဲ။ အများစုသော မိန်းကလေးများသည် အသက် ၉ နှစ်နှင့် ၁၅နှစ်ကြားတွင် ရာသီလာကြပါသည်။ ထိုအချိန်မှ စပြီး ကိုယ်ဝန်ဆောင်နိုင်လာပါသည်။ အမျိုးသမီးတစ်ဦးသည် မျိုးပွားသည့်အရွယ်အတွင် စမ္မတာပေါ်နေစဉ် ၁၀ ရက်မြောက်နေ့နှင့် ၁၉ ရက်မြောက်နေ့အတွင်းတွင် မျိုးဥကြွေပါသည်။ ဓမ္မတာလာချိန်တွင် ပထမဦးဆုံးရက်မှ စပြီး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးယူရန် အစီအစဉ်ရှိလျှင် ဆရာဝန်နှင့် ပြသင့်ပါသလား

သင့်ဘဝထဲကို ရင်သွေးငယ်တဦးဝင်လာရန် သင်အဆင်သင့်ဖြစ်နေပြီဆိုလျှင် မကြာမီတွင် သင်သည် ပျော်ရွှင်စရာများကို ပိုင်ဆိုင်ရတော့မည်ဖြစ်ပါသည်။ ထို့ကြောင့် သင့်ကိုယ်ဝန်ရနိုင်ချေကိုများလာစေရန် ပြုမူနေထိုင်သင့်သည့်နည်းလမ်းများကို ဆရာဝန်နှင့် တိုင်ပင်ခြင်းဖြင့် သင့်တွင်ကြုံတွေ့ရနိုင်သော ကလေးရရန်ခက်ခဲနေသည့် ပြသနာများကိုပါ ပြေပျောက်စေနိုင်ပါသည်။   ကိုယ်ဝန်ဆောင်ရန်အတွက် ကြိုးစားနေဆဲကာလတွင် ဆရာဝန်နှင့် ရက်ချိန်းပြရန် အစီအစဉ်များ ရေးဆွဲပါ။ သင်သည် ကလေးယူရန်အစီအစဉ် ရှိပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့် တွေ့ဆုံကာ သင်သည် မိခင်လောင်းတဦးဖြစ်ရန် အဆင်သင့်ဖြစ်မဖြစ် ပုံမှန်စစ်ဆေးမှုများပြုလုပ်သင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် အချိန်မရွေးပြုလုပ်နိုင်သလို ကိုယ်ဝန်ယူရန် အစီအစဉ်မဆွဲမီ တစ်နှစ်အကြိုလောက်ကတည်းက စီစဉ်သင့်ပါသည်။ သို့သော် သင့်ကျန်းမာရေး အခြေအနေနှင့် သင်သောက်နေသောဆေးများ၊ သင့်နေထိုင်မှုပုံစံများက ကိုယ်ဝန်ဆောင်ရန် အဟန့်အတားတခုဖြစ်နေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သင်နှင့် သင့်ကလေး၏ကျန်းမာရေးကို စိတ်ချရစေရန် ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူနှင့်တိုင်ပင်ပြီး ကိုယ်ဝန်မဆောင်ခင်ကတည်းက ကျန်းမာရေး စစ်ဆေးမှုများခံယူသင့်ပါသည်။ မျိုးဆက်ပွားကျန်းမာရေး အထူးကုဆရာဝန်နှင့် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ဆောင်ကာလအတွင်း ခရိုမိုဇုန်းဆိုင်ရာ မူမမှန်မှု ရှိမရှိ စစ်ဆေးမှုများ

ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးက အမျိုးမျိုးသော စမ်းသပ်စစ်ဆေးမှုတွေကို လုပ်ဆောင်ရပါတယ်။ ခရိုမိုဇုမ်းအရ မူမမှန်မှု ရှိမရှိ စစ်ဆေးမှုတွေ အပါအဝင်ပေါ့။ ဖွံ့ဖြိုးနေဆဲ သန္ဓေသားလောင်းမှာ ခရိုမိုဇုန်း မူမမှန်မှုတွေက ဖြစ်ခဲသော်လည်း အချို့သော ကျန်းမာရေးပြဿနာရှိနေတဲ့ မိဘတွေ ဒါမှမဟုတ် မျိုးရိုးဗီဇအရ မူမမှန်မှုတွေရှိခဲ့တဲ့ မိသားစုကျန်းမာရေး ရာဇဝင်တွေ ရှိခဲ့ရင်တော့ ပိုပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ ခရိုမိုဇုန်း မူမမှန်ခြင်း (chromosomal abnormalities) ဆိုတာ ဘာတွေလဲ။ ခရိုမိုဇုန်းတွေ ဖွံ့ဖြိုးလာမှုမှာ မူမမှန်မှုတွေ ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ထဲမှာ ဗီဇ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ မျိုးရိုးဗီဇတွေ ပါဝင်လာနိုင်ပါတယ်။ ကလေးကတော့ ပုံမှန်မဟုတ်ဘဲ မွေးဖွားလာမှာ မဟုတ်ပေမယ့် မိခင်နဲ့ ဖခင်ဆီက ပုံမှန်မဟုတ်တဲ့ မျိုးဗီဇတွေကို အမွေဆက်ခံရရှိထားပါတယ်။ ပုံမှန်အားဖြင့် ကလေးမှာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မမျှော်လင့်ထားသောကိုယ်ဝန်က သင့်ကိုအံ့သြသွားစေမလား

အမျိုူသမီးအများစုသည် ကိုယ်ဝန်ဆောင်မည်ကို လများစွာကြိုတင်ပြီး စီစဉ်ထားလေ့ရှိကြပါသည်။ သို့သော် တစ်ချို့တွင် လိင်သဘာဝနှင့် သားဆက်ခြားဆိုင်ရာ အခြေခံအသိများ နားလည်လွဲသွားခြင်းကြောင့် မလိုအပ်သည့် ကိုယ်ဝန်မျိုး ရလာနိုင်ပါသည်။ ထို့ကြောင့် တစ်ရက်ရက်မှာ မမျှော်လင့်သောကိုယ်ဝန်မျိုး သင်ရလာနိုင်မလားဆိုတာကို တွေးတောဖူးပါသလား သို့မဟုတ် သင်လိုချင်သည့်အချိန်မှပဲ ရလိမ့်မည်ဟု ယုံကြည်ချက်ရှိပါသလား။ သားဆက်ခြားခြင်းအကြောင်း သင်ဘယ်လောက်ထိ သိထားသလဲ။ ကွန်ဒုံး၊ တားဆေး၊ သားအိမ်တွင်းပစ္စည်းထည့်ခြင်း စသည်ဖြင့် သားဆက်ခြားနည်း အမျိုးမျိုးရှိပါသည်။ ၎င်းတို့သည် ၉၀% နီးပါးထိ အောင်မြင်နိုင်သောနည်းများ ဖြစ်ပါသည်။ ထို့အတူ အမျိုးသမီးသားကြောဖြတ်ခြင်း သို့မဟုတ် အမျိုးသားသာကြောဖြတ်ခြင်းတို့ မအောင်မြင်သည်လည်း ရှားပါသည်။ သို့သော် သားဆက်ခြားနည်းများကိုသုံးနေရင်းပင် မတော်တဆဆိုတာ ဖြစ်လာနိုင်ပါသည်။ ဒါဆို ဘာကြောင့် ဖြစ်ရမလဲ။ သားဆက်ခြားဆေးများကို မှားယွင်းစွာသုံးနေပါက ကလေးရနိုင်ချေ များပါသည်။ ဥပမာအားဖြင့် သင်ပါ့တနာမှ ကွန်ဒုံးသုံးသည်ဆိုပါစို့။ ကွန်ဒုံးတွင် အပေါက်သေးသေးလေး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ပျက်ကျပြီး နောက် ဘယ်လိုဖြေသိမ့်ရမလဲ

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ ကြိုသိနိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ တကယ်တမ်းကြုံလာတဲ့အခါ ကိုယ့်ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ ဝမ်းနည်းမှုအတိုင်းအတာက ထင်ထားထက်ကို ပိုနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး တဲ့အချိန်က တကယ်ကိုအရေးကြီးပါတယ်။ ဖြစ်ပြီးသွားတဲ့အရာကို ဘာမှမတတ်နိုင်တော့ဘူးဆိုပေမယ့် လက်ရှိမိခင်လောင်းရဲ့ ကျန်းမာရေးက အဓိကထားရမယ့်အချက်ပါ။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက ခန္ဓာကိုယ်ရုပ်ပိုင်းထက် အနာကျက်ဖို့ အချိန်ပိုကြာလေ့ရှိပါတယ်။ ဒါ့ကြောင့် ဆုံးရှုံးမှုအပေါ် ဝမ်းနည်းပူဆွေးစိတ်တွေ သက်သာအောင် ကိုယ့်ဘာသာကြိုးစားတာကပဲ အချိန်ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေကို လက်ခံပေးနိုင်ဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ကိုယ်ဝန်က ဘယ်နှစ်လပဲဖြစ်ဖြစ် ကိုယ်ဝန်ပျက်ကျပြီးရင် အပြစ်မကင်းစိတ်တွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဝမ်းနည်းစိတ်တွေဖြစ်လာမယ့်ကာလကို ကျော်ဖြတ်ရမှာ သဘာဝပါပဲ။ ဘာ့ကြောင့်များဒီလိုဖြစ်ရတာလဲဆိုပြီး နှမျောတသစိတ်နဲ့ တွေးနေမိမှာလည်းသေချာပါတယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ဖြစ်လာနိုင်ခြေရှိတဲ့ ခံစားချက်တွေက အပြစ်တင်စိတ် - ဒီလိုဖြစ်ရတာတွေက ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုတာ မတွေးပါနဲ့။ လုပ်ရပ်ကိစ္စတစ်ခုခုကြောင့် ဖြစ်လာတာမျိုးက နည်းပါတယ်။ ဒေါသစိတ် -တစ်ခါတလေ ကိုယ့်အနီးအနားကသူတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိမရှိ စစ်ဆေးမှုများ : ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း နှင့် ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်း အဖြေရခြင်း

အမျိုးသမီးများသည် ရာသီသွေးမပေါ်တော့လျှင် အလွယ်နည်များဖြင့် မိမိအိမ်တွင်ပင် ကိုယ်ဝန်ရှိမရှိစစ်ဆေးကြသော်လည်း ထိုစစ်ဆေးမှုများသည် တိကျမှုမရှိကြောင်း လေ့လာမှုများအရသိရှိရသည်။ အကြောင်းမှာ ထိုနည်းများသည် လူတို့ထင်ထားသလောက်တိကျသော အဖြေကို ပေးနိုင်သော နည်းလမ်းမဟုတ်ပါ၊ ရာသီမပေါ်ပြီး ၁ ပတ်ခန့်ကြာမှ စစ်ဆေးခြင်းက ပိုပြီးစိတ်ချရပါသည်။ သို့သော်လည်း စစ်ဆေးမှုရလဓ်များသည် မှားနိုင်ချေ ၂ မျိုးရှိပါသည်။   ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း ဆိုတာဘာလဲ။ ကိုယ်ဝန်ရှိနေသော်လည်း မရှိကြောင်း အဖြေရခြင်း ဆိုသည်မှာ သင့်တွင် ကိုယ်ဝန်မရှိသော်လည်း ရှိကြောင်းပြနေသော အဖြေများကို ခေါ်ပါသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းများမှာ သွေးဆုံးသွားခြင်း၊ နေရာမှား သန္ဓေတည်ခြင်း သို့မဟုတ် မျိုးဥအိမ်တွင် ချို့ယွင်းမှုများရှိခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။ ထို့ပြင် မျိုးအောင်ပြီးသော မျိုးဥသည် သားအိမ်နံရံတွင် မကပ်တွယ်နိုင်ဘဲပျက်စီးသွားခြင်း၊ HCG ဟော်မုန်းပါသော မျိုးအောင်ဆေးများသောက်ပြီး ခဏအကြာတွင် ကိုယ်ဝန်ကို စစ်ဆေးမိခြင်းတို့ကြောင့်လည်းဖြစ်နိုင်ပါသည်။(HCG ဟော်မုန်းဆိုသည်မှာ မျိုးအောင်ပြီးသော ဥသည် သားအိမ်တွင်ကပ်တွယ်ပြီးနောက် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်