ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများကို သိထားခြင်းဖြင့် ကျန်းမာသော ကလေးလေးကို မွေးဖွားနိုင်ရန် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ

ကိုယ်ဝန်ရဖို့ ကြိုးစားကြရာမှာ တားဆေးလည်း ဖြတ်ပြီးပြီ။ အမျိုးသားရော အမျိုးသမီးရော ကျန်းမာတယ်ဆိုရင် ကိုယ်ဝန်ရဖို့ မခဲယဉ်းပါဘူး။ ဒါပေမယ့် ပုံမှန်လိင်ဆက်ဆံနေဖို့တော့ လိုပါတယ်။ ‘ပုံမှန်’ ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ ဆိုတာက မေးသင့်တဲ့ မေးခွန်းပါ။ ကိုယ်ဝန်ဘယ်လိုရ ဘယ်နှခါ ဆက်ဆံရမလဲဆိုတာကို မပြောခင် ကိုယ်ဝန်ဘယ်လိုရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသားတွေမှာ သုက်ကောင်က နေ့တိုင်းထုတ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ တစ်လမှာ တစ်ခါပဲ သားဥကြွေပါတယ်။ ကြွေတဲ့သားဥကလည်း တစ်ခုတည်း ဖြစ်သလို ၂၄နာရီအတွင်းမှာ မျိုးမအောင်ခဲ့ရင် အဲ့ဒီသားဥလေးက အလိုလို ပျက်စီးသွားပါတယ်။ ဒါကြောင့် လူဖြစ်ဖို့ ခက်တယ်လို့ ပြောကြတာပါ။ ကိုယ်ဝန်ရဖို့ အတူနေမယ်ဆိုရင် သားဥကြွေတဲ့ရက်နားမှာ နေမှ ရနိုင်ခြေ များတာပါ။ ဒါကြောင့် ဘယ်ရက်မှာ သားဥကြွေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ သားဥကြွေတာကို […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

မျိုးအောင်နိုင်စေမယ့် အာဟာရဓါတ်များ

ဆေးဝါးနည်းပညာတွေအပြင် သင့်ရဲ့ မျိုးအောင်နိုင်စွမ်းကို တိုးတက်စေမယ့် အကောင်းဆုံးနည်းလမ်းကတော့ စားသောက်မှုပုံစံပြောင်းလဲခြင်းပါပဲ။ စားနေကျ အစားအသောက်တွေကို အနည်းငယ်ပြောင်းလဲပြီး နေ့စဉ်နေ့တိုင်းဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီပြောင်းလဲပါ။ ဒီနောက်မှာတော့ ကိုယ်ဝန်ရနိုင်မယ့်အခွင့်အရေးတွေ အများကြီးတိုးလာပါလိမ့်မယ်။ သင့်ရဲ့ အစားအသောက်တွေထဲမှာ မရှိမဖြစ်ထည့်ထားရမယ့် ပစ္စည်း ၅မျိုးရှိပါတယ်။ ဒီအရာတွေက သင့်ကို အာဟာရတန်ဖိုးမြင့်စေပြီး မျိုးအောင်နိုင်စွမ်းကို တိုးမြှင့်ပေးမယ့် စွမ်းအင်ရင်းမြစ်ကြီးပါပဲ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ဗီတာမင် D : နောက်ဆုံးလေ့လာချက်တွေမှာတော့ မျိုးမအောင်တဲ့အမျိုးသမီး ၆၇ယောက်မှာ ၇%ကသာ ဗီတာမင် D လယ်ဗယ်ပုံမှန်ဖြစ်နေပါတယ်။ မျိုးဥကြွေခြင်းကို ထိန်းချုပ်ပေးတဲ့ sex hormones တွေကို သင့်ခန္ဓါကိုယ်က ဖန်တီးပေးဖို့အတွက် ဗီတာမင် D ကို လိုအပ်ပါတယ်။ ဗီတာမင် E : သူကတော့ သုက်ပိုးတွေရဲ့ကျန်းမာရေးနဲ့ လှုပ်ရှားရွေ့လျားနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဒါက သုက်ပိုးနဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဖခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း

ကိုယ်ဝန်ဆောင်တဲ့အကြောင်းပြောကြရင် လူတိုင်းကတော့ မိခင်ပေါ်မှာပဲ အာရုံစိုက်မိကြတာပါ။ ကျွန်တော်တို့အားလုံးဟာ မိခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ သတိပြုရမယ့်အချက်အချို့ကို သိနေကြပါတယ်။ ဥပမာ- ဆေးလိပ်သောက်တာ အရက်သောက်တာမျိုးကို ရပ်လိုက်ဖို့၊ အားဆေးသောက်ဖို့၊ ကာကွယ်ဆေးထိုးဖို့၊ များများအနားယူဖို့ နဲ့ အခြားသောအရာတွေပေါ့။ ဒါပေမယ့် လူအများစုကတော့ ဒီကိုယ်ဝန်ဆောင်ကာလမှာ ဖခင်ရဲ့ကျန်းမာရေးကလည်း ကလေးရဲ့ကျန်းမာရေးအပေါ်မှာ အများကြီးလွှမ်းမိုးမှုရှိတယ်ဆိုတာ သတိထားမိကြမှာမဟုတ်ပါဘူး။ တကယ်တမ်းတော့ အမျိုးသားအများစုကလည်း သူတို့ရဲ့ သုက်ပိုးတွေဟာ မမျိုးဥတွေလိုပဲ အရေးကြီးတယ်ဆိုတာ မသိကြပါဘူး။ လေ့လာမှုတွေကတော့ ဆီးချို သို့မဟုတ် အဝလွန်ရောဂါရရိသူတွေရဲ့ သုက်ပိုးတွေက ကလေးမှာလည်း အဝလွန်ရောဂါဖြစ်နိုင်ချေကို တိုးစေပါတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် သင်က ကျန်းမာသန်စွမ်းတဲ့ ကလေးလေးရဲ့အဖေဖြစ်လိုတယ်ဆိုရင် သင့်ရဲ့ ဘဝနေထိုင်မှုပုံစံကို ခုပဲချိန်ညှိလိုက်ပါ။ ၁။ အရက်သောက်ခြင်းကို ထိန်းချုပ်ပါ။ လေ့လာသူတွေကတော့ အရက်သောက်ခြင်းဟာ အမျိုးသားတွေဆီမှာ ပုံမှန်မဟုတ်တဲ့ သုက်ပိုးတွေကို ထုတ်လွှတ်ပေးနေရခြင်းရဲ့ အကြောင်းရင်းပါလို့ဆိုပါတယ်။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ခြင်း ကိုကာကွယ်ခြင်း

ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အနေနဲ့ သူမရဲ့ ဆယ်ကျော်သက်ဘဝမှာ တွေ့ကြုံဖြတ်သန်း ဖို့စောင့်မျှော်နေတယ့် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူမဘ၀ ကိုအဆုံးထိရောက်အောင် ဆွဲချသွားနိုင်တဲ့ အမှားတစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ အရွယ်မတိုင်ခင် ဆယ်ကျော်ဘဝမှာ ကိုယ်ဝန်ရှိသွားခြင်းပါပဲ။ ဒီအချက်က မိခင်သာမက ကလေးအတွက်ပါ ကြီးမားတဲ့လူမှုဆက်ဆံရေး နဲ့ပတ်သတ်တဲ့နောက်ဆက်တွဲ ပြသနာတွေ ကိုယူဆောင်လာနိုင်ရုံသာမက တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ လူမှုဆက်ဆံရေးပြသနာတွေ ထဲက အရှုပ်ထွေးဆုံးတစ်ခုလည်း ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီလို ဆယ်ကျော်သက်ကလေးတွေရဲ့ ဘဝကို အပြည့်အဝထိန်းချုပ်လို့ မရတာမှန်ပေမယ့် အရှေ့မှာပြောခဲ့သလို နောင်တရစရာ အခြေအနေတွေ ရှောင်ရှားနိုင်အောင် မိဘတွေအနေနဲ့ လုပ်နိုင်တာလေးတွေ အများကြီးရှိပါတယ်။ ၁။ လိင်မှုကိစ္စနဲ့ ပတ်သတ်တာတွေကို လုံး၀ မထုတ်ဖော် မပြောပြသင့်တဲ့ကိစ္စ အနေနဲ့ မသတ်မှတ်သင့်ပါ။ လူတစ်ယောက်ရဲ့ဘဝအတွက်အရးကြီးတဲ့ သင်ခန်းစာ တွေက ကျောင်းကပေးတဲ့ သင်ခန်းစာတွေထဲကဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု မြင့်တက်လာခြင်း

လတ်တလော စစ်တမ်းများအရ ဆယ်ကျော်သက်တွေကြားက ကိုယ်ဝန်ဆောင်မှုပြဿနာဟာ စိုးရိမ်ဖွယ်ရာအရှိန်နှုန်းနဲ့ တရှိန်ထိုးမြင့်တက်လျက်ရှိတယ်။ ၂၀၁၂ မှာ တကမ္ဘာလုံးဆိုင်ရာကျောင်းက စုံစမ်းလိုက်ရာမှာတော့ အင်တာဗျူးလာရောက်ဖြေဆိုသော ဆယ်ကျော်သက်တွေမှာ အသက် ၁၃ နှင့် ၁၇ ကြားမှာရှိပါတယ်။ အနှီစစ်တမ်းက နိုင်ငံသားတွေကို မထင်ထားတဲ့ရလဒ်တစ်ခုပေးခဲ့ပါတယ် ဒါကတော့ အင်တာဗျူးလာဖြေတဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ ၁၄ နှစ်မပြည့်သေးခင်မှာတင် လိင်ဆက်ဆံခဲ့ကြပါတယ်လို့ ဝန်ခံခဲ့ကြခြင်းဖြစ်ပါတယ်။ အဆိုပါ ပြဿနာအပေါ်တွင် မိဘတို့၏တာဝန် ၎င်းပြဿနာဟာ အစိုးရက ကျောင်းတွေ၊ အထူးသဖြင့် အလယ်တန်းကျောင်းတွေမှာ ပြည့်စုံကျယ်ပြန့်တဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးအသိပေးဖို့နောက်ကျတာကြောင့် ဆိုပြီး အစိုးရကိုအပြစ်တင်စောလို့မရပါဘူး။ ပထမဆုံးနဲ့ အဓိကတာဝန်က မိဘတွေဆီမှာပါ၊ သူတို့တွေက သူတို့ဆယ်ကျော်သက် သားတွေ သမီးတွေကို ခန္တာကိုယ်ရဲ့ အဖို အမ အင်္ဂါအစိတ်အပိုင်းတွေနဲ့ပက်သက်လို့ သင်ပြလမ်းညွှန်ပြောပြပေးသင့်တယ်ဆိုတာ သိဖို့လိုပါတယ်။ ဆယ်ကျော်သက်ကလေးတွေ လိင်ကိစ္စနဲ့ပတ်သတ်ပြီး ဆုံးဖြတ်တာမှာ မိဘတွေရဲ့အခန်းကဏ္ဍကအရေးကြီးပါတယ်။ မိဘတွေနဲ့ သားသမီးတွေကြားက ရင်းနှီးမှုဟာ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ဆောင် ဆယ်ကျော်သက် သမီးငယ်ကိုကူညီပါ

ကိုယ်ဝန်ဆောင်ရခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက် အခက်ခဲဆုံးအတေ့ွအကြုံဖြစ်ရပ်ပါ။ ထိုမိခင်လောင်းဟာ ဆယ်ကျော်သက်ဆိုရင် ပိုခက်ခဲတာပေါ့။ တကယ်လို့ သင့်ဆယ်ကျော်သက်သမီးငယ်ဟာ ထိုကဲ့သို့အခက်အခဲကို ရင်ဆိုင်နေရတယ်ဆိုရင်တော့ သင့်ဆီကနေ မေတ္တာတွေ အားပေးမှုတွေ နင့်နေအောင်လိုအပ်ပါလိမ့်မယ်။ အမြဲသူ့အတွက်ရှိနေပေးပါ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ရခြင်းဟာ ထိုကာယကံရှင်မိန်းကလေးနဲ့ သူ့မိသားစုအတွက်သာမက သက်ဆိုင်တဲ့ကောင်လေးအတွက်ပါ အိပ်မက်ဆိုးတစ်ခုပါ။ ဒေါသတွေ၊ အပြစ်တင်စိတ်တွေအပြီးမှာ သင့်သမီးငယ်ဟာ စိတ်ဓါတ်ကျမှုနဲ့ စိုးရိပ်ကြောင့်ကြမှုတွေ ကြုံနေရမှာပါ။ ဒါကြောင့် သူ့ကိုစကားပြောကြည့်ပြီး သူ့ရွေးချယ်မှုကို နားလည်ကူညီပေးဖို့ အရေးကြီးပါလိမ့်မယ်။ ထိုကိုယ်ဝန်နဲ့ပတ်သက်လို့ဘာလုပ်နိုင်မလဲ •ကလေးကိုပျိုးထောင်ခြင်း ဆယ်ကျော်သက်မိခင်အများစုဟာ သူတို့ကလေးကို ဆက်လက်ပျိုးထောင်တတ်ပါတယ်။ တချို့က ကလေးဖခင်နဲ့ လက်ထပ်လိုက်ကြသော်လည်း တချို့ကတစ်ဦးတည်းအဖြစ်သာ ရပ်တည်ပါတယ်။ သင်ရော၊ သင်တို့မိသားစုရော သမီးဖြစ်သူကို ကူညီနိုင်မယ်ဆိုရင်တောင်မှ ကလေးတစ်ယောက်ကို ပျိုးထောင်ရင်း ကျောင်းပြီးအောင်တက်ဖို့၊ အလုပ်ကောင်းကောင်းရဖို့ဆိုတာ ဘယ်လိုမှမလွယ်ပါဘူး။ ဒါကြောင့် သမီးဖြစ်သူက ကလေးကိုမွေးမြူမယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ဘာတွေတွေ့ကြုံလာရမယ်၊ ဘာတွေကစောင့်ကြိုနေမယ်ဆိုတာ အရင်သိပါစေ။ •မွေးစားဖို့ ပေးလိုက်မယ် ကလေးကိုမွေးစားဖို့ ပေးပစ်လိုက်မှာက နောက်ထပ်ရွေးစရာတစ်ခုပါ။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား

ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား ဆိုတာက နည်းနည်းလောက် ဆွေးနွေးကြည့်ရအောင်လား! "အမျိုးသမီးတယောက်က ကလေးမွေးခါနီးအထိ ကိုယ်ဝန်ရှိနေတာကို မသိဘူး" "ဟိုကောင်မလေးပေါ့ ဗိုက်ထဲက ကလေးကတိုးထွက်လာတော့မှ ကိုယ်ဝန်ရှိမှန်းသိတာ" စသဖြင့်ပြောကြတာကို ကြားဖူးကောင်းကြားဖူးကြပါလိမ့်မယ်။ ဒီလိုကြားမိတဲ့အခါ သင်တွေးပါလိမ့်မယ်။ ကိုယ့်ဗိုက်ထဲမှာ ကလေးတယောက်လုံးရှိနေတာကို မသိဖူးဆိုတာ ဖြစ်နိုင်ပါ့မလားပေါ့။ ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား ကိုယ်ဝန်ရှိနေတာကို ကာယကံရှင် ကိုယ်တိုင်မသိဘူးဆိုတာ ဖြစ်နိုင်လား ဆိုတော့ ဒါဟာ တကယ်ပဲ ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ကိုယ်ဝန်ကို ငြင်းဆန်ခြင်းလို့ ခေါ်ပါတယ်။ ဘယ်လို အနေအထားမျိုးတွေမှာ ဒီကိစ္စမျိုးဖြစ်လာနိုင်သလဲ ဆက်ကြည့်ရအောင်။ သင့်မှာ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ရှိနေမယ်။ ကိုယ်ဝန်ရှိလာမှာကို ကြောက်နေတာ၊စိတ်ဖိစီးမှုတွေ အရမ်းများတာမျိုး ဖြစ်နေနိုင်ပါတယ်။ ကလေးရလာမှာ၊အမေတယောက်ဖြစ်ရမှာကို ကြောက်နေမယ်ဆိုရင် သင်ကြောက်နေတဲ့ အရာတွေကို သင့်ခန္ဓါကိုယ်နဲ့ မသိစိတ်က ငြင်းဆန်တာ ဒါသဘာဝပါ။ သင့်ခန္ဓါကိုယ်ရဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များ

ကိုယ်ဝန်ယူရန် ပြင်ဆင်တယ်ဆိုတာက ကလေးယူမယ်လို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတိုင်း လုပ်သင့်တဲ့ ကိစ္စပါ။ ကလေးလေးကို ကျန်းကျန်းမာမာနဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့၊ အခက်အခဲမရှိ မွေးဖွားနိုင်ဖို့ သန္ဓေမတည်ခင်တည်းက စီစဉ်ထားသင့်ပါတယ်။ ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကိုယ်ဝန်ယူရန် ပြင်ဆင်သင့်သော အချက်များ ကိုယ်ဝန်ယူရန် ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကိုယ်ဝန်မဆောင်ခင်မှာ ကျန်းမာရေးစစ်ဆေးချက်တွေ ကြိုတင်လုပ်ဆောင်ထားသင့်ပါတယ်။ အနည်းဆုံး တစ်နှစ်လောက်ကြိုပြီး စစ်ဆေးသင့်ပါသည်။ ကိုယ်ရဲ့ နဂိုရှိရင်းစွဲ ကျန်းမာရေး အခြေအနေက ကိုယ်ဝန်ကို မထိခိုက်ဖို့၊ လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားဖို့၊ အားဆေးတွေ သောက်ထားဖို့ ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်သင့်ပါတယ်။ ဒါ့ပြင် ကိုယ့်ရဲ့ မျိုးအောင်နိုင်စွမ်းကို ထိခိုက်နိုင်တဲ့ ရောဂါတွေ ရှိမရှိဆိုတာကိုလည်း စုံတွဲလိုက် စစ်ဆေးသင့်ပါတယ်။ ဥပမာ မျိုးပွားဟော်မုန်းတွေ ပုံမှန်ဟုတ်ရဲ့လား၊ သုက်ကောင်တွေ ကျန်းမာရဲ့လား စတာတွေပါ။ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

ရင်သွေးလေးရဖို့ ကြိုးစားနေတဲ့ကာလမှာ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရပါသလား။ သင့်အဖြေက ဟုတ်တယ်ဆိုရင် သင့်ကို ကလေးမရစေတဲ့ အဓိက တရားခံတွေက အဲဒီ စိတ်ဖိစီးမှုတွေပဲ ဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဆိုတော့ ဒီ စိတ်ဖိစီးမှုတွေကို ဘယ်လိုလျှော့ချမလဲ။ ဒီဆောင်းပါးလေးက သင့်ကို အကြံဉာဏ်လေးတွေ ပေးနိုင်မှာပါ။ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ ဆက်ကြည့်လိုက်စို့နော်။ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ကလေးရအောင် ကြိုးစားနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့ (၁) ရင်ဖွင့်ဖို့ ဒိုင်ယာရီရေးပါ။ ဒိုင်ယာရီရေးတာ ကလေးကလားဆန်ပြီး ခေတ်လည်းနောက်ကျနေပြီလို့ သင်ထင်ကောင်းထင်နေမှာပါ။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ သုတေသနပြုချက် အများအပြားအရ ဒိုင်ယာရီရေးတာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့နဲ့ သင့်ရင်ထဲရှိတာတွေ ဖွင့်ထုတ်လိုက်ဖို့အတွက် အင်မတန်မှ အကျိုးရှိတဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ သိရပါတယ်။ ဒိုင်ယာရီကို […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အသင့်စား အစာတွေfast food တွေက သင့်ကို ကလေးမရတာ ဖြစ်စေနိုင်သလား

အသင့်စား အစာတွေfast food တွေက သင့်ကို ကလေးမရတာ ဖြစ်စေနိုင်သလား ကလေးမရနိုင်တာဟာ အိမ်ထောင်သည်အများစုအတွက် အရေးကြီးတဲ့ ပြဿနာ တခုပါ။ သင့်ဘေးနားပတ်ဝန်းကျင်မှာ ကလေးမရနိုင်တဲ့ စုံတွဲတွေကို သင်တွေ့မိမှာပါ။ လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက ကလေးမရနိုင်ဖူးဆိုတာ အင်မတန်ရှားပေမယ့် လက်ရှိအချိန်မှာတော့ စုံတွဲငါးတွဲမှာ တတွဲဟာ ဒီပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးမှာ သဘာဝအတိုင်း ကိုယ်ဝန်ရနိုင်ဖို့အတွက် သိထားဖို့လိုတဲ့ သတင်းလေးတွေ နဲ့ နည်းလမ်းလေးတွေကို သင်ရှာဖွေ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးမှာ အခုကျွန်တော်တို့ ဆွေးနွေးချင်တာက လက်ရှိခေတ်ရဲ့ ကံအကောင်းဆုံးလို့ ပြောလို့ရသလို ကံအဆိုးဆုံးလို့လည်း ပြောလို့ရတဲ့ အချက်ကိုပါ။ အသင့်စား အစာတွေfast food တွေက သင့်ကို ကလေးမရတာ ဖြစ်စေနိုင်သလား အသင့်စား အစာတွေ (ကြက်ကြော်၊ဟမ်ဘာဂါ၊အာလူးကြော် စတာတွေပေါ့)ဟာ ကျန်းမာရေးနဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး

လူတွေဟာ ကလေးရဖို့ ကြိုးစားစဉ်မှာ အမှားတော်တော်များများကို လုပ်လေ့ရှိပါတယ်။ ဒါကြောင့် ကလေးရဖို့အတွက် ပိုပြီးစိတ်ဖိစီးကာ ခက်ခဲနေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး အကြောင်းလေး ​ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား ၁၀ မျိုး ကိုယ်ဝန်ရဖို့ ကြိုးစားစဉ်မှာ လုပ်လေ့ရှိသော အမှား တွေကတော့ - ၁ ။ သားဥကြွေသော အချိန်ကို မသိရှိခြင်း။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက်ဟာ ဓမ္မတာ စက်ဝန်းကာလ ၂၈ရက် ရှိတယ်လို့ လိင်မှုဆိုင်ရာ ပညာပေးအချို့က ဖော်ပြလေ့ရှိပါတယ်။ သို့သော် အချို့ အမျိုးသမီးများမှာတော့ ဒီစက်ဝန်းဟာ ပိုပြီး ရှည်နိုင်သလို ပိုပြီးလည်း တိုနိုင်ပါတယ်။ ဒီလိုရာသီစက်ဝန်း အချိန်တွေဟာ သင့်အတွက် လိုအပ်လို့လားလို့ မတွေးပါနဲ့။ တကယ်လို့သင်ဟာ သားဥကြွေတဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်