အရေးပေါ်ဆီးစစ်တံကို ထပ်ခါထပ်ခါသုံးလို့ရလား
လုံးဝမရပါဘူး။ အရေးပေါ်ဆီးစစ်တံတိုင်းက တစ်ခါသုံးပါ။
အရေးပေါ်ဆီးစစ်တံနဲ့ စစ်ရင် အမှားရှိနိုင်လား
တချို့သော ကျန်းမာရေးအခြေအနေတွေကြောင့်ရယ်၊ တချို့သောက်ဆေးတွေရယ်ကြောင့် အဖြေမှားယွင်းနိုင်ပါတယ်။
တစ်ခါတစ်လေ ရောဂါအခြေအနေတွေကြောင့် HCG ဟော်မုန်းတွေတက်ပြီး ကိုယ်ဝန်မရှိဘဲလည်း ကိုယ်ဝန်ရှိတယ်ဆိုတဲ့ အဖြေထွက်တတ်ပါတယ်။ ဒါ့အပြင်
- Immunoglobulin (IgA) လို့ခေါ်တဲ့ antibody တစ်မျိုးချို့တဲ့နေရင်
- Gestational trophoblastic disease၊ Gestational trophoblastic neoplasms လို့ခေါ်တဲ့ အကျိတ်တွေရှိနေရင်လည်း ဖြစ်တတ်ပါတယ်။
ဘယ်လိုသောက်ဆေးတွေကြောင့် အရေးပေါ်ဆီးစစ်ချက်အဖြေ မှားတတ်သလဲ
ဓာတ်မတည့်တဲ့အခါ ပေးတဲ့ဆေးတွေ၊ ပါကင်ဆန်ရောဂါမှာ ပေးတဲ့ဆေးတွေ၊ အိပ်ဆေးတွေ၊ စိတ်ရောဂါရှိသူတွေကို ပေးလေ့ရှိတဲ့ အချို့သောဆေးတွေ၊ အတက်ရောဂါအတွက် သောက်ဆေးတွေ၊ ဆီးဆေးတွေ စတဲ့ဆေးတွေကြောင့် အရေးပေါ်ဆီးစစ်ချက်အဖြေလွဲချော်နိုင်ပါတယ်။
အရက်သောက်ထားမိရင်ကော အရေးပေါ်ဆီးစစ်တံသုံးလို့ရသလား
အရေးပေါ်ဆီးစစ်တံက ဟော်မုန်းကိုပဲ တိုင်းတာတဲ့အတွက် သွေးထဲကအရက်က အရေးပေါ်ဆီးစစ်တံ အဖြေအပေါ် သက်ရောက်မှုမရှိပါဘူး။ သုံးလို့ရပါတယ်။
ရေးသားသူ – Dr.Htoo Tint
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။