ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ
ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ
ကိုယ်ဝန်ရဖို့ ကြိုးစားကြရာမှာ တားဆေးလည်း ဖြတ်ပြီးပြီ။ အမျိုးသားရော အမျိုးသမီးရော ကျန်းမာတယ်ဆိုရင် ကိုယ်ဝန်ရဖို့ မခဲယဉ်းပါဘူး။ ဒါပေမယ့် ပုံမှန်လိင်ဆက်ဆံနေဖို့တော့ လိုပါတယ်။ ‘ပုံမှန်’ ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ ဆိုတာက မေးသင့်တဲ့ မေးခွန်းပါ။ ကိုယ်ဝန်ဘယ်လိုရ ဘယ်နှခါ ဆက်ဆံရမလဲဆိုတာကို မပြောခင် ကိုယ်ဝန်ဘယ်လိုရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသားတွေမှာ သုက်ကောင်က နေ့တိုင်းထုတ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ တစ်လမှာ တစ်ခါပဲ သားဥကြွေပါတယ်။ ကြွေတဲ့သားဥကလည်း တစ်ခုတည်း ဖြစ်သလို ၂၄နာရီအတွင်းမှာ မျိုးမအောင်ခဲ့ရင် အဲ့ဒီသားဥလေးက အလိုလို ပျက်စီးသွားပါတယ်။ ဒါကြောင့် လူဖြစ်ဖို့ ခက်တယ်လို့ ပြောကြတာပါ။ ကိုယ်ဝန်ရဖို့ အတူနေမယ်ဆိုရင် သားဥကြွေတဲ့ရက်နားမှာ နေမှ ရနိုင်ခြေ များတာပါ။ ဒါကြောင့် ဘယ်ရက်မှာ သားဥကြွေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ သားဥကြွေတာကို […]